Htety Chaty
"Skincare addict, makeup lover, and your new beauty bestie!"
Virgo Look Tutorial ♍️✨️
ဒီ lookလေးမှာသုံးသွားတဲ့ ABOUT _TONEရဲ့productsတွေကို Commalax Myanmar မှာဝယ်ယူလို့ရပါတယ်ရှင် 🫶🏻🤍✨️
♍️ VIRGO LOOK TUTORIAL လေးမနက်ဖြန်ဒီဘက်မှာတင်ပေးမယ်နော် 😉✨️
🍑 Peach Look🍑 လေးလိုက်လိမ်းကြည့်နော် မျက်နှာလေးကိုပိုနုသွားစေမယ့် lookလေးပါ 🥰
Peach makeup lookလေးနောက်ရက်တင်မယ်နော် 🍑🍑🍑
ဒီ look tutorial လေးတင်လိုက်ပြီနော် 💗🎀💗
ဒီ look tutorial လေးလည်းလာမယ်နော် 💕🫶🏻💕 မျက်နှာလေးကိုပိုနုသွားစေမယ့် lookလေးပါ🎀
🦁♌️Leo makeup lookကို leo seasonကုန်မှတင်သူမိမိ🤭✨️
25/08/2026
Charles&keithက khai side-pocket လေးကိုတအားကြိုက်နေလို့... ကိုယ့်လိုဘဲ အိတ်ဆိုရိုးရိုးရှင်းရှင်းလေးနဲ့ ပစ္စည်းအတော်အသင့်ဆန့်တာလေးကြိုက်ရင် ရွေးလို့ရအောင်လို့ရယ်...
- သူ့ nappa pu leather အသားကအိအိပျော့ပျော့လေး ပေါ့လည်းအရမ်းပေါ့တယ် တချို့အိတ်တွေက ပစ္စည်းဝိတ်ရော အိတ်ရဲ့ဝိတ်ရှိတာရောပေါင်းပြီး လွယ်တာအချိန်ကြာလာရင် ပုခုံးတွေနာလာတာ
- နောက်ကြိုက်တဲ့အချက်က keychain ချိတ်ဖို့အတွက်ကွင်းသေးသေးလေးရှေ့ဘက်မှာပါတာလေးလည်းသဘောကျတယ်
- အမဲလေးကတော့ sgဘက်မှာတော့ stock မတွေ့တော့ဘူး Distressed Coffee,Espresso Brown,Stone Grey အရောင်လေးတွေတော့ တွေ့တယ် အသစ်ထွက်တဲ့အရောင်ထဲမှာ Distressed Coffee အရောင်ကတော်တော်လှတယ်
-ကြိုးကလည်း ၂ ကြိုးပါတယ် ၂ကြိုးဆက်ပြီး ကြိုးအရှည်လိုလွယ်လို့ရသလို အခုပြထားသလို တစ်ကြိုးတည်းလွယ်လည်းရတယ်
- Side-pocket လေးတွေပါတဲ့အချက်ကိုလည်းကြိုက်တယ် Lipstick ဆို အနည်းဆုံး ၂ချောင်းလောက်ကအိတ်ထဲထည့်နေကျဆိုတော့ ဘေးအိတ်လေးထဲထည့်အတော်ဘဲ အဘထတို့ ရှူဆေးဘူးတို့က နောက်တစ်ဘက်ထည့် 🥹 အဆင်ကိုပြေနေရော
အိတ်ထဲဘယ်လောက်ဆန့်လဲဆိုတာကိုယ်အိတ်ထဲထည့်နေကျပစ္စည်းတွေ အကုန်ထုတ်ပြထားတယ်နော် အဲ့တာတွေအကုန်ဆန့်ပါတယ်လို့...🫶🏻🖤🫶🏻
20/08/2026
လတ်တလော အကြိုက်ဆုံး Cleansing Oil
𝗕𝗜𝗢𝗗𝗘𝗥𝗠𝗔 𝗦𝗲𝗻𝘀𝗶𝗯𝗶𝗼 𝗠𝗶𝗰𝗲𝗹𝗹𝗮𝗿 𝗖𝗹𝗲𝗮𝗻𝘀𝗶𝗻𝗴 𝗢𝗶𝗹
မိတ်ကပ်ကအမြဲပြင်ဖြစ်နေတဲ့သူဖြစ်တာရယ်၊ ရန်ကုန်က humid city ဖြစ်တဲ့အတွက် double cleansing ကအမြဲလုပ်ဖြစ်တယ်
Micellar Water ကိုလည်း Bioderma ပန်းရောင်ဘူးလေးသုံးဖြစ်တယ် အရမ်းကြိုက်တယ်
အခု cleansing oil လည်း ဒါလေးသုံးကြည့်နေတာ (၁)လနီးပါးရှိပြီ
Waterproof မိတ်ကပ်ကအစပြောင်တယ်၊ gentle ဖြစ်တယ်၊ အဆီဖုထွက်တာနည်းလာတယ်၊ ဝက်ခြံကတော့ နောက်ပိုင်းသိပ်ကိုမထွက်တော့တာပါ...
ကိုယ်တိုင်က skin barrier ပျက်စီးဖူးတဲ့သူမို့လို့ မျက်နှာပေါ် အသစ်အသစ်တွေတင်ရမှာကြောက်တဲ့သူထဲပါတယ်
အရင်ကတော့ ဝက်ခြံတွေပျောက်ချင်ဇောနဲ့ ထွက်သမျှ ကောင်းမယ်ထင်သမျှ အများကြီးတွေအကုန်လိုက်သုံးဖြစ်တယ်
အခုတော့ ကိုယ်နဲ့တည့်တဲ့ ပစ္စည်း (၃)မျိုး ကနေ (၅)မျိုး နည်းနိုင်သလောက်နည်းနည်းလေးနဲ့ လောဘမကြီးဘဲ မှန်မှန်လေးသုံးဖြစ်တာ အခုကိုယ့်မျက်နှာကိုကြည့်ရတာ တော်တော်လေးစိတ်ချမ်းသာလာတယ်
Bioderma ထဲက micellar water , facial cleansing gel ,sunscreen , moisturiser သုံးဖူးတော့ စိတ်ချတယ် ကိုယ့်အသားအရည်နဲ့လည်းအဆင်ပြေတယ် အဲ့တော့ cleansing oil ကို မျက်စိမှိတ်ဝယ်လာခဲ့တာ
ဒီပန်းရောင်လေးက sensitive အသားအရည်ကအစသုံးလို့ရတယ် sunscreen ၊ waterproof မိတ်ကပ် ၊နှုတ်ခမ်းနီ၊ mascara အကုန်ပြောင်တယ်
Fragrance-free , Alcohol-free, Soap-free အမျိုးအစားပါ နောက်ပြီး Non-comedogenic ဖြစ်လို့ သူ့အဆီကချွေးပေါက်တွေကို မပိတ်မိအောင် formulated လုပ်ထားပေးပါတယ် အဲ့အတွက်ကြောင့် combination/ acne-prone skin တွေအတွက်လည်းသုံးလို့အဆင်ပြေပါတယ်
သုံးနည်းလေးပြောပြပေးပါမယ်
Cleansing oil သုံးနေကျသူလေးတွေဆိုသိပြီးသားဖြစ်ပေမယ့် cleanisng oil အခုမှစသုံးမယ့်သူလေးတွေအတွက်ပြောပြပေးပါမယ်
ညဘက် မျက်နှာမသစ်ခင် ပထမဦးဆုံး step မှာ cleansing oilကိုစသုံးပေးရပါမယ် မျက်နှာကရေမထိရသေးဘဲ ခြောက်နေတဲ့အနေအထားမှာသုံးရပါမယ်
Bioderma က pump ခေါင်းလေးနဲ့လာတာမို့လို့ 1 pump ဆို လုံလောက်ပါတယ်
ယူပြီးရင် မျက်နှာပေါ်မှာ massage နှိပ်သလို စက်ဝိုင်းပုံသေချာလေး ပွတ်ပေးပါ မျက်လုံးနေရာတွေလည်းပွတ်လို့ရပါတယ်
မိတ်ကပ်တွေပျော်ဝင်သွားပြီမျက်နှာတစ်ပြင်လုံးလိိမ်းပေးတာနေရာစုံပြီဆို ရေလေး (၂)စက် (၃)စက်လောက်ထည့်ပြီး ထပ်ပွတ်ပေးပါ oil ကနေ ➡️ milky emulsion လိုမျိုး texture ကနို့ရည်လိုလေးပြောင်းသွားပါမယ် အဲ့အခါကျတော့မှ ရေနဲ့ဆေးချပေးပါ ပြီးရင် ကိုယ်သုံးနေကျ မျက်နှာသစ်နဲ့သစ်ပေးပြီး ညပိုင်း skincare step တွေစလုပ်ပေးလို့ရပါပြီ
ကိုယ်ကကျတော့ ရေဆေးပြီးရင် toner pad လေးထဲ micellar waterလေးထည့်ပြီး တစ်ထပ်မျက်နှာကိုပွတ်ပေးပြီးတော့မှ မျက်နှာသစ်သုံးပါတယ်
Cleansing oil ကိုနေ့တိုင်းတော့ မသုံးဖြစ်ဘူး full makeup on ဖြစ်တဲ့နေ့တွေမှာသုံးဖြစ်တယ် မဟုတ်လည်း တပတ်မှာ (၃)ရက် (၄)ရက်လောက်သုံးဖြစ်ပါတယ်
စျေးကတော့ city careမှာဝယ်ခဲ့တာ (၆)သောင်းကျော်ဝန်းကျင်ပေးရပါတယ်
စာများကူးယူခြင်းမပြုပါရှင်*
Category
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Htety Chaty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.