Digit Hub - Social Media Solution

Digit Hub - Social Media Solution

Share

Unlock your Digital success with us.

Photos from Digit Hub - Social Media Solution's post 04/06/2024

Breaking News!!!!
လာမဲ့ June လ တစ်လလုံးမှာတော့ ကျွန်မတို DigitHub မှာဆောင်ရွက်ပေးသမျှ ဝန်ဆောင်မှုတိုင်းကို 15% Off Discount အနေနဲ့ ဆောင်ရွက်ပေးမှာပဲဖြစ်ပါတယ်ရှင်..
Creative ဖြစ်တဲ့ Content တွေ Design and Motion တွေအပြင် Media Buying, Campaign စတဲ့ ဆက်စပ်ဝန်ဆောင်မှုတွေကိုပါ တစ်နေရာတည်းမှာ ရနိုင်မှာဖြစ်တာကြောင့် 15% off နဲ့ June လ ကနေစပြီး လူကြီးမင်းတိုရဲ့ လုပ်ငန်းကိုပိုမိုချဲ့ထွင်းနိုင်ပါပြီရှင်....

Design, Branding နဲ့ Content Strategy ဆိုင်ရာအကြောင်းအရာတွေကို
အသေးစိတ်စုံစမ်းနိုင်ဖို့နဲ့ လုပ်ငန်းဆိုင်ရာအကြုံဉာဏ်တွေ ပေးနိုင်ဖို့
Phone - 09662998993, Facebook Messenger, Telegram Community Chat နဲ့ https://t.me/digithubmm01 (Telegram), [email protected] တို့ကို ဆက်သွယ်နိုင်ပါပြီရှင့်....

30/05/2024

ဒီနေ့မှာတော့ Brand တစ်ခုအောင်မြင်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Brand Positioning အကြောင်းကို Knowledge Sharing လုပ်သွားမှာပဲ ဖြစ်ပါတယ်။
Brand positioning ဆိုတာက Customers or Clients တွေအနေနဲ့ ကိုယ့်ရဲ့Brand ကနေ တခြားသော Brand တွေနဲ့မတူ တမူထူးခြားတဲ့ တန်ဖိုးရလဒ် တစ်ခုကို ရရှိအောင်လုပ်ဆောင်ခြင်းအားဖြင့် Customer or Client တွေဆီကို Physically and Emotionally နေရာယူနိုင်ခြင်းပဲ ဖြစ်ပါတယ်။ Brand Positioning ဆိုတာ Brand တစ်ခုအတွက် Marketing Strategy လည်းဖြစ်ပြီး Customers တွေက ဈေးကွက်ထဲမှာရှိတဲ့ ကိုယ့် Brand နဲ့ Ranking တူနေတဲ့ Quality or Price မတိမ်းမယိမ်းရှိနေတဲ့ အခြားသော Brands တွေထက် ကိုယ့် Brand ကိုမှ နှစ်သက်ပြီး ရွေးချယ်ဝယ်ယူချင်လာရမယ့် အကြောင်းရင်းလည်းဖြစ်ပါတယ်။
Brand Positioning ဟာ Brand Manager တွေအတွက်လည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ကိုယ့် Brand ရဲ့ Positioning ကိုသိမှသာ Brand Positioning Statement ကိုရေးဆွဲနိုင်မှာဖြစ်ပါတယ်။
Brand Positioning Statement ထဲမှာ -
(၁) ကိုယ့်ရဲ့ Target Market or Customer က ဘယ်သူတွေလဲ?
(၂) ဘယ်လို Products တွေကို ရောင်းမှာလဲ?
(၃) ကိုယ့် Products ရဲ့ အားသာချက် အားနည်းချက်တွေက ဘာတွေလဲ?
(၄) Customers တွေ ကိုယ့် Products ကိုသိလာအောင် လက်ခံလာအောင် Marketing Plan ဘယ်လိုဆွဲမလဲ?
(၅) ကိုယ့် Brand အောင်မြင်အောင် Strategy ဘယ်လိုချမလဲ ဘယ် Ads Media/Channel သုံးမှာလဲ?
(၆) Promotion တွေကိုရော ဘယ်လိုပေးမှာလဲ?
(၇) ဈေးကွက်ထဲမှာပေါက်ဖို့ Pricing Strategy ကို ဘယ်လိုချရမလဲ?
(၈) ကိုယ့် Products ကို ဘယ်လို Distribution Channel တွေသုံးပြီး ဘယ် Market မှာ ရောင်းမှာလဲ?
ဆိုတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားမှသာ Customers ကိုပေးချင်တဲ့ မိမိ Brand ရဲ့ တမူထူးခြားတဲ့တန်ဖိုး နဲ့ Brand Image တွေကို အကောင်းဆုံးပေးစွမ်းပြီး ကိုယ့် Products ကိုသာရွေးချယ်ဝယ်ယူလာအောင် ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။

Design, Branding နဲ့ Content Strategy ဆိုင်ရာအကြောင်းအရာတွေကို
အသေးစိတ်စုံစမ်းနိုင်ဖို့နဲ့ လုပ်ငန်းဆိုင်ရာအကြုံဉာဏ်တွေ ပေးနိုင်ဖို့
Phone - 09662998993, Facebook Messenger, Telegram Community Chat နဲ့ https://t.me/digithubmm01 (Telegram), [email protected] တို့ကို ဆက်သွယ်နိုင်ပါပြီရှင့်....

24/05/2024

Social Media Design တစ်ခုချင်းစီအတွက် DigitHub မှာ Content နဲ့ Design အစုံအလင်ကို တစ်ခုချင်းစီလဲ ရေးဆွဲပေးပါတယ်ရှင့်...
မိမိလုပ်ငန်းနဲ့ လိုက်ဖက်မဲ့ Design တွေကို Creative အဖြစ်ဆုံးနဲ့ Client စိတ်ကြိုက်ဖြစ်စေဖို ဖန်တီးပေးမှာမို ခုပဲ Messenger မှာလာရောက်အပ်နှံနိုင်ပါပြီရှင်..🥳

Design, Branding နဲ့ Content Strategy ဆိုင်ရာအကြောင်းအရာတွေကို
အသေးစိတ်စုံစမ်းနိုင်ဖို့နဲ့ လုပ်ငန်းဆိုင်ရာအကြုံဉာဏ်တွေ ပေးနိုင်ဖို့
Phone - 09662998993, Facebook Messenger, Telegram Community Chat နဲ့ https://t.me/digithubmm01 (Telegram), [email protected] တို့ကို ဆက်သွယ်နိုင်ပါပြီရှင့်....

19/05/2024

ဒီ Design လေးဖြစ်မြောက်ဖို့အတွက် အဖက်ဖက်မှပါဝင်ကူညီခဲ့ကြတဲ့ Task တစ်ခုနာရီဝက်နှုန်း Run ပေးသော ကွန်ပြုတာအစုတ်လေးမှ စပြီး တီးဝိုင်းသံဝေဝေဆာဆာထွက်ပါသော Keyboard နှင့် Mouse ကလေးအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း........

Business Logo, Restaurant Logo, Esports Logo, Mascot Logo, Motion နဲ့ Design မျိုးစုံ လာအပ်လို့ရပါပြီ ခင်ဗျာ..

Design, Branding နဲ့ Content Strategy ဆိုင်ရာအကြောင်းအရာတွေကို
အသေးစိတ်စုံစမ်းနိုင်ဖို့နဲ့ လုပ်ငန်းဆိုင်ရာအကြုံဉာဏ်တွေ ပေးနိုင်ဖို့
Phone - 09662998993, Facebook Messenger, Telegram Community Chat နဲ့ https://t.me/digithubmm01 (Telegram), [email protected] တို့ကို ဆက်သွယ်နိုင်ပါပြီရှင့်....

18/05/2024

ဒီနေ့တော့ ဇူဇူရဲ့ မှတ်သားစရာ Quotes လေး sharing လုပ်ပေးပါမယ်…

Design, Branding နဲ့ Content Strategy ဆိုင်ရာအကြောင်းအရာတွေကို
အသေးစိတ်စုံစမ်းနိုင်ဖို့နဲ့ လုပ်ငန်းဆိုင်ရာအကြုံဉာဏ်တွေ ပေးနိုင်ဖို့
Phone - 09662998993, Facebook Messenger, Telegram Community Chat နဲ့ https://t.me/digithubmm01 (Telegram), [email protected] တို့ကို ဆက်သွယ်နိုင်ပါပြီရှင့်....

13/05/2024

ဘယ်နယ်ပယ်ပဲဖြစ်ဖြစ် အရာရာတိုင်းက Consistency ရှိနေဖို့လိုအပ်ပါတယ်
အရင်ဆုံးပြင်ရမယ့် တစ်ချက်က ကောက်ရိုးမီးလို အကျင့်ကိုပါ၊ ဒီက Admin တွေကိုယ်တိုင်လဲ မနည်းဖျောက်ထားရတဲ့ အကျင့်လေးတစ်ခုပေါ့....
အရင်ဆုံးသိထားရမှာက Digital Marketing လုပ်ရင် Expense တွေကုန်ကျလိုက်တာလို တွေးတာထက် ကိုယ့်လုပ်ငန်းအတွက် Investment လုပ်လိုက်တယ်လို့ သဘောထားရပါမယ် ✅
Marketing, Content Creation, Planning ဘာတွေပဲဖြစ်ဖြစ် အမြဲတမ်း အချိန်အတိုင်းအတာတစ်ခုနဲ့ သတ်မှတ်ပြီးပုံသေ Run နေဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ပုံမှန်မရှိတဲ့အချိန်မှာ Customer အနေနဲ့ မိမိလုပ်ငန်းကို စိတ်ဝင်စားမှု သိသိသာသာလျော့ကျစေပြီး နောင်အခါ အရှိန်အဟုန်နဲ့ လုပ်ငန်းချဲ့ထွင်ရာမှာ လုပ်ရကိုင်ရခက်စေပါတယ်
စိတ်ပါမှ Urgent ထလုပ်မယ် မလိုအပ်ရင် မလုပ်တော့ဘူး ဒါတွေက ပိုက်ဆံကို ရေထဲမျောလိုက်သလိုပါပဲ နှမျောဖို့ကောင်းပါတယ်
ခဏတာပဲ ထိရောက်ပြီး ရေရှည်အတွက်မစဉ်းစားရင်တော့ ကိုယ့်လုပ်ငန်းပဲ ထိခိုက်နိုင်ပါတယ်
ဒီတော့ ကိုယ့်လုပ်ငန်းသေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ ဒီနေ့ခေတ်ရဲ့ လွှမ်းမိုးမှုအများဆုံးဖြစ်တဲ့ Digital Channel တွေမှာ မိမိလုပ်ငန်းကို ကိုယ်စားပြုတဲ့ အရာတွေအတွက် ခြေလှမ်းစတင်ရင်း ပုံမှန်လေး စျေးကွက်ထဲတိုးဝင်နေဖို့ လိုပါတယ်
ဒီလိုတိုးဝင်နိုင်ဖို့ အရေး တစ်ဖက်တစ်လမ်းကနေ ကူညီဆောင်ရွက်ပေးဖို့လဲ Digit Hub ရှိနေပါပြီ.....

Disclaimer - Design ပါပုံများသည် ကောက်ရိုးမီးကိုပြသလိုချင်တာဖြစ်ပြီး ပိုက်ဆံကို မီးစွဲနေသည့် သဘောသက်ရောက်သော ပုံစံအသုံးပြုထားခြင်းမရှိပါခင်ဗျာ

Design, Branding နဲ့ Content Strategy ဆိုင်ရာအကြောင်းအရာတွေကို
အသေးစိတ်စုံစမ်းနိုင်ဖို့နဲ့ လုပ်ငန်းဆိုင်ရာအကြုံဉာဏ်တွေ ပေးနိုင်ဖို့
Phone - 09662998993, Facebook Messenger, Telegram Community Chat နဲ့ https://t.me/digithubmm01 (Telegram), [email protected] တို့ကို ဆက်သွယ်နိုင်ပါပြီရှင့်....

08/05/2024

ယနေ့ရန်ကုန်မြို့ရဲ့အပူချိန် 41 Degree Celsius ဖြစ်ပါတယ်ရှင်..📢

သတင်းဌာနကြော်ငြာသံနဲ့အတူ ပျက်သွားတဲ့ မီးကြောင့် နှီးယပ်တောင်ကိုတဖြတ်ဖြတ်ခပ်ရင်း Page အတွက် Promotion Post လေးတစ်ခုလုပ်ဖို့ စဉ်းစားနေတဲ့ Anne တစ်ယောက် ခေါင်းပိုပူသွားသလိုခံစားလာရပါတယ်။
တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်သေးလေး ဖွင့်ထားတဲ့ Anne အတွက် ဆိုင်အလုပ်တွေအပြင် တခြားအလုပ်တွေကို ခွဲလုပ်ပေးဖို့ရာ လူခွဲကလည်းမရှိ..
အရသာနဲ့ သန့်ရှင်းလတ်ဆတ်မှုတွေကြောင့် အတန်အသင့်နာမည်ရလာတဲ့ Anne ရဲ့ ဆိုင် page လေးကား တစ်ပတ်စာ Order များနှင့် ပြည့်လို့နေပါတယ်... Customer အခိုင်အမာရှိလာပြီမို့ ဆိုင်သေးလေးအနေနဲ့ တနိုင်တပိုင် Promotion လေးစလုပ်ပြီး ရောင်းအားကို ဒီထက်တိုးနိုင်အောင် ကြံစည်ရင်း အကောင်အထည်ဖော်ဖို့ Anne တစ်ယောက်ကြိုးစားနေရပါပြီ….
၃ နာရီခန့် Promotion Plan အတွက် စဉ်းစားပြီးချိန်မှာတော့ မီးပျက်နေတဲ့ တိုက်ခန်းငယ်လေးထဲမှာ နွေအပူချိန်ကို အံတုနေတဲ့ Anne တစ်ယောက် ခေါင်းထဲမှာ ဘာမှဆက်မထွက်လာတော့ပါ....
Content ‌ရေးရဦးမည်.. ဒီဇိုင်းလှလှလေးတစ်ခုလည်းဖန်တီးရပေဦးမည်..ဒါတွေအပြင် လူပိုသိအောင် Boost လည်းလုပ်ချင်သေးသည်။ 🧐
Plan ခေါင်းထဲကထွက်လာပေမဲ့ ကျန်တာတွေဆက်လုပ်ဖို့ Anne မှာ မယ်မယ်ရရ မသိ.. လူငယ်ပီပီ အကြောင်းအရာတွေနဲ့ ရင်းနှီးပြီး သိသင့်သလောက်သိပေမဲ့ ထဲထဲဝင်ဝင်လုပ်ဖို့ရာ ဘာကစကိုင်ရမယ် မသိဖြစ်သွားပါတယ် 😮‍💨
စိတ်ညစ်ညစ်နဲ့ Facebook ကို နောက်ဆုံးလက်ကျန် Battery လေးနဲ့ ပွတ်နေရင်း Anne မျက်စိထဲကိုဝင်လာ တဲ့ ပို့စ်လေးတစ်ခုကြောင့် သေချာလေးဖတ်မိသွားတယ်။ (Facebook ရဲ့ AI Tracking က ဒီနေရာမှာ အကူညီဖြစ်သွားပါပြီ) Social Media Design တွေအပြင် ပို့စ်တစ်ခုချင်းစီအတွက် Content တွေကိုပါ တစ်ခုချင်းအပ်လို့ရပြီး Media Buying အတွက်ပါ ဝန်ဆောင်မှုပေးတဲ့ Digit Hub – Social Media Solution ရဲ့ Service ကြော်ငြာတဲ့ ပို့စ်လေးက Anne ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မှာ သေချာနေတာမို့ Page Messenger ကနေဆက်သွယ်ပြီး လုပ်ချင်တဲ့အစီစဉ်နဲ့ အခက်အခဲတွေကို သေချာပြောပြ တိုင်ပင်လိုက်ပါတယ်။
အချိန်ခဏအတွင်း Anne ရဲ့ အစီစဉ်လေးကို အကောင်ထည်ဖော်နိုင်ဖို့ အကြံဉာဏ်တွေအပြင် စျေးသက်သက်သာသာဖြစ်တဲ့ Service Charges နဲ့ လုပ်နိုင်သွားတာမို့ နှစ်ခါပြန်စဉ်းစားမနေပဲ အပ်လိုက်ပါတော့တယ်။

ခုဆို Anne ရဲ့ Page လေး အရင်ထက်ပိုပြီး ရောင်းကောင်းပြီး လုပ်ချင်နေတဲ့ Promotion အစီအစဉ်လေးကိုလည်း Digit Hub အကူအညီနဲ့လုပ်လိုက်နိုင်ပါပြီ.
ကဲ.......... Anne လို ရန်ကုန်နွေပူပူမှာ ဦးနှောက်တွေပူ‌အောင်မစဉ်းစားချင်တဲ့ သူတွေအတွက်ဆိုရင်တော့ Social Media နဲ့ Digital Service တွေ မျိုးစုံကို စျေးနှုန်းသက်သက်သာသာနဲ့‌ဆောင်ရွက်ပေးနေတဲ့ Digit Hub က ကူညီပေးဖို့ အမြဲ အသင့်ရှိနေပါတယ်ရှင့်.....

Design, Branding နဲ့ Content Strategy ဆိုင်ရာအကြောင်းအရာတွေကို
အသေးစိတ်စုံစမ်းနိုင်ဖို့နဲ့ လုပ်ငန်းဆိုင်ရာအကြုံဉာဏ်တွေ ပေးနိုင်ဖို့
Phone - 09662998993, Facebook Messenger, Telegram Community Chat နဲ့ https://t.me/digithubmm01 (Telegram), [email protected] တို့ကို ဆက်သွယ်နိုင်ပါပြီရှင့်....

05/05/2024

ညီလေးရေ အကို့ကို Logo လေး နည်းနည်းကြီးပေးပါဦး.....

Designer တိုင်းကြားဖူးကြမဲ့အသံဖြစ်သလို၊ တချို့အတွက်ကြားတိုင်းစိတ်လေ လေ့ရှိတဲ့အသံလဲဖြစ်လောက်ပါတယ်..
ဆိုတော့ကား ..Logo ကြီးတိုင်းကောင်းလား ?
ကျွန်တော်တိုနိုင်ငံမှာ designer တွေနဲ့ client တွေကြား မကြာခနကြားရလေ့ရှိတဲ့ ကိစ္စတစ်ခုက logo ကြီးခိုင်းတာပါပဲ။ အကြောင်းအရင်းကတော့ client တွေရဲ့ POV ကကြည့်ရင် product တွေနဲ့တွဲပြီး မိမိတို့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို ထင်သာမြင်သာ တွဲမြင်ကြစေချင်တာပါ။
တကယ်တော့ logo ကြီးလိုက်တာဟာ ကုန်ပစ္စည်းနဲ့ပိုတွဲပြီးသိလာစေနိုင်မဲ့ တစ်ခုတည်းသောနည်းလမ်းမဟုတ်ပါဘူး။ Brand Vibe, Emotion စတဲ့ အရာတွေနဲ့ စားသုံးသူကိုစွဲဆောင်ရတာမျိုးတွေလုပ်လို့ရပါသေးတယ်။ ဒီနေ့ကတော့ Logo နဲ့ပတ်သတ်တာကိုဦးတည်ချင်တာမို့ နောက်အချက်တွေနောက်မှ ထပ်မံတင်ပြပါမယ်။
Logo ကြီးလိုက်တာနဲ့ ရလာမဲ့ အကျိုးဆက်ကဘာတွေရှိမလဲ?
Logo ကိုပိုမြင်လိုက်ရလို့ ပိုပြီးလူသိသွားတယ်ဆိုတဲ့ အချက်အပြင် နောက်ဆက်တွဲအနေနဲ့ Design တခုရဲ့ ပေးချင်တဲ့ target highlights တွေ essential elements တွေရဲ့ ထင်သာမှုကို လျော့ကျသွားစေနိုင်ပါတယ်။
Logo ကိုထင်ရှားစေဖိုအတွက် ဖြေရှင်းနည်းတွေရှိပါတယ်။

1. Logo တစ်ခုရဲ့ပမာဏကတော့ မြင်သာမယ့် ratio တစ်ခုအတွင်း အဆင်ပြေပြေရှိနေဖို့ လိုအပ်ပါတယ်။
2. Logo ကို ပြတ်ပြတ်သားသားမြင်နိုင်ဖို့ရာ Logo အသုံးပြုမဲ့ ဒီဇိုင်းရဲ့ background နဲ့ contract ပြတ်သားနေရပါမယ်။
3. Logoဟာ Background အရောင်နဲ့ ပြတ်သားစွာကွဲလွဲမှု ရှိနေရပါမယ်။
4. Brand logo ရဲ့ signature color ကို သုံးဖိုအဆင်မပြေတဲ့ အနေအထားမှာ logo ကို အဖြူ၊အမဲလို Universal color တစ်မျိုးမျိုးနဲ့ flat logo အဖြစ် ပြောင်းသုံးပေးရပါတယ်။
5. Logo ရဲ့ ဘေးမှာ မလိုအပ်တဲ့ element တွေကို အတတ်နိုင်ဆုံး ရှင်းထားရပါမယ်။
6. နောက်တချက်ကတော့ client အများစုမုန်းတဲ့ white space ပါ။ ဟုတ်ပါတယ်။ logo ကို ထင်ထင်ရှားရှား ပြနိုင်ဖို logo ရဲ့ ဘေးမှာ dead space (or) white space ထားပေးတာကလဲ ‌ဖြေရှင်းဖို နည်းလမ်းတခုပါ။
7. နောက်ဆုံးအချက်ကတော့ အခြား Gradient သုံးတာတွေ Logo အတွက် Shape တခုခံပြီး သုံးတာမျိုးတွေလဲ ရံဖန်ရံခါ အသုံးပြုကြပါတယ်။

ဒီနေ့ Admin တို့တင်ပြသွားတဲ့ အချက်တွေအပြင် တခြား Tip တွေရှိခဲ့ရင်လဲ Comment မှာဝင်ရောက်ဆွေးနွေး ငြင်းခုံသွားလို့ရပါတယ် ခင်ဗျ....

Design, Branding နဲ့ Content Strategy ဆိုင်ရာအကြောင်းအရာတွေကို
အသေးစိတ်စုံစမ်းနိုင်ဖို့နဲ့ လုပ်ငန်းဆိုင်ရာအကြုံဉာဏ်တွေ ပေးနိုင်ဖို့
Phone - 09662998993, Facebook Messenger, Telegram Community Chat နဲ့ https://t.me/digithubmm01 (Telegram), [email protected] တို့ကို ဆက်သွယ်နိုင်ပါပြီရှင့်....

02/05/2024

လူကြီးမင်းက ပုံတစ်ပုံကိုကြည့်နေတယ်လို့တွေးလိုက်ပါ..
လူကြီးမင်းကြည့်နေတဲ့ပုံမှာ အမှန်ခြစ်အနက်ရောင်လေး တစ်ခုရှိတယ်ဆိုပါစို့။
ဘာစာမှရေးမထားပဲနဲ့ တန်းသိနိုင်ပါတယ် ဘာကို ကိုယ်စားပြုတဲ့ တံဆိပ်လဲဆိုတာ....
ဟုတ်ပါတယ် Nike ပါ......
ဒီလိုပါပဲ အနက်ရောင်အမှန်ခြစ်လေးတင်မဟုတ်ပဲ အသက်ကြီးကြီးလူကြီးတစ်ယောက်ပြုံးပြီးကြည့်နေတာမြင်ရင် KFC ဆိုတာတန်းသိသလို အပြာ အနီ အဖြူသုံးရောင်ချယ် တစ်ခုကိုမြင်ရင် Pepsi ဆိုတာကို ချက်ချင်းသိကြမှာပါ...
ဆိုလိုချင်တာက Logo တစ်ခုရဲ့ လွှမ်းမိုးနိုင်စွမ်းပါ....
Iconic ဖြစ်တဲ့ Logo တစ်ခုဟာ အပြည့်အစုံမမြင်ရသည့်တိုင်အောင် Theme, Color, Element တစ်စိတ်တစ်ပိုင်းကိုမြင်တာနဲ့တင် ဘာထုတ်ကုန်လဲ ဘာလုပ်ငန်းလဲဆိုတာ တန်းသိနိုင်ပါတယ်.. အလားတူပါပဲ လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေအနေနဲလဲ ကိုယ်လုပ်ငန်းကို ကိုယ်စားပြုနိုင်မဲ့ အမှတ်တံဆိပ် Logo တစ်ခု ရှိနေသင့်ပါတယ်။ လူကြီးမင်းတို့ရဲ့လုပ်ငန်းအနေနဲ့ ဘယ်လိုထုတ်ကုန်မျိုး ဝန်ဆောင်မှုမျိုးတွေကိုရောင်းချမှာလဲ? စားသုံးသူကိုဘယ်လိုခံစားချက်မျိုးပေးနိုင်မှာလဲ? လုပ်ငန်း‌အနေနဲ့ဘယ်လိုရပ်တည်မှာလဲ? စသည်ဖြင့် လူကြီးမင်းတို့ ရည်မှန်းထားတဲ့ ပုံစံအတိုင်း ကိုယ်စားပြုပေးနိုင်မဲ့ Logo တစ်ခုကို Digit Hub ကနေဆောင်ရွက်ပေးပါရစေ...
Logo တစ်ခုအတွက် ရွေးချယ်စရာ Option တွေအပြင်လိုအပ်တဲ့ Guideline, Design, Color စတဲ့ အရာတွေကိုပါတပါတည်း ထည့်သွင်းပေးသွားမှာမို့ စျေးသက်သက်သာသာနဲ့ Premium Look ရတဲ့ Logo တစ်ခုကိုရနိုင်ဖို့ လူကြီးမင်းတို့ကိုယ်စားခေါင်းစားပေးဖို့ တောင်းဆိုပါရစေရှင့်....

Design, Branding နဲ့ Content Strategy ဆိုင်ရာအကြောင်းအရာတွေကို
အသေးစိတ်စုံစမ်းနိုင်ဖို့နဲ့ လုပ်ငန်းဆိုင်ရာအကြုံဉာဏ်တွေ ပေးနိုင်ဖို့
Phone - 09662998993, Facebook Messenger, Telegram Community Chat နဲ့ https://t.me/digithubmm01 (Telegram), [email protected] တို့ကို ဆက်သွယ်နိုင်ပါပြီရှင့်....

01/05/2024

𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐨𝐫𝐤𝐞𝐫𝐬' 𝐃𝐚𝐲
(Wed, May 1, 2024)

ဒီနေ့ဟာဆိုရင် အလုပ်ချိန် ၈ နာရီ သတ်မှတ်နိုင်ရေးအတွက် အလုပ်သမားထုကြီးရဲ့ အသက်‌၊သွေး၊ချွေးများစွာ အရင်းပြုကာဖြစ်ပေါ်လာတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ပဲ ဖြစ်ပါတယ်ရှင်.....

27/04/2024

Quotes for Today 📍

Design, Branding နဲ့ Content Strategy ဆိုင်ရာအကြောင်းအရာတွေကို
အသေးစိတ်စုံစမ်းနိုင်ဖို့နဲ့ လုပ်ငန်းဆိုင်ရာအကြုံဉာဏ်တွေ ပေးနိုင်ဖို့
Phone - 09662998993, Facebook Messenger, Telegram Community Chat နဲ့ https://t.me/digithubmm01 (Telegram), [email protected] တို့ကို ဆက်သွယ်နိုင်ပါပြီရှင့်....

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Kyeemyindaing
Yangon
11101