Win PP
Lean Manufacturing and
Food Safety ( GHP, HACCP,ISO 22001, FSSC V.5) implementation
20/02/2026
19/02/2026
ပုံမှန်အလေ့အထဆိုတိုင်း....
"အမြဲလုပ်နေကျမို့လို့ မှန်တယ်လို့ ထင်နေပါသလား?" 🧐
စက်ရုံမှာပဲဖြစ်ဖြစ်၊ ဆိုင်မှာပဲဖြစ်ဖြစ် အလုပ်သမားတွေ/ဝန်ထမ်းတွေ က
"ဒါ ငါတို့ အမြဲလုပ်နေကျပဲ၊ ဘာမှမဖြစ်ပါဘူး" ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။
🗣️ ဒါပေမဲ့ အဲဒီ "ပုံမှန်အလေ့အထ" တွေကပဲ ကုမ္ပဏီကို ဒေဝါလီခံစေနိုင်တဲ့အထိ အန္တရာယ်ကြီးတယ်ဆိုတာ သင်သိပါသလား။ 🚨
ဒီနေ့ Production Floor ကို စစ်ဆေးရင်း သတိထားမိတာလေးတစ်ခု မျှဝေချင်ပါတယ်။
👀 ဝန်ထမ်းတချို့က အစားအသောက် ဘေးကင်းရေး (Food Safety) နဲ့ မညီတဲ့ အကျင့်လေးတွေ လုပ်နေကြတာ တွေ့ရတယ်။
သူတို့ကတော့ ဒါဟာ လုပ်ရိုးလုပ်စဉ်လို့ ထင်နေကြတာပါ။ 🤔
ကျွန်မတို့ ဘာလုပ်ခဲ့တယ်ထင်ပါသလဲ?
ဆူပူကြိမ်းမောင်းတာထက် "ဘာကြောင့် (Why?)" ဆိုတာကို သေချာရှင်းပြခဲ့ပါတာပါ။ 💬
✅ ဘာလို့ ဒါဟာ မဘေးကင်းတာလဲ? 🚫
✅ မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားတွေက ဘယ်လိုကူးစက်တာလဲ? 🦠
✅ တစ်ခုခုမှားသွားရင် ကုမ္ပဏီရဲ့ နာမည်ပျက်နိုင်ပုံနဲ့ Product Recall ဖြစ်နိုင်ပုံတွေကို ပညာပေးခဲ့ပါတယ်။ 📉
ဒီနေရာမှာသတိထားစေချင်တာကတော့ -
"စည်းကမ်းလိုက်နာဖို့ပဲ ပြောနေမယ့်အစား၊ အန္တရာယ်ကို ကြိုမြင်တတ်အောင် (Risk Perception) သင်ပေးဖို့ ပိုအရေးကြီးပါတယ်။" 🧠
ဒါမှသာ လုပ်ငန်းခွင်ဟာ စံနှုန်းနဲ့အညီ အမှန်တကယ် ဘေးကင်းမှာပါ။ ✨
ဝင်းပြည့်ပြည့်အောင်
၁၉-၂-၂၀၂၆
18/02/2026
18/02/2026
"Where is the real problem?" 🤔
အစားအသောက်ထုတ်လုပ်တဲ့ စက်ရုံတိုင်းမှာ ဒီလို အစည်းအဝေးမျိုး အမြဲရှိတတ်ကြတယ်... 🏭
💵 အရောင်းဌာန (Sales) က ပြောတယ် -
“စျေးကွက်ထဲမှာ စျေးနှုန်းအပြိုင်အဆိုင်တွေ အရမ်းများနေပြီ။”
🛒 အဝယ်ဌာန (Purchase) က ပြောတယ် -
“ကုန်ကြမ်းစျေးနှုန်းတွေ အားလုံးတက်ကုန်ပြီ။”
⚙️ ထုတ်လုပ်မှုဌာန (Production) က ပြောတယ် -
“အခုထုတ်လုပ်တဲ့ အသုတ်က အိုးထဲမှာ တစ်ခါတည်း ခဲသွားလို့ ဆက်လုပ်လို့မရတော့ဘူး။ ပျက်သွားပြီ။”
🧪 အရည်အသွေးစစ်ဆေးရေး (Quality Control) က ပြောတယ် -
“ထုတ်ကုန်ရဲ့ အပျော့အမာ (Texture) က စံချိန်စံညွှန်းနဲ့ မကိုက်ညီဘူး ဖြစ်နေတယ်။”
👤 ပိုင်ရှင် (Owner) က မေးတယ် -
“တကယ့် ပြဿနာက ဘယ်မှာလဲ?”
အဲဒီအချိန်မှာ လူတိုင်း နှုတ်ဆိတ် သွားကြတယ်။ 🤫
ဘာလို့လဲဆိုတော့ တကယ့် အမှန်တရားက ပြောရခက်လို့ပဲ -
✅ ဖော်မြူလာ (Recipe) က မှန်ပါတယ်။
✅ စက်ယန္တရား (Machine) ကလည်း မှန်ပါတယ်။
✅ စက်မောင်းသူ (Operator) ကလည်း အမှန်အတိုင်း လုပ်တာပါ။
ဒါပေမဲ့ တကယ့်တရားခံက... 😱
ကုန်ကြမ်း (Ingredient) ရဲ့ အရည်အသွေးက တသမတ်တည်း မရှိတာ (Inconsistent) ပဲ ဖြစ်ပါတယ်။
Food Industry မှာ Quality ပြဿနာအများစုဟာ
❌ Process မဟုတ်ဘူး၊
❌ လူမဟုတ်ဘူး၊
✅ Raw material variability ကနေ စတင်လာတတ်ပါတယ်။
Consistency မရှိရင်...
⬆️ Cost တက်မယ်
🛑 Production ရပ်မယ်
👎 Customer Complaint တက်မယ်
ဒီအခြေအနေကို ကြည့်ရင် - အစားအသောက် ထုတ်လုပ်ရေးမှာ အရာအားလုံးက "မှန်" နေပေမယ့် ကုန်ကြမ်းတစ်ခုရဲ့ အပြောင်းအလဲ (ဥပမာ - ငရုတ်သီးရဲ့ အစပ်နှုန်းမတူတာ၊ ပြောင်းဖူးမှာပါတဲ့ကစီဓာတ်ရဲ့ ပျစ်နှုန်းမတူတာ) က တစ်သုတ်လုံးကို ဒုက္ခပေးသွားနိုင်ပါတယ်။
မေးခွန်းကတော့ –
❓ Supplier ကိုရွေးချယ်တဲ့အခါ Quality ကို အမှန်တကယ် အလေးထားထားလား?
❓ Incoming control (ဝင်လာသော ကုန်ကြမ်းစစ်ဆေးခြင်း) ကို အလေးထားထားလား?
Sometimes the real problem isn’t inside the factory. It starts before the gate. 🚪
သင့်စက်ရုံမှာရော အခုလိုမျိုး ကုန်ကြမ်းကြောင့် စိတ်ညစ်ရတဲ့ အခြေအနေတွေ ကြုံဖူးပါသလား?
အတွေ့အကြုံမျှဝေပေးခဲ့ပါဦးနော်…. 👇
ဝင်းပြည့်ပြည့်အောင်
18-2-2026
17/02/2026
အစားအသောက်လုပ်ငန်းကို တိတ်တဆိတ် ပြိုလဲစေတဲ့ လျှို့ဝှက်ချက် (၇) ချက် ⚠️
အစားအသောက်လုပ်ငန်း တော်တော်များများ ရှုံးနိမ့်ရတာဟာ ဝန်ထမ်းတွေ ကြောင့် မဟုတ်ပါဘူး။ စနစ်ထဲမှာ မမြင်နိုင်တဲ့ "ဟာကွက်တွေ" ကြောင့်သာ ဖြစ်ပါတယ်။
အစားအသောက်ဘေးကင်းမှု၊ လေလွင့်မှုနဲ့ အမြတ်အစွန်းတွေကို တိတ်တဆိတ် ဆုံးဖြတ်နေတဲ့ အဓိကနေရာ (၇) ခုကတော့ -
📍 ၁။ ပစ္စည်းလက်ခံခြင်း (Receiving)
ဥပမာ-အပူချိန်ကို သေချာမစစ်တာ၊
Supplier ထံမှ ပေးပို့လာသော ကုန်ကြမ်းမျာသည် မိမိ လိုအပ်သော စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ မရှိကို သေချာစစ်ဆေးခြင်းမပြုလုပ်တာတွေဟာ အန္တရာယ်ကို စက်ရုံထဲ ဖိတ်ခေါ်နေသလိုပါပဲ။
📍 ၂။ သိုလှောင်ခြင်း (Storage)
FIFO (အရင်ဝင် အရင်ထွက်) စနစ် အသုံးမပြုတာနဲ့ Label ကပ်တာ အားနည်းတာကြောင့် သိုလှောင်ထားစဉ်မှာပဲ အစားအသောက်တွေဟာ ပျက်စီးကုန်ပါတယ်။
📍 ၃။ ပြင်ဆင်ခြင်း (Prep)
နေရာကျဉ်းကျပ်မှုနဲ့ စနစ်မကျတဲ့ လုပ်ငန်းစဉ်တွေကြောင့် Cross-contamination (ရောနှောညစ်ညမ်းမှု) နဲ့ အလေအလွင့်ဖြစ်ခြင်းတွေဟာ ဒီအဆင့်မှာတင် စတင်နေပါပြီ။
📍 ၄။ ချက်ပြုတ်ခြင်း (Cooking)
စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ အရေးပါသောထိန်းချုပ်မှုးများ (Critical Limits) မရှိရင် အရည်အသွေးဟာ "စနစ်" ပေါ်မှာ မမူတည်တော့ဘဲ "ဘယ်သူချက်သလဲ" ဆိုတဲ့အပေါ်မှာပဲ မူတည်သွားပါတော့တယ်။
📍 ၅။ အပူချိန်ထိန်းသိမ်းခြင်း (Holding)
ချက်ပြုတ်ပြင်ဆင်ပြီးအစားအသောက်များကို အန္တရာယ်ရှိတဲ့ အပူချိန်ဇုန် (Danger Zone) ထဲမှာ ပုံမှန်လိုမျိုး လက်ခံထားတတ်ကြပါတယ်။ အစားအသောက်တွေကို ပိုပျက်စီးလွယ်ေစပါတယ်။
📍 ၆။ ဝန်ဆောင်မှုပေးခြင်း (Service)
သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်းအခြေအနေတွေမှာ အမှားတွေပြုလုပ်မိတတ်ပြီး အမှားယွင်းမှုက Customer လက်ထဲ ရောက်သွားတာက ပိုမြန်နေတတ်ပါတယ်။
📍 ၇။ အလုပ်သိမ်းခြင်း (Close)
လုပ်လက်စ အလုပ်တွေ ဥပမာ- အအေးခံတာ၊ Label ကပ်တာတွေကို အလျင်စလိုလုပ်ရင် မနက်ဖြန်အတွက် ပြဿနာသစ်တွေကို ဒီနေ့ညမှာတင် ကြိုတင်ဖန်တီးလိုက်တာပါပဲ။
❌ ဒါတွေဟာ လူတွေရဲ့ ပြဿနာမဟုတ်ပါဘူး။
✅ စနစ် တည်ဆောက်ပုံ (System Design) ရဲ့ ပြဿနာတွေသာ ဖြစ်ပါတယ်။
ဒီအချက် (၇) ချက်ကိုသာ စနစ်တကျ ပြင်ဆင်နိုင်မယ်ဆိုရင် -
✨ ပိုမိုဘေးကင်းတဲ့ အစားအသောက်များ ရလာမယ်
✨ အလေအလွင့် နည်းသွားမယ်
✨ အမြတ်အစွန်း ပိုထွက်လာမယ်
✨ ဝန်ထမ်းတွေ စိတ်အေးလက်အေး အလုပ်လုပ်နိုင်မယ်
သင့်လုပ်ငန်းမှာရော ဒီ (၇) ချက်ထဲက ဘယ်အချက်က အားအနည်းဆုံးဖြစ်နေလဲ? ဆွေးနွေးသွားကြပါဦး။ 👇
ဝင်းပြည့်ပြည့်အောင်
17-2-2026
Partners
04/02/2026
● ■ shaped professional
(Jack of all trade, master of one)
¤ T shaped professional ဆိုသည်မှာ ပင်မဘာသာရပ်နယ်ပါယ်တစ်ခုကို နားလည်နှံ့စပ် ဗဟုသုတ ရှိသူ (in-depth competency) ဖြစ်ပြီး အခြားဘာသာရပ် နယ်ပါယ်များကို ကျယ်ကျယ်ပြန့်ပြန်လွှမ်းခြုံနားလည်တတ်ကျွမ်းသူ (broad capability) ရှိလာစေရန်လေ့ကျင့်ပျိုးထောင်ပေးထားခြင်းခံရသူ ဖြစ်သည်။
▪I shape သည် ပင်မ ဘာသာရပ်အား နက်နက်နဲနဲ သိရှိနားလည်သည့် အထူးပြု (specialist) အရည်အချင်းကို ကိုယ်စားပြုသည်။
▪ (---- ) Dash သည် အခြားဘာသာရပ် နယ်ပယ်များကို
နှံ့နှံ့စပ်စပ် သိရှိနားလည်အသုံးချနိုင်စွမ်း (generalist) အရည်အချင်းကို ကိုယ်စားပြုသည်။
▪ တစ်နည်းအားဖြင့် T shaped professional သည် specialist နှင့် generalist အရည်အချင်းများကို ပေါင်းစပ်လေ့ကျင့်ပေးခြင်း ခံထားရသူတစ်ဦးဖြစ်သည်။
▪ ယခုကဲ့သို့ ဘက်ပေါင်းစုံမှ စိမ်ခေါ်မှုများကို ရင်ဆိုင်လာရချိန်မျိုးတွင်သည့် စိမ်ခေါ်ခံရသည့် ဆက်စပ်ပြသာနာများကို ဖြေရှင်းနိုင်ရန်အတွက် လေ့ကျင့်ပျိုးထောင်ထားသည့် T shaped professional များ လုပ်ငန်းခွင်တွင် ပိုမိုလိုအပ်လာပါတယ်။
ဦးနေဝင်းရေးသားထားသည်ကိုပြန်လည်မျှဝေပါသည်။
shaped professional
04/02/2026
●▪ယှဥ်ပြိုင်နိုင်စွမ်း အားသာချက်များ
(competitive advantages)
▪ပြိုင်ဆိုင်မှု ပြင်းထန်လာသည့် စီးပွားရေးလုပ်ငန်းနယ်ပါယ်တွင် စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်ရပ်တည်နိုင်ရန်မှာ၊ ယှဥ်ပြိုင်နိုင်စွမ်း အားသာချက်များ (competitive advantages) ရှိရန်လိုအပ်ပါသည်။
ယှဥ်ပြိုင်နိုင်စွမ်းအားသာချက်များစွာရှိသည့်အနက်၊ အခြေခံကျသည့် ယှဥ်ပြိုင်နိုင်စွမ်းအားသာချက်များမှာ
• Quality (both product and service)
• Cost competitiveness
• Time/Speed
• Innovation
• Sustainability . . . တို့ဖြစ်ကြပါသည်။
မတူညီသော ထုတ်ကုန်လုပ်ငန်း ကွဲပြားမှုအလိုက် ယှဥ်ပြိုင်နိုင်စွမ်းအားသာချက်များရှိကြပါသေးသည်။ (ဥပမာ》》အချို့ ကုန်ထုတ်လုပ်ငန်းများသည့် အစားအသောက်ဘေးအန်တရာယ်ကင်းရှင်းစွာထုတ်လုပ်မှု ကို၄င်း၊ အချို့လုပ်ငန်းများသည် လုပ်ငန်းခွင် ဘေးအနရာယ်ကင်းရှင်းအောင်စီမံနိုင်မှု၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် စီမံကိန်းစီမံခန့်ခွဲမှု အလေ့အထများဖော်ဆောင်နိုင်မှု စသည့် လုပ်ငန်း၏ ယှဥ်ပြိုင်နိုင်စွမ်းအားသာချက်အဖြစ် ဖန်တီး ယှဥ်ပြိုင်ရပ်တည်ကြသည်မျိုးဖြစ်သည်။
ဦးနေဝင်းရေးသားထားသည်ကိုပြန်လည်မျှဝေပါသည်။
Advantage
03/02/2026
စားသောက်ကုန်ထုတ်လုပ်နည်း သိချင်ရင်
Click here to claim your Sponsored Listing.
Category
Contact the business
Address
Mayangone Township
Yangon
11061