Basic Nursing Online Class
အခြေ ခံ ပြုစုကုသမူ.သင်တန်း(Online Class)
မဖွင?
Infections (အရေပြားပေါ်တွင် ဖြစ်စေတတ်သော အရေပြားရောဂါများ) ကို
ဗဟုသုတရရှိစေရန် ဖော်ပြပေးလိုက်ပါသည်..
Sharing နိုင်ပါသည်..
https://m.facebook.com/story.php?story_fbid=118996183875568&id=100072955590088
21/10/2021
(ပိုင်ရာစီတမ်) 400/800/1200mg
ဆေးအကြောင်း
+++++++++++++++++++++++++++++++++++
လေဖြတ်၊ အာရုံကြောရောဂါတွေ မှာအသုံးများလို့ အမေးလည်း များပါတယ်။
ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများတွင်အသုံးပြုလေ့ရှိသော ဆေးတစ်မျိုးဖြစ်ပါတယ်။
အသုံးပြုပုံ
အယ်လ်ဇိုင်းမားရောဂါ (ဖြည်းဖြည်းချင်းအတိတ်ကိုမေ့လာသော ရောဂါ)
မှတ်ဉာဏ်ချို့ယွင်းခြင်း ၊ အာရုံစူးစိုက်မှုမရှိခြင်း၊
စိတ်နေစိတ်ထား အမူအကျင့်များ ပြောင်းလာခြင်း
လေဖြတ်ခြင်း
အကြောဆွဲသောရောဂါ
အတက်ရောဂါ
စိတ်ကျန်းမာရေးဆေးများသောက်ရ၍ လှုပ်ရှားမှု ပုံမှန်မဟုတ်သော လူနာများ
စသည့်အထက်ပါအခြေအနေများတွင် ရောဂါပျောက်အောင် ကုသခြင်းမျိုးမဟုတ်ဘဲ မှတ်ဥာဏ်၊ အာရုံစူးစိုက်မှုနှင့် လှုပ်ရှားမှုများ တိုးတက်ကောင်းမွန်လာရုံ ပေးသော ဆေးဖြစ်ပါသည်။
ဆေးညွှန်း
စားဆေး
တစ်နေ့ (၁၆၀၀) မီလီဂရမ်မှ (၉၆၀၀) မီလီဂရမ်ထိ ပေးနိုင်သည်။ (၃ ကြိမ်ခွဲပေးရမည်)
ထိုးဆေး
အကြောထိုးဆေး (2) ဂရမ် မှ (4) ဂရမ် ကိုဖြည်းဖြည်းချင်းသွင်းရသည်။ ပုလင်းချိတ်တာများပါသည်။
သတိပြုရန်
ကျောက်ကပ်အားလျော့နေသူများတွင် သတိဖြင့်သုံးစွဲရသည်။
ကားမောင်းသည့်သူများနှင့် စက်ယန္တရားကြီး အသုံးပြုသူများ သတိထားသုံးစွဲရမည်။
ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်သည့် ဆေးဖြစ်ပါသည်။
အသဲမကောင်းသည့်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မသုံးစွဲကပါ..
ဘေးထွက်ဆိုးကျိုးများ
စိတ်လှုပ်ရှားခြင်း၊ ဂယောင်ခြောက်ခြားဖြစ်ခြင်း၊
အိပ်မပျော်ခြင်း၊ စိတ်ကျခြင်း
နုံးခြင်း၊ အိပ်ငိုက်ခြင်း၊ တအားအိပ်ခြင်း၊
ကိုယ်အလေးချိန်တိုးခြင်း
ပျို့ခြင်း၊ အန်ခြင်း၊ဝမ်းလျှောခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ခြေလက်တုန်ခြင်း တို.
ဖြစ်စေတတ်သည်..
ဈေးကွက်ထဲရှိ ဆေးအမည်အချို့
Nootropil, P-cetam, Ucetam
Like & Sharing နိုင်ပါသည်...
Nursing Online Class
20/10/2021
(ဂါဘာပန်တင်) 100/300mg ဆေးဝါးအကြောင်း
အတတ်ရောဂါကု ဆေးတစ်မျိုးဖြစ်ပါသည်..
အာရုံကြောအနာသက်သာစေသော ဆေးအဖြစ်အသုံးပြုကြသည်...
ဆေးညွှန်းနှင့် အသုံးပြုပုံ
ဝက်ရူးပြန်ရောဂါအတွက် -
စားဆေး တစ်နေ့ (၃၀၀) မီလီဂရမ် မှ (၂၄၀၀) မီလီဂရမ်ကို (၃) ကြိမ်ခွဲပေးရသည်။
တစ်နေ့ (၂၄၀၀) မီလီဂရမ်ထက် မပိုရပါ။
အာရုံကြောအနာများအတွက် -
စားဆေး တစ်နေ့ (၁၀၀) မီလီဂရမ်မှ (၁၈၀၀) မီလီဂရမ်ကို (၃) ကြိမ်ခွဲပေးရသည်။
တစ်နေ့ (၁၈၀၀) မီလီ ရမ်ထက်မပိုရပါ။
သတိပြုရန်
ဆေးမတည့်တာဖြစ်တတ် ပြီး
စိတ်ရောဂါ ရာဇဝင်ရှိသူများ ဆရာဝန်ဖြင်.တိုင်ပင်ကာညွန်ကြားချက်အတိုင်းသောက်သင်.သည်..
အလွန်အမင်း အိပ်ငိုက်တတ်၍ ကားမောင်းရန်၊ စက်ယန္တရားကြီးများမောင်းရန် မသင့်တော်ပါ..
အရက်သောက်ထားလျှင် ဆိုးကျိုး ပိုများပါသည်။
ဆေးကိုရုတ်တရက်မရပ်ရပါ။
သွေးချို ဆီးချို ရောဂါရှိသူများ သတိဖြင့် သုံးစွဲသင့်ပါသည်။
သက်ကြီးရွယ်အိုများ၊ နှင့် ကျောက်ကပ်အားလျော့သူများတွင် ဆေးချိန်လျှော့ရပါမည်။
ကိုယ်ဝန်ဆောင်များ သန္ဓေသားထိခိုက်မှုရှိသဖြင်.
သက်ဆိုင်ရာဆရာဝန် ညွန်ကြားချက် ဖြင်.သာသောက်ကမည်ဖြစ်သည်...
ဘေးထွက်ဆိုးကျိုးများ
အိပ်ငိုက်ခြင်း၊ နုံးခြင်း၊
ခေါင်းနောက်ခြင်း၊ တအားအိပ်ခြင်း
စိုးရိမ်စိတ်များခြင်း၊ သတိမေ့ခြင်း ၊
ခြေလက်တုန်ခြင်း၊ ထုံကျဉ်ခြင်း ၊
ခြေလက်မသယ်ချင်ဖြစ်ခြင်း၊
တွေးခေါ်ပုံမူမမှန်ခြင်း၊ စိတ်ခံစားမှု ပြောင်းလဲလွယ်ခြင်း၊ စိတ်လှုပ်ရှားတက်ကြွလွန်းခြင်း၊ မျက်စိမှုန်ခြင်း၊
တို.ဖြစ်စေတတ်သည်...
စျေးကွက်ထဲရှိအလားတူဆေးများ
Gabantin, Gabix, Neurontin စတဲ့ အမည်တွေနဲ့ စျေးကွက်ထဲမှာ ရှိပါတယ်။
ဆေးပညာဗဟုသုတများ ဆေးဝါးဗဟုသုတများရရှိကြပါစေခင်မျာ🙏
Like & Sharing နိုင်ပါသည်..
Nursing Online Class
20/10/2021
Declogen Forte (ဒီကိုဂျင် ဖိုရ်.) သည်
Phenylpropanolamine ပါဝင်သောကြောင်.
နှာစည်းခြင်း /နှာပိတ်ခြင်းကို သက်သာစေပါသည်...
ဆေးပညာဗဟုသုတများထပ်မံဖော်ပြပေးပါမည်ခင်မျာ...
Like & Sharing နိုင်ပါတယ်...
Nursing Online Class
19/10/2021
(အဇီသရိုမိုင်စင်) 500mg ဆေးအကြောင်း
+++++++++++++++++++++++++++++++++++++
မက်ခရိုလိုက် ပဠိဇီဝဆေးတစ်မျိုးဖြစ်ပါသည်..
အသုံးပြုပုံ
အသက်ရှူလမ်းကြောင်း ဘတ်တီးရီးယားပိုးဝင်ခြင်း၊ အလယ် နားရောင်ခြင်း၊
အရေပြားပိုးဝင်ခြင်း၊
လိင်အင်္ဂါ ကလယ်မိုင်ဒီရယ် ပိုးဝင်ခြင်း၊
ဂနိုပိုးကြောင့် မဟုတ်သော ဆီးသွားပြွန်ရောင်ခြင်း၊ အတန်အသင့်ပြင်းထန်သော တိုက်ဖွိုက်ရောဂါတို့တွင် အသုံးပြု သည်။
နှလုံးအတွင်းမြှေးနှင့် နှလုံးအဆို့ရောင်ခြင်းကာကွယ်ရန် ကလေးများတွင် အသုံးပြုနိုင်သည်။
မျက်ခမ်းစပ်ရောဂါ အတွက် လည်း အသုံးပြုနိုင်သည်။
ဆေးညွှန်း
၅၀၀မီလီဂရမ် ကိုတစ်နေ့လျှင်
တစ်ကြိမ် သုံးရက်သောက် ရသည်။
ဂနိုပိုးကြောင့် မဟုတ်သော ဆီးသွားပြွန်ရောင်ခြင်းတို့အတွက် ၁၀၀၀ မီလီ ဂရမ် ကို
တစ်ကြိမ်သာသောက်ရသည်။
သတိပြုရန်
အသည်းမကောင်းသူများ၊
ကျောက်ကပ်မကောင်းသူများ၊ ကိုယ် ဝန်ဆောင်များ၊ နို့တိုက်မိခင်များ နှလုံးခုန်စည်းချက်မမှန်ခြင်းတို့တွင် သတိပြုသုံးရပါသည်။
ဆေးအပြစ်များ
ပျို့ခြင်း၊ အန်ခြင်း၊
ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊
ဝမ်းလျှောခြင်းတို့ဖြစ်နိုင်သည်။
အင်ပျဉ်ထခြင်း၊အဖုအပိမ့်ထခြင်း နှင့် အခြား ဓာတ်မတည့်ခြင်း လက္ခဏာများပေါ်လာနိုင်သည်။
အစားအသောက်ပျက်ခြင်း၊ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်းတို့ဖြစ်စေတတ်သည်..
ရှောင်ရန်
အသည်းလုပ်ငန်းပုံမှန် မဟုတ်သူများ မသုံးသင်.
ပါ...
ဝယ်ယူရရှိနိုင်သောဆေးအမည်အချို့
ATM500 , AZT,Macromax, Odazyth, Rodamycin, Zimax, Zithrin, Aithromax, Zithrox.
ကျွန်တော် မှ ဆေးဝါးဗဟုသုတများစွာ ဖော်ပြပေးပါဦးမည်ခင်မျာ..
Like & Sharing နိုင်ပါသည်...
Nursing Online Class
18/10/2021
(စင်နာရီဇင်း)အကြောင်းသိကောင်းစရာ
========================================
ဒီတခါလူတွေအားလုံးအသုံးများတဲ့ အမူးပြေ
ဆေးလေးအကြောင်း
ကျွန်တော် မှဖော်ပြပေးလိုက်ပါတယ်...🙏
Generic Name...Cinnarizine 15/25/75mg
Brand Name...Stugeron. Cinazin.Memorin.Vertinil....
အသုံးပြုပုံ
Cinnarizine ကို အဓိကအားဖြင့်
• သွေးလှည့်အဖွဲ့အစည်းရောဂါများ
• နှလုံးနှင့်သွေးကြောဆိုင်ရာ ပြနာများ
• ကားစီးလျှင်မူးခြင်း၊ အော့အန်ခြင်းများ
• မူးဝေခြင်းပြသနာများ မှာအသုံးပြုကြသည်...
ဆေးညွန်း
တစ်နေ. (၂)ကြိမ်သို.လိုအပ်လျင် (၃) ကြိမ်ထိသောက်သုံးန်ုင်ပါသည်...
• အစာနဲ့တွဲသောက်သင့်ပါတယ်။
• ရေနဲ့သောက်ရပါမယ်
• ဆေးသောက်နေစဉ် အရက်လုံး၀မသောက်ပါနဲ့
• ငါးနှစ်အောက်ကလေးတွေမသောက်သုံးသင်.ပါ
• ခရီးသွားလျှင် မူးဝေသည့် သူများအတွက် ခရီးမသွားမီ ၂ နာရီအလိုမှာ ကြိုတင်သောက်သုံးနိုင်ပါတယ်...
ဘေးထွက်ဆိုးကျိုးများ
• မိန်းမောခြင်း
• ပျို့ခြင်း
• အန်ခြင်း
• ၀မ်းသွားခြင်း
• ၀မ်းချုပ်ခြင်း
• စားချင်သောက်ချင်စိတ်နည်းခြင်း
• စားချင်သောက်ချင်စိတ်တက်ခြင်း
• အမြင်အာရုံ၀ါးခြင်း
• ကြွက်သားများအားနည်းခြင်း
• ခေါင်းကိုက်ခြင်း
တို.ဖြစ်စေတတ်ပါသည်..
သတိပြုရန်အချက်များ...
• Cinnarizine နဲ့ဆေးမတည့်ခြင်းရှိပါက
• ရောဂါ၊ ကျောက်ကပ်၊ အသည်းပြသနာများရှိပါက
ပိုဆိုးနိုင်ပါတယ်။ ဆေးသောက်ပြီးလျှင် ယာဉ်မောင်းခြင်းကဲ့သို့ အာရုံစိုက်ရသောအလုပ်မျိုးမလုပ်သင့်ပါဘူး။
ကိုယ်၀န်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ ဆရာဝန်နှင်.ညွန်ကြားချက် ဖြင်.သာ
သောက်သူံးပါ...
ဆေးဝါးဗဟုသုတများစွာရရှိကြပါစေ..🙏
Like @ Sharing န်ုင်ပါသည်...
Nursing Online Class
18/10/2021
Tablet (Norflox) 400mg
နော်ဖလောက်ဆာစင် ဆေးပြားအကြောင်း
+++++++++++++++++++++++++++++++
BRAND NAME : Noroxin
GENERIC NAME: Norfloxacin
အသုံးပြုပုံ
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (urinary tract infections)
- E. coli ကြောင့် ကျားဆီးကျိတ်ရောင်ခြင်း (Prostatitis Due to E. coli)
- လိင်မှတစ်ဆင့် ကူးစက်သောရောဂါ (gonorrhea)
- ဗက်တီးရီးယားပိုးများကြောင့် ဝမ်းသွားခြင်း
- ဝမ်းကိုက်ခြင်း (Shigellosis)
- ကျောက်ကပ်ရောင်ခြင်း (Pyelonephritis)
- အူရောင်ငန်းဖျားရောဂါ - တိုက်ဖွိုက်ရောဂါ (Salmonella Enteric Fever)
- ဆာလ်မိုနဲလာကြောင့် ဝမ်းပျက်ခြင်း (Salmonella Gastroenteritis)
- ဆီးအိမ်ရောင်ခြင်း (Cystitis)
လိင်မှတစ်ဆင့် ကူးစက်သောရောဂါ (gonorrhea)
များအတွက် အသူံးပြုသည်...
ဆေးညွန်း
400 mg ကို (၁၂) နာရီခြားတိုင်း
- ပုံမှန် ကိုယ်ခံစွမ်းအားရှိသူ - (၃) ရက် သောက်ရန်
- ကိုယ်ခံစွမ်းအား လျော့နည်းသူ - (၇ - ၁၀) ရက် သောက်ရန်
ကျောက်ကပ်ရောင်ခြင်း (Pyelonephritis) အတွက်
400 mg ကို (၁၂) နာရီခြားတိုင်း (၁ ၄) ရက် သောက်ရန်
ဝမ်းကိုက်ခြင်း (Shigellosis) အတွက်
400 mg ကို (၁၂) နာရီခြားတိုင်း (၃) ရက် သောက်ရန်
အူရောင်ငန်းဖျားရောဂါ - တိုက်ဖွိုက်ရောဂါ အတွက်
400 mg ကို (၁၂) နာရီခြားတိုင်း(၅ - ၇) ရက် သောက်ရန်
ဆာလ်မိုနဲလာကြောင့် ဝမ်းပျက်ခြင်း (Salmonella Gastroenteritis) အတွက်
400 mg ကို (၁၂) နာရီခြားတိုင်း(၅ - ၇) ရက် သောက်ရန်
E. coli ကြောင့် ကျားဆီးကျိတ်ရောင်ခြင်း (Prostatitis )အတွက်
400 mg ကို (၁၂) နာရီခြားတိုင်း (28) ရက် သောက်ရန်
ဆီးလမ်းကြောင်းပိုးဝင်ခြင်း အတွက်
400 mg ကို (၁၂) နာရီခြားတိုင်း သောက်ရန်
အသက် (၁၈) နှစ်အောက် ကလေးများအတွက် စိတ်ချရသော ဆေးညွှန်း မရှိသေးပါ။
ဘေးထွက်ဆိုးကျိုးများ
- ပျို့ခြင်း၊ အန်ခြင်း (nausea and vomiting)
- ရင်ပူခြင်း (heartburn)
- ဝမ်းသွားခြင်း (diarrhea)
- အိပ်ငိုက်ခြင်း (Drowsiness)
- ခေါင်းကိုက်ခြင်း (headache)
- မူးဝေခြင်း (dizziness)
- ဗိုက်နာခြင်း (stomach cramps)
- လိင်အင်္ဂါလမ်းကြောင်း ယားယံခြင်း (Vaginal itching)
တို. ဖြစ်စေတတ်သည်..
သတိပြုရန်
- ကလေးငယ်များသည် Norfloxacin ကိုသောက်ပါက အဆစ်နှင့် အရွတ်များအတွက် အန္တရာယ်ဖြစ်နိုင်မှု ပိုကြီးမားသဖြင့် အကျိုးနှင့်ဆိုးကျိုးကို ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများအနက် တစ်ခုခုဖြစ်လာပါက ဆေးသောက်ခြင်းကို ချက်ခြင်း ရပ်တန့်ပါ။
ကိုယ်ဝန်ဆောင်များ ဆရာဝန်ညွန်းကြားချက် ဖြင်.သာ အသူံးပြုကမည်...
တခြားသော ဆေးဝါးဗဟုသုတများစွာကို ဖော်ပြပေးပါဦးမည်
Like @ Sharing နိုင်ပါတယ်ခင်မျာ...
Nursing Online Class
16/10/2021
(Cifran) စီဖရန် 250/500mg အကြောင်း
===================================
Brand Name : CIFRAN
Generic Name: Ciprofloxacin
အသုံးပြုပုံ
Cifran သည် fluoroquinolone အုပ်စုဝင် ပဋိဇီဝဆေး (antibiotic) ဖြစ်ပြီး ဘက်တီးရီးယားများကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါ အမျိုးမျိုးကို ကုသရာတွင် အသုံးပြုသည်။
ဥပမာ -
- နုမိုးနီးယား (pneumonia)
- ထောင့်သန်းရောဂါ (anthrax)
- လေပြွန်ရောင်ခြင်း (bronchitis)
- အစာလမ်းကြောင်းရောင်ခြင်း (gastroenteritis)
- ကြွက်သန်းကတဆင့် ကူးစက်သည့် ကပ်ရောဂါ - ပုလိပ်ရောဂါ (plague)
- ဆီးပူညောင်းကျ၊ ဂနို၊ ကာလသားရောဂါ (gonorrhea/syphilis)
- ဆီးလမ်းကြောင်းရောင်ခြင်း (Urinary tract infections)
- အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း (respiratory tract infections)
- နှာခေါင်း လှိုဏ်ခေါင်းများ၊ အရေပြား နှင့် အရိုးအဆစ်များ နာခြင်း (infections of the sinus, bones, skin and joints)
- အစာမျိုပြွန်ရောင်ခြင်း (Erosive Esophagitis)
- အစာချေရည် အထက်သို့ ဆန်ခြင်းရောဂါ (Gastroesophagal Reflux Disease)
- Cifran ကို အခြား ဆေးများနှင့် တွဲဘက်၍ ဟယ်ရီကိုဘက်တာ ပိုင်လိုရီ (Helicobacter pylori) ဘက်တီးရီးယားကြောင့် ဖြစ်ပွားသော အစာအိမ်နာ (Gastric ulcers) နှင့် အူသိမ်ဦးပိုင်းအနာ (duodenal ulcers) များ ကုသရန်
အတွက် အသူံးပြုပါသည်...
Cifran ကို ဆေးပြား၊ ဆေးရည်၊ ထိုးဆေးများအဖြစ် ရရှိနိုင်သည်။
ဆေးဝါးအညွန်း(Dosage)
Cifran ကို ရေတစ်ဖန်ခွက်နှင့် သောက်နိုင်ပါသည်။ ဆေးကိုခွဲခြမ်းသောက်ခြင်း၊ ဝါးစားခြင်း မပြုရပါ။ ဆေး၏ အာနိသင်ကို ထိခိုက်နိုင်ပါသည်။ ဆေးကို အစာစားပြီးမှ သောက်သင့်ပါသည်။
အမျိုးသမီးများတွင် ရုတ်တရက်ဖြစ်သော မပြင်းထန်သည့် ဆီးအိမ်ရောင်ခြင်းအတွက် ဆေးညွှန်း
တစ်ကြိမ်လျင် 250 mg သို့မဟုတ် 500 mg - တစ်နေ့ (၂) ကြိမ် (၁၂ နာရီခြား)
(၃) ရက်သောက်ရန်
ပြင်းထန်သော ဆီးအိမ်ရောင်ခြင်းနှင့် ကျောက်ကပ်ဆီးလမ်းကြောင်းရောင်ခြင်း
တစ်ကြိမ်လျင် 500 mg - တစ်နေ့ (၂) ကြိမ် (၁၂ နာရီခြား)
(၁) ပတ်သောက်ရန်
တာရှည် ဆီးကျိတ်ရောင်ခြင်းအတွက်
တစ်ကြိမ်လျင် 500 mg - တစ်နေ့ (၂) ကြိမ် (၁၂ နာရီခြား)
(၄) ပတ်သောက်ရန်
အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း (respiratory tract infections) အတွက် ဆေးညွှန်း
တစ်ကြိမ်လျင် 500 mg - တစ်နေ့ (၂) ကြိမ် (၁၂ နာရီခြား)
ရောဂါ ပြင်းထန်လျင် 750 mg ထိ တိုးနိုင်သည်။
(၇ - ၁၄) ရက်သောက်ရန်
ဂနိုရောဂါ (Gonorrhea) အတွက် ဆေးညွှန်း
တစ်ကြိမ် 500 mg တစ်ရက်တည်းသာ သောက်ရန်
ခွဲစိတ်ခန်းမဝင်မီ ကြိုတင်ကာကွယ်ရန်အတွက် မခွဲစိတ်ခင် တစ်နာရီအလိုတွင် 750 mg တစ်ကြိမ်သောက်ရန် ဖြစ်သည်။
Cifran ကို ကလေးငယ်များ မသောက်သင့်ပါ။ အကယ်၍ သောက်ရန်လိုအပ်လာပါကကလေးငယ်၏ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး ဆေးညွှန်းကို တွက်ချက်ရမည်။ သုံးလေ့ရှိသော ဆေးညွှန်းမှာ 20 mg / kg ကိုယ်အလေးချိန် ဖြစ်သည်။
ဘေးထွက်ဆိုးကျိုးများ (Side effects)
- ဝမ်းသွားခြင်း (diarrhea)
- ဝမ်းဗိုက်နာကျင်ခြင်း (abdominal pain)
- ခံတွင်းနာများ(mouth sores)
- ခေါင်းကိုက်ခြင်း (headache)
- မူးဝေခြင်း (dizziness)
- ရင်ပူခြင်း (heartburn)
- ပင်ပန်းနွမ်းလျခြင်း (fatigue)
- အားနည်းခြင်း (weakness)
- အရသာပြောင်းခြင်း၊ များသောအားဖြင့် သတ္တုအရ
သတိပြုရန် (Precaution)
Cifran နှင့် ဓာတ်မတည့်ခြင်း လက္ခဏာများဖြစ်သော အင်ပြင်ထွက်ခြင်း၊
အသက်ရှူခက်ခဲခြင်း၊
လည်ချောင်း၊ လျှာ၊ မျက်နှာ စသည်တို့ ရောင်ရမ်းခြင်း ဖြစ်လာလျင် ဆေးသောက်ခြင်းကို အမြန်ဆုံး ရပ်လိုက်ပြီး ဆရာဝန်ကို ပြသရမည် ဖြစ်သည်။
ကိုယ်ဝန်ဆောင်များ သက်ဆိုင်ရာ ဆရာဝန် ညွန်ကြားချက်ဖြင်.သောက်ပါ..
ဆေးသိမ်းဆည်းခြင်(Stroage Condition)
Cifran ဆေးပြားများကို အခန်းအပူချိန်မှာ အပူနှင့် ရေငွေ့တို့နှင့် မထိတွေ့သောနေရာတွင် သိမ်းဆည်းပါ။
အခြားသောဆေးဝါးဗဟုသုတများကို ဖော်ပြပေးပါဦးမည်ခင်မျာ..
Like @ Sharing ထားနိုင်ပါသည်..
စေတနာများစွာ ဖြင်.
Nursing Online Class
15/10/2021
💊 ဆေးရောင်းချမည်.သူများ/ဆေးဆိုင်ပိုင်ရှင်များသို.ပေးစာ 💊
လူတိုင်းမှာ ကိုယ်ချစ်မြတ်နိုးတန်ဖိုးထားတဲ. အရာတစ်ခုဆီတော.ရှိကြမှာပါ...
ကျွန်တော်ကတော. ဆေးကဒ်လေးတွေကို ချစ်တယ် 😍
ဆေးကဒ်လေးတွေ ဘေးမှာရှိနေရင် ကျွန်တော်အလိုလိုပျော်တယ်..☺
ဆေးကဒ်လေးတစ်ကဒ် ဘယ်နေရာမှာဖြစ်ဖြစ်တွေ.ပြီဆိုရင်
စိတ်ဝင်စားတယ်...
ဒီဆေးကဒ်လေးက ဘာသုံးတာလဲ သိချင်လွန်းလို.
Generic Name (ဆေးဝါးမျိုးရိုးအမည်) ကို တန်းဖတ်ကြည်.မိတယ်...
မသိသော Generic Name များဆိုလျင် Note လေးနဲ.ရေးကာ
Google က ပြန်ရှာဖတ်တတ်တယ်...
တခါတလေ Ph ထဲမှာ မှတ်ထားတဲ. မသိတဲ. ဆေး Name လေးတွေရှိရင် အချိန်ပေးပြီးတော.ကိုရှာတယ်....
ဘာလို.လဲ ဆိုတော. "ကျွန်တော်ချစ်တာကိုး "
ဆေးကဒ်တစ်ခုကို ကျွန်တော် ဘယ်တော.မှ ခြေဖြင်.ကျော်မသွားတတ်ပါဘူး....
မသိလို.ဖြတ်ကျော်မိရင်လဲ "ကန်တော. "ဆိုပြီး ပြန်တောင်းပန်ရတာပေါ.🙏
ဆေးထည်.ထားတဲ. ဆေးဘုံး တစ်ခုကို ကျွန်တော် ဘယ်တော.မှ မထိုင်ဘူး....
ကျွန်တော်.ကို မသိလို. မေးတဲ. ဆေးကဒ် လေးတွေဆို တစ်ချို.ဆေး
Name တွေ မသိလို. မရှာဖြစ် မပြောပြ ဖြစ်ခဲ.ရင်တောင်
တာဝန်တစ်ခု ရှိနေသလိုပါပဲ....
ကျွန်တော် အောင်မြင် ပြီလား ဆိုတော မအောင်မြင်သေးပါဘူးခင်မျာ...
သို.သော်
ဆေးကဒ်လေးတွေကို ချစ်တဲ. စိတ်ကြောင်. တန်ဖိုးထားတတ်သောကြောင်.
တချို.သော အရာများ အဆင်ပြေ ခဲ.ပါတယ်....
ဆေးဆိုင်လုပ်ငန်းရှင်များနဲ.
ဆေးဆိုင် စတင်ဖွင်.မည်.သူများ
ဆေးဝါးသင်တန်း တက်ရောက်နေသူများ
ကျွန်တော်. သင်တန်းသို. တက်ရောက်သင်ကြားနေသူများ
တက်ရောက်ပြီးသူများ
လုပ်ငန်းအဆင်ပြေ အောင်မြင်မူ.ရစေရန် အတွက်
(ဆေးဝါးလေးများကို ချစ်ရင် သူပြန်ချစ်တဲ. တန်ဖိုးက အလွန်လေးနက် ပြီးအောင်မြင် မူ.ရစေမှာပါ )လို. ကျွန်တော် ယုံကြည်စွာနဲ.
တိုက်တွန်း ပါတယ်ခင်မျာ😊
Nursing Online Class
15/10/2021
အမျိုးသမီးအများစု သိထားသင်.သည်.
(ဒေါ်ဖန်နယ်) ဆေးဝါးအကြောင်း
Generic Name: mefenamic acid
ပါ၀င်မှု ။ 250mg/500mg
အသုံးပြုနည်း
==========
ဆေးကို ကာလတို သာမန်နာကျင်ကိုက်ခဲခြင်းများအတွက် အသုံးပြုပါသည်။
ဓမ္မတာလာနေစဉ်ကာလတွင် နာကျင်ကိုက်ခဲမှုများ လျော့ပါးစေရန်နှင့် သွေးဆုံးရှုံးမှု နည်းပါးစေရန်အတွက်လည်း ကို သုံးစွဲနိုင်ပါသည်။
Dolfenal(ဒေါ်ဖန်နယ်)သည် nonsteroidal anti-inflammatory drug (NSAID) ဆေးအုပ်စုဝင် ဆေးဖြစ်သည်။
အခြားအသုံးပြုမှုများ။ ရောဂါအနေအထား အတွက်ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။
ဆေးသုံးရန်အညွှန်း
==============
အရွယ်ရောက်ပြီးသူတွေအတွက်
၁။နာကျင်ခြင်းအတွက်
၅၀၀မီလီဂရမ်ကို ဦးစွာသောက်ပြီး ၂၅၀မီလီဂရမ်ကို ၆နာရီခြားတခါ လိုအပ်သလို ဆက်သောက်ရမည်။ ၇ရက်ထက် ပိုမသောက်ရပါ။
၂။ဓမ္မတာလာစဉ် ကိုက်ခဲခြင်းအတွက်
၅၀၀မီလီဂရမ်ကို ဦးစွာသောက်ပြီး ၂၅၀မီလီဂရမ်ကို ၆နာရီခြားတခါ သောက်ရမည်။ဓမ္မတာစလာသော ပထမဆုံးနေ့မှ စတင်ပြီးသောက်ရမည်။
ကလေးတွေအတွက်
၁။နာကျင်ခြင်းအတွက်
၁၄ နှစ်မှ ၁၈နှစ် အထိ : ၅၀၀မီလီဂရမ်ကို ဦးစွာသောက်ပြီး ၂၅၀မီလီဂရမ်ကို ၆နာရီခြားတခါ လိုအပ်သလို ဆက်သောက်ရမည်။ ၇ရက်ထက် ပိုမသောက်ရပါ။
ဘေးထွက်ဆိုးကျိုး
===============
အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။
အောက်ပါလက္ခဏာများ ခံစားရပါက သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။
-ရင်ဘတ်အောင့်ခြင်း၊အားနည်းခြင်း၊အသက်ရှုမဝခြင်း၊စကားပီပီသသ မပြောနိုင်တော့ခြင်း၊ အမြင်အာရုံ သို့မဟုတ် ခန္တာကိုယ်ဟန်ချက်ထိန်းခြင်းဆိုင်ရာ ပြဿာသနာများ ခံစားရခြင်း။
-ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းများ သွားခြင်း။
-ချောင်းဆိုးသွေးပါခြင်း
-ဆီးနည်းသွားခြင်း သို့မဟုတ် လုံးဝ မသွားတော့ခြင်း။
-ဆီးပူ၊ဆီးကျဉ်၊ ဆီးအောင့်ခြင်း။
-ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်အပေါ်ပိုင်း နာ/အောင့်ခြင်း၊ယားယံခြင်း၊အစားအသောက်ပျက်ခြင်း၊ဆီးမည်းခြင်း၊ဝမ်းဖြူဖြူများသွားခြင်း၊မျက်စိ သို့မဟုတ် အသားဝါခြင်း။
-သွေးခြေဥခြင်း၊ပြင်းထန်စွာ ထုံနာကျဉ်နာဖြစ်ခြင်း၊ ကြွက်သားအားနည်းခြင်း။
-ဖျားခြင်း၊လည်ချောင်းနာခြင်း၊ခေါင်းကိုက်ခြင်း၊အနီစက်များထွက်ခြင်း ၊အရည်ကြည်ဖုများ ၊ပြင်းထန်စွာ ထခြင်း၊အရေခွံကွာခြင်း။
သတိပြုရန်အချက်များ
==============================
ဆေးကိုမသုံးစွဲမှီ mefenamic acid ၊ aspirin သို့မဟုတ် အခြား NSAIDများ (ဥပမာ။ ။Ibuprofen (Advil, Motrin)၊ naproxen (Aleve, Naprosyn)) ၊ mefenamic acid တွင်ပါဝင်သော ပစ္စည်းများ သို့မဟုတ် အခြားဆေးဝါးတမျိုးမျိုးနှင့် ဓာတ်မတည့်ခြင်းများရှိပါက ဆရာဝန်ကို ကြိုပြောပါ။
-သင့်တွင် ပန်းနာရင်ကြပ်ရှိလျှင် အထူးသဖြင့် နှာခေါင်း
-အစာအိမ် သို့မဟုတ် အူအနာရှိခြင်း သို့မဟုတ် ထိုအနာမှ သွေးယိုခြင်း။
-လေဖြတ်ဖူးခြင်း —–> အခြေအနေကို ပိုဆိုးစေတတ်သ
ဖြင့် သတိထားသုံးပါ။
-အက်စ်ပရင် ဆေးပြားကြောင့် ပိုဆိုးစေသော ပန်းနာရင်ကြပ်ရှိလျှင်။
-ပြင်းထန်သော ကျောက်ကပ်ရောဂါ။
-နှလုံးခွဲစိတ်ခြင်း ——> ခွဲစိတ်မှု မပြုလုပ်မီ သို့မဟုတ် ပြုလုပ်ပြီးချိန်တွင် အနာသက်သာစေရန် ဆေးကို အသုံးမပြုရပါ။
အများစု သောက်သူံးကြသော အမျိုးသမီးများအတွက်သိထားသင်.သော ဗဟုသုတ ဖြစ်ပါတယ်ခင်မျာ...
ဗဟုသုတများစွာ ရရှိစေရန်လည်း ထပ်မံ
ဆေးဝါးများ ဆေးပညာဗဟုသုတများကို
ဖော်ပြပေးပါဦးမည်
Like @ Sharing နိုင်ပါသည်ခင်မျာ...
Nursing Online Class
15/10/2021
Cyproheptadine (ဆိုင်ပရိုဟက်ပ်တာဒင်း) ဆေးအကြောင်း
+++++++++++++++++++++++++++++++++++
(စားဝင်အိပ်ပျော် ဆေးဟူ၍ နာမည်ကြီးသော ဆေးဝါးဖြစ်သည်)
ဆေးအမျိုးအစား
တစ်ခုခုနှင့်ဓါတ်မတည့်ခြင်းဖြစ်ပါက ပေးသောဆေးတစ်မျိုးဖြစ်သည်။ ခံတွင်း ကောင်းစေသောအာနိသင်လည်းရှိသည်။
ပါဝင်မှုဆေးပမာဏ
ဆေးအတောင့်ဆိုပါက ၄ မီလီဂရမ်၊ အရည်ဆိုပါက ၅ မီလီလီတာ အဖုံးတစ်ခွက်လျှင် ၂ မီလီဂရမ် ပါဝင်ပါသည်။
ဆေးအသုံးပြုပုံ
ဓာတ်မတည့်၍ ဖြစ်သော အရေပြားအကွက်ထွက်ခြင်း၊အဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်း၊ စသည်တို့တွင် အသုံးပြုသည်။
နာတာရှည်ရောဂါသည်များတွင်***အစားအသောက်ပျက်ပါက၊ စားချင်သောက်ချင် စိတ်ပေါ် လာအောင် ခံတွင်းကောင်းဆေးအဖြစ် အသုံးပြုလေ့ရှိသည်။
ဆေးအချိန်အဆ
ဓာတ်မတည့်ခြင်းအတွက် ဆေးချိန်မှာ တစ်ခါသောက် (၄) မီလီဂရမ် တစ်နေ့သုံးကြိမ် ဖြင့်စ၍ အများဆုံး တနေ့လျှင် (၃၂) မီလီဂရမ်ထက် မပိုရပါ။ နာတာရှည်ရောဂါသည်များအတွက်လည်း
အစာစားချင်စိတ်ဖြစ်ပေါ်စေရန် အသူံးပြုကြပါသည်..
အသက် (၁၃) နှစ်အောက် ကလေးများတွင် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သောက်သင့်ပါသည်။ (ကလေးအားဆေးများတွင် ပုံမှန်ပါဝင်လေ့ ရှိသည်)
သတိပြုရန်
ဦးနှောက်မကြည် အိပ်ချင်စေသဖြင့် ယာဉ်မောင်းသူများ၊ စက်ယန္တရားကြီးများဖြင့် အလုပ်လုပ်သူများ သတိထားရမည်။
အသက်အရွက်ကြီးရင့်သူများ နှင့် ကျောက်ကပ်အားနည်းသူများ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သောက်သင့်သည်။
ဘေးထွက်ဆိုးကျိုးများ
စိတ်ကျခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်ငိုက်ခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ အာခြောက်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ သွေးတိုးခြင်း၊ သွေးကျခြင်း၊ အော့အန်ခြင်း၊
တို.ဖြစ်စေတတ်ပါသည်..
စျေးကွက်ထဲရှိ အလားတူဆေးများ-
, , , , , , , , , , , , , , , .
ဆေးဝါးများစွာ /ဆေးပညာဗဟုသုတများစွာ
ဖော်ပြပေးဦးမည် ဖြစ်ပါသဖြင်.
Like @ Sharing နိုင်ပါသည်...
Nursing Online Class
15/10/2021
(Noxa) ပိုင်ရောက်စီကမ်(နောက်ဇာ)
ဆေးအကြောင်း
ဆေးအမျိုးအစား -
NSAID အုပ်စုဝင်အနာသက်သာဆေး၊ အရောင်ကျဆေးတစ်မျိုးဖြစ်ပါသည်။
(Indication)အသုံးပြုပုံ
အဆစ်ရောင်ရောဂါများတွင် အသုံးပြုသည်။ အခြားအရိုးအကြောရောဂါများနှင့် ဂေါက်အဆစ်ရောင်နာ ရောဂါထချိန်တွင်လည်း အသုံးပြုသည်။
(Dosage)ဆေးအညွန်း
၁၀-၂၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် (သို့) နှစ်ကြိမ် သောက်ရသည်။
(အစာစားပြီး ရေများများနှင့် သောက်ပါ)။ ရေရှည် ဆွဲမသောက်သင့်ပါ၊ ဆွဲသောက်လေ ဘေးထွက်ဆိုးကျိုးများလေ ဖြစ်ပါသည်)။
တစ်ခါသောက်လျှင် ၂၀ မီလီဂရမ်၊ တစ်နေ့လျှင် ၄၀ မီလီဂရမ်ထက်ပို မသုံးသင့်ပါ။
(Precaution)သတိပြုရန်
-အစာအိမ်နာ ဖြစ်ဖူးသူများ သတိထားရမည်။
အစာအိမ်သွေးယိုဖူးပါက လုံးဝရှောင်ကျဥ်ရမည်။
-ဆရာဝန်ညွှန်ကြားသည်မှ လွဲ၍ အနာသက်သာသည့် ဆေးနှစ်မျိုး တွဲမသုံးသင့်ပါ။ အစာအိမ်ဆိုင်ရာ ဘေးအန္တရာယ်များ ပိုဖြစ်နိုင်ပါသည်။
-နှလုံးရောဂါရှိသူများ/ နှလုံးရောဂါဖြစ်နိုင်ချေ ရှိသူများနှင့် ကျောက်ကပ်အားနည်းသူများ ရှောင်သင့်သည်။
ကိုယ်ဝန်ဆောင်များ ဆရာဝန်ညွှန်ကြားချက်မပါဘဲ လုံးဝမသုံးရပါ။
-အသက် (၁၂) နှစ်အောက် ကလေးများတွင် မသုံးသင့်ပါ။
-အသဲရောဂါရှိသူများ သွေးထွက်နိုင်ချေပိုများပါသည်။
-ဆေးနှင့်ဓါတ်မတည့်ခြင်းဖြစ်နိုင်သည်။
-ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သင့်သည့် ဆေးဖြစ်ပါသည်။
(Side effect)
ဘေးထွက်ဆိုးကျိုးများ---
ခြေထောက်ရောင်ရမ်းခြင်း၊
အစာမကြေ၊ ပျို့အန်၊ ဗိုက်အောင့်၊အစာအိမ်နာဖြစ်ခြင်း၊ အစာအိမ်လမ်းကြောင်းမှသွေးယိုခြင်း၊
အရေပြား အကွက်ထွက်ခြင်း၊ ယားယံခြင်း၊
မူးဝေခြင်း၊ ခေါင်းနောက်ခြင်း၊ အိပ်ငိုက်ခြင်း၊ မူးဝေခြင်း စသည်တို့ဖြစ်နိုင်ပါသည်။
ဆေးဝါးများစွာ/ဆေးပညာ ဗဟုသုတများစွာ ဖော်ပြပေးဦးမည် ဖြစ်ပါသဖြင်.
Like @ Sharing နိုင်ပါတယ်ခင်မျာ...
Nursing Online Class
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon