Finance For Future

Finance For Future

Share

Available Services : Coaching, Consulting, Training, Workshops, Worksheets for Life Goals Setting &

09/06/2023

MONEY PERSONALITIES
ပိုက်ဆံ ငွေကြေးပိုင်းဆိုင်ရာ စိတ်နေစိတ်ထားပုံစံများ

Money Personalities ဆိုတာ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ပိုက်ဆံ ငွေကြေး နဲ့ ပတ်သက်လာရင် စီမံခန့်ခွဲ သုံးစွဲပုံ မတူညီသောပုံစံများ၊ အပြုအမူများနှင့် အယူအဆ သဘောထားများကို ရည်ညွှန်းသလို ငွေကိုမည်သို့ချဉ်းကပ်ပုံ၊ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်များချရန်နှင့် ကြွယ်ဝချမ်းသာမှုနှင့် ပတ်သက်သည့် အမြင်များ ဖြစ်ပါတယ်။

ဒီလို မတူကြတဲ့ ပုံစံတွေကို အမျိုးအစားခွဲတဲ့အခါ တိုင်းတာကြတဲ့ ပုံစံ အမျိုးအမျိုးရှိတဲ့ထဲက တချို့ကို မျှဝေပေးချင်ပါတယ်။

(1) The Saver / Security Seeker
ငွေကြေး စုဆောင်းသူ (သို့) ငွေကြေးလုံခြုံရေးကိုရှာဖွေသူ

အနာဂတ်ကို ဦးတည်လေ့ရှိကြပြီး ငွေကြေးလုံခြုံရေးနှင့် တည်ငြိမ်မှုအတွက် ပြင်းပြသောဆန္ဒရှိတဲ့ လက္ခဏာရပ် ရှိသူဖြစ်ပါတယ်။ ငွေစုသူများသည် စုဆောင်းခြင်းနှင့် ကြွယ်ဝချမ်းသာမှုကို ဦးစားပေးလေ့ရှိပြီး သူတို့၏အသုံးစရိတ်နှင့် ရေရှည်ဘဏ္ဍာရေးပန်းတိုင်များကို အခြေခံ၍ ဆုံးဖြတ်ချက်များချရာတွင် သတိကြီးစွာထားလေ့ရှိတတ်ပါတယ်။

(2) The Spender / Enjoyer
ငွေကြေး သုံးစွဲ ပျော်မွေ့သူ

ပစ္စုပ္ပန်ကို နှစ်သက်ကြပြီး အတွေ့အကြုံများကို ခံစားကာ ငွေကြေးသုံးစွဲခြင်းကို နှစ်သက်ပြီး အတွေ့အကြုံများနှင့် ပစ္စည်းပိုင်ဆိုင်မှုများမှ ပျော်ရွှင်မှုကို ရယူတတ်ကြပါတယ်။ နောင်ရေး ငွေကြေး ရေရှည်ဘဏ္ဍာရေးဖူလုံမှုထက် လက်ရှိ ရေတိုစိတ်ကျေနပ်မှုရရှိရေးကို ဦးစားပေးပြီး စိတ်မြန်လက်မြန်သုံးစွဲရတတ်တဲ့ သဘောထားရှိတတ်ကြသူများ ဖြစ်ပါတယ်။

(3) The Protector
ငွေကြေး အကာအကွယ်ပေးသူ

တာဝန်သိစိတ်ပြင်းထန်ပြီး သူတို့ ချစ်ရသူများ၏ ငွေကြေး ဘဏ္ဍာရေးသုခချမ်းသာရေးကို ဦးစားပေးသောသူများ ဖြစ်ပါတယ်။ မိသားစု သို့မဟုတ် သူငယ်ချင်းများအတွက် ငွေကြေးဆိုင်ရာ လုံခြုံမှုရှိစေရန်နှင့် ငွေရေးကြေးရေးအခက်အခဲများမှ ကာကွယ်စောင့်ရှောက်ပေးသည့် အခန်းကဏ္ဍကို သူတို့က တာဝန်ယူပေးတတ်ကြပါတယ်။

(4) Planner / Strategist
ငွေကြေး စီမံခန့်ခွဲသူ

ငွေကြေးစီမံခန့်ခွဲမှုအတွက် နည်းလမ်းကျပြီး ဗျူဟာမြောက် အသေးစိတ်အစီအစဉ်များ ရေးဆွဲခြင်းကို နှစ်သက်ကြသည်။
အသုံးစရိတ်များကို ခြေရာခံရာတွင် မကြာခဏ ဝီရိယရှိကြပြီး ငွေကြေး ဘဏ္ဍာရေးဆိုင်ရာများကို ဂရုတစိုက်စီစဉ်ကာ စုစည်းကာ၊ Budget များဖန်တီးကာ သီးခြားဘဏ္ဍာရေးပန်းတိုင်များကို ချမှတ်ကြပါတယ်။ ငွေကြေး ရေရှည်ဘဏ္ဍာရေးစီမံကိန်းကို ဦးစားပေးပြီး Professional Advice ပရော်ဖက်ရှင်နယ်အကြံဉာဏ်ကို ရယူလေ့ရှိကြပါတယ်။

(5) The Dreamer
စိတ်ကူးယဉ် အိပ်မက်သမား

စိတ်ကူးယဉ်ဆန်ပြီး အမြော်အမြင်ရှိသော ပုဂ္ဂိုလ်များဖြစ်ပြီး ငွေကြေးဆိုင်ရာ ရည်မှန်းချက်ကြီးကြီးမားမား ရှိတတ်ပါတယ်။။ ကိုယ်ပိုင်လုပ်ငန်းကိုစတင်ခြင်း သို့မဟုတ် ငွေကြေးအောင်မြင်ရန် အလားအလာရှိသော ဖန်တီးမှုဆိုင်ရာကြိုးပမ်းမှုများကို လိုက်စားခြင်းကဲ့သို့သော ငွေကြေး ဘဏ္ဍာရေးအနာဂတ်အတွက် ရည်မှန်းချက်ကြီးသောရည်မှန်းချက်များနှင့် အစီအစဉ်များ ရှိတတ်ကြပါတယ်။

(6) The Achiever
အောင်မြင်သူ

ငွေကြေးအောင်မြင်မှုအတွက် ကြိုးပမ်းကြသော ပန်းတိုင်ကို ဦးတည်သော သူများဖြစ်ပါတယ်။ စည်းကမ်းရှိပြီး မကြာခဏ ငွေပိုရှာရန်နှင့် ကြွယ်ဝချမ်းသာမှုအဆင့်ကို ရရှိရန် အာရုံစိုက်လေ့ရှိတတ်ကြပါတယ်။ ငွေကြေး အောင်မြင်မှု၏ ပြင်ပအမှတ်အသားများဖြင့် လှုံ့ဆော်ခံရလေ့ရှိပြီး ဘဝ၏အခြားကဏ္ဍများထက် ငွေကြေးအောင်မြင်မှုများကို ဦးစားပေးလုပ်ဆောင်နိုင်ကြသူများဖြစ်ပါတယ်။

(7) The Carefree
ဂရုမစိုက်သူ

ငွေကြေး အပေါ် တည်တည်ငြိမ်ငြိမ်နှင့် ဂရုမစိုက်သော သဘောထားရှိတတ်ကြပါတယ်။ ငွေကြေး ဘဏ္ဍာရေးအစီအစဉ်ကို ဦးစားမပေးဘဲ ဂရုမစိုက်သောလူများသည် လက်ရှိအခိုက်အတန့်တွင် နေထိုင်လေ့ရှိကြပြီး ချမ်းသာကြွယ်ဝမှု စုဆောင်းခြင်း သို့မဟုတ် သီးခြားဘဏ္ဍာရေးပန်းတိုင်များ အောင်မြင်ခြင်းအတွက် စိုးရိမ်ပူပန်ခြင်းမရှိကြသူများ ဖြစ်ပါတယ်။

(8) The Avoider
ရှောင်လွှဲသူ

ငွေရေးကြေးရေးကိစ္စများကို ရှောင်ရှားလေ့ရှိပြီး ငွေကြေးနှင့်ပတ်သက်၍ ကြောက်ရွံ့မှု သို့မဟုတ် အဆင်မပြေမှုများရှိနိုင်ပါတယ်။ ငွေကြေး ဘဏ္ဍာရေးတာဝန်များကို အချိန်ဆွဲခြင်း၊ ငွေကြေး ဘဏ္ဍာရေးတာဝန်များကို လျစ်လျူရှုခြင်း သို့မဟုတ် ငွေကြေးစီမံခန့်ခွဲမှုအတွက် အခြားသူများကို အားကိုးခြင်းတို့ လုပ်တတ်ကြသူများ ဖြစ်ပါတယ်။

(9) Risk-Taker/Entrepreneur

The Risk Taker ဤပုံစံသည် စွန့်စားမှုကို လက်ခံပြီး ငွေကြေးဆိုင်ရာ အခွင့်အလမ်းများကို လိုက်လျှောက်ရန် အခွင့်အလမ်းများကို ရယူလိုပါသည်။ Risk-takers များသည် စွန့်စားရင်းနှီးမြှုပ်နှံခြင်း၊ လုပ်ငန်းစတင်ခြင်း သို့မဟုတ် မြင့်မားသောအကျိုးအမြတ်များအတွက် အလားအလာရှိသော မှန်းဆထားသော ရင်းနှီးမြှုပ်နှံမှုများတွင် ပါဝင်နိုင်ပါသည်။

(10) Giver / The Martyr
ပေးသူ / အာဇာနည်

အခြားသူများ၏ လိုအပ်ချက်များကို ဦးစားပေးပြီး လိုအပ်နေသော လူတစ်ဦးချင်းထံ သို့မဟုတ် လိုအပ်နေသော လူတစ်ဦးချင်းထံ ငွေပေးလှူရန် လိုလားကြပါတယ်။ သူတို့သည် အခြားသူများကို ကူညီခြင်းမှ ကျေနပ်မှုရရှိတတ်ပြီး တစ်ခါတစ်ရံတွင် သူတို့၏ကိုယ်ပိုင်ငွေကြေးချမ်းသာမှုကို ထိခိုက်စေနိုင်ပါတယ်။

(11) The Status Seeker
အဆင့်အတန်းရှာဖွေသူ

အချို့သောလူမှုရေးအဆင့်အတန်း သို့မဟုတ် ရုပ်ပုံတစ်ခုရရှိစေရန် အာရုံစိုက်တတ်ကြပါတယ်။ တန်ဖိုးကြီးသော ပိုင်ဆိုင်မှုများ၊ ဇိမ်ခံပစ္စည်းများကို ရယူရန် သို့မဟုတ် အောင်မြင်မှုကို ညွှန်ပြရန်အတွက် ထင်သာမြင်သာရှိသော စားသုံးမှုများ လုပ်ပြတတ်ကြပါတယ်။

~
ဒီလို ငွေကြေးပိုင်းဆိုင်ရာ ပုံစံများ သည် တိကျသောအမျိုးအစားများမဟုတ်ကြောင်း မှတ်သားထားရန် အရေးကြီးပြီး တစ်ဦးချင်းစီသည် စရိုက်မျိုးစုံမှ စရိုက်လက္ခဏာများကို ပြသနိုင်သည် သို့မဟုတ် အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလာနိုင်ပါတယ်။

ငွေကြေး၏ ကိုယ်ရည်ကိုယ်သွေးများကို နားလည်ခြင်း၏ ရည်ရွယ်ချက်မှာ မိမိကိုယ်မိမိ သိရှိနားလည်မှု ရရှိရန်နှင့် ငွေကြေးဆိုင်ရာ အပြုအမူများနှင့် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်များအပေါ် လွှမ်းမိုးနိုင်သည့် ပုံစံများကို ဖော်ထုတ်ရန်ဖြစ်ပါတယ်။

~
ပုံစံတစ်ခုချင်းစီ အတွက် ကောင်းမွန်သော ပြောင်းလဲ လုပ်ဆောင်သင့်သော အကြောင်းအရာများကို နောက်တပတ်ထဲမှာ ဆက်ပြီး မျှဝေပေးသွားပါမယ်။

~
ဒီစာကို ဖတ်ပြီးချိန်မှာ ဘယ်လို ခံစားချက်တွေ ရရှိလဲ ?
ကိုယ်က ဘယ်လို ပုံစံလဲ ?

05/03/2023

Free Online Personal Finance Workshop ❗️
Personal Finance ဆိုတာ ဘာလဲ ? ❓

ခိုင်ဇင့် အနေနဲ့ Corporate Finance မှာ လုပ်ခဲ့ရာကနေ Career Break ယူချိန် ကိုယ့်အတွက် Future Goals အနာဂတ် ရည်မှန်းချက်နဲ့ Financial Management ငွေကြေး စီမံခြင်းတွေကို ပိုပြီး စိတ်ဝင်စားလာခဲ့ပြီး Personal Finance ကို လေ့လာဖြစ်ခဲ့တယ်။

Personal Finance ဆိုတာ တကယ်တော့ topic အကြီးကြီး ဖြစ်တယ် ဆိုပေမယ့်လည်း အရိုးရှင်းဆုံး နဲ့ လိုက်လုပ်လို့ ရနိုင်မယ့် အရာလေးတွေကို ဗဟုသုတအနေနဲ့ နီးစပ်ရာက ဖိတ်ခေါ်မှုတွေမှာ Knowledge Sharing တွေ လုပ်ပေးဖြစ်ခဲ့တယ်။

6.March.2023 (Monday) 7:00-8:30pm Open Spaces Myanmar မှာ Free Online Personal Finance Workshop လုပ်ပေးဖြစ်ပါမယ်။

Personal Finance ဆိုတာ What ဘာလဲ၊ Why ဘာလို့ အရေးကြီးတာလဲ၊ How ဘယ်လို planning လုပ်ရမှာလဲ ဆိုတဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ Workshop အဆုံးသတ်မှာတော့ Personal Finance Group Coaching အနေနဲ့ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားသူများရှိရင် Messenger မှာ Zoom link ရယူနိုင်ပါတယ်။

10/01/2023

အားလုံးပဲ မင်္ဂလာပါ …

ဒီ Page မှာ သိပ်ပြီး စာမတင်ဖြစ်ပေမယ့် Coaching Page မှာတော့ sharing တွေ လုပ်ဖြစ်နေပြီး New Year Gifts လည်း ရှိလို့ Like, Follow, See First & Share လုပ်ထားလိုက်ပါဦးနော်။

https://www.facebook.com/kzlifewealthcoach?mibextid=LQQJ4d

How Was Your Holiday ?
အားလုံးရဲ့ နှစ်သစ်ကူး ပိတ်ရက်လေးတွေ ပျော်ခဲ့ကြလား ?
အခုရော Holidays Mood On နေတုန်းပဲလား Off လိုက်ရပြီလား ? 😊

ခိုင်ဇင် တော့ Holidays Mood Off ပြီး Life & Wealth Coach Mood On လိုက်ပါပြီ။ 👩‍💻 မျှော်နေသူတွေ ပျော်လို့ ရပါပြီ။ 🎉

2023 နှစ်ဦး လက်ဆောင် 🎁 အနေနဲ့ ဒီ January မှာ Free Coaching Programs & Free Resources တွေပေးဖို့ စီစဉ်နေတာဖြစ်လို့ Page ကို 👍🏻 Like, Follow, See First & Share လုပ်ထားဖို့ စေတနာ မေတ္တာနဲ့ အသိပေးချင်ပါတယ်။

https://www.facebook.com/kzlifewealthcoach?mibextid=LQQJ4d

New Year Gifts 🎁 အနေနဲ့ ခိုင်ဇင့် Website မှာ Journaling Workbooks 📕 လေးတွေကို Resources အနေနဲ့ Free Downloads ပေးထားတာ ဘယ်သူတွေ Downloads ဖြစ်ကြလဲနော် ?

အသုံးပြုကြည့်ပြီးပြီလား ? ဘယ်လို အကျိုးရှိသွားလဲ ? Feedbacks Comments 💬 လေးတွေ ပေးရင်တော့ ခိုင်ဇင့် အနေနဲ့ လက်ဆောင်ပေးရ အားရှိပြီး နောက်ပိုင်းလည်း အများကြီး ပိုလုပ်ပေးနိုင်ဖို့ ခွန်အားတွေ ရမှာပါ။ 🥰

Downloads မလုပ်ရသေးဘူးဆိုရင်လည်း ဒီ link မှာ ရှိပါတယ်နော်။ ⬇️

https://khaingzin.com/resource/

www.khaingzin.com

Downloads တော့ လုပ်ထားတယ်၊ အသုံးမပြုရသေးဘူးဆိုရင် အချိန်မရှိတာလား ? တစ်ယောက်တည်း စဉ်းစားပြီး ရေးဖို့ အဆင်မပြေတာလား ? ဘာလို့လဲ ?

Workbooks တစ်ခုစီအတွက် 🎁 Free Workshop & Group Coaching လုပ်ပေးမယ်ဆိုရင် ဘယ်သူတွေ စိတ်ဝင်စားလဲနော် ? 🙋🏼‍♀️ စိတ်ဝင်စားရင် လို့ 💬 Comment ပေးခဲ့ပါ။

08/11/2022

Healthy Spending

# Pay Yourself First
You might be surprised at how much more money you’ll be able to save if you transfer a set amount into your savings account every time you get paid.

# Spend Mindfully
Similarly, learning to spend mindfully and along with your personal values can bring you financial peace and joy in your life.

# Track Your Spending
Tracking your spending will help you correct overspending almost automatically as you are able to see where your money is going so you can make changes if necessary.

# Start Investing
Just like paying yourself first, you also need to make sure you’ve taken care of your future self by investing for retirement and other future needs.

# Keep Your End Goals in Mind
When you’re in the throes of working on improving your finances, it can be easy to forget about why you started in the first place.

07/11/2022

1 Week ရှိလာပြီ ဆိုတော့ Activities လေးတွေ လုပ်ရတာ အဆင်ပြေလား Comment or Message မှာ ပြောခဲ့ပါဦးနော်။

Hello …

ကိုယ့်ရဲ့ Cash & Bank Balance တွေကို စစ်ဖို့ မနေ့ညက သတိပေးခဲ့တာ ဘယ်သူတွေ လုပ်ဖြစ်လဲ ?

ဒီနေ့ 1.Nov Day 1 ကနေ Day by Day, Week by Week မှာ လုပ်သင့်တဲ့ 3 Money Activities ကို မျှတေပေးချင်ပါတယ်။

~~~~~~~

Activity (1)
Money Flow In & Out ကို ကြည့်ပါ။

တချို့အတွက် တစ်လမှာ လကုန်မှ လစာဝင်တာ ရှိသလို တချို့အတွက် project by project အနေနဲ့ ငွေဝင်တာတွေ ရှိတာကြောင့် ကိုယ့်ရဲ့ Money Flow အလိုက် In & Out ကို မှတ်ထားပြီး ကြည့်ပါ။

Money Flow လို့ ပြောတာကြောင့် ပိုက်ဆံဆိုတာ အဝင် နဲ့ အထွက် ရှိနေပြီး Flow စီးဆင်းနေဖို့ လိုအပ်ပါတယ်။ ငွေ အဝင်ကြီးပဲ လိုချင်နေလို့ မရသလို၊ ငွေ အထွက်ကြီးပဲ သုံးနေမိလို့လည်း မဖြစ်သင့်ပါဘူး။

ဒါကြောင့် ကိုယ့်ရဲ့ ငွေဝင်၊ ငွေထွက် ကို ကြည့်ပါ။

~~~~~~~

Activity (2)
သုံးလိုက်တဲ့ Categories အလိုက် (ဥပမာ။ Foods, Snacks, Clothes, Transport, Phone Bill etc) ခွဲပြီး Amount ပမာဏ ကို မှတ်ထားပါ။

တစ်ရက် တစ်ရက်၊ တစ်ပတ် တစ်ပတ် နဲ့ မှတ်ရင်း တစ်လ ပြည့်တဲ့အခါ ကိုယ့်ရဲ့ အသုံးစရိတ်တွေက ဘယ်နေရာတွေမှာ ဘယ်လောက်သုံးမိနေလဲ ဆိုတာကို သတိထား ကြည့်နိုင်ပါလိမ့်မယ်။

ကိုယ်နဲ့ အဆင်ပြေမယ့် Application ကို သုံးရင်လည်း လွယ်ကူ အဆင်ပြေနိုင်ပါတယ်။

~~~~~~~

Activity (3)
Wants : လိုချင်တာ နဲ့ Needs : လိုအပ်တာ ကို ကွဲပြား သိပါစေ။

အသုံးစရိတ်တွေထဲမှာ ဘယ်အရာတွေကို Wants လိုချင်တဲ့ ဆန္ဒကြောင့် ဝယ်လိုက်တာ ရှိလဲ ? ဘယ်အရာတွေကတော့ Needs လိုအပ်ချက်အရ မဖြစ်မနေ ဝယ်ရတာလဲ ?

ဒီလို ကြည့်ရင်းနဲ့ ကိုယ့်ရဲ့ မလိုတာ အပိုသုံးတတ်တဲ့ အကျင့် Money Habits ကို တွေ့နိုင်ပြီး ပြောင်းလဲ ပြင်ယူနိုင်ပါလိမ့်မယ်။

02/11/2022

Hello ..
ဒီနေ့ အတွက် Cash Flow In & Out ဘယ်လိုနေလဲ ?
ဘာတွေ Reflect ဖြစ်မိလဲ ?
Let me know in the comment.

ဒီနေ့ အတွက် Money Activity တွေ Financial Tips တွေ မပြောဘဲ Kz စဉ်းစားမိတဲ့ ငွေကြေး နဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် reflect ဖြစ်မိတာလေး မျှဝေပေးချင်ပါတယ်။

Kz တို့ အပြင်သွားပြီဆိုရင် တစ်ခုခု စားချင်သလိုလို၊ သောက်ချင်သလိုလို၊ ဟို ပစ္စည်းလေး ဒီ ပစ္စည်းလေး ဝယ်ချင်သလို ဖြစ်လေ့ရှိတတ်ကြတယ်။

ဒီနေ့ ဆိုရင်လည်း Kz အပြင်ရောက်တော့ ဗိုက်လည်း မဆာဘဲ ဆိုင်ထိုင် တစ်ခုခု စားရင်ကောင်းမလား တွေးမိလာတယ်။ Kz က Coffee ကြိုက်တော့ Coffee ဆိုင် ထိုင်ရင်ကောင်းမလား Bubble Tea သောက်ရမလား၊ Matcha Green Tea Latte သောက်ရမလား နဲ့ အတွေးတွေ များနေခဲ့တယ်။

Awareness လေး ထားပြီး ကိုယ့်ကိုကိုယ် ပြန်မေးကြည့်မိတယ်။

တကယ် ဗိုက်ဆာနေတာလား ?
တကယ် Coffee သောက်ဖို့ လိုနေပြီလား ?
Facebook ပေါ် ခေတ်စားနေလို့လား ?
ဘာစားတယ် ဘယ်သွားတယ် Story တင်ဖို့လား ?

တကယ်ရော လိုအပ်လား ?

အဲ့လိုလေးတွေ တွေးကြည့်ရင်း ကိုယ့်အတွက် လိုအပ်နေတယ် ကိုယ် လုပ်ချင်တယ်ဆိုရင် လုပ်လိုက်တယ်။

အဲ့လို မဟုတ်ဘူး Social Medias မှာ Facebook မှာ တင်ဖို့ သူများကို ပြဖို့ သီးသန့် အတွက်တော့ ကိုယ့် ပိုက်ဆံလည်း အပ်ို မသုံးချင်သလို ကိုယ့်အတွက် ဝိတ်တက်စေမယ့် အစားအသောက်တွေလည်း ကိုယ့်ခန္ဓာထဲ မထည့်တော့ဘူး။

ပိုက်ဆံ ကို ကိုယ့် အတွက် သုံးပါ။
သူများကို ပြဖို့ သီးသန့် အတွက် မသုံးပါနဲ့။

01/11/2022

Hello …

ကိုယ့်ရဲ့ Cash & Bank Balance တွေကို စစ်ဖို့ မနေ့ညက သတိပေးခဲ့တာ ဘယ်သူတွေ လုပ်ဖြစ်လဲ ?

ဒီနေ့ 1.Nov Day 1 ကနေ Day by Day, Week by Week မှာ လုပ်သင့်တဲ့ 3 Money Activities ကို မျှတေပေးချင်ပါတယ်။

~~~~~~~

Activity (1)
Money Flow In & Out ကို ကြည့်ပါ။

တချို့အတွက် တစ်လမှာ လကုန်မှ လစာဝင်တာ ရှိသလို တချို့အတွက် project by project အနေနဲ့ ငွေဝင်တာတွေ ရှိတာကြောင့် ကိုယ့်ရဲ့ Money Flow အလိုက် In & Out ကို မှတ်ထားပြီး ကြည့်ပါ။

Money Flow လို့ ပြောတာကြောင့် ပိုက်ဆံဆိုတာ အဝင် နဲ့ အထွက် ရှိနေပြီး Flow စီးဆင်းနေဖို့ လိုအပ်ပါတယ်။ ငွေ အဝင်ကြီးပဲ လိုချင်နေလို့ မရသလို၊ ငွေ အထွက်ကြီးပဲ သုံးနေမိလို့လည်း မဖြစ်သင့်ပါဘူး။

ဒါကြောင့် ကိုယ့်ရဲ့ ငွေဝင်၊ ငွေထွက် ကို ကြည့်ပါ။

~~~~~~~

Activity (2)
သုံးလိုက်တဲ့ Categories အလိုက် (ဥပမာ။ Foods, Snacks, Clothes, Transport, Phone Bill etc) ခွဲပြီး Amount ပမာဏ ကို မှတ်ထားပါ။

တစ်ရက် တစ်ရက်၊ တစ်ပတ် တစ်ပတ် နဲ့ မှတ်ရင်း တစ်လ ပြည့်တဲ့အခါ ကိုယ့်ရဲ့ အသုံးစရိတ်တွေက ဘယ်နေရာတွေမှာ ဘယ်လောက်သုံးမိနေလဲ ဆိုတာကို သတိထား ကြည့်နိုင်ပါလိမ့်မယ်။

ကိုယ်နဲ့ အဆင်ပြေမယ့် Application ကို သုံးရင်လည်း လွယ်ကူ အဆင်ပြေနိုင်ပါတယ်။

~~~~~~~

Activity (3)
Wants : လိုချင်တာ နဲ့ Needs : လိုအပ်တာ ကို ကွဲပြား သိပါစေ။

အသုံးစရိတ်တွေထဲမှာ ဘယ်အရာတွေကို Wants လိုချင်တဲ့ ဆန္ဒကြောင့် ဝယ်လိုက်တာ ရှိလဲ ? ဘယ်အရာတွေကတော့ Needs လိုအပ်ချက်အရ မဖြစ်မနေ ဝယ်ရတာလဲ ?

ဒီလို ကြည့်ရင်းနဲ့ ကိုယ့်ရဲ့ မလိုတာ အပိုသုံးတတ်တဲ့ အကျင့် Money Habits ကို တွေ့နိုင်ပြီး ပြောင်းလဲ ပြင်ယူနိုင်ပါလိမ့်မယ်။

31/10/2022

Hello,

ဒီ Page လေး Active မဖြစ်တာ တော်တော်ကြာသွားပြီနော်။
How are you, everyone?

Coaching နဲ့ ပတ်သက်တဲ့ Page မှာ Contents & Program Offers လေးတွေ တင်ဖြစ်တာကြောင့် စိတ်ဝင်စားရင် ဒီ Link ကနေ Kz ရဲ့ Coaching Page ကို အလည်လာနိုင်ပါတယ်နော်။

https://www.facebook.com/kzlifewealthcoach

ဒီနေ့က 31.Oct.2022 ဆိုတော့ လကုန်ရက်မှာ Money, Finance နဲ့ ပတ်သက်ပြီး ဘာတွေ လုပ်လေ့ရှိကြလဲ ?
Let me know in the comment.

Kz နဲ့ Personal Finance Consulting လုပ်တဲ့ Clients တွေကို အမြဲ ပြောလေ့ရှိတဲ့ Financial Management Activity တစ်ခုက လကုန်ရက် ကိုယ့်မှာ Cash In Hand, Cash At Bank ( Balance ) ဘယ်လောက်ရှိလဲ ကြည့်ပါ။

နောက်ရက် ၁ ရက်နေ့က စပြီး အသုံးစရိတ်တွေကို မှတ်ထားပြီး နောက်လ ကုန်တဲ့အခါ အဲ့ဒီလ အတွက် ဘယ်လောက် ငွေဝင်၊ ငွေထွက် ရှိခဲ့လဲ သိရနိုင်ပြီး တစ်လကို ဘာတွေ အသုံးစရိတ် ရှိလဲ၊ ဘယ်က ဝင်ငွေရ လမ်းကြောင်းတွေရှိလဲ ဆိုတာ သိနိုင်မှာပါ။

ငွေကြေးစီမံ တတ်ဖို့ အရေးကြီးဆုံး အချက်က ကိုယ့်ငွေကို ကြည့်ဖို့ပါ။ ၅၀၀၊ ၁၀၀၀ က အစ အသည်းအသန် လိုက်ကြည့်နေရမယ် မဆိုလိုပါဘူး။ ကိုယ့်ရဲ့ ဝင်ငွေ၊ ထွက်ငွေ၊ လက်ကျန်ငွေတွေကို သိမှ မကုန်သင့်တာ မကုန်ရအောင် ထိန်းနိုင်မယ်၊ သုံးသင့်တဲ့ ပမာဏအတွင်း သုံးနိုင်ပြီး ဘဝမှာ နေပျော်မယ်၊ အနာဂတ် ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်အောင် ငွေစုဖို့ ငွေပွါးဖို့ အစီအစဉ်ဆွဲနိုင်မှာပါ။

Today Activity အနေနဲ့ လကုန်ရက် ကိုယ့်မှာ Cash In Hand, Cash At Bank ( Balance ) ဘယ်လောက်ရှိလဲ ကြည့်ပါ။

01/06/2022

You deserve love, peace, and calm.
Wishing you a wonderful June ...
from Kz

Join Telegram Channel
for Audio contents about Life & Wealth
https://t.me/kztcoaching

02/05/2022

How To Save Money No Matter How Much You Earn

အားလုံးပဲ မင်္ဂလာပါ။

ကိုယ့် ဝင်ငွေ ပမာဏက ဘယ်လောက်ပဲ ဖြစ်နေပါစေ ဘယ်လို ငွေစုလို့ ရနိုင်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

No amount is too small.

ဘယ်လောက် ငွေပမာဏပဲဖြစ်ဖြစ် နည်းတယ်ဆိုတာ မရှိပါဘူး။ ၁ရက် ကို ၁,၀၀၀ ကျပ်ပဲ ငွေစုရင်တောင်မှ ၁နှစ် ၃၆၅ ရက်အကြာ ကိုယ့်ရဲ့ စုငွေက ၃၆၅,၀၀၀ ကျပ် ဖြစ်နေပါပြီ။ ဒါကြောင့် ပိုက်ဆံစုတယ် ဆိုတာ ဝင်ငွေများများ ရှိနေမှ၊ အပိုငွေရှိမှ မဟုတ်ပါဘူး။

Figure out what you value and spend money on that.

လူတိုင်းမှာ ကိုယ်တန်ဖိုးထားတဲ့ အရေးကြီးတဲ့ အရာတွေရှိတတ်ကြပါတယ်။ ကိုယ့် ပိုက်ဆံကို ဘာအတွက် သုံးမှာလဲဆိုတာ သတိထားပါ။ ကိုယ့်အတွက် အရေးမကြီးတဲ့ တန်ဖိုးမရှိတဲ့ အရာတွေ အပေါ် ငွေမသုံးဖြစ်တော့ရင် ငွေယိုပေါက်တွေ နည်းလာနိုင်ပြီး ငွေစုဖို့ အပိုငွေ ရှိလာနိုင်မှာပါ။

Learn to say “No”.

အားနာလို့ ဘာကြောင့်မို့ဆိုပြီး ပိုက်ဆံ သုံးစရာ အကြောင်းအရာတွေ ရှိလာတဲ့အခါ ကိုယ့် ဆန္ဒမပါရင် “No” ငြင်းဆိုပိုင်ခွင့် ကိုယ့်မှာ ရှိတာကြောင့် လေ့ကျင့်ယူသင့်ပါတယ်။

Find an accountability person.

ကိုယ်က စည်းစနစ်ကျကျနဲ့ ငွေကို စီမံတော့မယ်လို့ တွေးတဲ့အခါ ရေရှည် သေချာ လုပ်နိုင်ဖို့အတွက် အတူလုပ်ပေးမယ် အဖော် သူငယ်ချင်း၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ coach တစ်ယောက်ယောက် ရှိနေခြင်းကလည်း ကိုယ့်တာဝန်ကို မပျက်ကွက်မိဖို့ တွန်းအားရပါလိမ့်မယ်။

Think of ways to earn more money.

ကိုယ့်ရဲ့ ဝါသနာပါရာ ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ပင်ကိုယ် အရည်အချင်း နဲ့ပဲ ဖြစ်ဖြစ် တခြားသော ဘယ်လို အလုပ်တွေ ထပ်လုပ်လို့ ရနိုင်မလဲ စဉ်းစားခြင်းဖြင့်လည်း အပိုဝင်ငွေ ရပြီး ငွေပိုစုလာနိုင်မှာပါ။

Personal Finance ကိုယ်ပိုင်ငွေကြေး နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတယ် ဆွေးနွေးဖို့ coaching ယူချင်တယ်ဆိုရင် ဆက်သွယ်နိုင်ပါတယ်။

Khaing Zin Theint
Personal Finance & Life Coach



Join Telegram
https://t.me/kztcoaching

01/05/2022

Wishing You A Wonderful Month of May .. 🥰

18/04/2022

အားလုံးပဲ နှစ်သစ် မင်္ဂလာပါ..
ပိတ်ရက်အတွင်း ဘာတွေ လုပ်ဖြစ်ကြလဲ ?

Kz ကတော့ အိမ်မှာပဲ online တရားစခန်းဝင်ဖြစ်တယ်။ Facebook, Social Medias, YouTube တွေလည်း နားထားပြီး ဒီနေ့မှ ပြန်စသုံးဖြစ်တယ်။

လွန်ခဲ့တဲ့ ၂နှစ်ကျော်လောက်တုန်းက shopping လုပ်တာ ပစ္စည်းတွေဝယ်တာကို Kz အရမ်းကို စွဲလမ်းခဲ့ဖူးတယ် I was so addicted to shopping. Facebook Newfeeds ပေါ်လည်း Online Shopping Pages တွေကြီးပဲ။ SALE ဆိုတာနဲ့ သွားကြည့်ပြီ အိတ်တွေ၊ ဖိနပ်တွေ၊ မိတ်ကပ်၊ ရေမွှေး၊ အင်္ကျီ၊ စုံနေအောင်ကို ဝယ်တာ ဝယ်တာဆိုတာ မနည်းဘူး။

Oxford ဆရာတော်ရဲ့ စာအုပ်တစ်အုပ်မှာ ဖတ်မိတယ်။ ပိုက်ဆံအိတ်အသစ်တစ်ခု ဘာလို့ဝယ်လဲ ကိုယ့်စိတ်လေး ပျော်ရွှင်ဖို့ ဝယ်တယ်ဆိုရင် ဒီအိတ်အသစ်ရလို့ ပျော်ရွှင်ရတယ်ဆိုရင် ဝယ်ပြီးသွားပြီး နောက်ထပ် အသစ်အသစ်တွေကိုလည်း ထပ်ဝယ်တယ်ဆိုရင် ပျော်ရွှင်မှုက ဒီအိတ်ကြောင့် မဟုတ်တော့ဘူးပေါ့လို့ ပြောတယ်။

ပြန်တွေးကြည့်တော့ ဟုတ်တယ် အိတ်အသစ်လေးတွေ့လို့ အဲ့ဒီ အိတ်ကို လိုချင်တဲ့ စိတ်ထက် (ဝယ်ချင်တဲ့စိတ်) က အဓိက ဖြစ်နေခဲ့တယ်။ အသစ်အသစ်တွေ ဝယ်ရရင် ပြီးရော (ပိုက်ဆံလေးသုံးလိုက်ရမှ စိတ်ချမ်းသာတယ်) ဆိုတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ဖူးတယ်။ အိမ်ရှင်းပြီဆိုရင်လဲ ဘယ်တုန်းက ဝယ်ထားလဲတောင် မသိတဲ့ အိတ်တွေ အင်္ကျီတွေလဲ တွေ့တယ်။

စိတ်ပျော်ဖို့နောက်ကို လိုက်ရင်း အသစ်အသစ်တွေ ဝယ်နေလဲ အပြီးမသတ်တော့ဘူးဆိုတာကို အချိန်တစ်ခုရောက်တော့ ပြန်စဉ်းစားကြည့်မိလာတယ်။ ပိုက်ဆံတွေသာ သုံးလိုက်တယ် စိတ်ကျေနပ်မှုက ခဏပဲခံတာကို မကြိုက်တော့ဘူး။ အချိန်လည်း အတူတူပဲ စိတ်ပျော်ဖို့ ဇာတ်လမ်းတွေကြည့်တယ် အသစ်အသစ်တွေ မပြီးတော့ဘူး။

အခုနောက်ပိုင်း အချိန်သုံး ပိုက်ဆံသုံးလိုက်ပြီး စိတ်ကျေနပ်မှု မြဲတဲ့ အရာကို တွေ့ရှိလာတယ် အဲ့ဒါက Investment In Myself ကိုယ့်အတွက်ကိုယ် ရင်းနီးမြုပ်နှံခြင်း လုပ်တယ်။

Investment ရင်းနှီးမြုပ်နှံခြင်း လို့ပြောလိုက်ရင် အများစုကတော့ ပိုက်ဆံ နဲ့ ပတ်သက်ပြီးပဲ မြင်ကြမယ်။ ဘာအတွက် ရင်းနီးမြုပ်နှံကြလဲ ဆိုရင် ပိုက်ဆံများများ ပြန်ရဖို့ ပြောမယ်။ ဘယ်မှာ ရင်းနီးမြုပ်နှံလဲဆိုရင် စီးပွါးရေးလုပ်မယ်၊ အိမ်ဝယ်ရောင်း၊ ကားဝယ်ရောင်း အစရှိသဖြင့် တွေးကြမယ်။ တကယ်တာ့ Investment ရင်းနှီးမြုပ်နှံခြင်း ဆိုတာ ပိုက်ဆံတစ်ခုပဲမဟုတ်၊ Time အချိန်ကိုလဲ လုပ်လို့ရတယ်။

Investment In Yourself ကိုယ့်အတွက်လဲ Money Investment ငွေကြေး ရင်းနှီးမြုပ်နှံခြင်း လုပ်လို့ရတယ် Time Investment အချိန် ရင်းနှီးမြုပ်နှံခြင်း လုပ်လို့ရတယ်။

Kz ကိုယ်တိုင် Education, Development, Coaching, Mentoring, etc မှာ Self Investment ပိုလုပ်ဖြစ်လာတယ်။

မလိုအပ်တဲ့ အပေါ်ယံအသုံးအဆောင် ပစ္စည်းတွေ ဝယ်မယ့် ပိုက်ဆံတွေရယ်၊ ဇာတ်လမ်းတွေကြည့်ပြီး ငိုလိုက် ရယ်လိုက် ဒေါသထွက်လိုက်အတွက် သုံးမယ့် အချိန်ရယ်ကို ကိုယ့်ရဲ့ အသိပညာတွေ တိုးတက်စေမယ့် ပညာရှင်တွေနဲ့ စကားပြောဖို့၊ လေ့လာဖို့ နေရာမှာ ပိုသုံးရတာ ပိုပြီး စိတ်ကျေနပ်မှု ရလာတယ်။

ဒီ သင်္ကြန်ပိတ်ရက် အတွင်း Facebook, Social Media, YouTube, Dramas အကုန် ရပ်ပြီး online တရားစခန်းဝင်ရင်း အချိန်ဇယားအရ တရားထိုင်တယ်၊ ကျန်တဲ့ အချိန်တွေမှာ ကိုယ် ပိုက်ဆံပေး အချိန်ပေး သင်ယူခဲ့တဲ့ ပညာရပ်တွေ ပြန်လေ့လာဖြစ်တယ်။ ပညာရှင်တွေနဲ့ စကားပြောဖို့၊ အသိပညာတွေ လေ့လာဖို့ သုံးခဲ့ရတဲ့ ပိုက်ဆံ နဲ့ အချိန်အတွက် ထပ်လေ့လာတိုင်း အသိဥာဏ် အတွေးအခေါ် အသစ်အသစ် ပြန်ပြန်ရလို့ ထပ်ထပ်ပြီး စိတ်ကျေနပ်မှု ရတယ်။

ပညာရှင်တွေရဲ့ အသိဥာဏ်တွေကို စပြီး လေ့လာခဲ့တုန်းကတော့ စျေးများတယ် တန်ရဲ့လားနဲ့ တွေးခဲ့ဖူးတယ်။ တကယ်တမ်း အနှစ်သာရကို ရသွားပြီး လက်တွေ့ဘဝမှာ အကျိုးရှိတာကို တွေ့လာတော့ ပိုတန်ဖိုးထားမိလာတယ်။ သူတို့ကိုယ်တိုင်လည်း Education အပိုင်းမှာ ပိုက်ဆံတွေ အချိန်တွေ ရင်းနီးမြုပ်နှံပြီး ပြန်မျှဝေပေးနေတာကို ကျေးဇူးတင်မိတယ်။ ပေးခဲ့ရတဲ့ ပိုက်ဆံကို များတယ်လည်း မတွေးမိတော့ဘူး။ ပညာရှင်တွေက စေတနာထားပြီး အလကား မေတ္တာနဲ့ မျှဝေတာတွေ ရှိတယ်၊ ပေးလိုက်ရတဲ့ ပိုက်ဆံထက် ပိုရတဲ့ ပညာတွေပေးတယ်။ သိသူဖော်စား မသိသူ ကျော်သွား စကားကိုတောင် သတိရမိတယ်။

Kz အလုပ်လုပ်တယ် ဘာအလုပ်လုပ်လဲ : လူတွေနဲ့ စကားပြောပေးပြီး ဘဝမှာ အဓိပ္ပါယ်ရှိရှိ နေထိုင်ဖို့၊ မှန်ကန်တဲ့ အတွေးအခေါ်နဲ့ စီးပွါးရေး၊ ငွေကြေး၊ လူမှုဆက်ဆံရေး၊ နေရာတိုင်းမှာ တိုးတက်ပြောင်းလဲဖို့ ကိုယ်ပိုင် အစွမ်းအစတွေ ဖော်ထုတ်ပေးတယ်။

Kz ပိုက်ဆံရှာတယ် ဘာအတွက်လဲ : ကိုယ့်ကို အခုထက်ပိုပြီး မြင့်မားတဲ့ အသိပညာဥာဏ်နဲ့ ဘဝနေထိုင်မှုပုံစံရစေမယ့် ပညာရှင်တွေရဲ့ အသိပညာဥာဏ်တွေ လေ့လာဖို့ Self Investment In Education အတွက်သုံးတယ်။

ကိုယ့်ရဲ့ ဘဝမှာ ပျော်ရွှင်ခြင်း အစစ်အမှန်ကိုလိုချင်တယ်၊ ကိုယ့်အစွမ်းအစနဲ့ ကိုယ့်စိတ်ကြိုက် ဘဝကို ဦးဆောင်ချင်တယ်ဆိုရင် Self Investment ; Time Investment လုပ်ဖို့ စိတ်ဝင်စားရင် Kz နဲ့ Coaching ယူဖို့ Link ကနေ Online Appointments Booking ယူနိုင်ပါတယ်။

https://calendly.com/khaingzintheint/60min

Topics :
Life Coaching
Personal Finance
Life Insurance

ကိုယ် စိတ်ဝင်စားတဲ့ Topics ကို ရွေးနိုင်ပါတယ်။

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon