Behalf4u
Whatever you need, call me please! We are ready to serve you!
26/04/2026
မင်္ဂလာပါ
ကျနော်တို့ Behalf Delivery ရဲ့ Operation Team မှာ Team Member ၁ ဦး အမြန်အလိုရှိပါတယ်ခင်ဗျာ။
အမျိုးသား / အမျိုး သမီး ဘာဖြစ်ဖြစ် ကြိုဆိုပါတယ်။
လိုအပ်တာကတော့
- ကွန်ပျူတာ နည်းနည်းပါးပါး သုံးနိုင်ရပါမယ်။
- အသင်းအဖွဲ့နဲ့ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်နိုင်ရပါမယ်။
အလုပ်ချိန်က မနက် ၉နာရီကနေ ညနေ ၆ခွဲထိပါ။
Sunday ရုံးပိတ်ပါတယ်။
လစာကတော့ ၄ သိန်း++ ပါခင်ဗျ။
ရုံးလိပ်စာက တာမွေအဝိုင်းအနီးမှာပါ။
တခုခုသိချင်တာရှိရင် 09799295001 ကို ဖုန်းဆက်မေးလို့ ရပါတယ်ဗျာ။
CV Form ကိုတော့ Viber ကနေ ပို့ပေးနော်။
26/04/2026
မင်္ဂလာပါ
Behalf ပိတ်ရက်လေး ကြေငြာပါရစေခင်ဗျာ
- ဧပြီလ ၃၀ (ကဆုန်လပြည့်နေ့) နဲ့
- မေ ၁ (အလုပ်သမားနေ့)
ပိတ်ပါတယ်ခင်ဗျာ။
၂ ရက်ဆက် ပိတ်ရက်လေး ဖြစ်သွားတာမို့၊ ၂၉ ရက်နေ့ ကောက်ထားတဲ့ ပါဆယ်လေးများကို ၂ ရက်နေ့ (စနေ)မှ ပြန်လည်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။ Customer လေးတွေကို ကြိုတင် အသိပေးထားပေးပါဦးနော်။
မိတ်ဆွေတို့ အားလုံး အေးချမ်းသာယာတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ
24/04/2026
မင်္ဂလာပါခင်ဗျာ
ကားဂိတ်ချ ပါဆယ်များနဲ့ ပတ်သက်ပြီး မိတ်ဆွေတို့ကို (ပိုပြီးရှင်းလင်းအောင်) ပြောပြထားချင်ပါတယ်ခင်ဗျာ။
Behalf မှ မဟုတ်ပါဘူး၊ ဘယ် delivery ကို မဆို အတွက်ပါ
"ကားဂိတ်ချဝန်ဆောင်မှု" အပ်တယ်ဆိုရင် OS ရဲ့ အိမ်ကနေ ကားဂိတ်အထိပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှု ပါခင်ဗျာ။
ဆိုလိုတာက Delivery အနေနဲ့ ကားဂိတ်ရဲ့ ပစ္စည်းလက်ခံဘောင်ချာ (ဂိတ်ချလံ) ရသည်အထိပဲ တာဝန်ရှိပါတယ်ခင်ဗျာ။
ကားဂိတ်ရဲ့ ဂိတ်ချလံရပြီးပြီဆိုရင် Customerရှိရာ သက်ဆိုင်ရာ မြို့ရဲ့ ကားဂိတ်ကို ပစ္စည်းရောက်တဲ့ အထိက ကားဂိတ်ကပဲ တာဝန်ယူရမှာပါ။
ပစ္စည်းပျောက်တာ၊ ပျက်စီးတာတွေ အားလုံးက ကားဂိတ်ကပဲ သူရဲ့ သက်မှတ်စည်းကမ်းအတိုင်း တာဝန်ယူ ဖြေရှင်းပေးပါလိမ့်မယ်ခင်ဗျာ။
(❗အိမ်အရောက် ဝန်ဆောင်မှုဆိုရင် Customer အိမ်ရောက်သည်အထိ Delivery ရဲ့ တာဝန်ဖြစ်ပါတယ်)
(❗ဂိတ်ဂိတ်ချ ဝန်ဆောင်မှုဆိုရင် Car Gate ရောက်သည်အထိ Delivery ရဲ့ တာဝန်ဖြစ်ပါတယ်)
🙏 ရှင်းလင်းနားလည်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ 🙏
23/04/2026
ဧပြီ ၂၄, ၂၀၂၆ မှ စတင်မယ့် ပို့ဆောင်ခနှင့် ကီလို(ပို)ခ ဈေးနှုန်း အသစ်လေးပါခင်ဗျာ 🙏🙏🙏
18/04/2026
မင်္ဂလာပါခင်ဗျာ
ကျနော်တို့ Behalf Delivery နှင့် လက်တွဲပို့ဆောင်နေသော Partner Delivery ကြီးမှ ပို့ဆောင်ခနှုန်းထားကို ဧပြီ ၁၉, ၂၀၂၆ မှစပြီး ထပ်တိုး ပြောင်းလဲလိုက်ပါတယ်ခင်ဗျာ။ 😔😔😔
ကျနော်တို့ အနေဖြင့်လည်း ခက်ခဲလာသော အခြေအနေ အရပ်ရပ်ကြောင့် ပို့ဆောင်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံရဖို့ ဖြစ်လာပါတယ်။
သို့ပါသော်လည်း လက်တွဲနေတဲ့ OS မိတ်ဆွေများအနေဖြင့် ပိတ်ရက်ကာလအတွင်းမှာ customer များကို ပို့ခများ ကြိုတင်ပြောထားပြီးသားလည်း ဖြစ်နေနိုင်ပါတယ်။ သို့ဖြစ်ပါသောကြောင့် ကျနော်တို့ ရဲ့ ပို့ဆောင်ခ တိုးမြှင့်မှုကို ရက်အနည်းငယ် နောက်ဆုတ်ပြီးမှ ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်ခင်ဗျာ။
ဧပြီ ၂၄, ၂၀၂၆ မှ စတင်ပြီး ပို့ဆောင်ခ ပုံမှန်ပို့ခနှင့် ကီလိုပိုခ များကို +၅၀၀ ကျပ် ထပ်ပေါင်း ကောက်ခံခွင့်ပြုပေးပါခင်ဗျာ 🙏🙏🙏
မတက်သာသည့် အခြေအနေမို့ ပို့ဆောင်ခများ တိုးမြှင့်ရခြင်းကို နားလည်စာနာမှုဖြင့် ခွင့်လွှတ် သည်းခံပေးဖို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။ 🙏🙏🙏
ကျနော်တို့ Behalf Delivery Family မှလည်း ပိုမိုကောင်းမွန် မြန်ဆန်သည့် ဝန်ဆောင်မှုများ ထပ်တိုးပေးနိုင်ဖို့ ဝန်ထမ်းသစ်များလည်း တိုးချဲ့ခန့်အပ်ထားပါတယ်။ ယခုနှစ်သစ်မှစပြီး မိတ်ဆွေတို့ ပိုပြီးစိတ်ကျေနပ် ပျော်ရွှင်ရတဲ့ Delivery Service တခု အဖြစ် ဆက်လက် သက်သေပြခွင့် ပြုပေးပါဦးနော်။ 💪💪💪
Behalf နှင့် လက်တွဲပေးသည့်အတွက် အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ သာယာအေးချမ်းသော နှစ်သစ်လေး ဖြစ်ကြပါစေခင်ဗျာ။ 🙏🙏🙏
17/04/2026
လစာ စုစုပေါင်း ၇ သိန်းမှစပြီး ၁၀ သိန်း အထက် ရနိုင်တဲ့ Delivery Biker အလုပ်အတွက် new biker အလိုရှိပါသည်။
- ကျား (၁) ဦး
- လိုအပ်သော လမ်းကြောင်း
(၁) ရန်ကင်း၊ ဗဟန်း လမ်းကြောင်း
- Telegram အသုံးပြုနိုင်သော ဖုန်း ရှိရပါမည်။
- ကိုယ်ပိုင် စက်ဘီး (ရှိလျှင်) လစဉ် စက်ဘီးအသုံးပြုခ (၁) သိန်း ပေးပါမည်။
- ကိုယ်ပိုင် စက်ဘီး (မရှိလျှင်) ရုံးမှ စီစဉ်ပေးပါမည်။
- Sunday ပိတ်သည်
- ရုံးတည်နေရာ -
တာမွေအဝိုင်းအနီး
- ဆက်သွယ်ရန် -
09799295001 (Phone)
09797744000 (Viber)
17/04/2026
Behalf ရဲ့ မိတ်ဆွေများနှင့်တကွ မြန်မာနိုင်ငံသားများအားလုံး ကောင်းကျိုးချမ်းသာ၊ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး၊ ဘေးအန္တရာယ်များ ကင်းဝေးလို့ ကောင်းသောလိုအင်ဆန္ဒဟူသမျှ ပြည့်ဝကြပါစေကြောင်း ကျနော်တို့ Behalf Delivery မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ
13/04/2026
Job Type - Part Time
Position - Sorting Operator
Working Hours - 5PM to 9PM
Location - Tamwe
Off Day - Sunday
Salary - 3.5L
Contact - 09799295001
30/03/2026
"မင်္ဂလာပါ"
ကျနော်တို့ Behalf Delivery နှင့် လက်တွဲနေကြပါသော Online Shop ကြီးများ "မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်" မှာ ပူပင်မှုများ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါရစေခင်ဗျာ
Behalf Delivery ရဲ့ သင်္ကြန်ကာလ ပိတ်ရက်များကို ကြိုတင် အသိပေးပါရစေ
ရန်ကုန်မြို့တွင်း ပို့ဆောင်မည့် ပါဆယ်များအတွက် နောက်ဆုံး ကောက်မည့်ရက်မှာ April 09, 2025 (ကြာသပတေးနေ့) အထိဖြစ်ပါသည်။
မန္တလေးနှင့် ရန်ကုန်မြို့ပြင် ပို့ဆောင်မည့် ပါဆယ်များအတွက် နောက်ဆုံး ကောက်မည့်ရက်မှာ April 08, 2025 (ဗုဒ္ဓဟူးနေ့) အထိဖြစ်ပါသည်။
ကျန်နယ်မြို့များသို့ ပို့ဆောင်မည့် ပါဆယ်များအတွက် နောက်ဆုံး ကောက်မည့်ရက်မှာ April 04, 2026 (စနေနေ့) အထိဖြစ်ပါသည်။
ရန်ကုန်မြို့တွင်း ပါဆယ်များကို April 11, 2025 (စနေနေ့) မနက်ပိုင်းအထိ အပြီး ပို့ဆောင်ပေးမှာ ဖြစ်ပြီး၊ ပို့ဆောင်မှု မအောင်မြင်သည့် ပါဆယ်များ၊ ရက်ချိန်းပါဆယ်များကို သက်ဆိုင်ရာ Onlineshop များထံသို့
သင်္ကြန်ပိတ်ရက် မတိုင်ခင် ပြန်လည်ပေးအပ်ပါမည့် အကြောင်း ကြိုတင် အသိပေးပါရစေခင်ဗျာ။
အတာသင်္ကြန်ကာလ ဧပြီ(၁၂) မှ ဧပြီ(၁၉) အထိ ရုံးပိတ်ထားမှာ ဖြစ်ပါသည်။
အတာသင်္ကြန်ကာလအပြီး ဧပြီ(၂၀) မှ စတင်ပြီး ကျနော်တို့ Behalf Delivery ၏ ဝန်ဆောင်များကို အကောင်းဆုံး ခွန်အားအပြည့်ဖြင့် ပြန်လည်စတင်မှာ ဖြစ်ပါသည်။
"စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ"
14/03/2026
EDIT: ပထမဆုံး ဖုန်းဆက်တဲ့ ၁ ယောက်ကို လူတွေ့ ခေါ်ထားပါတယ်။ အဆင်ပြေရင် တခါတည်းခန့်လိုက်ပါမယ်။ အဆင်မပြေရင် CV ပို့ထားတဲ့သူတွေ ထဲက ထပ်ခေါ်ပါမယ်။ ကျေးဇူးပါခင်ဗျာ။
မင်္ဂလာပါ
ကျနော်တို့ Behalf Delivery အတွက် Data Entry (Work From Home) Position အမြန် အလိုရှိပါသည်။
- ကျား / မ (OK)
- လစာ (၅ သိန်း)
ဆက်သွယ်ရန်
09799295001
08/02/2026
ဒလမြို့တော်ကြီးရှိ Online Shop ပိုင်ရှင်ကြီးများ 🙏"မင်္ဂလာပါ ခင်ဗျ"🙏
ကျနော်တို့ ဘဝတလျှောက်လုံး မျှော်လင့်ခဲ့ရတဲ့ "အိမ်မက်တံတားကြီး"ဟာ အခုချိန်မှာတော့ ကျနော်တို့ ရှေ့ကို အမှန်တကယ် ရောက်ရှိလာခဲ့ပါပြီ။ 🏆
ကျနော်တို့ Behalf Delivery ရဲ့ မွေးရပ်မြေ ဒလမြို့တော်ကြီးဟာဆိုရင်ဖြင့် ယခုအချိန်မှ စတင်ပြီး အလွန်ကို မြန်ဆန်တဲ့ အရှိန်နဲ့ ဖွံ့ဖြိုးတိုးတက်လာတော့မယ်ဆိုတာ အလွန်ကို သေချာနေခဲ့ပါပြီ။
ဒီ အရှိန်ထဲမှာ ကျနော်တို့ Behalf Delivery နှင့်အတူ ဒလက ကျနော်တို့ရဲ့ ချစ်မိတ်ဆွေ Online Shop ကြီးများလည်း အတူတကွ လက်တွဲပြီး လိုက်ပါနိုင်ဖို့အတွက် ........
"📣Special CashBack Promotion (Only for Online Shop from Dalla Township)📣"
***💱 ရန်ကုန် မြို့တွင်းပို့ ပါဆယ်များ အားလုံး ၁ ထုတ် (၅၀၀ ကျပ်) ပြန်အမ်းပေးပါမည် 💱***
**📆 Promotion Period -> Feb 08, 2026 to Feb 28, 2026 📆**
သက်မှတ်ချက်များ
-----------------------
👉 ဒလမြို့နယ်အတွင်းရှိ Online Shop ဖြစ်ရပါမည်။
👉 အနည်းဆုံး ပါဆယ် (၁၀) ထုတ်နှင့် အထက် အပ်ရပါမည်။
ကဲ... အမျိုးတို့ရေ.. များများအပ်ပြီး၊ Cash Back များများ ပြန်ယူလိုက်တော့နော်
တခုခု မရှင်းတာ၊ သိချင်တာရှိရင် ☎️09799295001 ကို ဆက်ပေးနော်
03/02/2026
Improve your online shop with Us
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon
11081