Shwe Brothers Distribution
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Brothers Distribution, No(814), Kyauk Sein 8 Road, North Dagon, Yangon.
30/09/2025
Starting new with JEJU Skincare
01/05/2023
မေ (၁)ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့ကို ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။
စီးပွားရေး အရှုံးအမြတ်
စီးပွားရေးလုပ်ပြီဆိုကတည်းက လုပ်ရဲသူတွေ လုပ်ကြတာပါ..။ လုပ်ရဲလို့ လုပ်တာပါ..။ အကျိုးရှိ အမြတ်ရှိနိုင်သလို အမြတ်နည်းတာတို့ အရှုံးပေါ်တာတို့ ဆိုတာလဲ ရှိနိုင်ပါတယ်..။ (ရှိလဲရှိသင့်ပါတယ်)
ဒါဟာ Game တစ်ခုကို ကစားနေကြတာပါ..။ အမြဲတန်း ကိုယ်ချည်းပဲ အနိုင်ရရမယ် အမြဲတန်း မြတ်နေရမယ် ဆိုတာဘယ်ပညာရှင်ကမှ မပြောခဲ့ကြသလို စီးပွားရေး ဆိုင်ရာ သီအိုရီတွေကို လက်လှမ်းမီသလောက်လေ့လာရာမှာလဲ မတွေ့ပါဘူး..။
တွေ့တာက ဘယ်လုပ်ငန်းမဆို Risk ရှိတယ် ဆိုတာပါပဲ..။ အဲဒီ Risk ဆိုတာ ဆုံးရှုံးနိုင်ခြေပါ..။ ဘာပဲလုပ်လုပ် ခြေလှမ်းတိုင်းခြေလှမ်းတိုင်းမှာ Risk ရှိနေပါတယ်..။ ဒါကြောင့်မို့ စီမံခန့်ခွဲရေးဘာသာရပ်တွေ လေ့လာတဲ့ အခါမှာ Risk Management ကို ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းလေ့လာကြရပါတယ်..။
Risk Management ကို ဆောင်ရွက်တဲ့ အခါမှာ အခြေခံ ငါးချက်ကို လိုက်နာလုပ်ဆောင် ရပါတယ်..။
၁။ Identify the Risk
ကိုယ်ရွေးချယ် ထားတဲ့ လုပ်ငန်းတစ်ခုကို စလုပ်တော့မယ် ဆိုကတည်းက ကိုယ့်လုပ်ငန်းမှာ ဘယ်လို အန္တရာယ်တွေ ဆုံးရှုံးနိုင်ခြေတွေ ရှိသလဲ ဆိုတာကို စဉ်းစား တှေးေ တာ သတ်မှတ်ထားရမှာ ဖြစ်ပါတယ်..။
ရေသောက်တာဟာ အသက်ရှင်သန်ရေးအတွက် နေ့စဉ် မရှိမဖြစ် သောက်နေကျ ဖြစ်ပေမယ့် ရေမရှိပဲ ပူပြင်းလှတဲ့ ကန္တာရထဲမှာမှာ နာရီ လေးဆယ်လောက် ရေငတ်ဒဏ် ကို ခံစားနေခဲ့ရတဲ့ လူတစ်ယောက်ကို ရေသောက်ဖို့ပေးရာမှာတော့ ခါတိုင်းသောက်နေကျအတိုင်း ကြိုက်သလောက်သာ သောက်ပေရော့ ဆိုရင် အဲဒီလူမှာ အန္တရာယ် ဖြစ်နိုင်တဲ့ ဖြစ်နိုင်ခြေ များသွားပါပြီ..။ ဒါကြောင့်မို့ ရေဟာ အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အကြောင်းတရား တစ်ခုဖြစ်သလို ရေသောက်ခြင်းကြောင့် သေနိုင်တယ် ဆိုတဲ့ အကျိုးတရား လဲ ရနိုင်ပါတယ်..။ အဲဒါဟာ Risk ပါပဲ..။
ဒါကြောင့် ကိုယ်ရွေးချယ်ထားတဲ့ စီးပွားရေး လုပ်ငန်းကို စီမံခန့်ခွဲရာမှာ ဖြစ်နိုင်ခြေ ရှိတဲ့ Risk မှန်သမျှကို သိမြင်နိုင်အောင် အားထုတ်ရမှာ ဖြစ်ပါတယ်..။
၂။ Analyze the risk.
ကိုယ့်စီးပွား ကိုယ့်လုပ်ငန်းအတွက် အန္တရာယ် ရှိနိုင်ခြေမှန်သမျှကို စဉ်းစားတွေးတော မှတ်တမ်းတင် ပြီးရင် ဖြစ်နိုင်တဲ့ အလားအလာတွေကို ခွဲခြမ်းစိတ်ဖြာရမှာ ဖြစ်ပါတယ်..။ အန္တရာယ် ဖြစ်တတ်တဲ့သဘာဝ .. ဖြစ်လာစေတဲ့ အကြောင်းရင်း.. ဖြစ်နိုင်ချေရှိတဲ့ အချိန်ကာလ .. သက်ရောက်မှု ရှိနိုင်တဲ့ အဝန်းအဝိုင်းထဲမှာ ကိုယ်ပါမပါ.. စတာတွေကို တွက်ချက်ပြီး ခွဲခြမ်းဆန်းစစ် ကြည့်ရမှာ ဖြစ်ပါတယ်..။ ကိုယ်လုံးဝ မမျှော်လင့်ထားတဲ့ အန္တရာယ် တွေ Unexpected Risks ကိုလဲ ထည့်သွင်းစဉ်းစား ထားဖို့ လိုပါတယ်..။
၃။ Evaluate or Rank the risk.
ဒီအဆင့်မှာတော့ ဆုံးရှုံးနိုင်မှု တန်ဖိုးကို တွက်ချက်တာ ပါလာပါပြီ..။ ကိုယ့်စီးပွားရေး အခြေအနေက ကြုံတွေ့နေရတဲ့ အခက်အခဲ အန္တရာယ်ကို ကြံ့ကြံ့ခံနိုင်လောက်အောင် တောင့်တင်းရဲ့လား..။ အဲဒီ ဆုံးရှုံးနိုင်ခြေဟာ ဘယ်အချိန်လောက်ထဲ ဆက်ဖြစ်နေမှာလဲ..။ ကိုယ်တောင့်ခံ ထားရင်ကော ပြန်ကောင်းလာမှာလား စတဲ့ တွက်ချက်မှုတွေကို အတိတ်ဖြစ်စဉ် တွေ က သင်ခန်းစာတွေ ကို ပြန်လှန် ကြည့်ပြီး တွက်ချက်ရမှာဖြစ်ပါတယ်..။ ရသမျှ အဖြေတွေကို လဲ မှတ်တမ်းတင်ထားဖို့ လိုပါတယ်..။
၄။ Treat the risk
ရင်ဆိုင်ရမယ့် အချိန်ပါ..။ Risk ကို ရင်ဆိုင်ဖို့ အထက်က သုံးချက်ကို သေသေချာချာ တွက်ချက် သုံးသပ်ပြီးပြီဆိုရင် ချိန်ဆ ရင်ဆိုင်ရတော့မယ့် အချိန်ပါပဲ..။ ခြေလှမ်းတိုင်းဟာ အန္တရာယ် ရှိနိုင်တယ် ဆိုတာ သိထားပြီးတဲ့ နောက် ဘယ်ခြေလှမ်းကိုမှ ပေါ့ပေါ့ဆဆ လှမ်းလို့ မဖြစ်တော့ပါဘူး..။ ကိုယ် ရင်ဆိုင်ရမယ့် အန္တရာယ်ကို သတိကြီးကြီးထားပြီး တစ်လှမ်းခြင်း လှမ်းရမှာပါ..။
Risk ကို ရင်ဆိုင်ကျော်လွှားဖို့ အကောင်းဆုံး နည်းလမ်းတစ်သွယ်ကတော့ ထင်ရာစိုင်း ခြေလှမ်းတွေကို ရုပ်သိမ်းပြီး စနစ်တကျ တစ်လှမ်းခြင်း စေ့စေ့စပ်စပ် လှမ်းတဲ့ ခြေလှမ်းတွေကို ပြင်ရမှာပါ..။ ကြမ်းကြမ်းတမ်းတမ်း ရဲရဲရင့်ရင့် ကျော်ဖြတ်လေ့ရှိတဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုတဲ့ ခြေလှမ်းတွေ၊ ဟိုကွေ့ဟိုတက်နဲ့လှော် ဒီကွေ့ဒီတက်နဲ့ လှော် ဆိုတဲ့ အကျင့့်တွေကို ထိန်းချုပ်ရမှာပါ..။
ဖြစ်ချင်ရာဖြစ် ဆိုတာထက် ဖြစ်သင့်ဆုံး ဆိုတာကိုပဲ ရွေးချယ်ရမယ့် အချိန်ပါ..။ စနစ်တကျ နဲ့ တဖြည်းဖြည်း ရှေ့တိုးမလား.. ရပ်ပြီးနားစွင့့်မလား .. ဆက်သွားမလား .. ရပ်နေမလား.. လှည့်ပြန်မလား ဆိုတာတွေ နဲ့ Risk ကိုရင်ဆိုင်ရမှာပါ..။ ဒီအချိန်မှာ ဆက်သွယ်မှုကွန်ယက် communication network က ခါတိုင်းထက် ပိုပြီး အရေးပါလာပါတယ်..။ အချိန်တိုင်းမှာ အပြောင်းအလဲ တစ်ခုခု ဖြစ်သွားနိုင်ပါတယ်..။ ဒါကြောင့်မို့ Risk တကယ် ရှိလာပြီဆိုရင် အသေးအမွှားကစ Micro Management နည်းလမ်းကို သုံးပြီး စီမံရမှာပါ..။
၅။ Monitor and review the risk
သတိထားပြီး တစ်လှမ်းခြင်းလှမ်းနေတဲ့ ကြားက မှားနိုင်ပါသေးတယ်..။ ဒါကြောင့် ကိုယ်လှမ်းနေတဲ့ ခြေလှမ်းကို စောင့်ကြည့် မှတ်တမ်းတင်ပြီး နေ့စဉ် ပြန်သုံးသပ်နေရမှာပါ..။ အကြီးမားဆုံး Risk ဟာ Uncertainty ဆိုတဲ့ မသေချာမှု ပါပဲ..။ အဲဒါကို သိသိနဲ့ ရှေ့ဆက်ရမှာပါပဲ..။ အဲဒီလို ရှေ့ဆက်ရာမှာ Risk ကို ပျက်ပြယ်လျော့ပါး သွားစေမယ့့် နည်းလမ်းတွေကို ခေါင်းပူအောင် စဉ်းစားနိုင်ရပါတယ်..။ အဲဒီအတွက် စေ့စပ်သေချာမှု ဆိုတဲ့ Framework တစ်ခု ကို ချမှတ်ရေးဆွဲရပါမယ်..။
အဲဒီ Framework ဟာ ကိုယ့်လုပ်ငန်း တစ်ခုတည်း အတွက်ပါ..။ အားလုံးနဲ့ သင့်တော်မှာ မဟုတ်ပါဘူး..။ ကိုယ့်လုပ်ငန်း မှာ လုပ်ငန်းခွဲတွေ ရှိနေရင်လည်း တစ်ခုချင်းနဲ့သင့်တော်မယ့် Framework ချမှတ်ပြီး အလေအလွင့့်ကို ထိန်းချုပ်ရမှာပါ..။ အဲဒီ Framework ထဲမှာ ဘာဖြစ်ရင် ဘာလုပ်မယ် ဆိုတဲ့ အဖြေတွေဟာ တစ်မျိုးမက ရှိနေရမှာပါ..။
အဲဒီအထဲက အသင့်တော်ဆုံး ဆိုတာကို ရွေးပြီး ဖြေရှင်းဆောင်ရွက်ရမှာပါ ပဲ..။ အဓိက မောင်းနှင်အား ကတော့ စေ့စပ်သေချာမှုပါပဲ..။ စေ့စပ်သေချာတဲ့ရလဒ် တစ်ခုကို ရဖို့ မေးခွန်းများစွာ မေးရပါလိမ့်မယ်..။ အဲဒီ လို မေးခွန်းတွေကို ဆက်စပ် မေးတတ်ဖို့ လိုသလို အဖြေကိုလည်း တစ်ပါတည်း စဉ်းစားနိုင်ဖို့ လိုပါတယ်..။ သင်ထားတဲ့ အတိုင်း တတ်မြောက်ထားတဲ့ အတိုင်း စဉ်းစားတာမျိုးမဟုတ်ပဲ ထူးထူးခြားခြား ထိုးထိုးထွင်းထွင်း စဉ်းစား နိုင်ဖို့လဲ လိုပါတယ်..။
ဒီငါးချက်ဟာဖြင့် Business ဆိုတဲ့ Game ကို ကစားကြသူတိုင်း ကြုံတွေ့နိုင်တဲ့ Risk ကို ရင်ဆိုင်ရာမှာ လိုက်နာကြရတဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု ရဲ့ အခြေခံတွေပါပဲ..။
ချစ်ခင်စွာဖြင့်
ကောင်းလွန်း (၀၇.၀၂.၂၀၂၀)
03/03/2023
မိမိလုပ်ငန်း တန်ဖိုးတက်စေသော အချက် 10 ချက်
#မာသင်
31/01/2023
Future Leaders
ခေါင်းဆောင်လို့ဆိုလိုက်တာနဲ့ ထိုသူဟာ VCM ဆိုတဲ့ အချက် (၃-ချက်) အများနဲ့မတူ သာလွန်စွာရှိနေတတ်ပါတယ်။
V = Vision (အနာဂတ်ကို ကြိုတင်မျှော်မှန်းသုံးသပ်ခြင်း)
C = Commitment (ဖြစ်ရမယ်ဆိုတဲ့ သံဓိဌာန်ကြီးမားခြင်း)
M = Management (စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်နိုင်ခြင်း)
စတဲ့ အခြေခံအချက် (၃-ချက်) ကို ပေါင်းစပ်ပြီး အောင်မြင်ခြင်းကို ဦးဆောင်နိုင်ခြင်းပဲဖြစ်ပါတယ်။
LEADER (ခေါင်းဆောင်) ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာတော့
L = Loyalty (သစ္စာတရား ကြီးမားတယ်)
E = Empathy (ကိုယ်ချင်းစာမှု အပြည့်ရှိတယ်)
A = Ability (လုပ်ဆောင်နိုင်စွမ်း သာလွန်ရှိတယ်)
D = Decisive (ဆုံးဖြတ်ချက် ခိုင်မာပြတ်သားတယ်)
E = Enthusiastic (စိတ်အားထက်သန်မှု အပြည့်ရှိတယ်)
R = Realistic (အပြောမဟုတ် လက်တွေ့ကျဆောင်ရွက်တယ်)
(ရွက်လှေတစ်စင်း ရှေ့ရောက်ဖို့ရာ တိုက်နေတဲ့လေထက်စာလျှင် – မိမိမှာရှိတဲ့ရွက်ကို လေနဲ့အလိုက်သင့်ပြောင်းလဲပြီးဦးတည်ရှေ့ဆက်ခြင်းဖြစ်တယ်ဆိုတဲ့)သံဓိဌါန်နဲ့လိုချင်တဲ့ရည်ရွယ်ချက်ကိုဖန်တီးဦးဆောင်နိုင်ခြင်းဖြစ်ပါတယ်။
ဒါကြောင့် “ခေါင်းဆောင်မှုဆိုတာ တန်ဖိုးတွေကို လက်တွေ့ ဆောင်ရွက်မှု အဖြစ် ပြောင်းပစ်သူတွေ (Transform values into action)၊ အနာဂတ် အမြင်တွေကို လက်တွေ့ အစစ်အမှန် ဖြစ်စေသူတွေ (Visions into realities)၊ အခက်အခဲတွေကို ကျော်ဖြတ်သူတွေ (Obstacles into innovations)၊ ကွဲပြားခြားနား၊ ပြန့်ကျဲနေတာတွေကို တစ်စုတစ်စည်း ခိုင်မာစေသူ (Separateness into solidarity) ၊ ပြီးတော့ စွန့်စားမှုတွေကို ဆုလာဘ်အဖြစ် လက်ခံတက်သူ (Risks into rewards) စတဲ့ လိုချင်တဲ့ ပန်းတိုင်တွေကို လက်တွေ့ဖန်တီးနေသူတွေပဲဖြစ်ပါတယ်။
ခေါင်းဆောင်စိတ်ဆိုရာမှာတော့ တစ်ဦးတည်းလည်း အများရဲ့အရှေ့မှာ စိတ်ဓါတ်ခိုင်မာစွာ ရပ်တည်နိုင်ဖို့လိုပြီး၊ ဖြစ်ချင်တဲ့ ပန်းတိုင်၊ ရည်ရွယ်ချက်ကို (ဌက်တွေပျံသလို၊ငါးတွေရေကူးသလို)အရှေ့မှလိုရာသို့ဦးဆောင်ပေးနေခြင်းပါပဲ။မိသားစုမှာပဲဖြစ်ဖြစ်၊အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်၊ မြို့ရွာမှာပဲဖြစ်ဖြစ်၊ နိုင်ငံမှာပဲဖြစ်ဖြစ် သေချာတာတော့ (ခေါင်းဆောင်မှုအရည်အချင်း) တွေ ကောင်း မွန်လာနိုင်လျှင်မတူညီတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုဖန်တီးဖော်ဆောင်လာနိုင်မှာအသေချာဖြစ်လို့ အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်များအတွက်.....
Credit Original
05/01/2023
ခေတ်စားလာတဲ့ Business System
—————————————————
ဟိုတလောက system အကြောင်းရေးထားတဲ့ ပိုစ့်တခုကိုမြင်လို့ ပြောချင်တာလေးတွေ ရှိလာလို့ ဒီပိုစ့်ကိုရေးပြီး တင်ပြပေးဖို့ အကြံညဏ်ရလာပါတယ်…
မြန်မာနိုင်ငံမှာ အတော်များများလုပ်ငန်းတွေက family business level ကနေ corporate level ထိ မတက်နိုင်ကြတာများတယ်… ဘာလို့လဲဆိုတော့ system မရှိလို့ပါပဲ…
အဲ့တော့ ဒီလုပ်ငန်းမှာ ကိုယ်က အစောင့်ကြီးလိုပဲ… နေရာက မခွါနိုင် ၊ လုပ်ငန်းချဲ့ဖို့ဆိုတာဝေး ၊ လူခွဲမှ မရှိတာကိုး…
လုပ်ငန်းရှင်တွေက လုပ်ငန်းရှင်နဲ့ မတူဘူး… ဟိုနေရာလဲ ကိုယ်ပါမှ ၊ ဒီနေရာလဲ ကိုယ်ပါမှ ၊ တဖြေးဖြေး တောက်တိုမယ်ရနဲ့ တူလာတယ်…
အဲဒီတော့ System ဆိုတာဘာလဲ…? ပြန်မေးရပါလိမ့်မယ်. . .နားလည်လွယ်အောင်ပြောရရင် အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ်ပါ…
Organization system ကြီးတခု ပြီးပြည့်စုံစွာ တည်ဆောက်ဖို့ သင့်တော်တဲ့ Accounting system , HR system, Inventory system နဲ့ Operation system တို့လိုအပ်ပါတယ်…
အဲ့System တခုချင်းစီက အပြန်အလှန်ထိန်းကျောင်းထားတာမို့ တစ်စုံတစ်ယောက်က ဘယ်သူမှမသိအောင် မဟုတ်တာလုပ်ဖို့က မလွယ်ပါဘူး…
ဥပမာ တခုပြောရရင် ဘယ်လုပ်ငန်းမှာမဆို - Accountant , cashier(သို့) purchaser , management က တယောက်ထဲ လို့မရပါဘူး…
ဆိုကြပါစို့ စာရင်းသမားက management လုပ်လို့လဲမရသလို ၊ ငွေလဲမကိုင်ရပါဘူး… ( petty cash လို အသေးသုံးမျိူးတော့ ကိုင်လို့ရပါတယ်…) Manager လုပ်သူကလဲ ငွေကိုင်ခွင့်မရှိသလို စာရင်းလုပ်လို့လဲမရပါဘူး… ဒါကို Allocation of Power လို့ခေါ်ကြပါတယ်…
Power ဟာ တစုံတယောက်လက်ထဲမှာ အကုန်ရှိနေရင် လုပ်ငန်းဟာ အရမ်းအန္တရာယ်များပါတယ်… ဒါဟာ System ရဲ့ အခြေခံသဘောတရားပါပဲ… လုပ်ငန်းရဲ့ System တခုခြင်းစီမှာ Power တွေ ၊ Role တွေ ၊ Authority တွေ ခွဲထားရပါတယ်… အဲ့နောက်မှာ Responsibility က ကပ်ပါလာပါတယ်… ဒါကို Job design လို့ခေါ်ပါတယ်…
Job design တွေကတဆင့် KPIs(key performance indicators) တွေတည်ဆောက်ရပါတယ်… KPIs တွေကမှ Performance Appraisal System တွေ တည်ဆောက်ပါတယ်… အဲ့အခါမှာ Reward system ဆိုတာ တွဲပါလာပြန်ရော… ဒါက System ကိုမြင်သာအောင် အကြမ်းဖျင်းပြောတာပါ…
System တွေ ကောင်းသွားတဲ့အခါ လုပ်ငန်းရှင်က လုပ်ငန်းမှာ ငုတ်တုတ်ထိုင်ကြည့်နေစရာမလိုတော့ဘူး… System ကပဲ ဝန်ထမ်းတွေကို ထိန်းကျောင်းသွားတယ်… သူတို့အချင်းချင်း ထိန်းကျောင်းသွားကြတယ်… လုပ်ငန်းရှင်ရဲ့တာဝန်က ရောင်းအားတက်ဖို့ အဓိကပဲ… အဲ့ထက်ပို System ကောင်းသွားတဲ့အခါ စျေးကွက်ရှာဖွေခြင်းရဲ့ တစိတ်တပိုင်းကိုပါ System က support လုပ်ပေးနိုင်လာတယ်…
ဒါဆို မေးစရာက ရှိလာပြီ… System ရှိတာက ကောင်းကျိူးအဲ့လောက်များတာ ဘာလို့ လူတွေက Systemကို အကောင် အထည် မဖော်နိုင်ရတာလဲ… ???
မလွယ်လှလို့ပါ…
ဘာလို့ မလွယ်တာလဲဆို ပိုက်ဆံကုန်လို့ပါ…
၁။ system building လုပ်ပေးတဲ့ services တွေရှိပါတယ်… စျေးကလဲ မသေးပါဘူး… ဒေါ်လာထောင်ဂဏန်းက စယူပါတယ်… အဲ့ Service တွေ ဌားရုံနဲ့ ဇာတ်လမ်းက မပြီးပါဘူး…
သူတို့က System ကိုချပေးပြီးအချိန်တခုကြာရင် ထွက်သွားမှာပါ… အဲ့ System ကို ဆက် Run ဖို့ Professional တွေလိုပါတယ်… Management နေရာတွေကို ကိုင်ခိုင်းမဲ့သူက တကယ့် Qualified professional တွေဖြစ်ဖို့လိုပါတယ်…
၂။ အဲ့လိုတွေ Service မအပ်ချင်ဘူးဆိုရင် ၊ ဒါမှမဟုတ် ကိုယ့်လုပ်ငန်းက အပ်ရလောက်အောင် အရမ်းကြီးမနေဘူးဆိုရင် သက်ဆိုင်ရာ Professional တွေကို ခန့်ပြီး သူတို့နဲ့အတူ ကိုယ်တိုင် System ချလို့ရပါတယ်…
အဲ့မှာ အရေးကြီးတာက ၂ချက်ပါ…
- Owner ကိုယ်တိုင်က Accounting နဲ့ HR basic Knowledge ရှိနေရပါမယ်…
- ကိုယ့်ခန့်လိုက်တဲ့ manager တွေသည် တကယ့်ကျွမ်းကျင်တဲ့ Professional တွေ ဖြစ်နေဖို့လိုပါတယ်… professional ဆိုတဲ့စကားက အလကားသုံးတာမဟုတ်ပါဘူး…
Professional ဆိုတာ Professional Ethics ရှိပါတယ်… professional skill ရှိပါတယ်… system တခုကို အကောင်အထည်ဖော်တဲ့နေရာမှာ integrity က အသက်တမျှအရေးကြီးပါတယ်…
၃။ လုပ်ငန်းက အခုမှ စလုပ်မဲ့ လူငယ်တွေကို အကြံပေးချင်တာကတော့ ဘာမှမလုပ်ခင် Accounting Diploma တခုလောက်တော့ ရအောင်ယူပါ… ပိုက်ဆံများတတ်နိုင်ရင် HR Diploma ပါယူနိုင်ရင် ပိုကောင်းပါတယ်…
ဒီလိုပြောလို့ Marketing တို့ ၊ Management တို့က အရေးမကြီးဘူးလားဆိုတော့ ကြီးပါတယ်… ဘာနဲ့တူလဲဆိုတော့ ၆လသားကလေးကို မတ်တပ်ရပ်သင်ပေးမဲ့အစား လေးဘက်ထောက်သင်ပေးတာ ပိုသင့်တော်ပါတယ်… လေးဘက်ထောက်တာကျွမ်းသွားမှ မတ်တပ်ရပ်တာသင်ပေါ့…
အဲ့လိုပါပဲ လုပ်ရင်းကိုင်ရင်းနဲ့မှ Management တို့ ၊ Marketing တို့ ဆက်သင်ပေါ့… တချို့လူကြီးတွေ ပြောကြတဲ့စကားရှိပါတယ်… “ပညာကို ဆုံးခန်းတိုင်အောင် သင်ပြီးမှ အလုပ်လုပ်” ဆိုတာ တကယ်တော့မှားပါတယ်…
ပညာသင်ရင်းနဲ့ အလုပ်စမ်းလုပ်ကြည့်ဖို့လိုသလို အလုပ်လုပ်နေတဲ့တလျှောက်လဲ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေဖို့လိုပါတယ်…
တနိုင်ငံလုံးမှာ Franchise ဆိုင်ခွဲတွေ အများကြီးရှိတဲ့ Brand က Chairman က ပြောဖူးတဲ့စကားတခွန်းရှိပါတယ်… နဂိုရှိပြီးသား Brand ကို သူတို့ကုမ္ပဏီက Takeover လုပ်လိုက်တာပါ…
ဒီကုမ္ပဏီကို သူ Takeover ယူလိုက်တဲ့အချိန် ၈၀% သော ဝန်ထမ်းတွေ အလုပ်ထွက်သွားကြတယ်… သူက ဆက်ပြောပါတယ်… မလုပ်နိုင်တဲ့သူတွေ ထွက်သွားတဲ့အခါ သူတို့နေရာကို လုပ်နိုင်တဲ့သူတွေ ရောက်လာကြတယ်… လုပ်နိုင်သူတွေ ၊ လုပ်တတ်သူတွေ (Professional) တွေနဲ့ပဲ system ကိုဆက်ပြီး Implement လုပ်လို့ရတာပါ…
ဒီနေရာမှာ Budget ဘယ်လောက်သုံးနိုင်သည်ဖြစ်စေ အရေးကြီးတဲ့နောက်တချက်က owner’s mindset ပါ… အချို့ owners တွေက လုပ်ငန်းကိုတော့ system ချချင်တယ် but သူတို့ကိုယ်တိုင်ကိုက change ကိုကြောက်နေတယ်…
Organization မှာ လူတော်တွေကို သုံးဖို့ထက် သံယောဇဉ်တွယ်နေတဲ့လူရိုးတွေကိုပဲ စိတ်ချနေမိတယ်… နောက်တမျိူးက လုပ်ငန်းရှင်ကိုယ်တိုင်က professional မဆန်ဘူး… ဝန်ထမ်းကို အုပ်ချုပ်တဲ့အခါမှာလဲ professional behavior နဲ့မအုပ်ချုပ်ပဲ family business ပုံစံအုပ်ချုပ်နေတယ်…
အဲ့လိုလုပ်ငန်းမျိူးကတော့ ဘယ်လောက် budget သုံးပါစေ ဒုံရင်းက ဒုံရင်းပဲ ပြန်ဖြစ်သွားတတ်ပါတယ်… တချို့ owners တွေက သူတို့မရှိရင် မဖြစ်တာ ၊ အောက်ခြေသိမ်းလိုက်လုပ်နေတာကို ဂုဏ်ယူပြောဆိုကြတယ်…
အချိန်တခုအထိ လုပ်ငန်းက system မကျတာ လက်ခံနိုင်ဖွယ်ရာကျပေမဲ့ အချိန်အကြာကြီး system မရှိဘဲ လည်ပတ်နေတာဆိုရင်တော့ ပြသနာရှိနေပါပြီ…
လုပ်ငန်းရှင်ဟာ Organization ရဲ့ ဦးနှောက်နဲ့တူတာမို့ operation လုပ်ရမှာသည် ဝန်ထမ်းရဲ့တာဝန်ပါ… owners ရဲ့ အခန်းကဏ္ဏာသည် လုပ်ငန်းလည်ပတ်ဖို့မဟုတ်ပဲ လုပ်ငန်းတိုးတက်ဖို့ပဲ ပိုဖြစ်သင့်ပါတယ်… လုပ်ငန်းရှင်များ အထူးသတိပြုရန်ပါ…
OD practitioner တွေအတွက် System ချတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲရဲ့ ၅၀% က owners ကြောင့်ပါ… တချို့ owners တွေက လိုအပ်တဲ့နေရာတွေမှာ ပိုက်ဆံကို အကုန်အကျမခံချင်ဘူး… တချို့ owners တွေကျတော့လဲ သူတို့ကလွဲရင် ဘယ်သူ့ကိုမှ စိတ်မချဘူး…
တချို့ owners တွေကျတာ့ personal emotion တွေကို မထိန်းချုပ်နိုင်ဘူး… professional behavior နဲ့ မအုပ်ချုပ်နိုင်ဘူး… စသည်ဖြင့် အမျိူးမျိူးပါ… မိမိလုပ်ငန်းကို system တော့ချချင်ပါရဲ့ မိမိကိုယ်တိုင် system နဲ့ အံဝင်အောင် မကျင့်ကြံ မပြောင်းလဲနိုင်ရင် ပိုက်ဆံဘယ်လောက်အကုန်ခံခံ အလကားပါပဲ…
System ချဖို့ OD practitioner တယောက်ပေးရဲ့အချိန်ရဲ့ ၃ပုံ၁ပုံလောက်က owner ကို ဖျောင်းဖျနေရပါတယ်… ဒါကဘာကိုပြလဲဆိုရင် မြန်မာနိုင်ငံမှာ System ဆိုတဲ့ စကားလုံးကို ပိုက်ဆံရှိတဲ့လူတန်းစားအလွှာတွေသည်ပင်လျှင် မကျွမ်းဝင်နေတာကို ပြပါတယ်…
နောက်တခု အထင်မှားနေတာ တချက်က system တခါချထားပြီးတာနဲ့ fraud ကို ၁၀၀% မကာကွယ်နိုင်ပါဘူး… လုပ်ငန်းလိုအပ်ချက်အရ system ကို monitoring လုပ်ပြီး modification လုပ်နေဖို့လိုပါတယ်…
Fraud ကို ၁၀၀% မကာကွယ်နိုင်ပင်မဲ့ Percentage တခုအထိတော့ ကာကွယ်ပေးနိုင်တဲ့အပြင် system ရှိတဲ့လုပ်ငန်းတခုသည် အပြန်အလှန်ထိန်းကျောင်းတဲ့စနစ်ရှိနေလို့ fraud ရှိရင် ပြန်ကို သိပါတယ်…
လုပ်ငန်းသည် system နဲ့ လည်ပတ်လာတဲ့အခါ owners သည် operation ထဲမှာ နစ်မြှုပ်မနေဘဲ လုပ်ငန်းတိုးတက်ရာ တိုးတက်ကြောင်းအတွက် အာရုံစိုက်နိုင်ပါတယ်… ဒါက system ရှိခြင်းရဲ့အားသာချက်တွေပါ…
System ရှိခြင်းရဲ့ကောင်းကျိူးတွေကို ချရေးရင် ပြောစရာတွေများလွန်းလို့ ဒီပိုစ့်တခုထဲနဲ့ မလုံလောက်ပါဘူး… အခုပြောနေတာတွေက Organizational Development PhD candidate တယောက်အနေနဲ့ကော ၊ မိမိလုပ်ငန်းကို system ချထားခဲ့ဖူးတဲ့အတွေ့အကြုံတွေ နဲ့ မိတ်ဆွေတွေလုပ်ငန်းတွေကို System consultant လုပ်ပေးခဲ့တဲ့အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ရေးပြထားတာပါ…
System ချတာ လွယ်သလားဆိုတော့ မလွယ်ပါဘူး… ခက်သလားဆိုတော့ professional assistance ရရင် မခက်ပါဘူး… ကိုယ်တိုင်လဲ OD သမားတဖြစ်လဲ လုပ်ငန်းရှင်မို့ လုပ်ငန်းရှင်တွေ နေ့စဉ်ခေါင်းကိုက်နေရတဲ့အခက်အခဲကို ကောင်းကာင်းသိပါတယ်…
သိပ်မကြာခင်တော့ တတ်သိပညာ မနေသာဆိုသလို တန်ဖိုးသင့် Service တွေပေးမဲ့ System Consulting Firm လေးတစ်ခုလောက်တော့ လုပ်ပါဦးမယ်… အလုပ်လေးတွေပါးပြီး အချိန် နဲနဲအားရင်ပေါ့…
အောင်မြင်ကြပါစေ. . .
Credit.Chit Thinzar
04/01/2023
Shwe Brothers Group and Family မှ နှစ်ဦး အလှူအဖြစ် မျိုးဆက်သစ် မိဘမေတ္တာ ပရဟိတ မိဘမဲ့ကျောင်း အတွက် နေ့လယ်စာ အာဟာရနှင့် အထွေထွေ တို့ကို လှူဒါန်းဖြစ်ခဲ့ပါတယ်။
Click here to claim your Sponsored Listing.
Telephone
Website
Address
No(814), Kyauk Sein 8 Road, North Dagon
Yangon