The Nation Voice
The Nation Voice သတင်းဌာနသည်
အညာဒေသမှ ပြည်သူများအား
ဝန်ဆောင်မှုပေးနေသည့် သတင်းဌာနဖြစ်သည်။
The Nation Voice သတင်းဌာနသည် အင်တာနက်ဖြတ်တောက်ခံထားရသည့် စစ်ဘေးသင့်အညာဒေသမှ ပြည်သူများ၏သတင်းသိပိုင်ခွင့်အတွက် အဆိုပါဒေသရှိကျေးရွာခံများထံသို့အိမ်တိုင်ရာရောက် သတင်းအချက်အလက်ဝန်ဆောင်မှုပေးနေသည့် တစ်ခုတည်းသော သတင်းဌာနဖြစ်သည်။
30/05/2026
အင်းတော်နဲ့ မော်လူးမှာ စစ်တပ်အကျအဆုံးများနေ
TNV၊
အောင်ကြီး၊ မေ-၃၀
စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်ဝင်ပေါက်ဖြစ်တဲ့ အင်းတော်မြို့နဲ့ မော်လူးမြို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့လအတွင်း ပြန်သိမ်းခဲ့ပေမယ့် လက်ရှိမှာ တော်လှန်ရေးတပ်တွေရဲ့ တန်ပြန်ထိုးစစ်ကြောင့် စစ်တပ်ဘက်က အကျအဆုံးတွေ များလာနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အဓိကလမ်းကြောင်းတစ်လျှောက် စစ်တပ်ရဲ့ ထိန်းချုပ်နိုင်စွမ်းဟာလည်း ထပ်ပြီး စိန်ခေါ်ခံနေရတယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ အင်းတော်မြို့ကို ဧပြီ ၃၀ ရက်မှာ ပြန်သိမ်းခဲ့ပြီး မော်လူးမြို့ကိုတော့ မေ ၅ ရက်မှာ သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ တော်လှန်ရေးတပ်တွေက မြို့နှစ်မြို့ကို ပြန်ဝိုင်းထားနိုင်သလို ကချင်ပြည်နယ်ဝင်ပေါက်ဖြစ်တဲ့ ထီးချိုင့်-နန့်စီးအောင် လမ်းမကြီးကိုလည်း KIA နဲ့ မဟာမိတ်တပ်တွေက ပိတ်ဆို့ထိန်းချုပ်ထားနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အင်းတော်နဲ့ မော်လူးဘက်ကို စစ်ကူနဲ့ ထောက်ပို့ပစ္စည်းတွေ သယ်ဆောင်လာတဲ့ စစ်ယာဉ်တန်းတွေကိုလည်း တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်နေပါတယ်။
ပြီးခဲ့တဲ့ မေ ၂၄ ရက်က မိုးညှင်းဘက်ကနေ ဆင်းလာတဲ့ စစ်ကားသုံးစီးကို မော်ဟဲရွာအနီးမှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကားသုံးစီး မီးလောင်ပျက်စီးခဲ့ပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
မေ ၂၄ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာလည်း စစ်တပ်ဘက်က အထိနာခဲ့သလို မော်လူးဒေသမှာ စခန်းစွန့်ခွာထွက်ပြေးမှုတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။
စီးပိန်ရွာအနီးကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားတာကြောင့် စစ်တပ်ရဲ့ ထောက်ပို့ယာဉ်တွေ သွားလာလို့မရတော့ဘဲ အရပ်ဘက်ကားတွေကိုသာ ဖြတ်သန်းခွင့်ပေးထားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဓာတ်ပုံ - (KIA တပ်ဖွဲ့ဝင်များပုံအဟောင်း)
စစ်တပ်ရဲ့ ၁၂၂ မမ အတွဲလိုက်ဒုံးတွေ တော်လှန်ရေးအဖွဲ့ တိုက်ခိုက်သိမ်းရရှိ
TNV၊ သတင်း
ငြိမ်း (TNV)၊ မေ-၂၉
နင်းမိုင်း အိမ်ယူလာမိလို့ ပေါက်ကွဲပြီး ရွာခံသုံးဦးဒဏ်ရာပြင်းထန်
The Nation Voice၊ သတင်း
ငြိမ်း (TNV)၊ မေ ၂၉
29/05/2026
နင်းမိုင်း အိမ်ယူလာမိလို့ ပေါက်ကွဲပြီး ရွာခံသုံးဦးဒဏ်ရာပြင်းထန်
The Nation Voice၊ သတင်း ငြိမ်း (TNV)၊ မေ ၂၉
မကွေးတိုင်း၊ စလင်းမြို့နယ် မေလ ၂၈ရက်မှာ ထန်းပင်ကုန်းရွာသားတစ်ဦးဟာ စမ်းကလေး(မြောက်) ရွာမှာ စစ်ကော်မရှင်စစ်ကြောင်းဝင်ရောက်စဉ်က ထောင်ခဲ့တဲ့ မြေနင်းမိုင်းတစ်လုံးကို တွေ့ပြီး အိမ်ယူလာခဲ့ကာ တံစဉ်နဲ့ ကလော်ဖြုတ်ခဲ့တာကြောင့် ပေါက်ကွဲခဲ့ပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်းပြည်သူသုံးဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး အမျိုးသားနှစ်ဦးကတော့ စိုးရိမ်ရတဲ့အနေထားရှိတယ်လို့ ရွာခံတစ်ဦးက ကိုပြောပါတယ်။
The Nation Voice ကကြည့်ခွင့်ရတဲ့ပုံထဲမှာ အမျိုးသားတစ်ဦး လက်နှစ်ဖက်လုံး လက်ကောက်ဝတ်ကနေ ဆုံးရှုံးထားပြီး တခြားအမျိုးသားတစ်ဦးကလည်း မျက်နှာမှာပြင်းထန်တဲ့ ဒဏ်ရာရှိထားပါတယ်။ ပေါက်ကွဲခဲ့တဲ့မြေနင်းမိုင်းကို စစ်တပ်သုံး M14 မိုင်း လို့ယူဆရပေမယ့် အတည်မပြုနိုင်ပါဘူး။
ဒီသတင်းနဲ့ အတူ စစ်ကျန်လက်နက်ပစ္စည်း အသုံးအဆောင်တွေကို မထိ၊မကိုင်ကြဖို့နဲ့ မြေမြုပ်မိုင်း အန္တရာယ်ကိုသတိပြုဖို့ထပ်လောင်းနှိုးဆော်အပ်ပါတယ်။
29/05/2026
စစ်တပ်ရဲ့ ၁၂၂ မမ အတွဲလိုက်ဒုံးတွေ တော်လှန်ရေးအဖွဲ့
တိုက်ခိုက်သိမ်းရရှိ
TNV၊မေ-၂၉
မကွေးတိုင်း၊မင်းဘူး(စကု) မြို့နယ်နဲ့အမ်းလမ်းပိုင်းမှာ ရခိုင်ကိုပို့မယ့် စစ်ကော်မရှင်ရဲ့ ထောက်ပို့ယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့တာလို့ မကွေးတိုင်းပကဖက ယနေ့ ထုတ်ပြန်ပါတယ်။
ကျောက်ပန်းတောင်းမြို့နယ်အခြေစိုက် အမှတ် ၁ ဒုံးစစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(ဒစက-၁) လက်အောက်ခံ အမှတ် ၆၀၉ ဒုံးတပ်ရင်းကထွက်လာတဲ့ စစ်ကော်မရှင်ရဲ့ လက်နက်ခဲယမ်းထောက်ပို့ယာဉ်တစ်စီးရောက်လာတာကြောင့်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကားက ၂ စီးလာတာ ။ ရှေ့က အရာရှိတွေပါတဲ့ အိမ်စီးကားလေး။ အဲဒါကို ပြည်သူကားပဲ ထင်လိုက်မိတာ။ အဲကားက လွတ်သွားတာ” လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တစ်ဦးက The Nation Voice ကိုပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၆ဦးသေဆုံးပြီး သုံးဦးအရှင်ဖမ်းမိခဲ့ပါတယ်။
အခုဖမ်းရတဲ့ လက်နက်တွေထဲမှာ 122 MLRS Rockets ၁၂၂ မမ အတွဲလိုက် ပစ် ဒုံးတွေ၊ပါဝင်နေတာကို မြင်တွေ့ရပြီး MA 1 နှစ်လက်၊ MA 2 တစ်လက်၊ MA 13 (သို့) U*i သုံးလက် အပါအဝင် လက်နက်၊ ခဲ၊ ယမ်းများ သိမ်းဆည်း ရမိခဲ့ပြီး တချို့တဝက်ကိုသာ ဖော်ပြသတင်းထုတ်ပြန်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို မင်းဘူး (စကု) မြို့နယ် ပကဖ၊ ချင်းကာကွယ်ရေးတပ် - အရှို ( CDF – Asho ) နဲ့ လူ့ဘောင်သစ်တပ်မတော်( NSA ) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းဆည်းရတဲ့ ၁၂၂ မမ ဒုံးကျည်ဆိုတာ မြေပြင်ကနေ မြေပြင်ကို အတွဲလိုက်ပစ်ခတ်တဲ့ ဒုံးကျည်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အဲဒီဒုံးတွေကို အများအားဖြင့် Multiple Rocket Launcher (MLRS) စနစ်မှာ အသုံးပြုကြတာဖြစ်ပြီး ဆိုဗီယက်ခေတ်က ထုတ်လုပ်ခဲ့တဲ့ BM-21 Grad စနစ်ကနေ စတင်အသုံးများလာတာပါ။ နောက်ပိုင်းမှာလည်း အဲဒီစနစ်ကို အခြေခံပြီး နိုင်ငံတော်တော်များများက ကိုယ့်ပုံစံနဲ့ကိုယ် ဆက်လက်တီထွင် အသုံးပြုနေကြတဲ့ စစ်လက်နက်တစ်မျိုးပါ။
မြန်မာစစ်တပ်ဟာ ၂၀၁၉ ခုနှစ် ရခိုင့်တပ်တော်(AA) နဲ့တိုက်ပွဲများမှာကတည်းက ဒီဒုံးကျည်များကို အသုံးပြုတယ်လို့ စစ်တပ်က Myanmar Now သတင်းဌာနကို ၂၀၁၉ မှာ ဖြေဆိုခဲ့ဖူးပါတယ်။
29/05/2026
မင်းဘူးက နတ်ရေကန်သို့ ထောက်ပို့စစ်ကား တိုက်ခိုက်ခံရ၊ စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦး ဖမ်းဆီးခံရ
TNV၊ မေ၊၂၉
အောင်ကြီး
မင်းဘူးမြို့နယ် ဇီးအိုင်ရွာအနီးတွင် မေလ ၂၈ ရက် နံနက် ၇ နာရီဝန်းကျင်ခန့်က မင်းဘူးမြို့မှ နတ်ရေကန်သို့ စစ်လက်နက်ခဲယမ်းနှင့် အင်အားဖြည့်တင်းရန် လာသည့် စစ်ကားကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကျန်ရှိသည့် စစ်သားများမှာ နောက်ဆုတ်ထွက်ပြေးသွားကြကြောင်းလည်း သိရသည်။ ထို့ပြင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။
အလားတူ စကုမြို့နယ်တွင်လည်း စစ်တပ်စစ်ကြောင်းက နဘဲကုန်းရွာရှိ သုဿန်ဇရပ်ကို မီးရှို့ဖျက်ဆီးသွားခဲ့ပြီး မန်းချောင်းမြောင်းဘက်သို့ စစ်ကြောင်းထိုးလာနေသောကြောင့် မြောင်းဘောင်တလျှောက်ရှိ ကျေးရွာများမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရကြောင်း The Nation Voice ကို ဒေသခံတစ်ဦးက ပြောသည်။
29/05/2026
မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာပေါင်း ၂၀ ကျော် စစ်ရှောင်နေရ
TNV၊ မေ ၂၉
အောင်ကြီး
ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းတွေ အထိုင်ချထားတဲ့ လင်းကတောကျေးရွာကနေ နေ့စဉ် မြိုင်မြို့ အရှေ့မြောက်ဘက်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူ ၇၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လင်းကတောရွာကို တော်လှန်ရေးအဖွဲ့အစည်းတွေ သိမ်းပေးဖို့ ပြောချင်ပါတယ်။ အခုဆိုရင် ရွာတွေ စုတ်ပြတ်နေပြီး စစ်ဘေးရှောင်တွေ စားဝတ်နေရေး တော်တော်ဒုက္ခရောက်နေကြတယ်” လို့ ဒေသခံတစ်ဦးက The Nation Voice ကို ပြောပါတယ်။
လင်းကတောဟာ စစ်ရေးအရ အရေးပါတဲ့နေရာမှာ တည်ရှိပါတယ်။ မြိုင်မြို့ - ရေစကြိုမြို့နယ်ကို ချိတ်ဆက်ထားတဲ့ လမ်းမကြီးပေါ်မှာ တည်ရှိသလို စစ်ကိုင်းတိုင်းက ပုလဲမြို့၊ ယင်းမာပင်မြို့၊ ဆားလင်းကြီးမြို့တို့နဲ့ ချိတ်ဆက်ထားတဲ့ ပုသိမ် - မုံရွာလမ်းမကြီးပေါ်မှာလည်း တည်ရှိပါတယ်။
ဒီရွာကိုစစ်တပ်က ၂၀၂၃ ခုနှစ်ကတည်းက ဝင်ရောက်တပ်စွဲခဲ့တာကြောင့် ကျေးရွာဒေသခံအများအပြားက စစ်ဘေးရှောင်နေရတာ နှစ်ချီပါပြီ။
လင်းကတော ရွာက ထွက်လာတဲ့ အင်အား ၂၀၀ ပါ စစ်ကြောင်းဟာ မေလ ၂၆ ရက်နေ့မှာ ပေါင်းတည်ရွာက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူခဲ့ပြီး ညနေပိုင်းမှာတော့ ပေါင်းတည်ရွာကို မီးရှို့ဖျက်ဆီးသွားလို့ နေအိမ် ၅ လုံး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတစ်ဦးက The Nation Voice ကို ပြောပါတယ်။
မြိုင်မြို့နယ် စက်မှု ၂ (တကစ ၃) ထဲကို ပခုက္ကူ တပ်မ ၁၀၁ က မေလ ၂၃ ရက်နေ့မှာ စစ်ဘက်သုံး ရဟတ်ယာဉ် ၂ စီးနဲ့ စစ်လက်နက်ခဲယမ်းနဲ့ စစ်အင်အားတွေ ပို့ဆောင်ခဲ့ပြီးနောက် မြိုင်မြို့နယ် အနောက်တောင်ဘက်ကျေးရွာတွေကို နေ့တိုင်း စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာတွေ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
မြိုင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ကျေးရွာပေါင်း ၂၀ ကျော် ရှိနေပြီလို့ သိရပါတယ်။
ဓာတ်ပုံ - မေလ ၂၆ ရက်နေ့က ပေါင်းတည်ရွာ မီးရှို့ခံရပုံ
(ပြင်ဆင်ချက်- လင်းကတောကျေးရွာဟာ ပျူစောထီးရွာမဟုတ်ဘဲ စစ်ကောင်စီဝင်ရောက်တပ်စွဲထားတဲ့ ရွာဖြစ်တာကြောင့် ဒီအချက်ကိုပြန်လည်ပြင်ဆင်ထားပါတယ်)
ညောင်ဦးနယ်သည် မြန်မာ့ပုန်းရည်ကြီး၏ ဇာတိမြေဖြစ်ပြီး ငါ့သရောက်ဒေသမှာလည်း ပုန်းရည်ကြီးထုတ်လုပ်သည့် ရွာကြီးတစ်ရွာဖြစ်သလို လျှပ်စစ်မီးကိုလည်း အပြည့်အဝရရှိသည်။
ပဲပိစပ်ဈေးတက်မှုနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် ညောင်ဦးနယ်ရှိ ပုန်းရည်ကြီးလုပ်ငန်းများ အခက်အခဲကြုံတွေ့နေရသည်။ တစ်နိုင်တစ်ပိုင်လုပ်ငန်းများ လျော့နည်းလာပြီး ပုန်းရည်ကြီးထုတ်လုပ်ရေးလုပ်ငန်းများမှာ ရေစကြိုနှင့် မင်းလှကဲ့သို့သော မကွေးတိုင်းဒေသများသို့ ပျံ့နှံ့လာနေကြောင်းလည်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပုဂံဘုရားဖူးများ မြင်တွေ့ခဲ့ရတဲ့ တစ်ဖက်ကမ်းမြစ်ခြေကမီးရှို့မှု
TNVသတင်း၊
မေ၊၂၈
ပုဂံဘုရားတွေရဲ့ တစ်ဖက်ကမ်းက မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေဒေသကျေးရွာတွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာတွေကို မီးရှိုနေပါတယ်။ ပုဂံဘက်ကမ်းကနေ မီးခိုးတန်းတွေ တက်နေတာနဲ့ ကျေးရွာတွေ မီးလောင်နေတဲ့မြင်ကွင်းကို ဘုရားဖူးတွေကရုပ်သံရိုက်ကူးထားပါတယ်။
စစ်ကြောင်းဝင်လာမှုကြောင့် မြစ်ခြေဒေသက ကျေးရွာ ၃၀ ကျော်မှ ဒေသခံ နှစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ ကျေးရွာ ခုနစ်ရွာ မီးရှို့ခံထားရတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
မြစ်ခြေ၊ ထန်းတောချောက်ကျေးရွာမှာလည်း ထွက်မပြေးနိုင်ခဲ့တဲ့ မွေးကင်းစကလေးငယ်တစ်ဦးနဲ့ မိခင်တစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရပြီး အလောင်းတွေကိုပါ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဆိုထား ပါတယ်။
28/05/2026
လေပြင်းတိုက်လို့ နေအိမ်သုံးလုံးပျက် (ဓာတ်ပုံသတင်း)
The Nation Voice၊ သတင်း
ငြိမ်း(TNV )၊ မေ ၂၈
မကွေးတိုင်း၊ စလင်းမြို့နယ် အနောက်ဘက်ခြမ်းမှာ လေပြင်းသုံးရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် သုံးလုံးပျက်စီးခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။
" ပထမနေ့ကလေတိုက်တော့ လမ်းပေါ်မှာရှိနေတာ။ အိမ်သုံးလုံးအမိုးလန်တယ်။ သစ်ပင်တွေလည်း ကျိုးကျတယ်။ ကျိုးတဲ့အထဲမှာ တစ်ပင်က ထနောင်းပင်။ လေက တစ်ချက်နှစ်ချက်ရယ် ခဏလေးတိုက်လိုက်တာ" လို့ ရွာခံတစ်ဦးက The Nation Voice ကိုပြောပါတယ်။
တခြားရွာက ရွာခံတစ်ဦးကလည်းမိုးသိပ်မရွာဘဲ လေတွေတအားတိုက်တာကြောင့် တောထဲမှာ တဲကြီးလေနဲ့ ပါသွားမှာစိုးလို့ လက်နဲ့ဆွဲထားရတယ်လို့ ဆိုပါတယ်။
28/05/2026
ရခိုင်ပြည်နယ်ဝင်ပေါက် ကို အင်အား အလုံးအရင်းနဲ့ ပိတ်ဆို့ထားနိုင်ဖို့ စစ်တပ်လုပ်နေ
TNV၊သတင်း
အောင်ကြီး- မေ ၂၈
ရခိုင်ပြည်နယ် ဝင်ပေါက် ဖြစ်တဲ့ မကွေးတိုင်း မင်းတုန်းမြို့နယ် ၊ ငဖဲမြို့နယ် ကို စစ်တပ် စစ်ကြောင်း အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး ဇူလိုင် လကုန် အပြီး ပိတ်ဆို့ထားနိုင်ဖို ပြင်ဆင်နေတယ်လို့တော်လှန်ရေး သတင်းအရင်းအမြစ်တစ်ဦးက သတင်းပေးလာပါတယ်။
ပုသိမ်-မုံရွာ လမ်းမကြီး တလျှောက် စစ်တပ် စစ်ကြောင်း ထိုးလာနေတာကြောင့် တိုက်ပွဲဖြစ်နေသလို မင်းတုန်းမြို့နယ် စစ်တပ် အင်အား ၁၅၀၀ ဝန်းကျင် ရောက်ရှိနေပြီး ရခိုင်ရိုးမဘက် စစ်ကြောင်း ထိုးဖို့ပြင်နေပါတယ်။
ကံကြီးရွာ ၊ မင်းတုန်းချောင် အထက်ရွာမှာလည်း တပ်စွဲထားတဲ့ အင်အား ၄၀၀ ကျော်ဟာ မင်းတုန်း မြို့နယ် ပြောင်းရွာအပါအဝင် ရခိုင်ရိုးမတောင်ခြေက ကျေးရွာတွေကို စစ်ကြောင်း ထိုးတာ တွေလည်းပြုလုပ်နေတယ်လို့ နယ်မြေသတင်းတွေအတည်ပြုနိုင်ပါတယ်။
မင်းတုန်းမြို့အနောက်မှာ ရခိုင်ပြည်နယ်တောင်ကုတ်ဖြစ်ပြီး AAက ထိန်းချုပ်ထားပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon