Early Partnership Program
Investment opportunities in Myanmar by Ministry of Planning, Finance & Investment of NUG Government
31/01/2024
Joint Position Statement dated 31 January 2024
30/01/2024
Important Announcement by National Unity Government and Allies, scheduled to be released at 8am Myanmar time on 31 January 2024.
"အထူး အသိပေး ထုတ်ပြန်ချက်"
၂၀၂၄ ဇန်နဝါရီ ၃၀
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲ တော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးခြင်း။
နွေဦးတော်လှန်ရေး၏ အန္တိမ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော စစ်အာဏာရှင်စနစ် အလုံးစုံ ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးတို့အတွက် အတူတကွလက်တွဲ၍ တော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက်တရပ်ကို ထုတ်ပြန်မည်ဖြစ်ပါသည်။
ဇန်နဝါရီလ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီတိတိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ထုတ်ပြန် ကြေညာချက်တွင် ပါဝင်သည့် အဖွဲ့အစည်းအသီးသီး၏ Website ၊ Facebook ၊ Telegram စသည့် ဆိုရှယ်မီဒီယာ ပလက်ဖောင်း အသီးသီးတွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ပါကြောင်း ပြည်သူလူထုနှင့် သတင်းမီဒီယာများသို့ လေးစားစွာ ကြိုတင် အသိပေးအပ်ပါသည်။
18/07/2023
Interim Central Bank, under the National Unity Government of Myanmar, has announced detailed regulations on Spring Development Bank.
Soft launch of Spring Development Bank is planned for 22nd July 2023.
26/02/2023
Early Partnership Program ရဲ့ မိုးကုတ်လုပ်ကွက်များအကြောင်း (၇)
**************************************
“ချောင်းကြီးလုပ်ကွက်များ”
ချောင်းကြီးဧရိယာသည် မိုးကုတ်၏ အနိမ့်ပိုင်းတွင်တည်ရှိပြီး အနောက်မြောက်မှ အရှေ့ တောင်သို့ သွယ်တန်းရှည်လျားသည်။ မျောတွင်း၊ လူးတွင်းနှင့် ဟင်းလင်းဖွင့် တူးဖော်မှုစနစ်များ အသုံးပြုတူးဖော်ကြသည်။ နီလာများသည် အရည်အသွေးအလွန်ကောင်းမွန်ပြီး နီလာဂေါ်ကြိုး၊ ပတ္တမြား၊ ပတ္တမြားဂေါ်ကြိုး၊ ပတ္တမြားလုံးချော၊ ဥဒေါင်၊ မြပြာ၊ မြအုပ်စုဝင်ကျောက် (ဂိုရှီနိုက်)၊ အညံ့နီလာ၊ ပါလဒုတ္ထာ၊ လဇူရိုက်၊ မျော၊ သလင်း၊ မဟူရာ၊ အညံ့ပန်း၊ ထပ်တရာ၊ နီလာ ပုံဆောင်ခဲအစုအဝေးတို့သည်လည်း အလွန်လှပသည်။
“မာနားလုပ်ကွက်”
မားနားကွက်ရပ်သည် ချောင်းကြီးချိုင့်ဝှမ်း၏ အနောက်ဘက်တွင်တည်ရှိသည်။ အသေးစား ဟင်းလင်းဖွင့်တူးဖော်စနစ် ကိုအသုံးပြုပြီး ရောင်စုံနီလာ၊ ပတ္တမြား၊ အညံ့ပန်းနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာများလည်း ထွက်ရှိသည်။
“ရွှေတိုင်-ငါးရံ့အင်းလုပ်ကွက်များ”
ဂဲတွင်းတူးဖော်စနစ်ကို အသုံးပြုသည်။ အရည်အသွေးမြင့်ပတ္တမြားနှင့် နီလာပုံဆောင်ခဲ၊ အညံ့ပန်း၊ သူရောင်၊ ငုပဆစ်နှင့် အခြားအဖိုးတန်တွင်းထွက်များ တွေ့ရသည်။
“သဖန်းပင် လုပ်ကွက်များ”
သဖန်းပင်လုပ်ကွက်သည် ရေပူရွာမြောက်ဘက်တွင် တည်ရှိသည်။ မျောတွင်း၊ ဟင်းလင်း ဖွင့်နှင့် လေးပင်ကျင်းတူးဖော်စနစ်များကို အသုံးပြုတူးဖော်သည်။ ပတ္တမြား၊ နီလာ၊ အညံ့ပန်း၊ မျော၊ ရွှေတွင်းဝါ၊ သလင်း၊ ဂေါ်မိတ်နှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာများ ထွက်ရှိသည်။ ပတ္တမြားပုံဆောင်ခဲနှင့် အညံ့ပန်းမွှာပူးပုံဆောင်ခဲများသည် အလွန်လှပပြီး နာမည်ကျော်သည်။
လုပ်ကွက်များ၏ အသေးစိတ်အချက်အလက်များကို လုပ်ကွက်ပုံများတွင်ဖတ်ရှုနိုင်ပါသည်။ ကျောက်မျက်ထုတ်လုပ်ခွင့်ကာလမှာ လုပ်ငန်းစတင်ချိန်မှ ၁၀ နှစ်ဖြစ်ပါသည်။
လုပ်ကွက်များတွင် ရင်းနှီးမြုပ်နှံလိုသူများ www.earlypartnership.org/booking တွင်ဝင်ရောက်စာရင်းသွင်းနိုင်ပါသည်။
အသေးစိတ် အချက်အလက်များအား https://www.earlypartnership.org/mogok တွင်ဖတ်ရှုနိုင်ပါသည်။
ထပ်မံသိရှိလိုပါကလည်း [email protected] email သို့ဆက်သွယ်နိုင်ပါသည်။
(မိုးကုတ်လုပ်ကွက်များတွက် အသေးစိတ်တင်ပြချက်များအားလုံး ဖြစ်ပါသည်။)
26/02/2023
Early Partnership Program ရဲ့ မိုးကုတ်လုပ်ကွက်များအကြောင်း (၆)
**************************************
“ဘော်ဗဒါန်းလုပ်ကွက်များ”
ဘော်ဗဒါန်းကွက်ရပ်မှ အရည်အသွေးကောင်းပတ္တမြားနှင့် အခြားအဖိုးတန်ကျောက်မျက်များဖြစ်သည့် ငုပဆစ်၊ မြတူ ကျောက်၊ သူယောင်ကျောက်၊ ဗဟန်းရွှေဝါနှင့် ရေသံကျောက်များ တူးဖော်ရရှိမှုများကြောင့် လူသိများ ကျော်ကြားသော ကွက်ရပ်တစ်ခုဖြစ်သည်။
ကြီးမားသည့်မူရင်းသိုက်တစ်ခုဖြစ်ပြီး တူးဖေါ်မှုစနစ်များအားဖြင့် လူးတွင်း၊ လှိုဏ်ခေါင်းစနစ်များ အသုံးပြု တူးဖော်သည်။
ဘော်ဗဒါန်းကွက်ရပ်တွင် ရင်းနှီးမြုပ်နှံနိုင်သော စုစုပေါင်းလုပ်ကွက် ၆ ကွက်အား ဖေါ်ထုတ်ပေးထားပါသည်။
“ကတုပ်တပ်လုပ်ကွက်များ”
အကောင်းဆုံးအရည်အသွေးရှိ ပတ္တမြားများနှင့် ကြီးမားလှပသောပတ္တမြားပုံဆောင်ခဲများ ထွက်ရှိသည့် နာမည်ကြီးကွက်ရပ်ဖြစ်သည်။ ပတ္တမြား၊ ပတ္တမြားဂေါ်ကြိုး၊ ငုပဆစ်၊ သူရောင်၊ မြတူကျောက်၊ ဗဟန်းရွှေဝါနှင့် အခြားအဖိုးတန်ကျောက်မျက်များ တူးဖော်ရရှိသည့်ကွက်ရပ်ဖြစ်သည်။
ဤကွက်ရပ်တွင် ဂဲတွင်း၊ လေးပင်တွင်း၊ လှိုဏ်ခေါင်း စနစ်များဖြင့် တူးဖော်သည်။
ကတုပ်တပ်ကွက်ရပ်တွင် ရင်းနှီးမြုပ်နှံနိုင်သော စုစုပေါင်းလုပ်ကွက် ၃ ကွက်အား ဖေါ်ထုတ်ပေးထားပါသည်။
“အင်းခြောက်လုပ်ကွက်များ”
အင်းခြောက်ကွက်ရပ်သည် ဘားနဒ်မြို့တောင်ဘက် ပန်လင်ရွာနှင့် အင်းခြောက်ရွာအကြား တည်ရှိသည်။ ဟင်းလင်းဖွင့်၊ မျောတွင်းနှင့် လေးပင်တွင်း တူးဖော်မှုစနစ်များကို အသုံးပြု တူးဖော်ကြသည်။
ပတ္တမြား၊ ပတ္တမြားဂေါ်ကြိုး၊ နီလာ၊ နီလာဂေါ်ကြိုး၊ မြတူကျောက်၊ ထပ်ကျောက်၊ မျော၊ ပါလဒုတ္ထာ၊ အညံ့ပန်း၊ ဖရဲအူ၊ ဂေါ်မိတ်ကျောက်မျက်များထွက်ရှိသည်။ ပြောက်ဂေါင်းစိမ်းပုံဆောင်ခဲနှင့် ပါလဒုတ္ထာပုံဆောင်ခဲ၊ သလင်းပုံဆောင်ခဲများလည်း ထွက်ရှိသည်။ စုစုပေါင်းလုပ်ကွက် ၅ ကွက်အား ဖေါ်ထုတ်ပေးထားပါသည်။
“ပန်လင်ရေညှိအင်းလုပ်ကွက်များ”
ရေညှိအင်းရွာအနီးတွင်တည်ရှိသည်။ ဟင်းလင်းဖွင့်စနစ်နှင့် မျောတွင်း၊ လေးပင်ကျင်း စနစ်များကို အသုံးပြုတူးဖော်သည်။ ၎င်းဧရိယာတွင် ပတ္တမြား၊ နီလာ၊ အညံ့ပန်း၊ ပြောင်ဂေါင်းစိမ်း၊ မြပြာ၊ မြအုပ်စုဝင်ကျောက် (ဂိုရှီနိုက်)၊ သလင်း၊ ဂေါ်မိတ်၊ ဥဒေါင်ကျောက်မျက်များ ထွက်ရှိသည်။ ပန်လင်ရေညှိအင်းကွက်ရပ်တွင် ရင်းနှီးမြုပ်နှံနိုင်သော စုစုပေါင်းလုပ်ကွက် ၅ ကွက်အား ဖေါ်ထုတ်ပေးထားပါသည်။
ကျောက်မျက်ထုတ်လုပ်ခွင့်ကာလမှာ လုပ်ငန်းစတင်ချိန်မှ ၁၀ နှစ်ဖြစ်ပါသည်။
လုပ်ကွက်များတွင် ရင်းနှီးမြုပ်နှံလိုသူများ www.earlypartnership.org/booking တွင်ဝင်ရောက်စာရင်းသွင်းနိုင်ပါသည်။
အသေးစိတ် အချက်အလက်များအား https://www.earlypartnership.org/mogok တွင်ဖတ်ရှုနိုင်ပါသည်။
ထပ်မံသိရှိလိုပါကလည်း [email protected] email သို့ဆက်သွယ်နိုင်ပါသည်။
24/02/2023
ကျောက်မျက်ရတနာတူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်း
============================
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ကြားကာလအတွင်း အကောင်အထည်ဖော်ဆောင်သည့် ကနဦးပူးပေါင်းဆောင်ရွက်မှု (Early Partnership) လုပ်ငန်း စဉ်နှင့် စပ်လျဉ်းသော ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၅/၂၀၂၃ သဘောတူညီချက်အရ ဖက်ဒရယ်ဒီမိုကရေစီချာတာပါ ဖက်ဒရယ်သယံဇာတခွဲဝေရေးဆိုင်ရာအပိုဒ်များနှင့် ကိုက်ညီစွာ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်လိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
The Ministry of Natural Resources and Environmental Conservation (MoNREC), with the consent of the National Unity Government, hereby issues the procedures on gemstone mining and manufacturing for the purpose of implementation of the Early Partnership Programme during the interim period.
https://www.facebook.com/101928055384776/posts/538324038411840/?mibextid=cr9u03
24/02/2023
Early Partnership Program ရဲ့ မိုးကုတ်လုပ်ကွက်များအကြောင်း (၅)
**************************************
“ကင်း-ပုဇွန်ဆိတ်လုပ်ကွက်များ”
ပတ္တမြားနှင့် နီလာ တို့ကို ရေဆောင်ပို့ချသိုက်တွင် တွေ့ရသည်။ ကျောက်မျက်ရောရာများလည်း ထွက်ရှိသည်။
တူးဖေါ်မှုစနစ်များမှာ ဟင်းလင်းဖွင့်စနစ်နှင့် မျောတွင်းစနစ်တို့ကို အသုံးပြုတူးဖော်သည်။
ကင်း-ပုဇွန်ဆိတ်ကွက်ရပ်တွင် ရင်းနှီးမြုပ်နှံနိုင်သော စုစုပေါင်းလုပ်ကွက် ၆ ကွက်အား ဖေါ်ထုတ်ပေးထားပါသည်။ ကျောက်မျက်ထုတ်လုပ်ခွင့်ကာလမှာ လုပ်ငန်းစတင်ချိန်မှ ၁၀ နှစ်ဖြစ်ပါသည်။
လုပ်ကွက်များတွင် ရင်းနှီးမြုပ်နှံလိုသူများ www.earlypartnership.org/booking တွင်ဝင်ရောက်စာရင်းသွင်းနိုင်ပါသည်။
အသေးစိတ် အချက်အလက်များအား https://www.earlypartnership.org/mogok တွင်ဖတ်ရှုနိုင်ပါသည်။
ထပ်မံသိရှိလိုပါကလည်း [email protected] email သို့ဆက်သွယ်နိုင်ပါသည်။
23/02/2023
Early Partnership Program ရဲ့ မိုးကုတ်လုပ်ကွက်များအကြောင်း (၄)
**************************************
“ကင်းလုပ်ကွက်များ”
ကင်းကွက်ရပ်တွင် နီလာ၊ ပတ္တမြား၊ အညံ့ပန်း၊ ထိပ်တန်းအရည်အသွေးရှိမျော၊ ရောင်စုံဖရဲအူ၊ မြပြာ၊ မြအုပ်စုဝင်ကျောက်(ဂိုရှီနိုက်)၊ သလင်းနှင့် ထပ်တရာကျောက်မျက်ရတနာများ တူးဖော်ရရှိပါသည်။
တူးဖေါ်မှုစနစ်များမှာ ဟင်းလင်းဖွင့်စနစ်နှင့် မျောတွင်းစနစ်တို့ အသုံးပြုတူးဖော်သည်။
ကင်းကွက်ရပ်တွင် ရင်းနှီးမြုပ်နှံနိုင်သော စုစုပေါင်းလုပ်ကွက် ၂ ကွက်အား ဖေါ်ထုတ်ပေးထားပါသည်။ ကျောက်မျက်ထုတ်လုပ်ခွင့်ကာလမှာ လုပ်ငန်းစတင်ချိန်မှ ၁၀ နှစ်ဖြစ်ပါသည်။
လုပ်ကွက်များတွင် ရင်းနှီးမြုပ်နှံလိုသူများ www.earlypartnership.org/booking တွင်ဝင်ရောက်စာရင်းသွင်းနိုင်ပါသည်။
အသေးစိတ် အချက်အလက်များအား https://www.earlypartnership.org/mogok တွင်ဖတ်ရှုနိုင်ပါသည်။
ထပ်မံသိရှိလိုပါကလည်း [email protected] email သို့ဆက်သွယ်နိုင်ပါသည်။
23/02/2023
Early Partnership Program ရဲ့ မိုးကုတ်လုပ်ကွက်များအကြောင်း (၃)
**************************************
“ဓာတ်တော်လုပ်ကွက်များ”
ဓာတ်တော်ဧရိယာသည် မိုးကုတ်မြို့၏ အနောက်မြောက်ဘက် သုံးကီလိုမီတာအကွာတွင် ရှိသည်။ ဓာတ်တော်ဧရိယာမှ ထွက်ရှိသည့် ဂဲကပ်ပတ္တမြားရိုင်းသည် အလွန်လှပပြီး ပွင့်အားကောင်းသည်။
ဓာတ်တော်အထက်ပိုင်းသည် အရည်အသွေးမြင့်ပတ္တမြားနှင့် အညံ့ပန်းတို့ထွက်ရှိသည့်အတွက် ကျော်ကြားလှသည်။
ပတ္တမြားဂေါ်ကြိုး၊ ပတ္တမြား၊ နီလာ၊ မြတူကျောက်၊ သူယောင်ကြောင်ကျောက်၊ အညံ့ပန်း၊ ငုပဆစ်၊ နဂါးသွဲ့၊ မြပြာ၊ ရွှေတွင်းဝါ၊ ဒရာဗိုက်၊ ကျောက်ဂွမ်း၊ ဂိုရှီနိုက်၊ မျော၊ ဖက်လ်စပါအုပ်စုဝင်ကျောက် (ကြွေကျောက်)၊ သလင်း၊ မဟူရာ၊ ဂေါ်မိတ်၊ အီဒန်နိုက်၊ ဟွန်းဗလင်း၊ ပါလဒုတ္ထာ၊ ဒုတ္ထာ၊ ဟက်မနိုက်၊ ကန်ခရီနိုက်၊ မာကာဆိုက်၊ ဗဟန်းရွှေဝါနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာများလည်း ထွက်ရှိသည်။
အယ်ရာဂိုနိုက်ပုံဆောင်ခဲ၊ ဂေါ်မိတ် ပုံဆောင်ခဲ၊ နဂါးသွဲ့ပုံဆောင်ခဲ၊ ရွှေတွင်းဝါပုံဆောင်ခဲ၊ ဒုတ္ထာပုံဆောင်ခဲနှင့် ထပ်ခွာစိမ်းပုံဆောင်ခဲ များမှာ ၎င်းတို့၏ အရွယ်အစားကြီးမားမှုအရ ထင်ရှားကျော်ကြားသည်။ မူရင်းသိုက်နှင့် အက်ကြောင်းများအတွင်း ဖြည့်ဝင်ကြွင်းစုသိုက်တို့ဖြင့် ဖွဲ့စည်းထားပြီး လူးတွင်း၊ ဂဲတွင်းစနစ်နှင့် လိုဏ်ခေါင်းစနစ်တို့ အသုံးပြုတူးဖော်သည်။
ဓာတ်တော်ဧရိယာအလယ်ပိုင်းတွင် အရည်အသွေးကောင်း ပတ္တမြားများ ထွက်ရှိသည်။ ၁၉၉၁ ခုနှစ်ခန့်တွင် ၄၉၈ ကာရက်ရှိ ပတ္တမြားကြီး ထွက်ရှိခဲ့ဖူးသည်။ အခြားအဖိုးတန်ကျောက်မျက်များဖြစ်သည့် ဖရဲအူ၊ ထပ်တရာ၊ သလင်း၊ မြပြာ၊ မြအုပ်စုဝင်ကျောက် (ဂိုရှီနိုက်)၊ ရွှေတွင်းဝါ၊ ကြွေကျောက်အုပ်စုဝင်ကျောက် (အော်သိုကလေ့စ်)၊ သူယောင်၊ နဂါးသွဲ့၊ ဒုတ္ထာပါဝင်တဲ့ ဟက်ကမာနိုက်၊ ပါလဒုတ္ထာ၊ အီဒန်နိုက်ကြောင်မျက်လုံး၊ မျော စသည်တို့လည်းထွက်ရှိသည်။ ဟင်းလင်းဖွင့်စနစ်နှင့် လူးတွင်းတူးဖော်မှုစနစ်တို့ကို အသုံးပြုကြသည်။
ဓာတ်တော်အောက်ဘက်ပိုင်းတွင် ပတ္တမြား၊ နီလာ၊ မြတူကျောက်(ကြောင်မျက်လုံး)၊ သူယောင်(ကြောင်မျက်လုံး)၊ အစိမ်းရောင်နဂါးသွဲ့၊ ရွှေတွင်းဝါ၊ ရွှေရောင်အခိုးပါမျော၊ ဂေါ်မိတ်၊ ပါလဒုတ္ထာ၊ ဒုတ္ထာ၊ ဟက်ဂ်မာနိုက်နှင့် များစွာသော အဖိုးတန်ကျောက်မျက်ရတနာများစွာထွက်ရှိသည်။ ကျောက်မျက်ရတနာများကို ပို့ချသိုက်နှင့် ရေဆောင်သိုက်များမှ ထုတ်ယူပြီး အသေးစားဟင်းလင်းဖွင့်တူးဖော်မှုစနစ်ကို အသုံးပြုတူးဖော်သည်။
ဓာတ်တော်ကွက်ရပ်တွင် ရင်းနှီးမြုပ်နှံနိုင်သော စုစုပေါင်းလုပ်ကွက် ၂ ကွက်အား ဖေါ်ထုတ်ပေးထားပါသည်။ ကျောက်မျက်ထုတ်လုပ်ခွင့်ကာလမှာ လုပ်ငန်းစတင်ချိန်မှ ၁၀ နှစ်ဖြစ်ပါသည်။
လုပ်ကွက်များတွင် ရင်းနှီးမြုပ်နှံလိုသူများ www.earlypartnership.org/booking တွင်ဝင်ရောက်စာရင်းသွင်းနိုင်ပါသည်။
အသေးစိတ် အချက်အလက်များအား https://www.earlypartnership.org/mogok တွင်ဖတ်ရှုနိုင်ပါသည်။
ထပ်မံသိရှိလိုပါကလည်း [email protected] email သို့ဆက်သွယ်နိုင်ပါသည်။
23/02/2023
Early Partnership Program ရဲ့ မိုးကုတ်လုပ်ကွက်များအကြောင်း (၂)
**************************************
“ဘောလုံးကြီးလုပ်ကွက်များ”
ဘောလုံးကြီးကွက်ရပ်မှ ထွက်ရှိသည့် ပတ္တမြားဂေါ်ကြိုးသည် နာမည်ကျော်ဖြစ်ပြီး အရည်အသွေး အလွန်ကောင်းမွန်သည်။
ဤကွက်ရပ်မှ ပတ္တမြားတာပလာ၊ ပတ္တမြားလုံးချောနှင့် ပတ္တမြားပုံဆောင်ခဲ၊ နီလာနှင့် အညံ့ပန်း၊ ဂေါ်မိတ်နှင့် သလင်းရတနာတို့သည် အင်မတန်လှပကြပြီး ပိန်းနိုက်နှင့် ရှားပါးကျောက်မျက်ရတနာများလည်း ထွက်ရှိသည်။
တူးဖေါ်မှုစနစ်များမှာ ဟင်းလင်းဖွင့်စနစ်၊ မျောတွင်းနှင့် လေးပင်တွင်းစနစ်များ အသုံးပြုတူးဖော်သည်။
ဘောလုံးကြီးကွက်ရပ်တွင် ရင်းနှီးမြုပ်နှံနိုင်သော စုစုပေါင်းလုပ်ကွက် ၅ ကွက်အား ဖေါ်ထုတ်ပေးထားပါသည်။ ကျောက်မျက်ထုတ်လုပ်ခွင့်ကာလမှာ လုပ်ငန်းစတင်ချိန်မှ ၁၀ နှစ်ဖြစ်ပါသည်။
လုပ်ကွက်များတွင် ရင်းနှီးမြုပ်နှံလိုသူများ www.earlypartnership.org/booking တွင်ဝင်ရောက်စာရင်းသွင်းနိုင်ပါသည်။
အသေးစိတ် အချက်အလက်များအား https://www.earlypartnership.org/mogok တွင်ဖတ်ရှုနိုင်ပါသည်။
ထပ်မံသိရှိလိုပါကလည်း [email protected] email သို့ဆက်သွယ်နိုင်ပါသည်။
23/02/2023
Early Partnership Program ရဲ့ မိုးကုတ်လုပ်ကွက်များအကြောင်း (၁)
******************************************
“သူရိန်တောင်လုပ်ကွက်”
သူရိန်တောင်လုပ်ကွက်သည် နာမည်ကျော် ၆၉၀ ကာရက်ရှိ နီလာအစုအဝေးထွက်ရှိခဲ့သည်လုပ်ကွက်ဖြစ်ပါသည်။ အဖိုးတန် ကျောက်မျက်ရတနာများသည် သူရိန်တောင်ဝန်းကျင်တွင် ပြန့်ကြဲစွာတည်ရှိသည်။
သူရိန်တောင်အနောက်ဘက်ပိုင်းတွင် အရည်အသွေးအမြင့်ဆုံးနီလာများနှင့် ရောင်စုံနီလာများ၊ အပြာရောင်သန်းသည့်အစိမ်းရောင်နီလာ၊ ရောင်ပြောင်းနီလာနှင့် ပိန်းနိုက်ကြောင်မျက်လုံး၊ ပိန်းနိုက်ပုံဆောင်ခဲနှင့် ဘက်ဒလေရိုက်ပုံဆောင်ခဲများ ကဲ့သို့သော အခြားအဖိုးတန် ကျောက်မျက်ရတနာများကို တွေ့ရှိရသည်။
သူရိန်တောင်အနောက်တောင်ဘက်ပိုင်းတွင် ပတ္တမြား၊ ငုပဆစ်၊ ရှားပါးကျောက်မျက်များ ဖြစ်သည့် အနာတေ့စ်၊ ဘတ်ဒလေရိုက်၊ အက်ဇီနိုက်၊ အယ်လ်ဘိုက်နှင့် မဟူရာ၊ ဒရာဗိုက်၊ ဂေါ်မိတ် အပါအဝင် အခြားအဖိုးတန်ကျောက်မျက်များ ထွက်ရှိသည်။
သူရိန်တောင်မြောက်ဘက်ပိုင်းနှင့် သူရိန်တောင်ခြေတွင် အရည်အသွေးမြင့် ပတ္တမြား၊ နီလာနှင့် ပတ္တမြားပုံဆောင်ခဲအစုအဝေးတို့ ထွက်ရှိသည်။
သူရိန်တောင်၏ အရှေ့တောင်ဘက်နှင့် အရှေ့မြောက်ဘက် တောင်စောင်းတလျောက် အနည်ကျမြေများထဲမှ ပတ္တမြား၊ နီလာနှင့် အညံ့ပန်းတို့ကို တူးဖော်ရရှိသည်။
တူးဖေါ်မှုစနစ်များမှာ ဟင်းလင်းဖွင့်စနစ်၊ လေးပင်စနစ်၊ မျောတွင်း၊ လူးတွင်းနှင့် ဂဲတွင်းစနစ်များအသုံးပြု တူးဖော်သည်။
သူရိန်တောင်တွင် ရင်းနှီးမြုပ်နှံနိုင်သော စုစုပေါင်းလုပ်ကွက် ၈ ကွက်အား ဖေါ်ထုတ်ပေးထားပါသည်။ ကျောက်မျက်ထုတ်လုပ်ခွင့်ကာလမှာ လုပ်ငန်းစတင်ချိန်မှ ၁၀ နှစ်ဖြစ်ပါသည်။
လုပ်ကွက်များတွင် ရင်းနှီးမြုပ်နှံလိုသူများ www.earlypartnership.org/booking တွင်ဝင်ရောက်စာရင်းသွင်းနိုင်ပါသည်။
အသေးစိတ် အချက်အလက်များအား https://www.earlypartnership.org/mogok တွင်ဖတ်ရှုနိုင်ပါသည်။
ထပ်မံသိရှိလိုပါကလည်း [email protected] email သို့ဆက်သွယ်နိုင်ပါသည်။
19/02/2023
We are pleased to announce that Mogok Gem Mining Right number #17 (location: Kinn 2) has ben bought by an investor on 19th February 2023.
We can also confirm that overwhelming number of inquiries/clarifications on the remaining 44 Exclusive mining rights have been received by email and through official Agents channel.
For more information on Mogok Gem Mining Rights, please visit www.earlypartnership.org/mogok or write to us directly at [email protected].
Thank you.
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
14 Inya Road
Yangon