Robert
I Love Jesus
02/09/2026
လူတယောက်ကို ကျရှုံးစေတာ မာန ဖြစ်တယ်။
မိမိကိုယ်ကို ချီးမြှောက်မိတဲ့အခါ မျက်ကွယ်ရာမှာ လူတွေရဲ့ ရွံရှာ ခြင်းခံရလေ့ရှိသည်။
နိမ့်ချသူရဲ့ အပြုံးက လူတိုင်းကို ရွှင်လန်းစေ၍ သူသည် အရာရာမှာ မျက်နှာသာရတတ်၏။
နိမ့်ချ ခြင်းနဲ့ အသက်ရှင်ခြင်းသည် သင့်ဘဝ ကို မင်္ဂလာရှိစေလိမ့်မည် Amen!
Robert
25/08/2026
ဆုံးရှုံးမဲ့အချိန်မှာ အကြောင်းပြချက်
အမျိုးမျိုးရှိလာသလို
ကောင်းကြီးရမဲ့အခါ အကြောင်းအရာ
အမျိုးမျိုးနဲ့ဘုရားကပြင်ဆင်ပေးတယ်
အရာရာဘုရားလက်ထဲမှာ Amen!
Robert
13/08/2026
ပြောရမဲ့စကား ရှိရမဲ့နေရာ
ဝိညာဥ်တော် သွန်သင်ပေးပါစေ
တတ်တိုင်းမပြောနဲ့ သိတိုင်းမပြောနဲ့
ထိုစကားသည် သင်နဲ့လိုက်ဖတ် မှုရှိ မရှိ
သင်သိဖို့လိုတယ်။
ဝန်ခံခြင်းနဲ့ ကြွေးကြော်ပါ
သက်သေခံရင်းမကြွားပါနဲ့
သိထားသမျှ သင်ထားသမျှ သင်လုပ်ဖို့ဖြစ်တယ်
ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ စကား၌မတည် တန်ခိုး၌ တည်၏ Amen!
Robert Myanmar Jesus Christ Ministry
30/07/2026
#တန်ခိုးပါသောယုံကြည်ခြင်း
-----------------------=-------------------
ယုံကြည်ခြင်းအရေးကြီးဆုံးဖြစ်တယ်
ဘုရားကို တကယ်ယုံကြည်ရဲဖို့လိုတယ်
ဣသရေလ တွေ အဲဂုတ္တုကထွက်လာတာ ၂သန်းခန့်ရှိတယ် ခါနန်ပြည်ဝင်ရတာ ကာလတ်နဲ့ ယောရှု နှစ်ယောက်ထဲ ဖြစ်တယ်။
ယောရှုနဲ့ကာလတ်မှာ ၂သန်းသောလူတွေထက် ထူးခြားတာဆိုလို့ ဘုရားသခင်ရဲ့ စကားကို မျက်စိစုံမှိတ်ယုံကြည်ရဲ ခြင်းကြောင့်ဖြစ်တယ်။
ဒါကြောင့် သင့်ဘေးကလူတွေ ပတ်ဝန်းကျင်ဘယ်လို ယုံလည်း ဆိုတာထက် သင် ဘုရားကိုဘယ်လိုယုံလဲ ဆိုတာက သင့်ဘဝ ရဲ့ အဖြေ ဖြစ်လာလိမ့်မယ်။
၃၀.၇.၂၀၂၆
ဘုရားရဲ့အချစ်ကို သေခြာခံစား
ရတဲ့အခါ အလိုလို အမှုဆောင်လာတတ်တယ်
ဘုရားသခင်ကို ချစ်တဲ့သူက
ကိုယ်တော်အလိုတော်ရှိတဲ့အတိုင်းအသုံးပြုပါ လို့ မိမိဘဝကို လက်တော်ထဲအပ်နှံတယ်။
20/07/2026
ကမ္ဘာ့ဖလားချန်ပီယံက သားအတွက် တိုက်ပွဲဝင်နေသူဖြစ်တယ်
--------------------
#ကူကူရယ်လာ လို့ပြောလိုက်ရင် ဆံပင်ရှည်ရှည်နဲ့ ထူးခြားပြီး စကားနည်းတဲ့သူလို့ လူတွေသိကြပါတယ် အခုဆိုရင် သူက စပိန်နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလားကြီးကို သိမ်းပိုက်နိုင်ယူခဲ့တဲ့ ချန်ပီယံ တယောက်ပါ။
ဒါပေမဲ့ သူ့အတွက် အရေးကြီးဆုံးက မိသားစုဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောခဲ့တယ်။ အောင်မြင်မှုတွေ ငွေကြေးတွေ ထက် သူ့ရဲ့ သားလေး အော်တဇင်ဖြစ်နေတဲ့သူအတွက် ကျောင်းနဲ့ဆေးကုသမှုအဆင်ပြေမဲ့ပတ်ဝန်းကျင်ကိုပဲရွေးခဲ့တယ်။
ရဲ့ သားအကြီးဆုံး Mateo ကို Autism Spectrum Disorder (ASD) လို့ ရောဂါအတည်ပြုထားပါတယ်။ (Goal +1)
ကူကူရယ်လာက အင်တာဗျူးတွေမှာ ဒီအကြောင်းကို စိတ်လှုပ်ရှားစွာ ပြောခဲ့ဖူးပြီး—
သားရဲ့အခြေအနေကို နားလည်အောင် သင်ယူရတာ ဖခင်တစ်ယောက်အနေနဲ့ အခက်ခဲဆုံးအရာတွေထဲက တစ်ခုဖြစ်တယ်။ ဘယ်ပြိုင်ဘက်မှ ကျနော့်အတွက်ခက်ခဲတယ်လို့မမြင်ပါ။
ကွင်းထဲမှာ အမ်ဘာပေ၊ အူစမန်ဒမ်ဘီလီ၊ မက်ဆီ၊ အိုလီဆစ် တို့လိုလူတွေကို အေးဆေးထိန်းနိုင်ပေမဲ့
တစ်ခါတစ်ရံ သားကို ဘယ်လိုကူညီရမလဲ မသိလို့ စိတ်မကောင်းဖြစ်လို့နေ့တိုင်းလင်မယားနှစ်ယောက်ငိုခဲ့ရတယ်။
ဒါပေမယ့် သားရဲ့ တိုးတက်မှုလေးတိုင်းက ဖလား တွေရတာထက် သူ့အတွက် အကြီးမားဆုံး ပျော်ရွှင်မှုဖြစ်တယ်လို့ ပြောထားပါတယ်။ (Tribuna +1)
ဒါကြောင့် လူအများက ကူကူရယ်လာကို ဘောလုံးသမားကောင်းတစ်ယောက်အဖြစ်သာမက၊ Autism ရှိတဲ့ သားအတွက် အကောင်းဆုံးဖခင်ဖြစ်ဖို့ အမြဲကြိုးစားနေတဲ့ ဖခင်တစ်ယောက် အဖြစ်လည်းမြင်ကြပါတယ်။
Congratulation ပါ Champion
ယေရှုခရစ်တော်အားဖြင့် အပြစ်တရားကလွတ်မြောက်ပြီဖြစ်ကြောင်း တကယ်ယုံကြည်ဖို့လိုတယ် နောက်မှ အခြားသောအရာများကို နားလည်လိမ့်မည်
Robert Myanmar Jesus Christ Ministry #သမ္မာကျမ်းစာ #ကယ်တင်ခြင်း #ယေရှုခရစ်တော် #ဘုရားသခင်
ကိုးကွယ်ချင်စိတ်မရှိဘဲ
လိုချင်တာ တောင်းမနေပါနဲ့
ရမှာ မဟုတ်ဘူး
#ပခုံးပြောင်းတာဝန်
-----------------------------
ရှေးလူတွေ ဘယ်လောက်တော်တယ် ဆိုတာ ဂုဏ်ယူစရာအဖြစ်ကျန်ခဲ့သလို၊ ရှေးလူတွေရဲ့ အားနည်းချက်က ပြင်ဆင်စရာ အချက်တွေအဖြစ်ကျန်ခဲ့ရတယ်။
အချိန်ရဲ့ တရွေ့ရွေ့ တိုက်စားမှုအောက်မှာ မလွန်ဆန်နိုင်တဲ့ အိုမင်းမှုတွေကြောင့် တချို့သောသူတွေချန်ထားခဲ့ကြပြီ။
ညဉ့်ဦးယံကိုဖြတ်သန်းပြီး နံနက် အာရုဏ်အလင်းဟာ ခေတ်သစ်လူငယ်တွေရဲ့ ပခုံးအပေါ်ကျရောက်လာခဲ့ပြီး စံနှုန်း နှစ်ခုကို စတင်ထမ်းလာခဲ့ကြရပြီ။
ရှေ့တိုးပြီး စံချိန်တွေ ထပ်ချိုးမလား၊ နောက်ပြန်လှည့်ပြီး သမိုင်းဆိုးရေးမလားဆိုတာ လူငယ်တွေရဲ့ လက်ထဲ မလွဲမသွေ ရောက်လာခဲ့ပြီလေ။
ဒီလိုအချိန်မှာ အရေးကြီးဆုံးကတော့ ပဲ့ကိုင်ရှင် ယေရှုခရစ်တော်အပေါ် ယုံကြည်ခြင်းနဲ့ မှောင်မိုက်ခရီးကြမ်းထဲကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဦးဆောင်မှု နဲ့ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲ ပြီး ရင်ဆိုင်ရဲဖို့ အရေးကြီးဆုံးဖြစ်တယ်။
လူအဖြစ်မွေးဖွားလာကတည်းက ဖန်ဆင်းရှင်ရဲ့အလိုတော်ပြည့်စုံဖို့ တာဝန်ကိုယ်စီနဲ့ လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန် ယူရဦးမှာမို့ အချိန်ရှိတုန်း မိုးမစဲခင် ပျိုးကြဲ လိုက်ကြရအောင်..........
Pastor Robert Lian Khawl
Myanmar Jesus Christ Ministry
Category
Contact the public figure
Telephone
Address
Yangon
Alerts
Be the first to know and let us send you an email when Robert posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.