Htet Collection
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Collection, Beauty Store, Yangon.
24/09/2023
24/09/2023
ဝယ်မိတာ လုံးဝ နောင်တမရတဲ့ထဲ ဒါကြီးပါတယ် 🤨💯
၂၀၁၉ ကတည်းက ဝယ်ထားတာ အခုဆို ၄ နှစ်ပြည့်တော့မယ် ၊ မေ တစ်ယောက်တည်းသုံးတာတောင် မဟုတ်ဘူး ၊ ညီအစ်မ သုံးယောက်သုံးတာ ။
❤️🔥ညှော်တာ ၊ စက်သံ ပုံမှန်မဟုတ်တာ ဘာညာ လုံးဝ မဖြစ်ဘူး ။ ပြုတ်ကျတာလဲ ခဏခဏပဲ ။
❤️🔥မေက ဆံပင်ကို layer cut အမြဲ ညှပ်တတ်သူမို့ ဒီ Revlon ရဲ့ one step dryer က ပုံသွင်းတဲ့အခါ ဘီးလုံး တစ်ဖက် ၊ dryer တစ်ဖက်နှင့် အလုပ်ရှုပ်ပြီး လက်ညောင်းရတဲ့ ဒုက္ခကနေ တော်တော် သက်သာစေတယ် ။
Wolf cut , butterfly cut , jellyfish cut ညှပ်ထားသူတွေ ဝယ်သင့်တယ် ။
❤️🔥ဆံပင်က နည်းနည်း ဖွာတဲ့အထဲပါတာကြောင့် သူက saloon တွေမှာ blow dry လုပ်ပေးသလို ဝပ်ဝပ်ကလေး ဖြစ်စေတယ် ။
❤️🔥ပုံသွင်းရင် သွင်းတတ်သလို ဆံပင်ဖောင်းဖောင်းလေးရတယ် ။ ဒါကတော့ ညှပ်ထားတဲ့ hair cut ပေါ်လဲ မူတည်တာပေါ့နော် ။
မေ ဝယ်တုန်းက ၂၀၁၉ မှာဆိုတော့ ၁၄၀,၀၀၀ လောက်ကျတယ် ။ မေ့အတွက်တော့ စျေးများတဲ့ထဲပါပြီး တကယ်ရော အသုံးဝင်ပါ့မလား စိုးရိမ်ခဲ့တာ ၊ မေ့အတွက်တော့ တန်ကိုတန်ပါတယ် ။ ညီမတွေပါ ဝိုင်းသုံးတော့ ပိုတန်တယ် ။
Review video လေးလဲ တင်ပေးဖူးတယ် ။ အခု လေးနှစ်ကြာတဲ့ထဲ သုံးလို့ ကောင်းနေတုန်းမို့ မနေနိုင်လို့ ထပ်လာပြောတာ 😝။ မကြည့်ရသေးသူတွေ link လေး comment မှာ ပြန်ချပေးမယ်နော် ။
မေ ဝယ်တာက T & G Cosmetics ကပါ ။ အခုတော့ စျေးဘယ်လောက်ဖြစ်နေမလဲ မသိတော့ဘူး ။ Edit : အခုတော့ ငွေစျေးဘာညာနှင့် ၂ သိန်းကျော်ဝန်းကျင် ကျနိုင်ပါတယ် ။
PS: တစ်လကျော်လောက် ပျောက်နေတာက မေ emotional crisis ကို ရင်ဆိုင်နေခဲ့ရလို့ပါ ၊ ဒီတစ်ခေါက်က တော်တော်လေးလဲ ပင်ပန်းခက်ခဲခဲ့ပါတယ် ။ အခုတော့ healing လမ်းကြောင်းပေါ် ပြန်ရောက်လာခဲ့ပြီမို့ post လေးတွေ ပုံမှန်တင်နိုင်အောင် ကြိုးစားပါ့မယ် ။ အသဲလေးတွေ အများကြီးမြင်ရင် ပျော်မိမှာပဲ 😝
Page လေးကို ပြန် Run တဲ့အနေနဲ့
ကံစမ်းမဲလေးတွေလည်းဖောက်ပေးမယ်နော်
18/07/2023
မင်ဒါမျိုးလေးတွေ နောက်ပိုင်းဆိုင်လေးဖွင့်ပြီး
ရောင်းပေးမယ် နော်
12/02/2023
♥️
12/02/2023
04/09/2022
Click here to claim your Sponsored Listing.
Category
Website
Address
Yangon