HeinLay

HeinLay

Share

မြန်မာတစ်နိူင်ငံလုံးအိမ်အရောက်ငွေ?

16/01/2020

ဒီအကောင့်ကိုအပ်ပေ:ကျပါ နော် ချစ်တို့ရေ

Photos from HeinLay's post 13/01/2020

ချစ်တို့မှာထာ:တဲ့ပစည်:တွေ 🚚🚚🚚ထုပ်နေပါပီ မနက်ဖြန်ပို့ပေ:ပါ့မယ်🎁🎁🎁🎁🎁

Photos from HeinLay's post 12/01/2020

🥳🥳 ဆေးလိပ် Filter ရှိနေပြီနော် 😉

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်နိုင်‌သော်လည်း သောက်နေကျကိုကိုတွေအတွက် ဆေးလိပ် Filter လေးပါ။

အရမ်းကြိုက်လို့ ပြန်မှာတဲ့ Customer များအတွက် ထပ်တင်ပေးနေပါပြီနော်။ Customer အသစ်များကိုလည်းကြိုဆိုပါတယ်😍

✔️ဆေးလိပ်အနံ့အရမ်းနံတယ်ဆိုပြီးတော့လည်းအပြောမခံရတော့ဘူး။
✔️ဆေးလိပ်အရသာလည်းမပျက်။နှုတ်ခမ်းမဲနေတာလည်း မဖြစ်တော့ဘူး။
✔️ကျန်းမာရေးအတွက်အသုံးတည့် စတိုင်လည်းကျ စမတ်ကျတယ်။
✔️ဆေးလိပ်သောက်တာမကြိုက်တဲ့မတ်မတ်တွေလည်း ချစ်သူကိုချစ်လွန်းလို့မပြောရက်ရင် ဒါလေးဝယ်ပြီး ချစ်သူကျန်းမာရေးကို တစ်ဖက်တစ်လမ်းကကာကွယ်ပေးသင့်ပါတယ်နော်။

✔️တစ်ဗူး filter အခုရေ 100ပါ ( 13500)ကျပ်
✔️Filter တစ်ခုကိုသုံးလိပ်လောက်သောက်လို့ရပါတယ်ရှင့်။

ရန်ကုန်မြို့နှင့် တခြားမြို့နယ်ပေါင်း100ကျော်ကိုအိမ်အရောက်ငွေရှင်းစနစ်ဖြင့် ပို့ပေးပါတယ်။

💸အိမ်အရောက်ငွေရှင်းစနစ်ဖြင့်မှာယူချင်တယ်ဆိုရင်တော့
📞📞📞 Hello လုပ်ပေးနော်
09 400179797
📝📝Order မှာယူလိုသော လူကြီးမင်းဆို့၏ဖုန်းနံပါတ်များကို chat box (or)comment ချန်ထားခဲ့ပါရှင့်
🙏🙏ကျေးဇူးအထူးတင်ပါတယ်ရှင်🙏🙏

Photos from HeinLay's post 11/01/2020

စတစ်ချစ်သူ
ထိုင်းပိုးဝမ်းဆက် ၃ကိုက်အကျီစပြောင်
အပ်ချက်အကျစ်
ဝမ်းဆက်.16500
အဆင်သစ်လေးပါနော်

Photos from HeinLay's post 11/01/2020

ကဲချစ်တို့ရေ V😍.day အမှီ ချူပ်ချင်သူများ အတွက်💏
ချစ်စရာစတစ်ရုပ်လေးတေနဲ့တွဲပေးထါးတယ်နော်😍😍
ကျားတွဲ ဝမ်းဆက်+ မဝတ် ဝမ်းဆက်
Size - S, m, l, xl

လေးမျိုးတစ်စုံလုံးမှ ☘ 28000 ကျပ်💸💸
၁၀ စုံမှစ၍လက်ကားဈေးရ 📣📣
ဆက်သွယ်မှာယူလိုပါက 09 400179797

Photos from HeinLay's post 11/01/2020

#အောင်မဲညို ကိုယ်စလှယ်ဆိုင်လေးမှာလည်းအားပေးကြပါအုံးရှင်။ 🙏

📱09400179797
👍👍👍👍👍
🙏🏻🙏🏻🙏🏻 အောင်မဲညိုရဲ့မိတ်ဟောင်းမိတ်သစ်များအားလုံး မင်္ဂလာပါခင်ဗျာ။
* အောင်မဲညိုရဲ့အကျိုးကျေးဇူးကိုနဲနဲတင်ပြပါရစေ။*
*အရင်ပတ်ကမဖတ်လိုက်ရသောမိတ်သစ်များသို့ ...*
**မျက်စိမှုံခြင်း၊မျက်စိတိမ်ကွယ်တာ၊ကျောက်ကပ်၊နှလုံရောဂါရှိသူတွေ၊သွေးတိုးရောဂါ၊ဆီးချိုရောဂါ၊သွေးချိုရောဂါရှိသူများ၊ခေါင်းကိုက်တတ်သူတွေ အစာအိမ်ရောဂါဖြစ်သူတွေ ပုံမှန်အစွဲသောက်ခြင်းဖြင့် ခန္ဒာကိုယ်တွင်းရောဂါကင်း၍ကျမ္မာသန်စွမ်းစေပါသည်။ ဆံပင်ကိုပြန်လည်၍နက်မှောင်သန်စွမ်းစေပါသည်။**
👉🏿 {{သွေးကျဲဆေးသောက်နေရသူနှင့်ခွဲစိတ်ခန်းဝင်ရသူများ မသောက်ပါနှင့်}}👈🏿
🦋 အောင်မဲညိုရေနွေးကြမ်းသောက်နည်း 🦋
***ဆံပင်ဖြူသူ၊မျက်မှန်ပါဝါတပ်နေရသူများအတွက်
တစ်နေ့၅ပွင့်မှ၁၀ပွင့်ကို၎င်း ရေအရင်ဆေးပါ၊ပြီးလျှင်ရေနွေးဖြူနှင့်ဖေါက်၍သောက်ပါ ပွင့်ဖတ်ဖြူတဲ့အထိ ၃ရေ၄ရေထိသောက်နိုင်ပါသည်။(ဤကားလူ၁ယောက်အတွက်သာ) ။ဆီးချို၊သွေးချိုရှိသောသူများအတွက်ရေအစားထိုးသောက်သုံးနိုင်ပါသည်။တစ်ရက်၁၅ပွင့်မှ၂၀ပွင့်ထိပွင့်ဖတ်ကိုရေအရင်ဆေးပါ။ပြီးလျှင်ရေနွေးဖြူနဲ့ဖေါက်သောက်ပါ။ ဘာရောပါမှမရှိတဲ့လူတွေအတွက်အောင်မဲညိုအအေးပဲဖြစ်ဖြစ်၊အပူပဲဖြစ်ဖြစ်ဖေါ်စပ်၍ သောက်သုံးနိုင်ပါတယ်ခင်ဗျ။ဘာရောဂါမှမရှိတဲ့လူတွေအတွက်တစ်ခါသောက်၃ပွင့်မှ၇ပွင့်ထိသောက်သုံးနိုင်ပါတယ်။(ပျားရည်(သို့)သကြားရည်၊သံပုရာသီး)စသဖြင့်ဖော်စပ်၍အောင်မဲညိုပျားသံပုရာဖျော်ရည်ကိုလည်းသောက်သုံးရောင်းချနိုင်ပါတယ်ခင်ဗျာ။ ***

Photos from HeinLay's post 11/01/2020

အောင်မဲညို (Butterfly Pea)
**********************************

အောင်မဲညိုလို့ကြားလိုက်ရင် ကျနော့်မျက်လုံးထဲမှာ အညာသား ညိုညိုထွားထွားလူတစ်ယောက်လို့ပဲ မြင်မိတယ် ... အမှန်တော့ အောင်မဲညိုဆိုတာ ပန်းပွင့်နာမည်ပါ ... ဘယ်လိုက ဘယ်လိုအောင်မဲညို နာမည်ရသလဲဆိုတာတော့ မသိဘူးဗျ ... ဒီပန်းက အနွယ်အရုံနဲ့ပွင့်တဲ့ ပန်းအမျိုးအစားပေါ့ ... စကားမစပ်ပြောရဦးမယ် ... ဦးမိုးသိန်းက ကိုဇင်ရာ အောင်မဲညိုအကြောင်းရေးစမ်းပါတဲ့ ... ဘာပြုလို့တုန်း ဦးမိုးရာ သူများတကာရေးထားတာပဲမဟုတ်လားဆိုတော့ ခင်ဗျာ့ရေးရင် လူပိုသိလို့တဲ့ ... Share ကြတဲ့သူလည်းများတော့ လူပိုသိတာပေါ့တဲ့ ... သြော ဒီလိုပရိတ်သတ်ကြီးအားပေးနေမှတော့ ရေးရတာပေါ့ဗျာ ... နေပါဦး ... ကျနော် Psychology နဲ့ကျောင်းပြီးတယ်နော် ... ကျနော့်မိန်းမက Zoology နဲ့ကျောင်းပြီးတာ ... ငါးတစ်ကောင်လုံးဝယ်လာတဲ့အခါ သူက ငါးလည်းမကိုင်တတ်ဘူးဗျ ... တုံးလည်းမတုံးတတ်ဘူး အကြေးလည်းမထိုးတတ်ဘူး ဗိုက်လည်းမခွဲတတ်ဘူးဗျို့ ... ငါးကိုင်တာပဲမတော်တာ ကျန်တာအားလုံးတော်တယ် ... ကြိုကြိုတင်တင်ဖားထားဦးမှ ကွန်မန့်မှာ ဝင်ဆော်မှဖြင့်လေ ... ပြောချင်တာက ကျနော့်မှာ Botany နဲ့ကျောင်းပြီးထားတဲ့ သူငယ်ချင်းတွေ ဒုနဲ့ဒေး ... သူတို့ သစ်ပင်အကြောင်းရေးတာ တစ်ခါမှမတွေ့မိဘူး ... ရေးကြပါလား ဟရို့ ...

#အောင်မဲညို ဆိုတာရှိသလို အောင်မဲဖြူ အောင်မဲနီဆိုတာလည်းရှိသေးတယ်တဲ့ ... အများစု လူစိတ်ဝင်စားမှုအရဆုံးကတော့ အောင်မဲညိုပါပဲ ... အောင်မဲညိုသည်ဖြစ်စေ ဖြူသည်ဖြစ်စေ နီသည်ဖြစ်စေ အသုံးဝင်တာချင်းကတော့ ထူးမခြားနာပါ ...

အရှင်နာဂသိန်ဆေးကျမ်းအလိုအရ ...

#အောင်မဲညို ပဉ္စငါးပါးအသုံး
အောင်မဲညိုသည် ခါး၏၊ ပြေပြစ်၏၊ ဒေါသသုံးပါးပျက်သည်ကို နိုင်၏။ (စကားချပ် - ဒေါသသုံးပါဆိုတာ လေ၊ သလိပ်၊ သည်းခြေ ကိုဆိုလိုတာ) ... အေးသောဂုဏ်ရှိ၏။ လေသလိပ်ဖျားခြင်း၊ ပူလောင်ခြင်း၊ မူးဝေထိုင်းမှိုင်း၊ သွေးဝမ်းသွားခြင်း၊ ရူးသွပ်ခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ ပန်းနာရင်ကြပ်စွဲခြင်း၊ ခူနာ ပိုးနာနှင့် အဆုတ်ရောဂါတို့ကို များစွာကင်းဝေးစေ၏။

#အောင်မဲညိုမြစ်
အောင်မဲညိုမြစ်သည် အောင်မဲဖြူမြစ်နှင့် ဂုဏ်သတ္တိစွမ်းရည်များ တူမျှ၏။ သို့ရာတွင် ၎င်း၏ထူးခြားချက်မှာ ကာမအားကို တိုးပွားစေတတ်၏။ (စိတ်ဝင်စားဖို့တော့ကောင်းနေပြီ ... ဟို ပဲခွေးလျားလို့ခေါ်တဲ့ ပဲနက်စေ့နဲ့ ဘယ်ဒင်းကသာသလဲ စမ်းသပ်ကြည့်ဦးမှ ... အလကားနောက်တာ ... အတည်ပြောမယ် ဆရာဘုန်းကြီးတစ်ပါးက မိန့်ဖူးတယ် ... မင်းတို့ ကမြင်းကြောထဖို့ပြောတာမဟုတ်ဘူးကွ အောင်မဲညိုမြစ်ကို နွားနို့နဲ့ပြုတ်ပြီးသောက်ပေးရမယ် ... ယောက်ျားတွေမှာ သုတ္တကဓါတ်လို့ခေါ်တဲ့ အမျှင်ဓါတ်အားကောင်းဖို့လိုတယ်တဲ့ ... ဒါမှ ကျန်းမာရေးကောင်းနေမယ် ... ကျန်းမာမှ မိသားစုကို ကောင်းကောင်းမွန်မွန်ရှာဖွေကျွေးမွေးနိုင်မယ် ... မိသားစုစားဝတ်နေရေးကောင်းမှ ဘာသာရေး လူမှုရေး စတဲ့အကျိုးပြုလုပ်ငန်းတွေမှာလည်း အားတတ်သရောရှိပေလိမ့်မယ်လို့ ဆုံးမပါတယ် ... ဆေးကျမ်းအလိုကို ဆက်ဖတ်ပြမယ်နော့် ...) ပိတ်ဝမ်းသွားခြင်းကို ပယ်တတ်၏။ ကြောက်မက်ဖွယ်ကောင်းသော လေကြောများ၏ ပူလောင်ခြင်းကို ငြိမ်းအေးစေတတ်၏ (အသက်ရှူလေကြော၊ ဆီးကြော စသည်ကိုဆိုလို၏) ပန်းနာ၊ ရင်ကြပ်၊ ရေဖျဉ်းရောဂါ၊ ဝမ်းဗိုက်တင်းရောင်ခြင်းတို့ကို ပယ်ဖျောက်တတ်၏။

#နိဃဏ္ဍုကျမ်းအလို
အောင်မဲညိုသည် ခါး၏။ အဆီ အစေးရှိ၏၊ တြိဒေါသကို နိုင်၏ (ရှေ့မှာပြောခဲ့တဲ့ ဒေါသသုံးပျက်တာကို နိုင်တယ်လို့ပြောတာ) အေးသောဝိရိယဂုဏ်ရှိ၏။ လေနာ၊ သည်းခြေနာ၊ ဖျားနာ၊ ကိုယ်ပူနာ၊ မူးယစ်နာ၊ မြေဘုတ်ဘီလူးဖမ်းစားသောအနာ၊ သွေးဝမ်းသွားသောအနာ၊ ရူးသွပ်နာ၊ မူးမိုက်နာ၊ အလွန်ချောင်းဆိုးသောအနာ၊ ပန်းနာ၊ သလိပ်နာ၊ နူနာ၊ ပိုးနာ၊ ခယရုဂ်ရောဂါတို့ကိုနိုင်၏၊ ကြွင်းသောဂုဏ်တို့သည် အောင်မဲဖြူနှင့်တူသောသဘောရှိ၏။ အောင်မဲညိုရွက်သည် ချို၏။ အဆိပ်အတောက်ကို နိုင်၏။ အောင်မဲညိုမြစ်သည် လေကိုနိုင်၏။ အာဟာရအပုပ်ကို ကြေစေ၏။

ဒါ ဆရာတော်အရှင်နာဂသိန်က အာယုဗ္ဗေဒဆေးကျမ်းကြီးတွေမှာ ဖော်ပြတဲ့အတိုင်း သွန်သင်တာဖြစ်ပါတယ် ...

#တရုတ်ဆေးကျမ်းအလိုအရ
အောင်မဲညိုပွင့်ဟာ အမျိုးသမီးလိင်အင်္ဂါနဲ့တူကြောင်း ... အမျိုးသမီးများ လိင်ရောဂါအချို့အတွက် ကုသနိုင်ကြောင်း ... စိတ်ကျရောဂါ၊ စိုးရိမ်ကြောင့်ကျလွန်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်းတို့အတွက်လည်း ကုသနိုင်ကြောင်း ဖော်ပြပါတယ် ...

Plant Lover's ဆိုတဲ့ Page မှာဖော်ပြထားတာကျတော့ ...
အသုံးပြုပုံ (ပဉ္စငါးပါး)
၁။ အောင်မဲဖြူသည် မြွေဆိပ်ဖြေဆေးအဖြစ် ထင်ရှား၏။ အောင်မဲဖြူမှုန့်နှင့် ဣဿရ မူလီမြစ်မှုန့် ရောစပ်သောက်သော် မြွေဆိပ်ပြေ၏။
၂။ အောင်မဲဖြူရွက်ကိုကြိတ်၍ ခူနာများ၌ စည်းပေးပြီး စည်းထားသော နေရာ၌ ရေမကြာ ခဏ ဆွတ်ပေးပါက ခူနာ ပျောက်၏။
၃။ အောင်မဲဖြူမြစ်ကို အခြားသော ဆေးမြစ်များနှင့် ရောစပ်၍ ရေဖျဉ်းရောဂါ ပျောက်ဆေးအဖြစ်သုံးသည်။
၎။ အောင်မဲဖြူ မြစ်ကို လှော်၍ အမှုန့်ပြုပြီး ရေနွေးနှင့်သောက်သော် အသည်းကြီး ရောဂါ၊ သရက်ရွက် ကြီးသော ရောဂါ၊ ရေဖျဉ်း ရောဂါ ပျောက်၏။
၅။ အောင်မဲဖြူမြစ်၏ အခေါက်ကို ရေနှင့် စိမ်သောက်သော် ကိုယ်လက် ရောင်ရမ်းသော ရောဂါပျောက်၏။
၆။ အောင်မဲဖြူ အဖိုမြစ်၏ ကြိတ်ညှစ်ရည်ကို နွားနို့အေး နှင့် ရောသောက်သော် နာတာရှည် ချောင်းဆိုး ရောဂါ ပျောက်၏။
၇။ အောင်မဲဖြူ အသီးစိမ်း အစေ့ ကြိတ်ညှစ်ရည်ကို နှာခေါင်းတွင် ခတ်ပေးက ခေါင်းတစ်ခြမ်း ကိုက်ခြင်းပျောက်၏။
၈။ အောင်မဲဖြူမြစ်ကို ကိုယ်ဝန်မလျှောကျ စေရန်လည်းကောင်း၊ လည်ပင်း၌ အကျိတ် အဖု ပေါက်သော ရောဂါ၊ သွေးအန် သွေးလျှံနာ၊ ခရုသင်း၊ မျက်စိတိမ်ကျခြင်းရောဂါများအတွက် ဆေးအဖြစ် ဖော်စပ်အသုံးပြု၏။
၉။ အပွင့်ကို နွားနို့နှင့် ကြိတ်၍ မျက်စိကို ကွင်းပေးခြင်း၊ ခတ်ပေးခြင်း ပြုက သူငယ်နာ မျက်စိနာ ပျောက်၏။
၁၀။ အစေ့ကို လိင်ဥ ရောင်ခြင်း ၊ ကြို့ထိုးခြင်းရောဂါများအတွက် သုံး၏။
မှတ်ချက်။ ။ အောင်မဲဖြူနှင့် အောင်မဲညို ဂုဏ်သတ္တိ စွမ်းရည် များစွာ ကွာခြားခြင်း မရှိသဖြင့် အောင်မဲညိုကိုလည်း အောင်မဲဖြူကဲ့သို့ပင် အသုံးပြုနိုင်၏။

တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ ပန်းပွင့်ပါ ...
နိုင်ငံတကာမှာတော့ ဖျော်ရည်မျိုးစုံ၊ လက်ဖက်ခြောက်၊ ဆေးမျိုးစုံ၊ အပွင့်ကို အစားအစာ အရောင်ဆိုးတာ စတဲ့သုံးစွဲနည်းမျိုးစုံနဲ့ သုံးနေကြပါပြီ ...

ထူးခြားတာလေးတစ်ခုက သံပုရာ သို့မဟုတ် အခြားသောအသီးအနှံတွေနဲ့ ဖျော်ရည်လိုရောစပ်ဖျော်သောက်မယ်ဆိုရင် ဦးနှောက်ဉာဏ်ရည်ကိုလည်း ဖွံ့ဖြိုးစေပါတယ်တဲ့ ... ကလေးသူငယ်တွေကိုလည်း အန္တရာယ်ကင်းစွာနဲ့ တိုက်ကျွေးနိုင်ပါတယ် ...

စိုက်ပုံစိုက်နည်းလား ... မိုးတွင်းမှာ အစေ့ပစ်ချထားလိုက် နွယ်တက်စရာ စင်ကလေးထိုးရင်ထိုး မထိုးချင်လည်း ခြံစည်းရိုးဘေးသာ စိုက်ပစ် ... အပွင့်ပွင့်လာရင် ဉာဏ်ရှိသလိုအသုံးချပေါ့ ...

စိုက်စားရင် စီးပွားရေးအရ တွက်ချေကိုက်မကိုက်ဆိုတာကတော့ Value added ကုန်ချောအဆင့် ကမ္ဘာ့အဆင့်မီထုတ်လုပ်နိုင်မှသာ နိုင်ငံတကာဈေးကွက်ကို တိုးဝင်နိုင်လိမ့်မယ်ထင်ပါတယ် ... E bay တို့ Amazon တို့ နောက်အခြား Online Shopping တွေမှာ ဂရမ် ၅၀ လောက် အပွင့်ခြောက်တစ်ထုပ်ကို ဒေါ်လာ ၂၀ ကျော်ပေးရတယ်ဆိုတော့ ဈေးကမသေးလှဘူး ... နောက် အောင်မဲညိုအခြေခံ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ အစားအစာ၊ အလှကုန်၊ ဖျော်ရည်စတာတွေကလည်း ဈေးကြီးပါတယ် ...

ဘာပဲပြောပြော မြန်မာပြည်ကမြေကြီးမှာ ရွှေသီးစရာတွေ တပုံကြီးပါလားနော့်

Photos from HeinLay's post 11/01/2020

လက်ရှိ ရေပန်းစားခေတ်စားနေတဲ့ အောင်မဲညို သဘာဝလက်ဖက်ခြောက်(Butterfly pea)ရဲ့ ဆေးဖက်ဝင်ကောင်းကျိုးများကိုပြောပြချင်ပါတယ်…
🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 Price- 6000 💵💵💵💵
📝အောင်မဲညိုက မျက်လုံးရှိဆံချည်မျှင်သွေးကြောများကိုသွေးလည်ပတ်မှုကောင်းစေပြီး မျက်စိအမြင်အာရုဏ်ကိုကောင်းမွန်စေပါတယ်..

📝ဆံပင်သန်စေပြီး အရွယ်မတိုင်ခင်ဆံပင်ဖြူခြင်းမှလည်း ကာကွယ်ပေးပါတယ်

📝ကော်လဂျင်နှင့် အလစ်တင်ထုတ်လုပ်ပေးနိုင်ပြီး အရေပြားအရေအကြောင်းဖြစ်ခြင်းကို လျော့ချပေးကာအသားအရနုပျိုလှပစေပါတယ်.

📝ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာများကို မြှင့်တင်ပေးပါတယ်

📝အောင်မဲညိုဟာပုံမှန်ဆီးသွားရန် အားပေးတဲ့အတွက် သွေးဖိအားကျအောင် တဖက်တလမ်းမှ ကူညီပေးပါတယ်

📝အမျိုးသမီးများ ဓမ္မတာနှင့် အဖြူစင်းခြင်း ပြဿနာများတွင် အသုံးပြုနိုင်တယ်

ထို့သို့ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိတဲ့အတွက် 👍👍👍အောင်မဲညိုကို ထမင်းနှင့် အစားအသောက်များ🍱၊ ဖျော်ရည်🥤၊ ရေနွေးကြမ်း☕️များ စသည်တို့တွင် ထည့်သွင်း စားသုံးလေ့ ရှိကြပြီး အစားအစာများတွင် သဘာဝ ဆိုးဆေးအနေနဲ့လည်း အသုံးပြုလျက်ရှိကြပါတယ်…
☎️09 400179797ကိုဆက်သွယ်မှာယူနိုင်ပါတယ်

Photos from HeinLay's post 11/01/2020

အောင်မဲညို ရေနွေးကြမ်းရဲ့ ကောင်းကျိုးများ
price.6000ks
--------------
အောင်မဲညိုလက်ဖက်ရည်ကြမ်း (သို့) ရေနွေးကြမ်း ကို နိုင်ငံတကာမှာတော့ အိပ်ရာမဝင်ခင် Bed Time Tea အဖြစ် သောက်သုံးလေ့ ရှိကြပြီး ဒီလိုသောက်သုံးပေးရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေကလည်း အများအပြားပဲ ဖြစ်ပါတယ်။

အောင်မဲညို လက်ဖက်ရည်ကြမ်းဟာ Green Tea လက်ဖက်ရည်ကြမ်းမှာလိုပဲ Antioxidant ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး နှလုံးရောဂါဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရာသီဥတုကြောင့် ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတခြမ်းကိုက်ခြင်းတွေကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။

အောင်မဲညို လက်ဖက်ရည်ကြမ်းကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် မျက်လုံးကျန်းမာရေးပြဿနာတွေဖြစ်တဲ့ မျက်လုံးညောင်းညာ ကိုက်ခဲခြင်းတွေနဲ့ အမြင်အာရုံမှုန်ဝါးခြင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းတွေနဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်ပေါ်တဲ့ အရေပြားပြဿနာတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

လေ့လာချက်တွေအရ အောင်မဲညိုပန်းဟာ စိတ်ဖိစီးမှုကို လျှော့ချစေနိုင်ပြီး စိတ်ကျရောဂါအပါအဝင် စိုးရိမ်ပူပန်မှုလွန်ကဲတာနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းတို့ကို ပျောက်ကင်းသက်သာစေနိုင်တယ်လို့ သိရပါတယ်။

အောင်မဲညိုပန်းပွင့် လေးငါးခြောက်ပွင့်လောက်ကိုနေ့စဉ် သောက်သုံးရုံနဲ့ မျက်စိအမြင်ကိုကြည်လင်စေခြင်း ၊ တိမ်ဖြစ်ခြင်းမှကာကွယ်ပေးခြင်း ၊ ဆံပင်ကျွက်ခြင်း/ဖြူခြင်းများကို သက်သာစေခြင်း ၊ သွေးလည်ပတ်မှု့အားကောင်းစေခြင်း ၊ ဆီးချို/သွေးချို သက်သာစေခြင်း ၊ သံပုရာရည်+ပျားရည် နှင့်တွဲပြီးသောက်သုံးပါက ကိုယ်လက်လန်းဆန်းပေါ့ပါးစေပါတယ်။

အသုံးပြုပုံကတော့ ရေနွေးဖြူထဲကို ၅/၆ ပွင့်လောက်ထည့်ပြီး ၃ မိနစ်လောက်နေရင်သောက်သုံးလို့ရပါပြီ ဖျော်ရည်အဖြစ်လဲသောက်သုံးလို့ရပါတယ် ။ အောင်မဲညိုအရည်ထဲကို သံပုရာသီးနဲ့ ပျားရည်ထည့်ပြီးသောက်ရင် ပိုကောင်းပါတယ်။

+++++++++
ဒီလိုမျိုးအောင်မဲညို လက်ဖက်ရည်ကြမ်းကို သောက်သုံးလိုသူတွေအတွက် မျက်စိကြည် အိပ်ပျော်စားဝင် ရေနွေးကြမ်း (Butterfly Pea Jasmine Tea ) ကိုထုတ်လုပ်ပေးထားပါတယ်နော်။ သူ့ကိုတော့ အောင်မဲညို ၊ စံပါယ် ၊ လက်ဖက်ခြောက် တို့နဲ့ ပေါင်းစပ် ပြုလုပ်ထားပါတယ်။

တထုပ်ကို 5g ပါဝင်ပြီး၊ Net weight 50g နဲ့ဖြစ်ပါတယ်။ တစ်နေ့တာအတွက် GA Tea တစ်ထုပ် ထည့်ပြီး အဲ့ဒီရေနွေးဖြူတဲ့ အထိ တနေ့လုံး ရေနွေးထပ်ဖြည့်ပြီး သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။

#အထူးသတိပေးချက်
ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာ ရှိတဲ့ အောင်မဲညိုပန်းကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအဖို့တော့ သောက်သုံးဖို့ မသင့်ပါဘူး။ ဒါ့အပြင် မိမိကျန်းမာရေးကြောင့် ဆေးဝါးတွေ သောက်သုံးနေရသူတွေမှာလည်း အောင်မဲညိုပန်းကို ဆေးဝါးတွေနဲ့ တွဲဖက်မသောက်သုံးသင့်ပါဘူး။
ဆက်သွယ်မှာယူလိုပါက 09 400179797

Photos from HeinLay's post 08/01/2020

💥 အထူးပရိုမိုးရှင်း 💥
🎁 နှစ်​ဗူးဝယ်​ တစ်​ဗူးလက်​​ဆောင်​ရမယ့်​အခွင့်​​အ​ရေး 🎁
💊 ၁လအတွင်း သိသိသာသာ အသားဖြူစေပြီး အရပ်ရှည်​​စေတဲ့ Calcium speed tall အသားဖြူအရပ်ရှည်ဆေးလေး​နော်​💊
🌄 လူတိုင်းအသက် ၁၃- ၃၀ မကျော်သေးပါက အရပ်ရှည်ဖို့ အခွင့်အရေးရှိပါသေးတယ်​​နော်​🌅
✌ (အရပ်​လည်းရှည်​မယ်​ ၊ အသားလည်းဖြူမယ်​ )
💊 တစ်​ဗူးကို တစ်​လဘဲ​သောက်​ရမှာ​နော်​ 2ဗူးဝယ်​ရင်​3ဗူးရမှာဆို​တော့ သုံးလစာအတွက်​ရမယ့်​အခွင့်​​ရေး​လေးကိုလက်​လွှတ်​ခံသင့်​သလား ?? 😱
- တစ်​ဗူးကို 21000 ကျပ်
❎ (​ငွေကြိုလွှဲစရာမလို) 😍
ဈေးကြီးလိုက်​တာလို့ မစဉ်းစားနဲ့​နော်​ ​ဒီ​ဆေး​လေးရဲ့ အကျိုး​ကျေးဇူး​လေး​က ဘာ​တွေရနိုင်​မလဲ ??
ကဲကြည့်​ကြ​ရ​အောင်​.....
✔ ​ဆေး​လေးနာမည်​က Calcium Speed Tall ❤
✔ နွားနို့စစ်စစ်နဲ့ပြုလုပ်ထားသောကြောင့် အသားအရည်ကိုဖြူစင်ဝင်းပစေပါတယ်🐮🐮🐄🐄
✔ Calcium ဓာတ်က အရပ်ရှည်ဖို့အတွက် အဓိကအထောက်အကူပြုပြီး အရိုးနဲ့သွားများကို ခိုင်မာစေပါတယ် 🦷🦷💪
ညဖက်လဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ် 🤭🤭

*** Calcium speed tallကို သောက်သုံးသင့်သူများမှာ ***
- အသားအရောင် ညိုသောသူများ
- မျိုးရိုးအလိုက် အရပ်ပုသူများ
- နို့မသောက်လို့ မထွားကြိုင်းသူများ
- လေ့ကျင့်ခန်းမလုပ်လို့ ပုသူများ
- အိပ်ရေးပျက်လို့ ပုသူတွေ (အအိပ်နည်း)

"ဒီဆေးလေးက အဲဒီပြသာနာလေးတွေ ကြုံတွေ့နေရတဲ့သူတွေကို ကူညီဖြေရှင်းပေးပါတယ်နော်"🥰🥰🥰

တကယ်သိသာမှုကိုရရှိစေမှာဖြစ်ပြီး သောက်သုံးရလွယ်ကူစေပါတယ် ....
နွားနို့စစ်ဖြင့်ပြုလုပ်ထား​သောကြောင့် ​ဘေးထွက်​ဆိုးကျိုး လည်းမရှိပါဘူးရှင့်🐄🐄
ပစ္စည်းစစ်ကြောင်း ၁၀၀%အာမခံပါတယ် 👍👍

တစ်​ဗူးမှာ ​ဆေးမလုံး​ရေ (၃၀ ) ပါဝင်​ပါတယ်​ရှင်​။
တနေ့၁လုံးပုံမှန်သောက်ပေးပါက ၁လအတွင်းသိသိသာသာဖြူစေပြီး 😊
(4cm မှ 8cm အထိ)အရပ်လဲထွက်လာ​စေပါတယ်ရှင်💪💪

မှာယူလိုပါက -
☎/ph - 09400179797 09452369339
သို့ ဆက်​သွယ်​ဝယ်​ယူနိုင်​ပါတယ်​​။

🏃🏃 ရန်​ကုန်​မြို့ နှင့်​တခြား​သောမြို့နယ်​​ပေါင်း 100 ​ကျော်​ကို အိမ်​အ​ရောက်​ပို့ပစ္စည်းရ ​ငွေ​ချေစနစ်

အား​ပေးမှုကို ​ကျေးဇူးအထူးတင်​ရှိပါသည်​။ ☺💛

Telephone

Website

Address


Yangon
11052

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Alerts

Be the first to know and let us send you an email when HeinLay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.