TU Network
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TU Network, Nonprofit Organization, Yangon.
တော်လှန်နှစ်သစ်မှာ ပြည်သူ့ဘက်တော်သား ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တော်လှန်ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာ ချမ်းသာဖြင့် စစ်အာဏာရှင်စနစ်အပြင်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပြီး လိုရာဆန္ဒတွေအမြန်ဆုံးပြည့်စုံကြပါကြောင်း TU Network မိသားစု မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
တော်လှန်နှစ်သစ်မှာ ပြည်သူ့ဘက်တော်သား ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တော်လှန်ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာ ချမ်းသာဖြင့် စစ်အာဏာရှင်စနစ်အပြင်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပြီး လိုရာဆန္ဒတွေအမြန်ဆုံးပြည့်စုံကြပါကြောင်း TU Network မိသားစု မှဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
28/02/2026
ပဉ္စမအကြိမ်ခေါ်ယူမည့် သင်တန်းနှစ်များနှင့် မေဂျာများကို အသိပေးကြေညာခြင်း
____________________
ပဉ္စမအကြိမ်ခေါ်ယူမည့် သင်တန်းများတွင် မြန်မာနိုင်ငံရှိ နည်းပညာနှင့် နှီးနွှယ်တက္ကသိုလ်အသီးသီးမှ သပိတ်မှောက် CDM ကျောင်းသား၊ကျောင်းသူများ လာရောက် လျှောက်ထားနိုင်ပါသည်။ပဉ္စမအကြိမ်ခေါ်ယူမည့် မေဂျာများနှင့် သင်တန်းနှစ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။
၁။ ဗိသုကာ (Architecture) - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ်
၂။ မြို့ပြအင်ဂျင်နီယာ (Civil Engineering) - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ်
၃။ အီလက်ထရောနစ်အင်ဂျင်နီယာ( Electronics Engineering) - ပထမနှစ်၊ ဒုတိယနှစ်၊ ဆဌမနှစ်
၄။ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ(Electrical Power Engineering) - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ်
၅။ စက်မှုအင်ဂျင်နီယာ(Mechanical Engineering) - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ်
၆။ သုတနည်းပညာအင်ဂျင်နီယာ - ပထမနှစ်၊ ဒုတိယနှစ်၊ ဆဌမနှစ်
၇။ မက္ကာထရောနစ်အင်ဂျင်နီယာ( Mechatronics Engineering) - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ ဆဌမနှစ်
၈။ ဓာတုအင်ဂျင်နီယာ (Chemical Engineering) - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ်
၉။ သတ္တုတူးဖေါ်ရေးအင်ဂျင်နီယာ(Mining Engineering) - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ်
၁၀။ ရေနံအင်ဂျင်နီယာ(Petroleum Engineering) - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ်
(က) သင်တန်းမှတ်ပုံတင်ရမည့်ရက်
- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်မှ မတ်လ (၂၁)ရက်နေ့အထိ။
(ခ)ပဉ္စမ အကြိမ်ခေါ်ယူမည့်သင်တန်းများစတင်မည့်ရက်
- ၂၀၂၆ခုနှစ်၊ မတ်လ (၂၈)ရက်။
(ဂ) MES (Myanmar Education System) တွင် သင်တန်းမှတ်ပုံတင်ရန် လိုအပ်သော အချက်အလက်များနှင့် စာရင်းသွင်းရန်ပုံစံအဆင့်အဆင့်အား လမ်းညွှန်ဗီဒီယို(Tutorial Video)ဖြင့် ဖော်ပြပါ Link တွင် အသေးစိတ် ဖော်ပြပေးထားပါသည်။
https://www.facebook.com/share/v/16NkHwiKqC/
ထို့အပြင် ကျန်ရှိနေသော သင်တန်းနှစ်များ၊ သင်တန်းအမျိုးအစားများနှင့်ပတ်သက်သော ကြားကာလပညာရေးအစီအစဥ်များကို နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်မှ ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ပါသည်။
#နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
'CouncilNetwork
21/02/2026
အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး၏ အမိန့်အမှတ် (၁၅/၂၀၂၆) ထုတ်ပြန်ချက်အပေါ် သဘောထားထုတ်ပြန်ချက်
ဖေဖော်ဝါရီ (၂၀)ရက် ၊၂၀၂၆ ခုနှစ်။
နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်အနေဖြင့် လူမှုကွန်ယက်မီဒီယာများတွင် ပျံ့နှံ့ လျက်ရှိသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး၏ အမိန့်အမှတ် (၁၅/၂၀၂၆) နှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း သဘောထားထုတ်ပြန်အပ်ပါသည်။
၁။ ဝန်ကြီးချုပ်ရုံး၏ အမိန့်အမှတ် (၁၅/၂၀၂၆) ထုတ်ပြန်ချက်သည် မူလတိုင်ကြားသည့် အကြောင်းအရာဖြစ်သည့် အဂတိလိုက်စားမှု၊ မလျှော်သြဇာသုံးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု စသည့် အချက်များအပေါ် ခြုံငုံမှုမရှိသည့်အပြင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကာကွယ်ပေးမှု၊ ဘက်လိုက်မှုတို့ကို သံသယဖြစ်ဖွယ် တွေ့ရှိရပါသည်။
၂။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသို့ အောက်ပါတောင်းဆိုချက်များကို ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
- စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအပြည့်အစုံအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန် ။
- စုံစမ်းစစ်ဆေးရေးအဖွဲ့အား ပြင်ဆင်ဖွဲ့စည်း၍ အမှုအား တရားနည်းလမ်းကျစွာ ပြန်လည်စစ်ဆေးပေးရန်။
- တိုင်ကြားသူများ၏ နစ်နာခဲ့မှုများအပေါ် တရားမျှတမှုရှိရေး အာမခံချက်ပေးရန်။
၃။ ကျွန်ုပ်တို့နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်အနေဖြင့် လွတ်လပ်မှု၊ တရားမျှမှုရရှိရေးနှင့် အမှန်တရားပေါ်ပေါက်ရေးတို့အပေါ် လေးစားတန်ဖိုးထားသည်နှင့်အညီ ယခုဖြစ်စဉ်တွင် ပါဝင်သော နစ်နာသူများနှင့်အတူ ရပ်တည်၍ အမှုမှန်ပေါ် ပေါက်ရေးနှင့် တရားမျှတရရှိရေးအတွက် အစွမ်းကုန် ရပ်တည်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
04/02/2026
02/02/2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၃/၂၀၂၆)
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း (၁၀) ရက်နေ့
(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်)
ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်
၁။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်အာဏာသိမ်းခဲ့ခြင်းကြောင့် အခြေခံပညာ ပြီးမြောက်ထားသည့် စီဒီအမ် ကျောင်းသား၊ ကျောင်းသူများသည် ယနေ့အချိန်အထိ ရှေ့ဆက်ပညာသင်ယူခြင်းမပြုကြဘဲ တရားမဝင် စစ်ကောင်စီ ၏ ယန္တရားကို အကြမ်းမဖက် အာဏာဖီဆန်လျက်ရှိနေကြသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတဝှမ်းလုံးရှိ ပညာသင်ယူခွင့် ရပ်တန့်နေသော ကျောင်းသား၊ ကျောင်းသူများ၏ ရှေ့ဆက်ပညာသင်ယူနိုင်ရန်အတွက် ကြားကာလတက္ကသိုလ်ကောင်စီများ၊ ပညာရေးဘုတ်အဖွဲ့များ နှင့် ပူးပေါင်းကာ အစဉ်တစိုက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
၃။ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သော နွေဦးတော်လှန်ရေးကာလ၊ အဆင့်မြင့်ပညာကဏ္ဍ၊ ပထမအကြိမ် ညီလာခံက ပေါ်ထွက်လာခဲ့သည့် ရလဒ် အမှတ်စဉ် (၁၀) အရ အခြေခံပညာပြီးမြောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးရည်မှန်းချက်များအလိုက် အဆင့်မြင့်ပညာ ဆက်လက်တက်ရောက် သင်ယူနိုင်ရန် ပြည်သူ့ဘက်တော်သား များအတွက် ရည်ရွယ်ဖွင့်လှစ်ထားရှိသော အဆင့်မြင့်တက္ကသိုလ်များက တက္ကသိုလ်ဝင်ခွင့်များ စုပေါင်းခေါ်ယူခဲ့ရာတွင် ပထမ အကြိမ်တက္ကသိုလ်ဝင်ခွင့်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း၊ ဒုတိယအကြိမ် တက္ကသိုလ် ဝင်ခွင့်ကို ၂၀၂၄ ခုနှစ် ဧပြီလတွင်လည်းကောင်း၊ တတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်ကို ၂၀၂၅ ခုနှစ်၊ မေလတွင် လည်းကောင်း အသီးသီးခေါ်ယူခဲ့ပြီးဖြစ်သည်။
၄။ စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူရာတွင် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့တွင် ပါဝင်ခေါ်ယူ ခဲ့ကြသော တက္ကသိုလ်များအနက် ဝင်ခွင့်ခေါ်ယူမည့်တက္ကသိုလ်များနှင့် ဝင်ခွင့်လက်ခံရေးမူ အပြောင်းအလဲ ရှိလာသော ကြောင့် “ကြားကာလတက္ကသိုလ်များ၏ဝင်ခွင့်လမ်းညွှန် - စတုတ္ထအကြိမ်” ကို ထပ်မံထုတ်ပြန်ခြင်း ဖြစ်ပါသည်။
၅။ အောက်ဖော်ပြပါ ကျောင်းသား၊ ကျောင်းသူများသည် “ပြည်သူ့ဘက်တော်သားများအတွက် ရည်ရွယ် ဖွင့်လှစ်ထားသည့် ကြားကာလတက္ကသိုလ်များ” ၏ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်ကို ဝင်ရောက် လျှောက်ထား နိုင်ကြ ပါသည်။
(က) ၂၀၂၀ ခုနှစ်နှင့် ယင်းနှစ်မတိုင်မီ အခြေခံပညာအထက်တန်း အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ
(ခ) နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ် ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ (ဉပမာ- IGCSE, GED, SAT, …)
(ဂ) တိုင်းရင်းသားဒေသအသီးသီး၏ ပညာရေးအစီအစဉ်ဖြင့် အခြေခံပညာ ပြီးမြောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ
(ဃ) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပြည်သူ့ကျောင်းသားများအတွက် ရည်ရွယ်ဆောင်ရွက် ပေးသော အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း “Basic Education Completion Assessment (BECA)” (G-11 old & G-12 new) လက်မှတ်ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ
(င) နယ်စပ်ဒေသအခြေစိုက် ပညာရေးအဖွဲ့အစည်းများ၊ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသများသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ကြရသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ရွှေ့ပြောင်းမိသားစုဝင်များအတွက် ဆောင်ရွက်နေသည့် ပညာရေးအဖွဲ့အစည်းများ (ရိုဟင်ဂျာပညာရေး အဖွဲ့အစည်းများ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ-အိန္ဒိယနှင့် မြန်မာ-ထိုင်းနယ်စပ် စခန်းများရှိ ပညာရေးအဖွဲ့အစည်းများ) မှ အခြေခံပညာ အထက်တန်း အဆင့် ပြီးမြောက်ကြောင်း အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူ များ (သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ပေးသည့် ပညာရေးဆိုင်ရာ အထောက်အထားများ တင်ပြ နိုင်ရမည်)
(စ) သက်ဆိုင်ရာတက္ကသိုလ်များ၏ ဝင်ခွင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ
၆။ ဤ စတုတ္ထအကြိမ် ကြားကာလတက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ပထမနှစ်ဝင်ခွင့် လက်ခံဆောင်ရွက်မည့် တက္ကသိုလ် (၁၉) ခုတို့၏ သက်ဆိုင်ရာတက္ကသိုလ်အလိုက် ပေးအပ်မည့် ဘွဲ့ဒီဂရီများ၊ လက်ခံသင်ကြားပေးနိုင်မည့် ကျောင်းသားဦးရေ၊ တက္ကသိုလ် တစ်ခုချင်းစီ၏ ဝင်ခွင့်လက်ခံရေး သတ်မှတ်ချက်များနှင့် ဝင်ခွင့်ခေါ်ယူမည့်အချိန်တို့ကို အသေးစိတ် ဖော်ပြထားပါသည်။
၇။ သို့ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ စတုတ္ထအကြိမ်၊ ကြားကာလ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ပါရှိသော တက္ကသိုလ်များ၏ အကြောင်းအရာ၊ အချက်အလက် အသေးစိတ်တို့ကို ကြိုတင်လေ့လာပြီး သတ်မှတ်ချက်များအတိုင်း တက္ကသိုလ်ဝင်ခွင့်ကို အချိန်မီ တင်သွင်း လျှောက်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ကို ဒေါင်းလုတ်ရယူရန် >>>
https://moe.nugmyanmar.org/he/uni-ent-26/
https://www.facebook.com/share/p/18Ff88Bk6s/
30/09/2025
စတုတ္ထအကြိမ်နောက်ဆက်တွဲလျှောက်လွှာခေါ်ယူခြင်း အသိပေးကြေညာချက်
_____
TU Network မှ ကြားကာလပညာသင်ကြားရေးများဖော်ဆောင်လျက်ရှိရာ စတုတ္ထအကြိမ်သို့ ရောက်ရှိခဲ့ပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ခေါ်ယူပြီးသောအကြိမ်များတွင် လျှောက်ထားခြင်းမပြုနိုင်ခဲ့သော ကျောင်းသားကျောင်းသူများရှိနေပါသည်။
ထိုသို့ ကျန်ရှိနေသော သပိတ်မှောက် CDM ကျောင်းသားကျောင်းသူများအတွက် ကြားကာလသင်ကြားရေးအစီအစဉ်၌ စတုတ္ထအကြိမ်နောက်ဆက်တွဲအနေဖြင့် မှတ်ပုံတင်ခြင်း Registration အချိန်ကာလကို
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်မှ အောက်တိုဘာလ (၁၅) ရက်နေ့အထိ ခေါ်ယူသွားမည်ဖြစ်ပါသည်။
သတ်မှတ်ရက်အတွင်း အချိန်မီလျှောက်ထားကြပါရန် အသိပေးနှိုးဆော်ပါသည်။
MES (Myanmar Education System) တွင် သင်တန်းမှတ်ပုံတင်ရန် လိုအပ်သော အချက်အလက်များနှင့် စာရင်းသွင်းရန်ပုံစံအဆင့်အဆင့်အား လမ်းညွှန်ဗီဒီယို(Tutorial Video)ဖြင့် ဖော်ပြပါ Link တွင် အသေးစိတ် ဖော်ပြပေးထားပါသည်။
https://www.facebook.com/share/v/16NkHwiKqC/
စတုတ္ထအကြိမ်ခေါ်ယူမည့် သင်တန်းနှစ်နှင့်မေဂျာများအပြည့်အစုံကို အောက်ပါLinkတွင် ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/share/p/1GF19s8fNh/
#နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
14/09/2025
အသိပေးကြေညာချက်
_______________________
TU Network မှ ကြားကာလပညာသင်ကြားရေးများဖော်ဆောင်လျက်ရှိရာ စတုတ္ထအကြိမ်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ သို့သော် သပိတ်မှောက် CDM ကျောင်းသားကျောင်းသူအနက် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးထောင်ချမှုများ၊ မြေပြင်စစ်ကြောင်းထိုးမှုများ၊ အင်တာနက်ဖြတ်တောက်မှုများစသည့် အကြောင်းအမျိုးမျိုးကြောင့် ခေါ်ယူပြီးသောအကြိမ်များတွင် လျှောက်ထားခြင်းမပြုနိုင်ခဲ့သော ကျောင်းသားကျောင်းသူများရှိနေပါသည်။
ထိုသို့ ကျန်ရှိနေသော သပိတ်မှောက် CDM ကျောင်းသားကျောင်းသူများအတွက် နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်၏ ကြားကာလသင်ကြားရေးအစီအစဉ်၌ မှတ်ပုံတင်ခြင်း Registration အချိန်ကာလတခု ထပ်မံကြေညာပေးသွားမည်ဖြစ်ပါသည်။
ထို့ကြောင့် အကြောင်းအမျိုးမျိုးကြောင့်ကျန်ရှိသော ကျောင်းသူကျောင်းသားများအတွက် ခေါ်ယူမည့်အချိန်ကို TU Network Official page နှင့် Telegram Channel https://t.me/TUNetworkOfficial တို့တွင် ကြေညာသွားပါမည်။
#နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
31/07/2025
ဝင်ခွင့်လျှောက်ထားရမည့်ရက် တိုးမြှင့်ကြောင်း အသိပေးချက်
___________________________
သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ https://edu.nugmyanmar.org/TUN_UE_OthFactor မှတဆင့် ၂၀၂၅ ခုနှစ် သြဂုတ်လ( ၇) ရက်နေ့ နောက်ဆုံးထား ဆန္ဒပြုလျှောက်ထားရန် အသိပေးနှိုးဆော်ပါသည်။
ဝင်ခွင့်သတ်မှတ်အရည်အချင်းများကြည့်ရှုရန်
https://www.facebook.com/share/1ACpgUf3Jx/
#နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်
'CouncilNetwork
26/07/2025
အသိပေးကြေညာချက်
_________________________
TU Network မှ စတုတ္ထအကြိမ် အနေဖြင့် ၉.၆.၂၀၂၅ မှ ၂၈.၆.၂၀၂၅ အထိ MES Register အတွက် ခေါ်ယူခဲ့ပြီးဖြစ်ပါသည်။ သို့သော် Register လုပ်ထားသူများအနက် Student Enrollment မလုပ်ရသေးသူများ၊ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ရက်အတွက် Register မလုပ်လိုက်ရသော ကျောင်းသားကျောင်းသူများရှိနေသည့်အတွက် ယခုထပ်မံ၍ သြဂုတ်လ ၅ ရက်နေ့အထိ ထပ်မံတိုးမြ့င့်ထားသောကြောင့် အမြန်ဆုံး လျှောက်ထားကြရန် သတိပေးနှိုးဆော်ပါသည်။
MES (Myanmar Education System) တွင် သင်တန်းမှတ်ပုံတင်ရန် လိုအပ်သော အချက်အလက်များနှင့် စာရင်းသွင်းရန်ပုံစံအဆင့်အဆင့်အား လမ်းညွှန်ဗီဒီယို(Tutorial Video)ဖြင့် ဖော်ပြပါ Link တွင် အသေးစိတ် ဖော်ပြပေးထားပါသည်။
https://www.facebook.com/share/v/16NkHwiKqC/
Student Enrollment ပြလုပ်ပုံအဆင့်ဆင့်အား အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်သည်။
https://www.facebook.com/share/p/15iLFpBerD/
စတုတ္ထအကြိမ်ခေါ်ယူမည့် သင်တန်းနှစ်နှင့်မေဂျာများအပြည့်အစုံကို အောက်ပါLinkတွင် ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/share/p/1GF19s8fNh/
ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့တွင် လျှောက်ထားပြီးသော ကျောင်းသားကျောင်းသူ များအနေဖြင့် လျှောက်ထားရန် မလိုအပ်ပါ။
#နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
23/07/2025
ဝင်ခွင့်လျှောက်ထားခြင်း
___________________________
သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ https://edu.nugmyanmar.org/TUN_UE_OthFactor မှတဆင့် ၂၀၂၅ ခုနှစ် ဇူလိုင်လ( ၃၀) ရက်နေ့ နောက်ဆုံးထား ဆန္ဒပြုလျှောက်ထားနိုင်ရမည်။
#နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်
'CouncilNetwork
18/07/2025
အသိပေးကြေညာချက်
________________________
ပထမအကြိမ်တက္ကသိုလ်ဝင်ခွင့်ရ၊ ပထမနှစ်သင်တန်းများ၏ ဒုတိယနှစ်ဝက် (2nd Semester) ကို ဇူလိုင်လ တတိယအပတ်တွင် သင်ကြားရေးများ စတင်တော့မည်ဖြစ်ပါ၍ ကျောင်းသားကျောင်းသူများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်များနှင့်bချိတ်ဆက်ကြပါရန် အသိပေးအပ်ပါသည်။
#နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon