Gon Engineering Group

Gon Engineering Group

Share

The family business running almost over 30 years about boilers installation,maintenance, services an

Photos from Gon Engineering Group's post 08/10/2025

ဘွိုင်လာမတော်တဆအန္တရာယ်ဖြစ်ခြင်း၊
မှအဓိကကျသည့်ကြိုတင်ကာကွယ်မှုတစ်ရပ်။
------------------------------------------------
~ဘွိုင်လာစတင်လည်ပတ်မည်ဟု ဆုံးဖြတ်ပြီးပါက၊
ဖိအားခံအစိတ်အပိုင်းများ၊တပ်ဆင်ပစ္စည်းများ၊စသည့်
ဆက်စပ်ပစ္စည်းများအားလုံးတို့အား၊စိတ်ချလက်ချအသုံး
ပြုဘို့အဓိကလိုအပ်ပါသည်။အခြားအချက်ပေါင်းများစွာ
ရှိသည့်၊အနက်အဓိကထားဆောင်ရွက်ရမည့်အချက်မှာ-
ရေအားဖြင့်ကြိုတင်စမ်းသပ်ခြင်းပါ။
ဘွိုင်လာအစိတ်အပိုင်းအားလုံးသို့၊ရေဖိအားသက်ရောက်စေခြင်းပါ။ထိုစဉ် လှည့်ပတ်စစ်ဆေးဘို့လိုအပ်ပါသည်။အ
ပြုသည့်ဖိအားထက်၊အနည်းငယ်ပို၍စမ်းနိူင်ကပိုမိုစိတ်ချရ
ပါမည်။ ယင်းနောက်ရေလျှော့၍ လုပ်ငန်းစတင်နိူင်ပါတော့မည်။နေ့စဉ်လုပ်လေ အကျိုးကျေးဇူးပိုများလေလေပါ။

Photos from Gon Engineering Group's post 03/10/2025

Ash...Ash (ပြာ)
••••••••••••
မီးကျွတ်ဘွိုင်လာတွေမှာပြာပိတ်တယ်၊ပြာပိတ်တယ်ဆိုတဲ့
အသုံးအနူံးစကားသံတွေ၊မကြာမကြာ ကြားနေရတာမို့၊အ
ဆန်းတကြယ်လို့၊မထင်မိပါ။သို့သော် တရက်က၊မထင်မှတ်
ဘဲ၊ပြာပိတ်တဲ့မီးကျွတ်ဘွိုင်လာ(၂)လုံးမှာ၊ပုံစံမတူ တဲ့အမြင်ဆန်းဆန်းအနေအထားကို၊တ‌စ်နေ့ထဲ၊တွေ့လိုက်တယ်
-ပုံ(၁)က cylinder ပုံအဝတ်ဖြင့်၊ပြာဖြတ်ရင်း၊ပိတ်စို့နေ
တာတွေ့ရတယ်။အဝတ်ဆလင်ဒါပုံဖြင့်ပြာဖမ်းတာပါ။
-ပုံ(၂)က မီးကျွတ်တွေမှာပုံမှန် ထက်ပို၍ပြာပိတ်နေတာတွေ့ရတယ်။
ကြာရင်ဘွိုင်လာလည်ပတ်ဘို့၊အခြေအနေမပေးမှာတော့အသေအချာပါဘဲ။ဘာကြောင့်လဲ။
(က)သတ်မှတ်ထားရှိသည့်အတိုင်း၊ပြာထုတ်ပေးရမှာပါ။
(ခ)စုတ်လေ(induced fan)&မှုတ်လေ (forced D
fan)ပုံမှန်စစ်ဆေးဘို့လုပ်ပေးနေရမှာပါ။
(ဂ)မီးသွားလမ်းအစမှသည်အဆုံးဆီသို့ ပျက်စီးယိုယွင်း
မှုကိုစစ်ဆေးပေးနေရမှာပါ။
(ဃ)နေ့စဉ်၊အပါတ်စဉ်၊လစဉ်စစ်ဆေးမှုမှတ်တမ်းကို အမြဲ
ဆွေးနွေးဖလှယ်ခြင်းသည်သာ မှန်ကန်သောအဖြေရလဒ်ရရှိမည်သာဖြစ်ပါတယ်။
(သုံးတတ်လျှင် မိတ်ဆွေ၊မသုံးတတ်လျှင်ရန်သူဟု ဘွိုင်လာ
အားခေါ်ဝေါသုံးစွဲခြင်းဖြင့် စက်မှုလုပ်ငန်းများ၊ထွန်းကား
ကျယ်ပြန့်ပါစေ)

Photos from Gon Engineering Group's post 02/02/2025

ကျွန်တော်မြင်မိသလို၊တင်ပြပါမည်။
```````````````````````````````````
ပစ္စည်းပေါ၊ငွေပေါ၊လူပေါ သည့်အခါသမယ၊မ
ဟုတ်၊ဥစ္စာရင်လို ဥစ္စာရင်ခဲရမည့်ကာလပင်၊မဟုတ်ပါလော။အသိ၊သတိချပ်ရမည့်အခါပင်။
-ပုံတစ်၊နှစ်နှင့်သုံးတို့မှာ ၊ဘလိုးအချိန်မှန်မလုပ်နိူင်၊ ဂျိုးစတင်လာ၊စပိတ်၊ကျွတ်ပေါက်၊ပေါက်၊တဲ့အရည်အတွက်များလာ၊ရေလည်ပါတ်မှုဆိုး
လာ၊ပြီးတော့ပြတ်ထွက်။ကျွတ်အဝဂျိုးအပြည့်
-နောက်ဆုံးလုပ်ငန်းတခုလုံးတဖြေးဖြေးထိခိုက်
လာချေပြီ။နှစ်ထောင်စံလို့ဆိုရမလို။
မျက်စိလို့တင်စားကြသည့်၊ရေချိန်ပြဖန်၊တဖြေးဖြေးပိတ်မှုပိုဆိုးလာ၊အော်တိုလေးက၊အ
လုပ်လုပ်နေတော့၊အရင်လိုမပြောင်းလဲ၊အဝိဇ္ဇာ
မျက်လုံးနဲ့ကြည့်၊မကောင်းနေတာကိုအကောင်းမြင်၊ test မလုပ်၊ခက်ချေပြီ။
-သံသားတို့လည်းပါးချေလာပြီ။ပုံငါး။တိုင်ပင်ကြ၊ဆွေးနွေးကြ။နောက်ဆုံးစက်ရပ်ရသည့်အ
ဖြစ်။အစစအရာရာထိခိုက်လာရပြီလေပြီ။ဆိုးလိုက်တဲ့ဖြစ်ခြင်း။
သူမှားတာလား၊ငါမှားတာလား။
သူရော၊ငါရောမှားတာလား။အားလုံးမှာတာဝန်ကိုယ်စီရှိကြပေသည်။(မေတ္တာရှေ့ထားလျှက်)

Photos from Gon Engineering Group's post 15/05/2024

အလုပ်ချင်ဆုံး၊လုပ်ငန်း၊ပြီး​မြောက်ခဲ့ပြီ။
••••••••••••••••••••••••••••••••••••••••
ောဆက်စပ်လုပ်ငန်းများအထိ၊​အောင်မြင်စွာ၊လုပ်
ချင်သည့်ဆန္ဒ ပြင်းပြသည့်အ​လျှောက်၊လုပ်​ဆောင်ရသဖြင့်
ပံ့ပိုးကူညီသူအားလုံးအား၊အထူး​ကျေးဇူးတင်ပါသည်။
# Boiler,Main Steam Lines,Irons Steam Lines,
Condensated return Lines 2024 Feb to Aprial
ထိ၊တတ်ညီလက်ညီ၊ပြီး​​​မြောက်​အောင်၊​ဆောင်ရွက်ခဲ့ကြ၏
ျား​ဝေးလွန်း၍ level အနိုမ့်အမြင့်ဂရုစိုက်ကြရသ
လို၊ water hammer လည်းသတိထားကိုင်တွယ်ကြရ၏။
# Lines တစ်ချောင်းချင်းစီ Hydraulic test ,steam
Pressure ဖြင့်လည်း အကြိမ်ကြိမ် အယိုအစိမ့်မရှိ​စေဘို့၊
Iron lines ရေမလိုက်​စေဘို့ expansion & condrac
:tion ဖြစ်​ပေါ်နိူင်၍ အချိန်ယူ စမ်းသပ်ခဲ့ရသည်။
# တချို့​နေရာ​တွေ မှာ try & error လည်း၊သုံးခဲ့ရပြန်သည်။
# ထားရှိ​သော​စေတနာကြောင့်၊အ​ကောင်းဆုံးတုန့်ပြန်မှု​က
တော့.၊ရ​ကောင်း​ပေမည်။

Photos from Gon Engineering Group's post 23/04/2023

GASIFIERS
***********
BIOMASS or COALmaterials အသုံးပြု၍ gaseous
လောင်စာအဖြစ်ရယူပြီး၊Boiler,Engine,နှင့် Power
generation အထိအသုံးပြုလာကြသည်။စပါးခွံမှတဆင့်
Producer gas ထုတ်၍ အသုံးပြုသော၊gasifiers များ
လည်း၊တွေ့ရှိနေပြီဖြစ်၏။
Gasifiers နှစ်မျိုးတွေ့ရ၏။(1)updraft gasifiers (2)
Downdraft gasifiers Fig(2) & (3) ဖော်ပြထားပါသည်။
ယင်းနှစ်မျိုးအသုံးများသည်ကိုတွေ့ရပြီး၊Fixed bed
Gasifiers ဟုလည်းသုံးနူံးကြသည်။Fig (1) မှာဒုကမ္ဘာစစ်
မတိုင်ခင် coal သုံးပြု ၍ Gas ထုတ်လုပ်သည့်ပုံစံဖြစ်၏။
Chemical equations အရ-
C+1/2O2=2CO+Heat
C+H2O=CO+H2+Heat
CO+H2O=CO2+H2 ဖြေရှင်းချက်ရရှိသည်။
စပါးခွံ biogasifiersထဲအဆင့်ဆင့်စုတ်ထဲ၊သမမွှေ၊
Combustion ဖြစ်၊အအေးခံ၊ကတ္တာဆေး၊dustထုတ်၊
Buffer tankစု၊combustible ,pressure gasကို
Generator သို့ပို့လွှတ်၍လုပ်ငန်းစဉ်စတင်ပါတော့သည်။
electricity,steam,နှင့် hot water တို့လဲထုတ်လုပ်နိူင်ပေ
သည်။Fig (4)
လျပ်စစ်၊လောင်စာဆီအခက်အခဲရှိနေခိုက်၊လုပ်ငန်းဆက်
လက်လည်ပတ်မှုနှင့်ကုန်ကျစရိတ်လည်းရေရှည်လျှော့ချ
ပေးနိူင်မည့် လုပ်ငန်းဖြစ်၍ ဦးစားပေးစဉ်းစားသင့်ပါ
ကြောင်း၊တင်ပြပါသည်။(ကျန်းမာ၊ပျော်ရွှင်ကြပါစေ)

Photos from Gon Engineering Group's post 21/03/2023

ကျောက်မီးသွေးလောင်စာ။
*************************
သဘာဝပတ်ဝန်းကျင်၊ထိန်းသိမ်းရန်၊ကျောက်မီးသွေးမှာ
လောင်စာအဖြစ်၊တိုက်ရိုက်(သို့)သွယ်ဝိုက်၍ တဖြေးဖြေး
တိုး၍နေရောယူလာခဲ့၏။
ကုန်သည်ကြီးများ၏အဆိုအရ၊တစ်တန်(၂~၂.၃)သိန်းထိ
အရည်အသွေးအလိုက်၊တန်ဘိုးလည်းတတ်လာ၏။မြန်မာနိူင်ငငံတွင်၊မကွေးတိုင်း၊မင်းဘူးအနီးပဒါန်းမှထွက်
ရှိသောကျောက်မီးသွေးမှာ၊ခြောက်သွေ့၊ပြာမှုန်နည်း၍ အ
သုံးပြုသူများ၏။ရှမ်းပြည်နယ်ရှိရပ်စောက်နန်စန်၊ပင်လုံ၊
တီဂျစ်၊မှထွက်ရှိသောကျောက်မီးသွေးမှာ၊ရာသီဥတုနှင့်စို
ထိုင်းမှုကြောင့်၊အသုံးပြုမှုအရှိုန်လျှော့နေသေး၏။
တချိန်က အပူချိန်၊ဖိအား၊အောက်ရှိ သစ်ပင်၊သစ်တော
နှင့်Vegetable တို့မှကာလကြာမြင့်သော၊ကျောက်မီးသွေး
အဖြစ်အသွင်ပြောင်းလဲလာခဲ့၏။
အမျိုးအစားမှာတစ်ပေါင်လျှင်အပူမည်မျှထုတ်ပေးနိူင်
သည့်အပေါ်တွင်ပြောင်းလဲ၏။ကာဗွန်(c)၊ဟိုက်ဒရိုဂျင်H,
တို့အဓိကပါဝင်ပြီးN,O,S,တို့လည်းပါဝင်နေ၏။
အချုပ်အားဖြင့်ကျောက်မီးသွေးသုံး၊ဘွိုင်လာများသည်၊
အခြားလောင်စာသုံးဘွိုင်လာများထက်၊ဂရုစိုက်စစ်ဆေး
သုံးစွဲသင့်၏။နေရာကျယ်ကျယ်လို၊ဖိအားများများသုံးရ
သဖြင့် အန္တရာယ်ပိုရှိလာနိူင်၍ သတိထားသုံးစွဲသင့်၏။

Photos from Gon Engineering Group's post 26/02/2023

Furnace Design of Boiler
**************************
Solid Fuelများကိုအသုံးပြုသော Furnace များတွင်၊မကြာခဏဆိုသလို၊ယိုယွင်းမှုများတွေ့ရပါသည်။စနစ်တ
ကျတည်ဆောက်ပုံကိုchapter(7)Steam,Air &Gas
Power(London) စာအုပ်မှကောက်နူတ်ဖော်ပြအပ်ပါ၏။
(A)Fig(1)&(2)တွင်bend tubes များ၊အပြင် Headerသို့၊
ဝင်ရာတွင်၊special refractory shape ပုံစံ နှင့်
Standard refractory shape ပုံစံတို့အား၊ပူးတွဲတည်
ဆောက်ပုံကို၊တွေ့နိူင်ပါသည်။
Header ထဲသို့bend tubesများဝင်ရာတွင်လည်း၊စ
နစ်တကျချုပ်ထားသည်ကိုတွေ့ရသည်။
(B)Fig(3)တွင် Straight wall tubes တို့အား၊Insulation
အမျိုးမျိုးတို့ဖြင့်External Furnace တွင်၊နေရာအ
လိုက်အသုံးပြုထားပါသည်။tubesများအား၊ Frame
ဖြင့်၊ပုံဖော်တည်ဆောက်သည်ထားသည်ကိုတွေ့ရ၏။
ကျွတ်များကြား castable (or)iron sheets ထားရှိ
လာသည်။
(C)Fig(4)&(5) တို့တွင်၊primary &second air တို့ဖြင့်၊
လောင်အားမြှင့်၍ အသုံးပြုသည်။ Fuel အား၊
Hopperအတွင်းမှတဆင့် chain grate stoker ဖြင့်
ရွေ့လျားလောင်ကျွမ်းစေသည်။Boiler Capacity
နှင့် Pressure ပို၍အသုံးပြုသော Plant များတွင်၊
တွေ့ရသည်။
ဘွိုင်လာ structure ကာ၍ တဖန်ယင်းအား၊ထမ်းထား
သည်ကို Settingဟုသိကြပြီး၊Furnace သည်လည်း၊ယင်း
Setting ၏အစိတ်အပိုင်းတခုပင်ဖြစ်၏။1000sq ft ကျော်သည့်Boiler များ expansion& contraction ဖြစ်
လာသည်ကိုကာကွယ်ရန်၊အုတ်များအစား၊steel frame ဖြင့် တည်ဆောက်ကြသည်ကိုလည်း၊တွေ့ရပေသည်။မီးဖိုအန္တရာယ်ရန်မှကင်းဝေးကြစေရန်မျှဝေတင်ပြအပ်ပါ၏။

Photos from Gon Engineering Group's post 30/01/2023

Insulating hot surfaces
************************
Boiler ,steam lines & condensed lines များတွင်၊
အပူဆုံးရှုံးမှုနှင့်လူတို့အားထိခိုက်မှုအန္တရာယ်၊မဖြစ်စေရန်၊ insulation များပတ်၍ ထိန်းသိမ်းကာကွယ်ထားကြ
ပေသည်။
Fig(1)တွင်ရေဘက်၊ဘွိုင်လာ၏ ဖိအားခံအစိတ်အ
ပိုင်းများတွင်၊ရေဂျိုးများ(အထူ၊အပါး)ရှိမူပေါ်မူတည်၍ temperature တဖက်တွင်၊လျှော့ကျသည်ကို၊တွေ့နိူင်ပေ
လိမ့်မည်။insulation နှင့်လုပ်ဆောင်ချက်ဆင်တူ၏။
Fig(2)တွင်၊insulation အထူအပါးသည်၊သုံးစွဲသည့်
လောင်စာဆီပမာဏကို၊နှစ်အလိုက်၊လျှော့ချပေးသည်ကို
တွေ့ရပေ၏။
Fig(3)တွင်၊လောင်စာဆီသက်သာမှုတခုတည်းအား၄င်း၊insulating လုပ်ငန်းကုန်ကျစရိတ်တခုတည်း
အား၄င်း၊ကြည့်ရှု့၍၊အဖြေရှာ၍မရနိူင်ပေ။စုစုပေါင်းကုန်
ကျစရိတ်အား၊အနည်းဆုံးရှာဖွေနိူင်မှသာ၊မိမိလုပ်ငန်း၊
အား၊များစွာ၊အထောက်အကူပြုနိူင်ပေလိမ့်မည်။ဆထက်ပိုးအောင်မြင်ကြပါစေ။

Photos from Gon Engineering Group's post 03/01/2023

Chimneys and Stacks
**********************
Smoke or flue gases တို့ကို၊draft systems ဖြင့်၊ပြင်ပ
သို့စွန့်ပစ်သည့် ၊ပစ္စည်းများဖြစ်၏။brick, concrete,or
radial ပုံတည်ဆောက်ခြင်းအား၊Chimneys ဟု၄င်း၊
Sheet steel or Steel plates ဖြင့်၊တည်ဆောက်ခြင်းကို ၊
Stacks ဟုသုံးစွဲကြသည်။ Light sheet metal ဖြင့်၊အ
ဝိုင်းပုံကွေး၍သုံးသည်ကိုတွေ့ရသော်လည်း၊supporting
guys အဖြစ် heavy steel plates တွေသုံးသည်ကို၊တွေ့ရ
ပေသည်။ပုံ(၁) Chimney ပုံ(၂)Stack ။
အကျိုးအပြစ်၊(၂)မျိုးစလုံးရှိကြသည်ကို၊တွေ့ရ
သော်လည်း၊Chimney က Stack ထက်၊ကုန်ကျစရိတ်ပို
များ၏။သက်တမ်းလည်းကြာရှည်လေသည်။တွက်ချက်
မည်ဆိုပါက၊Q=volume of the gases handled,in cfs,
K=Coefficient of velocity,0.3 to 0.5 ,V= theoretical
gas velocity in fps ,h=hwD/15.91B(1/Ta -1/Tg)၊ +ft
V=8.02square root of h (Tg/Ta - 1) fps ။ A=Q/KV ft
Ta,Tg=Absolute temp air & gas ,Dry air temp 650F
K=.4. density of gas =0.0359 lb per cu ft.EXp: A
steam boiler plant consumes 20,000 lb of coal per
hr and produces -

22/12/2022

Boiler horsepower
*******************
ရှာဖွေခဲ့၊မေးမြန်းခဲ့ဖူးပါတယ်။အပူပမဏပေါ်အခြေ
ပြု၍ တွက်ချက်ရသည်။HP သိလာခဲ့ရင် Boiler output
Capacity & efficiency တို့ပါ၊တပါတည်း၊ဆက်စပ်တွက်
ချက်၍ရနိူင်ပါသည်။ For Example,
A steam generator evaporated 40000 lb of water per hr a feed water temperature of220’F to
steam at 180 psia & a quality of 0.97. Determine
Boiler HP developed.
များစွာအကျိုးဖြစ်ထွန်းလာမည်ဟုမျှော်လင့်ပါသည်
ရွှင်လန်းချမ်းမြေ့ပါစေ။(steam table ပြန်သတိရဘို့လို)

Photos from Gon Engineering Group's post 18/11/2022

Thermal Oil Boiler
******************
ဆီဖြည့်ထားသော၊ Helical coilအား၊ပြင်ပလောင်စာဖြင့်၊
အပူထုတ်လုပ်ပေးသော၊ဘွိုင်လာမျိုးဖြစ်သည်။Coil အါး
Radiation & Convection တို့ဖြင့်၊အပူကိုရရှိစေသည်။
ုံးဘွိုင်လာထက်၊ ထိန်းသိမ်းစရိတ်သက်သာ၏။
Pressure နည်း၏။ဆီအသုံးပြုရ၍ ပိုမိုဂရုစိုက်သင့်၏။
သံချေးတတ်ခြင်း၊ထုံးအနည်အနှစ်နှင့်scale နည်းပါး၊
ခြင်းက ပို၍သာလွန်ကောင်းမွန်စေသည်။
နည်းသည့်အချိန်တွင်၊အော်ဂဲနစ်အပူဆီများ
ဖြင့်၊ Temperature 600’Fမှ 800’Fထိ၊မြင့်မားစွာ၊စွမ်း
ဆောင်နိူင်သဖြင့်၊သင့်လျှော်သောစက်မှုလုပ်ငန်းသုံး
ဘွိုင်လာအဖြစ်၊တွင်ကျယ်လာခဲ့သည်။
grate thermal oil Boilerတည်ဆောက်မှုအပိုင်း
တွင်(1)Feeding system (2)Combustion chamber
(3)Oil heater body (4)Air preheated and feeding
system (5)Exhaust treatment system (6)The
system of collecting ash(6)Oil tank system and
expansion oil tank တို့ပါဝင်ကြသည်။ပုံဖြင့်ပြသထား။
ဖိအားနည်းနည်း၊အပူချိန်မြင့်မြင့်မားမား၊နှင့်
လုပ်သားအင်းအားလျှော့ချ၍ စွမ်းဆောင်ရည်မြင့်မားစွာ
အသုံးချဘို့ဆို၊ရွေးချယ်သင့်သောဘွိုင်လာဖြစ်ပါသည်။
အေးချမ်း၊ငြိမ်းအေးစွာ၊အကျိုးရှိရှိ အသုံးချနိူင်ကြပါစေ။

Photos from Gon Engineering Group's post 03/11/2022

Waste Heat Recovery Boiler
*****************************
#အခြားလုပ်ငန်းစဉ်များမှ အပူကို ရယူ၍ ရေနွေးငွေ့အ
ဖြစ်၊ထုတ်လုပ်ပေးသည့် ဘွိုင်လာဖြစ်ပေသည်။အပူကို
Steel,Non ferrous,chemical & other process တို့မှရ
ရရှိသည်။ပါဝင်သောtubesမှာ ပုံမှန်အားဖြင့် carbon
steel အားအသုံးပြုကြသည်။
tubes,Shell & Water tubes မျိုးစားကွဲပြားမှုရှိ၏
Water tubes Boilerသည် Fire tubes ထက်၊ ဖိအားများ
စွာရရှိနိူင်သောလည်း၊တည်ဆောက်၊တပ်ဆင်မှုမှာသာ
လွန်ခက်ခဲသည်။
#စွမ်းဆောင်ရည်မြင့်မားခြင်း၊ကုန်ကျစရိတ်သက်သာ
ခြင်း၊လောင်စာသုံးစွဲမှုလျှော့ချနိူင်ခြင်း၊အန္တရာယ်ရှိ၍
ထွက်ရှိလာသော၊ဓါတ်ငွေ့၊ စွန့်ပစ်ခြင်းဖြင့်၊သဘာဝပတ်
ဝန်းကျင်ကိုကာကွယ်ပေးခြင်း၊အပင်များ၏စွမ်းအင်ကုန်
ကျစရိတ်နှင့်CO2 ထုတ်လုပ်မှုလျှော့ချနိူင်သဖြင့်၊စွမ်း
အင်ထိရောက်မှု၊တိုးမြှင့်နိူင်ပါသည်။ပုံ(၃)နှင့်(၄)။
Heat Boiler သည်၊ Economizer နှင့်ဆင်၏။
Furnace,(or)by product of another process တို့မှ
လောင်စာအပူကိုရယူသည်။ခေါင်းတိုင်သို့အပူတိုက်ရိုက်
မစွန့်ပစ်ခင် Economizer အားကြားခံအသုံးပြု၍ အပူ
ကိုရယူသုံးစွဲခြင်းဖြစ်၍ Recovery Boilerနှင့်တသဘော
တည်းပင်။စွမ်းအင်အချို့အားrecycleသုံးခြင်းမှာတူညီ
မှုရှိနေသည်။ပုံ(၁)နှင့်(၂) ။
စွန့်ပစ်အပူသည်၊စက်မှုလုပ်ငန်းများအတွက်၊အ
ကျိုးများစွာရရှိသည့်အပြင်၊ကုန်ကျစရိတ်ကိုလျှော့ချနိူင်
မည်ဖြစ်၍ အထောက်ကူကောင်းတခုဖြစ်လာမှာမလွဲဧ
ကန်၊ပါ။ သာယာချမ်းမြေ့ကြပါစေ။

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00