Lucky Candle
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lucky Candle, Gift Shop, နဝရတ်လမ်း, Yangon.
30/12/2022
ကလေးသူခိုးများရန်မှကာကွယ်ရန်.....
၁။ ။အိမ်ထဲမှ အိမ်ပြင် အတတ်နိင်ဆုံးမထွက်ဖြစ်အောင် ဆင်ခြင်ပါ...
၂။ ။မတတ်သာ၍ ထွက်ခဲ့ရပါက ကလေးနှင့် အတူ လူကြီး ၂ယောက်ပါပါစေ.....
၃။ ။ကျောင်းတက်အရွယ် ကလေးများ ဖယ်ရီ အကြို အပို့ဆိုလျှင် ကားနားအထိ မိဘ ကိုယ်တိုင် သွားခေါ်ပါ......
၎။ ။မူကြိုအရွယ်ကလေးများနှင့် ဖယ်ရီမကြိုသောကလေးများ မိဘကိုယ်တိုင် ရင်အုပ်မကွာ လိုက်ပို့ ၊လိုက်ကြိုပါ.....
၅။ ။အပြင်ထွက်လျှင် မည်သူကျွေးသည့်မုန့်၊မည်သူပေးသည့် ပစ္စည်း ဥစ္စာမှ မယူပါစေနှင့်.......
၆။ ။မိမိရင်သွေးငယ်ကို ကစားကွင်းလိုက်ပို့တတ်သည့်မိများ ကလေးကို မျက်စိဒေါက်ထောက်ကြည့်နေပါ အာရုံမများပါနှင့် ကစားပီးချိန် ဈေးဝယ်မည်ဆိုပါက ကလေးလက်ကိုသေချာတွဲပါ အနီးအဝေး မသမာသူ သတိပြုပါ.......
၇။ ။ ကလေးငယ်နှင့်လမ်းသွားရင်း မိမိဆဲကြိုးအဖြတ်လုခံရသော်လည်းကောင်း၊ပိုက်ဆံအိတ်လုသွားသော်လည်းကောင်း လုသည့်မသမာသူနောက်ကို ကလေးထားခဲ့ကာ ပြေးမလိုက်ပါနှင့်
အင်အားရှိသလောက် အော်ဟစ်ကာ အကူအညီတောင်းပါ.......
၈။ ။မိမိကလေးကို ချစ်၍ဖြစ်စေ ၊ သူစိမ်းများ ကိုပေးချီခြင်းမပြုရ အသားကိုအထိမခံရ ခပ်လှမ်းလှမ်းမှ နှူတ်ဆက်ပါစေ........
၉။ ။ကလေးငယ်များ အုပ်စုလိုက်လမ်းမထွက်ဆော့ခြင်းပါ ရှောင်ကျင်ပါ
ညနေ လေညင်းခံ ကလေးနှင့်လမ်းလျှောက်ခြင်းများ အလည်အပတ်သွားခြင်းများ ရှောင်ကျင်ပါ......
၁၀။ ။ကလေးကို တတ်နိုင်သမျှမိမိသွားရာ ခေါ်သွားခြင်းများ အတတ်နိုင်ဆူံးရှောင်ကျင်ပါ.........
၁၁။ ။မိမိနေအိမ်တွင် နေသည့်အခါများတွင်လဲ ခြံတံခါး ၊အိမ်တံခါး များကို အစဉ်အမြဲ ပိတ်ထားပါ သူစိမ်းများလာလျှင်ခြံအပြင်မှ ပြောပါစေ......ခြံအတွင်းသို့ပေးမဝင်စေရ.........
၁၂။ ။ ကလေးငယ်များ တယောက်ထဲ ဈေးဝယ်လွှတ်ခြင်း၊ အိမ်လည်သွားစေခြင်း၊ မုန့်ဝယ်ထွက်ခြင်း၊ အရုပ်ဝယ်ထွက်ခြင်းများ မပြုလူပ်စေရ..........
၁၃။ ။လမ်းပေါ်တွင် ကျနေသော အရုပ်များ မကောက်မိစနှင့်......
၁၄။ ။ကျောင်းတက်နေသော ကလေးငယ်များ၏ကျောင်းခန်းသို့ သမီးအမေ၊သားအမေ နေမကောင်း၍ အရေးတကြီးလိုက်ခဲ့ဖို့ခေါ်ယူမှူပြုတိုင်း မယုံပါနှင့်....
သတိ သတိ သတိ
*မိဘများသတိပြုရန်*
1.နေအိမ်မှ ဝေးရါသို့ ခိုင်းစေခြင်း လုံးဝမပြုပါရန်
2.မှောင်မိုက်သည့် ညအချိန်တွင် အဖော်ပါလဲ မလွှတ်ပါနှင့်
3.မူးယစ်ဆေးဝါး အရက်သေစာ သောက်စားထားများအနီး ကလေးကို မရှိပါစေနှင့်
4.သူစိမ်းများကို ယုံကြည်ပီး ကလေး ကို မည်သည့်နေရာမှ မထည့်ပါနှင့်
5.ကလေးကို အခြားသူများနှင့်ထားခဲ့ခြင်း ၊ အခြားသူများအား စောင့်ကြည့်ခိုင်းခြင်းများ လူံးဝ မလူပ်ပါနှင့်
6.ကျောင်း၊ကျုရှင်သို့ အုပ်ထိန်းသူမပါပဲ မလွှတ်ပါနှင့်
* ကလေးငယ်များသတိပြုရန်
1.နေအိမ်မှ ဝေးရါသို့ မိဘများ မသိပဲ လုံးဝမသွားပါနှင့်
2 .နေအိမ့အပြင်ဘက်သို့ ထွက်ကစားခြင်းကို ရှောင်ကြဉ်ပါ
3.ကျောင်း၊သင်တန်း၊ကျူရှင်ပီးလျှင် အိမ်သို့တန်းပြန်ပါ မိဘ လာမခေါ်လျှင်
အဖော်နှင့် တစုတဝေးထဲ သွားပါ
4 .မိမိ မသိသော နေရာသို့ မည်သူခေါ်ခေါ် မလိုက်ပါနှင့်
5.မိမိ မသိသော သူစိမ်းများနှင့် လုံးဝ စကားမပြောပါနှင့်
6. မိမိ မသိသော သူများ ကျွေးသည့် မုန့်၊အအေးများကို လုံးဝ မသောက်စားပါနှင့်
7.လူသူနည်းပါးသောနေရာများ တယောက်ထဲ သွားခြင်း ရှောင်ကြဉ်ပါ
မိဘနှူတ်မှ ထွက်ကာမှယုံစေပါလေ..
ကလေးဘေးနားမှာ ထပ်ကြပ်မကွာ လူကြီးတယောက်အမြဲရှိပါစေ ဘယ်သူ့ကိုမှမယုံပါနှင့် သံသယ မျက်စိဖြင့်သာ ဝိရိယ ထား ကြည့်နေပါလေ........
မလုံခြုံတော့တဲ့ခေတ်ကြီးထဲမှာ အပစ်ကင်းစင်တဲ့ ကလေးငယ်များ လွတ်မြောက်ကြပါစေ ..
18/10/2022
18/10/2022
12/02/2022
06/02/2022
My candle is my life
30/12/2021
For every one
Category
Contact the business
Telephone
Website
Address
နဝရတ်လမ်း
Yangon
Alerts
Be the first to know and let us send you an email when Lucky Candle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.