Jupiter10
စိတ်ထဲရှိရာတွေကို စကားလုံးတွေအဖြစ်ပြောင်းလဲရန် ကြိုးစားနေသူတစ်ဦး...
09/06/2025
ဘဝမှာ မချမ်းသာရင်တောင်
လူတန်းစေ့တော့ နေချင်ပါတယ်။
ငွေဆိုတာ ဒုတိယ ဘုရားသခင်တဲ့။
ဒီအဆိုဟာ အထိုက်အလျောက်တော့ အမှန်ပါပဲ။
ပိုက်ဆံမရှိရင် မျက်နှာငယ်ရပါတယ်။
မိမိဘဝအတွက်၊ မိသားစုအတွက်
ကျန်းမာရေး၊ ပညာရေး ကိစ္စအားလုံးမှာ
ငွေမရှိရင် မပြီးပြည့်စုံပါ။
မိဘတွေကို လိုလေသေးမရှိထားနိုင်ဖို့၊
မိသားစုကို ပြည့်စုံစွာ ထားနိုင်ဖို့၊
မိမိပတ်ဝန်းကျင်အကျိုး စိတ်ရှိသလောက် ထမ်းနိုင်ဖို့၊
ဘဝမှာ လူတန်းစေ့နေပြီး ချမ်းသာချင်ပါသေးတယ်။
Jupiter
09 June 2025 (Monday)
19:08
Photo credit to original owner!
08/06/2025
သင့်အတွေးတွေကို ဂရုစိုက်ပါ။
အတွေးတွေကနေ ကောင်းခြင်း၊ ဆိုးခြင်း
ဖြစ်စေတတ်တယ်။
ကောင်းတာတွေ များများတွေးတတ်သူထံ
ကောင်းခြင်းတွေက ပိုရောက်ရှိလာတတ်တယ်။
အတွေးတွေက ဘဝကြီးကို ပုံဖော်ရာမှာ
သက်ရောက်မှုရှိတာမို့ အရာရာကိုအဆိုးမြင်တာထက်
ကောင်းတဲ့ဘက်က မျှတွေးတတ်သူဖြစ်ပါစေ။
Jupiter
08 June 2025 (Sunday)
10:30 AM
Photo credit to the original owner!
24/05/2025
အုံ့မှိုင်းမှိုင်း ရာသီဥတုကိုငေးရင်း
အလွမ်းဓါတ်ခံရှိသူမို့ အိမ်ကိုပိုလွမ်းမိပါရဲ့။
ဘယ်နေရာရောက်ရောက်
အမေနဲ့အတူနေခဲ့တဲ့ အိမ်လိုမျိုး
နွေးထွေးမှုတွေ မခံစားနေရဘူး မေမေ။
အသားရောင် မတူညီတဲ့ လူတွေကြား
ကြိုးစားရုန်းကန် ရှင်သန်ရင်း
ဘဝရဲ့ရည်းမှန်ချက်တွေနောက် လိုက်ရင်း
အိမ်ရဲ့အဝေးမှာ နေနေရပေမဲ့
တစ်နေ့တော့ အမေရှိရာ ဒီအိမ်လေးကို
အပြေးပြန်လာမှာပါ မေမေ။
ခုတော့ အလွမ်းတွေကို စာစီရင်း
တောင်းဆုပြုပေးလိုက်ပါတယ်။
မေမေ ကျန်းမာ သက်ရှည်ပါစေ။ 🙏
Jupiter
24 May 2025 (Saturday)
18:07
20/05/2025
ဖြစ်ချင်တာတွေ မဖြစ်လာတဲ့အခါ
စိတ်ဓါတ်ကျ အားလျော့နေတာထက်
ပြီးခဲ့တဲ့အရာကနေ သင်ခန်းစာယူပြီး
နောက်တစ်ကြိမ် ပြန်ကြိုးစားခွင့်ရှိသေးတယ်ဆိုတာ
အမြဲသတိရလိုက်ပါ။
ခက်ခဲကြမ်းတမ်းတဲ့ လောကသဘာဝကြောင့်
ဒီတက်နဲ့ အဆင်မပြေရင်
ဟိုတက်နဲ့ လှော်တတ်ဖို့ သင်ယူထားရမှာပဲ။
ကြိုးစားမှု နဲ့ ယုံကြည်မှုနောက်မှာ
အောင်မြင်မှုက အမြဲကပ်လိုက်လာမှာ အသေချာပါပဲ။
Jupiter
20 May 2025 (Tuesday)
22:12
Photo Credit!
19/05/2025
🍀Self Reminder🍀
အပြောထက် အလုပ်နဲ့သက်သေပြသောသူ ဖြစ်ပါစေ။
အပြစ်တင်တတ်သူထက် နားလည်ပေးသူဖြစ်ပါစေ။
တစ်ဖက်အမြင်ထက် နှစ်ဖက်မြင်အောင်
သူ့ဖက်ကိုယ့်ဖက် မျှတွေပေးသူ ဖြစ်ပါစေ။
ကိုယ့်ကိုချစ်သူ ကိုယ်ကချစ်ရသူအပေါ်
တန်ဖိုးထားတတ်ပါစေ။
မနက်ဖြန်ထက် သေခြင်းတရားက ပ်ိုနီးပါတယ်။ နောက်မှရတဲ့ နောင်တထက်
ရှိနေချိန်မှာ တန်ဖိုးထားတတ်ကြပါစေ။
Jupiter
19 May 2025 (Monday)
20:16
Click here to claim your Sponsored Listing.
Category
Website
Address
Yangon