FBM Collections

FBM Collections

Share

Action Figure Toys

Photos from FBM Collections's post 09/12/2021

အားလုံး မင်္ဂလာပါ

FBM ကနေပြီး အလွန်ကြမ်းတဲ့ဂေါ်ကြီး Carnage နဲ့မိတ်ဆက်ပေးချင်ပါတယ်

အားလုံးနီးပါး ကြည့်ပြီးသားဖြစ်မယ့် Venom 2 ထဲက Main villain ဖြစ်တဲ့ Carnage ဖြစ်ပါတယ်

***ပုံကအပြင်မှာ ကိုယ်တိုင်ရိုက်ထားတာပါ***

ဖြုတ်လို့တပ်လို့ရတဲ့ အပြင် ကလိစရာမျက်စိကအစ ခြေလက်အဆုံး အကုန်ပါတဲ့Action Figure လေးပါ

Price- 45,000

ရရှိလာသောဝင်ငွေ ၁၀၀% ကိုပြန်လှူမှာ ဖြစ်လို့အားပေးကြပါဦးနော်🙇🏻‍♂️🙇🏻‍♂️🙇🏻‍♂️

Photos from FBM Collections's post 26/11/2021

FBM ကနေနောက်ထပ်Instock အလှည့်ကျတာလေးကတော့ ZD Iron Man Mark 85 Endgame Version အရုပ်လေးပါ၊ End game ထဲမှာတော့အများအကျိုးအတွက် စတေးသွားတဲ့Iron Man Version လေးကိုဝယ်ပီးဉထားချင်ရင်တော့ chat box လေးကိုအရောက်လာခဲ့ပေးပါခင်ဗျ❤️
ရောင်းရငွေရဲ့၁၀၀% ကိုလိုအပ်တဲ့နေရာကိုလှူဒါန်းမှာဖြစ်တဲ့အတွက်🙇🏻‍♂️🙇🏻‍♂️🙇🏻‍♂️ကုသိုလ်လည်းရ အရုပ်လည်းရအောင်အားပေးပါဦးဗျ
#လက်ကိုင်အပိုလေးနဲ့ခေါင်းအပိုလေးတော့မပါတဲ့အတွက်စျေးနှုန်းကိုအထူးနှုန်းနဲ့ထားပေးထားပါတယ်ခင်ဗျ
Price - 25,000 kyats

Photos from FBM Collections's post 23/11/2021

အားလုံးဘဲ မင်္ဂလာပါ
FBM ကနေ DC က super hero တစ်ယောက်ဖြစ်တဲ့ Aquaman နဲ့မိတ်ဆက်ပေးချင်ပါတယ်
Figure name - MAFEX Mafex No. 61 Aquaman Action Figure DC COMICS Movie JUSTICE LEAGUE
Description - ဒီ Action figure ကတော့ DC fan တွေနဲ့ လုံးဝကို မစိမ်းတဲ့ ရေအောက်မြို့တော်ကြီး Atlantis ရဲ့ ဘုရင် Aquaman ဘဲဖြစ်ပါတယ် DC animation မှာတုန်းက role နိမ့်ပီး လူသိပ်မကြိုက်ခဲ့တဲ့ Aquaman ဟာ 2018မှာ live action အဖြစ်ထွက်ရှိခဲ့သော Aquaman movie မှာ Mr.Jason Momoa ရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ DC fan တွေကိုသာမက တခြားပရိသတ် များရဲ့ ရင်ထဲကိုပါ ဟက်ထိစေခဲ့ပါတယ် အခု action figure လေးကတော့ live action မှာပါတဲ့ Aquaman ကို ကြည့်ပီး ထုတ်ထားတဲ့Action Figure ဖြစ်ပါတယ် သူရဲ့လက်စွဲတော် ဖြစ်တဲ့ the Trident of Neptune အပြင် Mother Box ,stand,face and handsတွေပါ ပါတာမို့ လုံးဝ အမိုက်စားကြီးပါ ဘူးပါကင်ပါ ပါတဲ့အတွက် ၂ထပ်ကွမ်း အမိုက်စားကြီးပါနော် ဒေါ်လာစျေးတွေမတည်ငြိမ်ပေမယ့် မြန်မာစျေးနဲ့ ၁ ရုပ်တည်းရှိသော Aquaman ပါကင်ကိုအမြန်ဆုံး လာရောက်ဝယ်ဥထားလိုက်ပါနော် နောက်ပြီးရောင်းရငွေရဲ့ ၁၀၀% ကိုလိုအပ်နေတဲ့နေရာကို လှူမှာဖြစ်လို့ Aquaman action figure အပြင် ကုသိုလ်ပါအဆစ်ရမှာမို့လို့အမြန်ဆုံးလက်ဦးမှုကို ရယူလိုက်ပါ🙇🏻‍♂️🙇🏻‍♂️🙇🏻‍♂️
Price. - 50,000 kyats

Photos from FBM Collections's post 22/11/2021

အားလုံးဘဲ မင်္ဂလာပါ
FBM ကနေ ပထမဆုံးအနေနဲ့ ဒီအရုပ်လေးကိုစတင်
မိတ်ဆက်ချင်ပါတယ်
Figure name - Gohan Super Saiyan 2
Description - ဒီအရုပ်လေးကတော့ Dragon Ball anime မှာ ပါတဲ့ဇာတ်လိုက်ကျော် Gokuရဲ့သား Gohan ရဲ့ လုံးဝကိုကြမ်းတမ်းဆရာကျခဲ့တဲ့အချိန်အခါက Figure ဖြစ်ပါတယ် အခု version လေးကတော့ Gohan vs Cell final battle မှာ ဖြစ်သွားတဲ့ Super Saiyan 2( အဲ့ချိန်တုန်းက Saiyanတွေထဲမှာအကြမ်းဆုံး) ပုံစံဖြစ်ပါတယ်။
Price. - 17,000 kyats
Remarks. -ရောင်းရငွေရဲ့ ၁၀၀% ကိုလိုအပ်နေတဲ့နေရာကို လှူမှာဖြစ်လို့အားပေးကြပါဦးနော်🙇🏻‍♂️🙇🏻‍♂️🙇🏻‍♂️

02/02/2021

စာသား​လေးကြိုက်လို့ပါ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ရက်လောက်ကြာပြီးတဲ့နောက် သူတို့လုပ်နေတာတွေကြည့်ပြီး ကျွန်တော်ကတော့ ဘာဆက်ဖြစ်မယ်ဆိုတာ ခန့်မှန်းနေမိတယ်။ မှန်ချင်လည်း မှန်မယ်၊ မှားချင်လည်း မှားနိုင်တယ်။

နောက်တစ်ပတ်လောက်ဆိုရင်တော့ ပိုပြီးသေချာနိုင်မှာပါ။ ဒါပေမယ့် နောက်တစ်ပတ်မှာ ဒီလိုရေးခွင့်ရမရဆိုတာလည်း ဘယ်သူမှ မသိနိုင်ဘူးမလား။

ကြိုစကားခံထားပါမယ်။ ဒါတွေအကုန်လုံးဟာ ကျနော့်အထင်တွေသက်သက်ပါ။

ဘာဆက်ဖြစ်မလဲဆို အရင် အာဏာသိမ်းခဲ့စဉ်ကလို ဆက်မဖြစ်နိုင်လောက်တော့ဘူး။

လူတွေကို ဖမ်း၊ ပါးစပ်တွေပိတ်၊ နားတွေပိတ်၊ ဖုန်းလိုင်း​တွေ အင်ဆာနက်လိုင်းတွေဖြတ်၊ မီဒီယာတွေအကုန်ပိတ်၊ သတင်းအမှောင်ချ၊ စစ်တပ်မကောင်းပြောတဲ့သူမှန်သမျှ ထောင်ချ၊ ဒေါ်အောင်ဆန်းစုကြည်ပုံချိတ်ရင် ထောင်ချဆိုတာမျိုးတွေ ရှိလာမယ်မထင်ဘူး။

အစိုးရမီဒီယာတွေကနေတော့ ဝါဒဖြန့်တာတွေ ရှိနေမှာပဲ။

ပြီးတော့ အဲ့ ၄ ပေ ၈ လက်မခွဲ က သိပ်ကို လုပ်ပြချင်နေတာ။ "တွေ့လား ငါအာဏာယူထားပြီးတော့ တိုင်းပြည်ကို ဒီလိုအုပ်ချုပ်နိုင်တယ်" ဆိုတာမျိုးကို လုပ်ပြလိမ့်မယ်။ စေတနာရှိလို့တော့မဟုတ်ဘူး၊ သူတော်ကောင်းယောင်ဆောင်ချင်လို့။

ပြည်ပနိုင်ငံတွေကလည်း သူတို့လုပ်နိုင်တာ စာထုတ်မယ်၊ ကန့်ကွက်ရှုတ်ချမယ်၊ အရေးယူပိတ်ဆို့မယ်။ ဒါအကုန်ပါပဲ။ UN တပ်တွေလည်း ဝင်လာမှာ မဟုတ်သလို စစ်ခေါင်းဆောင်တွေကိုလည်း ခုံရုံးတင်တာမျိုးတွေ လုပ်မှာမဟုတ်ဘူး။ လုပ်လို့လည်း မရဘူး။

လူတွေ လမ်းပေါ်ထွက် ဆန္ဒပြရင်တော့ ဖမ်းဆီးထောင်ချ၊ ဒီထက်ပိုဆိုးရင်တော့ သေနတ်နဲ့ပစ်မှာပေါ့။ ၈၈ လိုဖြစ်လာလောက်မယ့် တွန်းအားမျိုး၊ ခံယူချက်မျိုးလည်း လူထုအများစုမှာ မရှိကြတော့ပါဘူး။

ခန့်ထားတဲ့ ဝန်ကြီးတွေထဲမှာ ချစ်နိုင်(စိတ်ပညာ)လို PR ကောင်းတဲ့သူတွေ၊ လူထုစိတ်ကို ဘယ်လိုကစားရမလဲ သိတဲ့သူတွေ ပါတယ်။

အရာအားလုံးဟာ ပုံမှန်ဖြစ်နေသလိုမျိုး ဆက်ရှိနေလိမ့်မယ်။ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့်တွေကို ဘောင်ထဲက ပေးထားလိမ့်မယ်။ ကျေးဇူးရှင်ယောင်ဆောင်လိမ့်မယ်။

မဲတွေကိုပြန်ရေတွက်ပြပြီး NLD ကို မဲခိုးပါတယ်ဆိုပြီး သက်သေအတုတွေနဲ့ စွပ်စွဲပြီး သူတို့လုပ်ရတာ ဥပဒေအရလုပ်တာ၊ မှန်ကန်တယ်ဆိုပြီး နိုင်ငံတကာကို ချပြလိမ့်မယ်။ သူတို့အချင်းချင်းနဲ့ ဘာမှ မသိမတတ်တဲ့လူတန်းစားတွေကိုလည်း အဲ့လိုပဲ ယုံလာအောင် Brainwash လိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ကစလို့ အကုန်လုံးကို အရေးယူလိမ့်မယ်။ NLD ကို ဒီတစ်ခါတော့ အမြစ်ဖြတ်ဖို့ ကြိုးစားလိမ့်မယ်။

ရွေးကောက်ပွဲလုပ်မပေးလို့ မရတဲ့အချိန်ရောက်မှ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်လိမ့်မယ်။ ဘောင်းဘီချွတ်အစိုးရပြန်ဖွဲ့မယ်။ ရွေးကောက်ပွဲကို ၁ နှစ်လောက်နဲ့ လုပ်ပေးရင် တော်တော်ကံကောင်းလို့ပဲ။

အောက်ခြေလူတန်းစားတွေကလည်း အေးဆေးနေပုံရတယ်။ ဈေးထဲမှာ အကုန်သွားမေးလိုက်ရင် ကိုယ့်မိသားစု စားဖို့ အဆင်ပြေနေရင်ပြီးတာပဲလို့ပဲ ပြန်ဖြေကြတာတွေချည်းပဲ။ NLD ... NLD ဆိုပြီး ဝန်းရံခဲ့တုန်းက ဝန်းရံခဲ့ပေမယ့် အာဏာသိမ်းမှုအကျိုးဆက်က သူတို့ကို တိုက်ရိုက်အများကြီး သက်ရောက်မှုရှိမှာမဟုတ်ဘူး။

ခရိုနီတွေ၊ သူ​ဌေးတွေအများစုကတော့ ခုလောက်ဆို ကပ်သင့်ကပ်ထိုက်တဲ့သူကို သွားကပ်နေလောက်ပြီ။ ဂွင်တွေ၊ လုပ်ပိုင်ခွင့်တွေကို ခွဲဝေနေလောက်ပြီ။

အဲ့တော့ ဘယ်သူတွေ အဆိုးဆုံးခံရမလဲ။ ကျနော်တို့လို လူလတ်တန်းစားတွေနဲ့ လူငယ်တွေ ပဲ။

ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ မလာတော့ဘူး၊ ခရီးသွားဖွံ့ဖြိုးမှုလည်း မရှိတော့ဘူး။ နိုင်ငံတကာကလည်း ကျနော်တို့ကို လက်မခံတော့ဘူး။ အရေးယူပိတ်ဆို့မှုတွေကလည်း အများကြီး လာဦးမယ်။

ကျွန်တော်တို့ရဲ့ ပညာရေး ရှေ့ဆက်ဖို့တွေ၊ ဘွဲ့လွန်တွေယူဖို့တွေ၊ နိုင်ငံတကာက online classတွေ၊ ပေးမယ့်ဘွဲ့တွေ၊ အလုပ်အကိုင်တွေ၊ ဖန်တီးနေတဲ့ အနုပညာတွေ၊ ရထားတဲ့ internet access တွေ၊ online shopping လုပ်နေတာတွေ၊ ဆော့နေတဲ့ ဂိမ်းတွေ.. အကုန်သွားပဲ။

နဂိုကတည်းကမှ ပိတ်ဆို့မှုတွေရှိနေသေးလို့ နိုင်ငံတကာက လူငယ်တွေနဲ့ တန်းတူ ပညာရော စီးပွါးရော မရှာနိုင်တဲ့ ကျွန်တော်တို့ဆီက လူလတ်တန်းစား ပညာတတ်လူငယ်တွေရဲ့ အနာဂတ်ဟာ အကုန် ချီးကားတိုက်ခံရပြီပဲ။

ဒီတော့ ၄ ပေ ၈ လက်မခွဲရဲ့ အဖွဲ့ကို ဖြိုချဖို့ အကောင်းဆုံးနဲ့ အမြန်ဆုံးနည်းလမ်းက လောလောဆယ် အစိုးရဝန်ထမ်းတွေ လက်ထဲမှာပဲ ရှိတယ်။ အလုပ်မဆင်းနဲ့ ၊ ခိုင်းတာမလုပ်နဲ့၊ သွားဆို မသွားနဲ့။ တစ်လလောက်ပါပဲ။ သူတို့မခံနိုင်ဘူး။ Civil Disobedience ပဲ။

လုပ်မယ်ထင်လား 😅

ကျနော်ဒီမနက်တင် ရုံးသွားနေတဲ့သူတွေ တစ်ပုံကြီးတွေ့တယ်။ မက်လုံးပေးတာတွေ၊ ခြိမ်းခြောက်တာတွေတောင် လုပ်ဖို့ မလိုဘူး။ သူတို့က အဲ့လောက်လည်း စိတ်မဝင်စားဘူး။ စိတ်ဝင်စားတဲ့သူတွေလည်း လူမညီတော့ လုပ်မရဘူး။ အလုပ်ပြုတ်သွားရင် မင်းပိုက်ဆံပေးထားမှာလားလို့ပဲ ပြန်မေးလိမ့်မယ်။ ကျနော်လည်း ဖြေစရာမရှိဘူး။

ခု လိုင်းပေါ်မှာ ပေါက်ကွဲနေတာတွေဟာ ခံယူချက်နည်းတဲ့သူတွေအများစုရှိအောင်လုပ်ထားခံရတဲ့ ဒီနိုင်ငံမှာ အလွန်ဆုံးခံ တစ်လပဲ။ တစ်လထက်ပိုခံတဲ့သူတွေကလည်း မြန်မာတစ်နိုင်ငံလုံးနဲ့ယှဉ်ရင် အနည်းစုပဲ။

ခုလည်း အချင်းချင်း ရန်ဖြစ်နေတာပဲ။ ရခိုင်ကလူတွေကို စာနာပြီလားတို့၊ No vote သမားတွေ မြင်ပြီလားတို့၊ NLD က ရင်ကြားစေ့ရေးလုပ်တာမှားတယ်တို့။

၄ ပေ ၈ လက်မခွဲတို့အဖွဲ့က ဘာကြီးဘယ်လိုနေနေ လုပ်မှာပါပဲ။ အဲ့လိုလုပ်ဖို့အတွက်ပဲ ဒီအခြေခံဥပဒေကို ဆွဲခဲ့တာပဲလေ။

နောက်ပိုင်းမှာ ဒီလူတွေထဲကပဲ Mytel နဲ့ ဖုန်းပြောနေလိမ့်မယ်။ Myanmar beer သောက်ပြီး စစ်တပ်မကောင်းကြောင်းပြောနေလိမ့်မယ်။ နေတိုးကားတွေ ကြည့်နေလိမ့်မယ်။ နေခြည်ဦးကို Love React တွေ ပေးနေလိမ့်မယ်။ ခရိုနီတွေနဲ့ စစ်တပ်ပိုင်တဲ့စီးပွါးရေးတွေဆီက စပွန်ဆာတွေယူနေပါလိမ့်မယ်။

တိုင်းပြည်ကို ၁ နှစ် ၂ နှစ်လောက် တံခါးပိတ်လိုက်တာဟာ ကမ္ဘာ့အလယ်မှာ နှစ် ၂၀ လောက် ထပ်ပြီး နောက်ကျသွားအောင် လုပ်တာနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ တစ်သက်တော့ ဒီတိုင်းပြည်ဟာ ကောင်းလာစရာအကြောင်းမရှိတော့ဘူး။

အဲ့တော့ ကျွန်တော်တို့တွေ ဘာဆက်လုပ်ကြမလဲ။ ကျွန်တော်တို့ကိုယ်တိုင်ကတော့ ကောင်းလာစရာသိပ်မမြင်တော့ဘူး။

ထိုင်နေရင်တော့ နောက်မျိုးဆက်လည်း ဒီတိုင်းဆက်သွားမှာပဲ။ ထရုန်းရင်တော့ သူတို့ နည်းနည်းသက်သာမှာပေါ့။

အမှန်အတိုင်းပြောရရင် ကျွန်တော်ကတော့ နောက်မျိုးဆက်တွေဘာတွေ မတွေးချင်တော့ဘူး။ ထိပ်ဆုံးက လက်တစ်ဆုပ်ရဲ့ အဆိပ်ခတ်ခံထားရတဲ့ ဦးနှောက်တွေအများစုရှိတဲ့ Institution တစ်ခုလုံးမှာ သေနတ်တွေကိုင်ထားတာကို ကျွန်တော်တို့တွေ ဘာနဲ့မှရင်ဆိုင်လို့မရဘူး။

ဒါနဲ့ဆို ၃ ခါရှိပါပြီ။ လူထုအားနဲ့လည်း မရဘူး။ သံဃာတော်တွေကိုလည်း ဂရုမစိုက်ဘူး။ လက်နက်ကိုင်သူပုန်ထတော့လည်း အပြစ်မဲ့တဲ့သူတွေပဲ ခံရတယ်။

ဒီနိုင်ငံမှာ အကုန်လျှောက်သိနေတဲ့ လူဖြစ်လာတာကိုက ဝဋ်ကြွေးကြီးလွန်းတာပါ။ ဒါဟာ အဖြေမရှိတဲ့ ပုစ္ဆာပါပဲ။

21/01/2021

မင်္ဂလာပါခင်ဗျာ

မကြာမီအချိန်တွင်းမှာကျွန်တော်တို့FBM Collectionsမှ Action Figures/Anime Figures များကိုစျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးသွားမည်ဖြစ်ပါသည်။Like and Follow လေးများမစပေးကြပါခင်ဗျာ😍

15/01/2021
Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon