Prevent Yangon
Prevent is a page where you can find useful information about all HIV prevention tools. You can also reach out experts anonymously to ask your questions.
This page is created by Medical Action Myanmar, a medical charity based in Yangon-treating HIV/AIDS.
26/05/2026
လိ*င်မှတဆင့် ကူးစက်ရောဂါတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးအသိ ရှိထားခြင်းက သင့်အတွက် ကောင်းကျိုးများစွာဖြစ်စေပါတယ်။
(၁) သင့်အတွက်ရော ပတ်ဝန်းကျင်အတွက်ရော လုံခြုံမှုတွေပေးနိုင်ပါတယ်။
လိ*င်မှတဆင့်ကူးစက်ရောဂါတွေအကြောင်းသေချာသိထားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် ကာကွယ်မှုတွေပြုလုပ်နိုင်သလို ကိုယ့်စီကနေ ကူးစက်မှုတွေမဖြစ်စေတဲ့အတွက် တခြားသူတွေကိုလဲ လုံခြုံမှုတွေပေးနိုင်ပါတယ်။ ကို့ယ်လိုပဲ သူများတွေကို လုံခြုံအောင် ကျန်းမာရေးနည်းလမ်းတွေမျှဝေဖြစ်တဲ့အတွက် ကိုယ်ပတ်ဝန်းကျင်ကိုလုံခြုံစေဖို့လဲ အထောက်အကူပြုပါတယ်။
(၂) ကုသမှုတွေ အချိန်မီလုပ်ဆောင်နိုင်ပါတယ်။
ကုသဖို့အတွက် ကြောက်နေတာတွေ၊ ဘာလုပ်ရမလဲ မသိတာတွေ မဖြစ်တော့တဲ့အတွက် ကူးစက်နိုင်တဲ့အခြေနေမျိုးကြုံတွေ့ခဲ့ရင် ချက်ခြင်း ကာကွယ် ကုသမှုတွေလုပ်ဆောင်နိုင်ပါတယ်။ စောစောသိ စောစောကုသနိုင်တဲ့အတွက် ကနဦးအဆင့်မှာတင် ရောဂါကို တိုက်ထုတ်နိုင်ပါတယ်။ အခွင့်ရေးယူရောဂါတွေ ဝင်မလာနိုင်တော့သလို မလိုလားအပ်တဲ့ ကျန်းမာရေးထိခိုက်မှုတွေမဖြစ်စေတော့ပါဘူး။
(၃) ကူးစက်မှုကွင်းဆက်ကိုဖြတ်နိုင်တယ်။
ကုသခြင်း ကာကွယ်ခြင်းတွေကို အချိန်မီလုပ်ဆောင်နိုင်တဲ့အတွက် ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်လိုက်နိုင်ပါတယ်။ ကိုယ့်မှာရှိနေတာကို မသိဘဲ တခြားသူကို ကူးစက်သွားတာမျိုးမဖြစ်စေတော့သလို၊ ကိုယ့်စီကနေလဲ မကူးစက်အောင် ကာကွယ်နိုင်တဲ့အတွက် ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်လိုက်နိုင်ပါတယ်။
(၄) ခွဲခြားဆက်ဆံခြင်းကိုလျော့ချနိုင်ပါတယ်။
လိ၈င်မှတဆင့်ကူးစက်ရောဂါအကြောင်းတွေ သေချာသိလာတဲ့အခါ ယုံတမ်းစကားတွေနဲ့ခွဲခြားမှုတွေ၊ သတင်းစကားအမှားတွေကို မသယ်ဆောင်တော့ဘဲ အပြုသဘောဆောင်စွာ ကူညီဖေးမ တတ်လာပါတယ်။ အမှား အမှန် ခွဲခြားသိမြင်လာတဲ့အတွက် နားလည်လက်ခံမှုတွေ တိုးတက်လာပါတယ်။ ကုသခြင်း၊ ကာကွယ်ရေးနည်းလမ်းတွေကို အသုံးပြုဖို့ လုပ်ဆောင်ခြင်းတွေ အပေါ်မှာလဲ ဝေဖန်ခြင်းတွေအစား အားပေးကူညီခြင်းနဲ့ အသိမှတ်ပြုခြင်းတွေကို ပြုလုပ်တတ်လာကြပါတယ်။
ဒီလိုကောင်းကျိုးများစွာ ရှိနေတဲ့အတွက် လိင်ကျန်းမာရေးနဲ့ပတ်သက်ရင် ရှောင်ဖယ်မနေဘဲ လူတိုင်း ပါဝင်လာသင့်ပါတယ်။ ဒါဟာ ကာကွယ်ရာလဲရောက်သလို ကိုယ့်ကိုရော သူများကိုရော လုံခြုံစေရာရောက်ပါတယ်။ လိ*င်ကျန်းမာရေးနဲ့ပတ်သက်ပြီးသင်ရော သေချာ ဂဃနဏ သိထားပြီးပြီလား? သေချာ မေးမြန်းတိုင်ပင် လေ့လာဖို့အတွက် ထွန်းအခမဲ့ဆေးခန်းနဲ့ဆက်သွယ်ပါ။
👇👇👇👇👇
ထွန်းအခမဲ့ဆေးခန်း
09453512012
Viber 09453512012
Telegram> https://t.me/Tun_Free_Clinic
Messenger> http://m.me/PreventYangon
#ကာလသား #ကျန်းမာရေး #ထွန်းအခမဲ့ဆေးခန်း
23/05/2026
ကိုယ့် သူငယ်ချင်းက သူ့မှာ ကာလသားရောဂါတွေ လက္ခဏာပြနေကြောင်းပြောပြတဲ့အခါ ကိုယ့်ဘက် ဘယ်လိုတုန့်ပြန်မှုတွေ ပြုလုပ်လေ့ရှိပါသလဲ?
ကိုယ့်ရဲ့ တုန့်ပြန်မိတတ်တဲ့ ပုံစံလေးတွေကို ခဏလောက်တွေးပြီးမှ ဒီစာလေးကို ဆက်ဖက်လိုက်ရအောင်နော်...
ဒီလို အကြောင်းအရာကို သင့်ကို လာပြောပြတယ်ဆိုကတည်းက သင်နဲ့ သူရဲ့ ဆက်ဆံရေးဟာ အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်မယ်ဆိုတာ အသေချာပါပဲ။ ဒီလိုအခြေနေတွေမှာ ကျွန်တော်တို့ ပြုလုပ်မိတတ်တဲ့ တုံ့ပြန်တဲ့ပုံစံ(၂)မျိုးရှိပါတယ်။
နံပတ်(၁)အပြစ်တင်ပြောဆိုခြင်း နဲ့ (၂) သူငယ်ချင်းရဲ့ ပြဿနာကို ဖြေရှင်းပေးခြင်းတို့ ပဲဖြစ်ပါတယ်။
ဒီတုံ့ပြန်မှုတွေဟာ သူငယ်ချင်းဆိုတဲ့ အဝန်းအဝိုင်းထဲက ပြုမူပြောဆိုမှုတွေမို့ မှားတယ်/မှန်တယ် ဆိုတာထက် ဘယ်လိုဆိုရင် ပိုကောင်းတဲ့ အပြုအမူဖြစ်မလဲဆိုတာလေးကိုပဲ မင်မင် က အဓိက ထားပြီး ပြောပြချင်ပါတယ်။
(၁)အပြစ်တင်ပြောဆိုခြင်းနဲ့ပတ်သက်လာရင်တော့
သူငယ်ချင်းအချင်းဆက်သွယ်ပြောဆိုမှုတွေမှာ ပြောဆိုဝေဖန်အပြစ်တင်တာဟာ ရင်းနှီးတဲ့ခင်မင်မှုကို ပြ တာဖြစ်သလို၊ ဒီလိုပွင့်လင်းတဲ့ပြောဆိုမှုတွေကြောင့်လဲ စိတ်ခံစားချက်တွေပေါ့ပါးစေပါတယ်။ ဒါပေမယ့်လို့ တစ်ဖက်လူက ကိုယ့်ရဲ့ အပြစ်တင်ပြောဆိုတာတွေကို နားထောင်ဖို့ ကိုယ့်ကို ပြန်နောက်ပြောင်ဖို့ ခွန့်အားမရှိသေးတဲ့အခြေနေ၊ စိုးရိမ်စိတ်များပြီး စိတ်အားနည်းနေတဲ့အခြေနေမျိုးဆိုရင်တော့ အပြစ်တင်တာလေးကို ခဏလောက် ရပ်တန့်ထားသင့်ပါတယယ်။ ခင်မင်မှုအပေါ်မှာ အနှောက်အယှက်ဖြစ်ပြီး ဆက်ဆံရေးတွေပျက်သွားနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။
(၂) သူငယ်ချင်းရဲ့ ပြဿနာကို ဖြေရှင်းပေးခြင်းနဲ့ ပတ်သက်လာရင်တော့
ကိုယ့်အတွေ့အကြုံတွေ သိထားတာတွေကို ကိုယ်နဲ့အရင်းနှီးဆုံးနဲ့အချစ်ရဆုံးဖြစ်တဲ့သူတွေကို မျှဝေပေးချင်ကြတာ လူတိုင်းရဲ့သဘာဝပါပဲ။ ကိုယ်သိထားတဲ့ ဆေးကုသမှုခံယူလို့ရတဲ့နေရာတွေပြောပြပေးတာ၊ ဆေးခန်းအတူတူသွားပေးတာ၊ ဆေးကုသဖို့လိုအပ်တဲ့အကူညီအထောက်အပံ့တွေကို ပေးတာဟာ ကောင်းမွန်တဲ့အပြုအမူတွေပဲဖြစ်ပါတယ်။
ဒါပေမယ့်လို့ ကူညီချင်တဲ့ စိတ်ဆန္ဒတွေလွန်ကဲပြီး “ဆရာဝန်နဲ့သွားမပြစေဘဲ ကိုယ်ဖြစ်တုန်းကသောက်ဖူးတဲ့ဆေးတွေဝယ်သောက်ခိုင်းတာ၊ ကြားဖူးနားဝ ရှိတဲ့ဆေးမြီးတိုတွေ ဝယ်ပေးတာမျိုးကတော့ သတိထားသင့်ပါတယ်။ အနာနဲ့ဆေးလွဲတာ၊ ရောဂါပိုဆိုးလာတာ၊ လိင်မှတဆင့်ကူးစက်သော တခြားရောဂါတွေ နောက်ထပ်ရှိနေရင်လဲ မသိလိုက်တာ မျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းပြဿနာကို ဖြေရှင်းပေးတဲ့အခါမှာ မှန်ကန်ထိရောက်တဲ့ကုသမှုရအောင် ဆေးခန်းလမ်းညွှန်ပေးတာ၊ အတူတူသွားပေးတာမျိုးတွေကိုသာပြုလုပ်သင့်ပါတယ်။
ဒါဆိုရင် သူငယ်ချင်းမှာ ကာလသားရောဂါ လက္ခဏာတွေ ကြုံတွေ့လာရတဲ့အခါမျိုးမှာဖြစ်ဖြစ်၊ သံသယဖြစ်စရာရောဂါ လက္ခဏာတစ်ခုခုပေါ်လာတဲ့အခါမှာဖြစ်ဖြစ် ကောင်းမွန်စွာ တုံ့ပြန်မိကြမယ်လို့မျှော်လင့်မိပါတယ်။
တိုင်ပင်ဆွေးနွေးချင်တာများ၊ ဆေးခန်းပြသလိုတာများနဲ့ သူငယ်ချင်းအတွက်မေးချင်တာများရှိပါက ထွန်းအခမဲ့ ဆေးခန်းနဲ့ ဆက်သွယ်ပါ။
👇👇👇👇👇
ထွန်းအခမဲ့ဆေးခန်း
09453512012
Viber 09453512012
Telegram> https://t.me/Tun_Free_Clinic
Messenger> http://m.me/PreventYangon
#ကာလသား #ထွန်းအခမဲ့ဆေးခန်း
21/05/2026
ကိုယ့်သူငယ်ချင်းမှာ ကာလသားရောဂါလက္ခဏာတွေ ဖြစ်လာတဲ့အခါ ကိုယ့်ဘက်က ဘယ်လိုတုန့်ပြန်မှုတွေပြုလုပ်လေ့ရှိပါသလဲ?
အချိန်လေးခဏပေးပြီး စိတ်ထဲမှာဖြစ်ဖြစ် comment မှာရေးပြီးဖြစ်ဖြစ် ဖြေကြည့်လိုက်ရအောင်နော်
ထွန်းအခမဲ့ဆေးခန်း
09453512012
Viber 09453512012
Telegram> https://t.me/Tun_Free_Clinic
Messenger> http://m.me/PreventYangon
#ထွန်းအခမဲ့ဆေးခန်း
19/05/2026
လွဲချော်မှုတွေမှာလဲ စိတ်ပူစရာမလိုဘဲ ဆက်လက် လုံခြုံနေစေဖို့ PrEP နဲ့ ကြိုတင်ကာကွယ်လို့ရတယ်နော်....
PrEP အကြောင်းပိုမို သိရှိဖို့နဲ့ ဝန်ဆောင်မှု အခမဲ့ရယူဖို့ ဆက်သွယ်ပါ။
👇👇👇👇👇
ထွန်းအခမဲ့ဆေးခန်း
09453512012
Viber 09453512012
Telegram> https://t.me/Tun_Free_Clinic
Messenger> http://m.me/PreventYangon
#ထွန်းအခမဲ့ဆေးခန်း
17/05/2026
🌈IDAHOT
"International Day Against Homophobia,Biphobia and Transphobia"
🗓️1990 မတိုင်ခင်မှာ လိင်တူချစ်ကြိုက်ခြင်းကို စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။
🗓️1990 ခုနှစ်မှာတော့ ကမ္ဘာကျန်းမာရေး အဖွဲ့အစည်း(WHO)က လိင်တူချစ်ကြိုက်ခြင်းက ရောဂါတစ်ခုမဟုတ်ကြောင်း တရားဝင်အတိအလင်းကြေညာခဲ့ပါတယ်။
ဒီလိုကြေညာမှုကို ကြိုဆိုဂုဏ်ပြုသောအာဖြင့် နှစ်စဉ် မေလ ၁၇ ရက်နေ့ကို IDAHOT သတ်မှတ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ အထိမ်းအမှတ်ပွဲတွေပြုလုပ်ခဲ့ပါတယ်။
👨❤️👨လိင်တူချစ်မြတ်နိုးခြင်းသည် ရောဂါတစ်ခု မဟုတ်သလို ချို့ယွင်းချက် တစ်ခုမဟုတ်ပါဘူး။ သဘာဝတရားထဲက သဘာဝတစ်ခုသာဖြစ်ပါတယ်။
🫧ဖြစ်တည်ရှိမှုတိုင်းမှာ အလှတရားနဲ့ တန်ဖိုးကိုယ်စီရှိကြပါတယ်။ ကြောက်ရွံ့မုန်းတီးစရာ၊ ခွဲခြားဆက်ဆံစရာ၊ နှိမ့်ချစရာမဟုတ်ပါဘူး။
သဘာဝတရားတွေထဲက ဖြစ်တည်ရှိမှုတွေနဲ့ အဖိုးတန်မှုတွေကို အပြည့်ဝ လက်ခံပေးတတ်ဖို့ တိုက်တွန်းရင်း
ယနေ့ကျရောက်သော “IDAHOT” (International Day Against Homophobia,Biphobia and Transphobia) နေ့ ကို ထွန်းအခမဲ့ဆေးခန်းမှ ဂုဏ်ပြုလိုက်ပါတယ်။
#ထွန်းအခမဲ့ဆေးခန်း
14/05/2026
HIV ပိုးကူးစက်ခြင်းကို ကာကွယ်ဖို့အတွက် PrEP နဲ့ PEP ဆေးတွေကို သောက်ရတာ မှန်ပေမယ့် ဒီဆေးတွေရဲ့ ကာကွယ်မှုလုပ်ဆောင်ချက်က မတူညီကြပါဘူး။
PrEP ဆိုတာကတော့ မိမိ ပြုလုပ်မယ့် လိ*င်ပိုင်းဆိုင်ရာ အပြုအမူကနေ HIV ပိုးမကူးစေဖို့အတွက် လိ*င်မှုကိစ္စမပြုခင် ဆရာဝန်ညွန့်ကြားချက်အတိုင်း ကြိုတင်သောက်သုံးရတဲ့ ကာကွယ်ဆေးပါ။
PEP ဆိုတာကတော့ HIV ပိုးကူးစက်နိုင်တဲ့အပြုအမူ ဖြစ်ခဲ့တဲ့အခါ ကာကွယ်ဖို့အတွက် ၇၂ နာရီအတွင်း စောနိုင်သမျှ စောစော စ တင်သောက်သုံးရတဲ့ အရေးပေါ်ကာကွယ်ဆေးဖြစ်ပါတယ်။
ကာကွယ်ပေးတဲ့ လုပ်ဆောင်မှုကို လုပ်ဆောင်တာ ဆိုပေမယ့် “လုပ်ဆောင်မှုခြင်း” က မတူညီပါဘူး။
မတူညီတဲ့အတွက် “ရတဲ့ဆေးသောက်မယ်ဆိုတာမျိုး၊ တစ်ခုနေရာမှာ တစ်ခု ကို အစားထိုးသောက်လိုက်တာမျိုး(ဥပမာ PEP အစား PrEP သောက်တာမျိုး)” တွေ ပြုလုပ်လို့မရပါဘူး။
ဒါကြောင့် ကိုယ်က ဘယ်အခြေနေအတွက် သောက်မှာလဲ သေချာသိဖို့လိုပါတယ်။ ကိုယ့်အခြေနေအလိုက် သင့်တော်တဲ့ နည်းနဲ့ ကူးစက်မှု ကို ကာကွယ်ဖို့ PrEP နဲ့ PEP ကို ကွဲပြားသိဖို့လိုအပ်ပါတယ်။
ကာကွယ်မှုတွေအတွက် တိုင်ပင်ဆွေးနွေးလိုပါက ဆက်သွယ်ပါ။
👇👇👇👇👇
ထွန်းအခမဲ့ဆေးခန်း
09453512012
Viber 09453512012
Telegram> https://t.me/Tun_Free_Clinic
Messenger> http://m.me/PreventYangon
#ထွန်းအခမဲ့ဆေးခန်း
12/05/2026
ကူးစက်နိုင်တဲ့ အပြုအမူတွေ လုပ်ပြီးတဲ့အခါမှာ လူတိုင်းနီးနီးက စိုးရိမ်စွာနဲ့ HIV ကိုပဲ အာရုံထားပြီး စစ်တတ်ကြပါတယ်။
လူမှုဝန်းကျင်မှာ HIV က လွှမ်းမိုးမှု ကြီးမားတဲ့အတွက် ဒီအရာကိုပဲ စိတ်ထဲ ပိုရောက်ပြီး အလေးထားမိနေတာလဲ ဖြစ်ပါတယ်။
ဒါကြောင့် HIV ရှိ မရှိကိုပဲ စစ်ပြီး လိ*င်မှတဆင့် ကူးစက်နိုင်တဲ့ တခြားရောဂါတွေကို စစ်ဆေးဖို့ မေ့နေကြပါတယ်။
ဒီလို မေ့နေတဲ့အတွက် ကူးစက်နိုင်တဲ့ တခြား ရောဂါတွေ ရှိနေရင် မသိလိုက်တာ၊ ကိုယ့်စီကနေ သူတစ်ပါးကို ကူးစက်သွားတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။
အကယ်၍ သင်ဟာ ကူးစက်နိုင်တဲ့ အပြုအမူရှိခဲ့တယ်ဆိုရင် ကြားကာလ (Window Period) ပြီးတဲ့အချိန်မှာ HIV စစ်ဆေးခြင်းအပြင် လိ*မမ်င်မှတဆင့်ကူးစက်တတ်သော တခြားရောဂါများ ရှိမရှိကိုလဲ စစ်ဆေးကြည့်သင့်ပါတယ်။
ဒါမှ လိ*င်မှတဆင့် ကူးစက်ရောဂါတွေ ရှိမရှိ သေချာ သိနိုင်သလို စောစီးစွာ ကုသမှုခံယူနိုင်ပြီး ကူးစက်မှုတွေ လျော့ချနိုင်ပါတယ်။
ကူးစက်နိုင်ချေရှိတဲ့ အပြုအမူရှိခဲ့တယ်ဆိုရင် သွေးစစ်ပါ၊ ခန္ဓာကိုယ် နှင့် လိင်အင်္ဂါတို့မှာ မသင်္ကာစရာ အဖုအပိန့် အင်ပြင်များ ထွက်လာပါက ဆရာဝန်များနဲ့ပြသပါ။
ကုသဖို့ နှင့် ဆေးစစ်မှုများ အခဲ့ ပြုလုပ်နိုင်ဖို့ ထွန်းအခမဲ့ဆေးခန်း နဲ့ ဆက်သွယ်ပါ။
👇👇👇👇👇👇👇
ထွန်းအခမဲ့ဆေးခန်း
09453512012
Viber 09453512012
Telegram> https://t.me/Tun_Free_Clinic
Messenger> http://m.me/PreventYangon
#ကာလသား #ထွန်းအခမဲ့ဆေးခန်း
11/05/2026
အပူဒဏ်အန္တရာယ်ကြောင့် ခန္ဓာကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးခြင်း၊ အပူရှပ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ ဖျားနာခြင်း များအပါဝင် တခြားသော ကျန်းမာရေးပြဿနာများ ကြုံတွေ့ရတတ်ပါတယ်။
အပူဒဏ်ကြောင့် ကျန်းမာရေး ပြဿနာများ ကြုံတွေ့လာရပါက နီးစပ်ရာ ပြည်သူကျန်းမာရေးဆေးရုံ၊ ဆေးခန်းများတွင် ကုသမှုများ ရယူနိုင်ပါသည်။
#အပူဒဏ် #ကျန်းမာရေး
08/05/2026
စိတ်ခံစားချက်ကို လစ်လျူရှုဖို့ ဘာလို့တွေးကြတာလဲ?
သူများအဖြစ်ပျက်နဲ့ နှိုင်းယှဉ်ပြီး ကိုယ့်စိတ်ခံစားချက်တွေကို လစ်လျူရှုပြီး မြိုသိပ်ဖူးပါသလား။
ကိုယ့်ပြဿနာ အခက်အခဲတွေကို တစ်ပါးသူတွေရဲ့ အခြေနေတွေနဲ့နှိုင်းယှဉ်ပြီး “ငါ့ထက် ခက်ခဲနေတဲ့သူတွေရှိတာပဲလေ” ဆိုတဲ့ ဖြေသိမ့်တဲ့ အတွေးလေးတွေး သင့်မှာ ရှိနေပြီလား?
ဒီလို နှိုင်းယှဉ်ပြီး လစ်လျူရှုဖို့ တွေးမိတတ်ကြတဲ့သူတွေ မှာဆိုရင်
(၁)ကိုယ့်ရဲ့ အဆင်မပြေတဲ့ ခံစားချက်ကို ခံစားထုတ်ဖော်ဖို့အတွက် မဝံ့ရဲဖြစ်နေခြင်း၊
(၂ )ခံစားချက်ကို အသိမှတ်ပြုလိုက်ဖို့/ ထုတ်ပြလိုက်ဖို့ အတွက် သူတစ်ပါးကို ငဲ့ကွက်ရမယ်လို့တွေးမိနေခြင်း
(၃)ဒီလိုလုပ်တာဟာ အားနည်းကြောင်းဖော်ပြရာရောက်တယ်လို့ ထင်နေမိခြင်း
( ၄)ကိုယ်အဆင်မပြေတာကို အသိမှတ်ပြုအလေးပေးဖို့က အပြစ်ရှိတယ်လို့ ခံစားရခြင်း
(၅)ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု နည်းပါးနေခြင်း စတဲ့ ခံစားချက်တွေဟာ “လစ်လျူရှုဖို့ အတွေးရဲ့နောက်ကွယ်မှာ” ရှိနေတတ်ကြပါတယ်။
လူသားတိုင်းရဲ့ ဘဝမှာ အဆင်မပြေမှုတွေ၊ စိတ်ထိခိုက်နာကျင်ရတဲ့ အဖြစ်အပျက်တွေက ရှိတတ်ကြပါတယ်။ ဒီ အရာတွေကို တစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဉ်ပြီး အဓိပ္ပာယ်မဖွင့်ခင်မှာ နားလည်လက်ခံထားဖို့ လိုတာက “ငါတို့အားလုံး အရေးပါတယ်”ဆိုတာပါပဲ ။
“ဘယ်သူကတော့” ဆိုပြီး နှိုင်းယှဉ်နေဖို့ မလို သလို ၊ ဘယ်သူ က “ပိုတယ်” ဆိုပြီး အကဲဖြတ်နေဖို့လဲ မလိုပါဘူး။
ခံစားချက်တိုင်း နာကျင်မှုတိုင်းက ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်၊ ဘယ်အခြေနေရှိနေတဲ့သူပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာရှိတဲ့သူပဲဖြစ်ဖြစ် အားလုံးဟာ တူညီစွာ အရေးပါပါတယ်။
ကိုယ့်ခံစားချက် နာကျင်မှုတွေကို နောက်မပို့ဘဲ အသိမှတ်ပြု လက်ခံမှသာလျှင် နည်းလမ်းမှန်စွာ ကိုင်တွယ်ဖို့ နဲ့ စိတ်အမှိုက်တွေ မစုဘဲ ကောင်းစွာ စီးဆင်းသွားဖို့ စတင်ခြင်းတွေကို ပြုလုပ်လာနိုင်ပါလိမ့်မယ်။
နှိုင်းယှဉ်မှုတွေထက် ကိုယ့်နာကျင်မှု ခံစားချက်တွေကို အသိမှတ်ပြုပါ။
ကိုယ့်နည်းတူပဲ သူများရဲ့နာကျင်ခံစားချက်လေးတွေကိုလဲ အသိမှတ်ပြုပေး လက်ခံပေးပါ။ ကိုယ်လဲ အရေးကြီးသလို သူများတွေရဲ့ ခံစားချက်တွေကလဲ ကိုယ့်လိုပဲ အရေးကြီးပါတယ်။ ဒါဟာ ကောင်းစွာ စီးဆင်းသွားလို့ လမ်းစလဲ ဖြစ်ပါတယ်။
ထွန်းအခမဲ့ဆေးခန်း
09453512012
Viber 09453512012
Telegram> https://t.me/Tun_Free_Clinic
Messenger> http://m.me/PreventYangon
#ထွန်းအခမဲ့ဆေးခန်း
06/05/2026
Hello....
ထွန်းအခမဲ့ ဆေးခန်းက စနေ တနင်္ဂနွေ တွေမှာလဲ ဖွင့်တယ်နော်....
ရုံးပိတ်ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် self care လုပ်ဖို့အတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ရယူချင်တယ်ဆိုရင် ထွန်း အခမဲ့ ဆေးခန်းနဲ့ လှမ်းလာခဲ့လိုက်ကြနော်...
စနေ တနင်္ဂနွေ ပိတ်ရက်တွေမှာ ဆေးခန်းပြဖို့ဆက်သွယ်ချင်တာများနဲ့ ကျန်းမာရေးအကြောင်းအရာများ တိုင်ပင်ဆွေးနွေးလိုပါက Messenger နဲ့ Telegram ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Telegram> https://t.me/Tun_Free_Clinic
Messenger> http://m.me/PreventYangon
#ထွန်းအခမဲ့ဆေးခန်း #ကာလသား
04/05/2026
ဟော်မုန်းကုထုံး(ဟော်မုန်းဆေး) သုံးစွဲကြတဲ့ Transgender Women လေးတွေလဲ PrEP သောက်လို့ရပါတယ်။
ဝန်ဆောင်မှု အခမဲ့ ရယူဖို့ဆက်သွယ်ပါ။
ထွန်းအခမဲ့ဆေးခန်း
09453512012
Viber 09453512012
Telegram> https://t.me/Tun_Free_Clinic
Messenger> http://m.me/PreventYangon
#ထွန်းအခမဲ့ဆေးခန်း
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
အမှတ်၈၇၈၊ ၁၄စျေးဘေး၊ တောင်ငူလမ်း၊ရုံးရှေ့မှတ်တိုင် လှိုင်သာယာ။
Yangon
11401
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 12:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |