Clicker's Corner

Clicker's Corner

Share

fb.com/ccorner54
t.me/ccorner54
www.ccorner54.com

🔹Premium VPN အကူအညီ

VPN 2 CLICK
https://www.facebook.com/VPN2CLICK/

VF+
https://t.me/VPNLocation

Clicker's Corner
https://www.ccorner54.com

𝒲𝑒 𝒶𝓇𝑒 𝒮𝓉𝓇𝒾𝓀𝑒𝓇𝓈

Photos from Click Specialist's post 26/12/2025
20/12/2025

ယနေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့လေးမှာ ကရင်အမျိုးသား သွေးချင်းညီအစ်ကိုမောင်နှမများ နှင့်တကွ ပြည်သူအားလုံး ဘေးကင်းကျန်းမာဖို့ ဆုတောင်းပြုရင်း ပြည်သူလုထူအားလုံး မျှော်မှန်းထားတဲ့ ဖက်ဒရယ် အနာဂတ်ဆီသို့ တော်လှန်လူထု စုပေါင်းအားများ လက်တွဲညီကာ အောင်လံစိုက်ထူနိုင်သည့်တိုင် အတူလျှောက်လှမ်း ကြရအောင်။

20/12/2025

All in One Piece Movement တွင် အားလုံးအတူတကွစည်းလုံးညီညွတ် မှု့ဖြင့်အောင်မြင်ခဲ့သည့်အတွက် ကျေးဇူးတင်လွှာ

All in One Piece လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ကျွန်တော်တို့နှင့် အတူပူးပေါင်းပါဝင် ရပ်တည်ခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ပါသည်။ သင်တို့၏ ပုံစံအမျိုးမျိုးဖြင့် ထောက်ခံမှုသည် မြန်မာနိုင်ငံအတွက် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုမှုများ တိတ်ဆိတ်သွားမည် မဟုတ်ကြောင်း ထင်ထင်ရှားရှား ပြသလိုက်ခြင်းဖြစ်သည်။

ဤလှုပ်ရှားမှုကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထောက်ခံနေကြသော မြန်မာနိုင်ငံအတွင်းရှိ လူများအား ကျွန်တော် လေးလေးနက်နက် ကျေးဇူးတင်ပါသည်။ သင်ရင်ဆိုင်နေရသော အန္တရာယ်များကို ကျွန်တော်နားလည်ပါသည်။ဘေးကင်းရေးသည် အခြားအရာအားလုံးထက် အရေးကြီးပါသည်။ မမြင်တွေ့ရသော်လည်း သင်တို့၏ ရဲစွမ်းသတ္တိသည် ကျွန်တော်တို့အားလုံးကို ပိုမိုသောခွန်အားဖြစ်စေပါသည်။

ဤလှုပ်ရှားမှုသည် ရေခြားမြေခြား၊ အကွာဝေးများ၊ မတူညီမှုများ၊ ကွဲပြားခြားနားချက်များကို အခြေခံထားပါသဘ်။ အတူတကွပေါင်းစည်း လုပ်ဆောင်မှုတိုင်း အရေးပါပါသည်။

အတူတကွ၊တပေါင်းတစည်းတည်း ရှိကြမယ်။

ကျွန်တော်တို့အတူတူ လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် ဆက်လက်ရပ်တည်သွားပါမည်။

လေးစားကျေးဇူးတင်စွာဖြင့်၊

Kim Aris
*******
(English)
A Message of Gratitude and Solidarity
Thank you to everyone who has joined the All in One Piece Movement and stood with us from near and far. Your support, in every form, sends a powerful message that the call for freedom, justice, and peace for Burma will not be silenced.
I want to offer my deepest respect to those inside Burma who are supporting this movement in their own ways. I understand the risks you face, and your safety matters above all else. Your courage, even when unseen, strengthens us all.
This movement is built on unity across borders, distances, differences and circumstances. Each act of solidarity matters.
Together, we are all in one piece.
And together, we will continue to stand for freedom, justice, and peace.
With respect and gratitude,
Kim Aris

Photos from S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့'s post 18/12/2025
17/12/2025

Day 3✅ ဖိုးဒီတို့ ပုံလက်ဆောင် ပေးတဲ့ အစီအစဉ် လေး လူပိုသိလာအောင် RCS လေး လည်း လုပ်ပေးဖို့တောင်းဆိုပါတယ်ဗျနော်။

📌Day 3 (8:00pm)ထိ လက်ခံရရှိသော ငွေပမာဏ -၅၀၀၀၀ကျပ်။
📌Day 3 (8:00pm)ထိ လက်ဆောင်ဆွဲပေးသည့် ပုံအရေအတွက် - ၁ပုံ။

17/12/2025

"Survey ဖြေခြင်းဟာ ပြည်သူရဲ့အင်အားဖြစ်သလို မေးခွန်းတစ်ခုချင်းစီဟာလည်း အပြောင်းအလဲအတွက် အခြေခံအင်အားဖြစ်ပါတယ်။"

ချစ်ခင်လေးစားရပါသော မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား-
ဒီနေ့က True Choice Myanmar ကမ်ပိန်း စတင်တဲ့ ဒုတိယမြောက်ရက်ဖြစ်ပါတယ်ခင်ဗျာ။

ဖက်ဒရယ်ဒီမိုကရေစီကို လိုလားတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ ဆန္ဒဟာ အင်မတန် အရေးကြီးပါတယ်။ မိတ်ဆွေတို့ဖြေဆိုလိုက်တဲ့ မေးခွန်း (၇) ခုဟာ တရားမျှတမှုနဲ့ လူတိုင်းပါဝင်နိုင်တဲ့ စနစ်တစ်ခုကို တည်ဆောက်ဖို့အတွက် အုတ်မြစ်တစ်ချပ်စီ ဖြစ်ပါတယ်။ အပြောင်းအလဲဟာ ကြီးမားတဲ့ လှုပ်ရှားမှုကနေ စတင်တာမဟုတ်ဘဲ၊ မိတ်ဆွေတို့ရဲ့ ရိုးသားတဲ့ ထင်မြင်ချက်တွေ၊ ဖြေဆိုမှုတွေကနေ စတင်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရန်အတွက် True Choice Myanmar ပြည်သူ့ဆန္ဒသဘောထား ကောက်ယူမှုမှာ ပါဝင်ဖြေဆိုခြင်းဖြင့် အားဖြည့်လိုက်ပါ။

စစ်တမ်းဖြေဆိုရန် ➡️www.truechoicemyanmar.org





#ပြည်သူ့ဆန္ဒသဘောထား
#သင့်အသံသင့်ရွေးချယ်မှုသင့်အနာဂတ်
#မြန်မာ့အသံကမ္ဘာကကြားစေဖို့
#ဖက်ဒရယ်ဒီမိုကရေစီ

Photos from Min Ko Naing's post 17/12/2025
13/12/2025

57% ရှိပါပြီ၊ အညာဒေသက ပြည်သူများအတွက် ပါဝင်အားဖြည့်ပေးကြပါဦးဗျို့❤️

" စစ်ရှောင်ပြည်သူများအတွက် ဆန်အိတ် ၁၀၀ "
https://www.facebook.com/100070627083097/posts/872383335125895/

06/12/2025

SpringBees ကမ္ဘာမှာ Pollen များ စာရင်းသွင်းပြီး လဲလှယ်စောင့်မျှော်နေကြတဲ့ ပျားရဲဘော်တို့ရဲ့စကားသံနဲ့အတူ ပိုမိုကောင်းမွန်တဲ့ Airdrop scheme ဖြင့် အဖိုးတန် $SDB Token များကို ယနေ့ည မြန်မာစံတော်ချိန် ၈ နာရီ မှ ၁၀ နာရီအတွင်း ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်နော်။

ချစ်ပျားတို့ရဲ့ အသံကိုစဉ်ဆက်မပြတ် နားထောင်နေတဲ့အပြင် ပျားတွေရဲ့ စည်းလုံးမှုဖြင့် ပိုမိုခိုင်မာတဲ့ ပျားဂေဟစနစ်ကြီးကို အားလုံးအတူ လက်တွဲတည်ဆောက်နိုင်မယ်ဆိုတာကိုလဲ ယုံကြည်မိပါတယ်။🐝

ဒါကြောင့် မိမိ စာရင်းပေးသွင်းထားတဲ့ Spring Development Bank အကောင့်၏မှတ်တမ်း (Transaction History) တွင် လက်ခံရရှိမည့် $SDB Token များကို ဝင်ရောက်စစ်ဆေးဖို့အတွက် အသိပေးရင်း နောင်လာမယ့် NFT နဲ့ အခြားအစီအစဉ်များ အတွက် တစ်နေ့နှစ်ကြိမ် မလွတ်တမ်း ဆက်တုပ်ပြီး စောင့်မျှော်ကြိုဆိုလိုက်ရအောင်။💪

🕹️ t.me/springbees_bot

SpringBees Official Website
🐝 springbees.io

04/12/2025

" SCF ဆိုတာ လူထုသုံး နည်းပညာ "

နည်းပညာဆိုတာ လူတွေက ဖန်တီးတာဖြစ်လို့ နည်းပညာ ဖန်တီးတီထွင်သူရဲ့အတွင်းစိတ်ဟာ
" မိစ္ဆာဒိဠိ " မဖြစ်ဖို့ အရေးကြီးသည် ။

ယနေ့ခေတ်မှာ ဆော့ဝဲ ၊ နည်းပညာပေါင်းများစွာဖြင့် ကမ္ဘာကြီးကို ကျားဖြန့်လုပ်၍ လိမ်လည်နေကြသူ များစွာရှိပေသည် ။

ထိုသူတို့သည် သူတို့၏ အတတ်ပညာကို
ဒုစရိုက်မှု‌တွေမှာ ကိုယ်ကျိုးအတွက် တီထွင်ဖန်တီးကြသည် ။

သို့သော် Tha Din , P2D , C2D , PDF Game , NUG Pay , SDB နှင့် SCF နည်းပညာ တီထွင်သူများမှာ ၊ လူထုလွတ်မြောက်ရေးအတွက် အကျိုးပြု
တီထွင်ကြပေသည် ။

ယနေ့ခေတ်ရဲ့ အပြောင်းအလဲကြီးတွေများစွာဟာ နည်းပညာအခန်းကဏ္ဍက ဦးဆောင်ထားလျှက်ရှိသည် ။

စစ်ပွဲမှာဆိုလျှင်လည်း ဒရုန်းနည်းပညာဟာ အရေးကြီးသောနေရာမှ ဦးဆောင်လျှက်ရှိခြင်းက သက်သေပင်ဖြစ်ပေသည် ။

နည်းပညာတိုးတက်မှုများဖြင့် အာဏာရှင်အစိုးရများကို ခေတ်အဆက်ဆက်ဖြုတ်ချနိုင်ခဲ့သည်မှာလည်း ကမ္ဘာပေါ်တွင် များစွာရှိပေသည် ။

ခေါင်းစဉ်သည် " SCF ဆိုတာ လူထုသုံးနည်းပညာ " ဆိုသည့်အတိုင်း
ကျနော်တို့မြန်မာပြည်သူလူထုများအနေနဲ့
နည်းပညာနဲ့စိမ်းသော်ငြား
SCF ကို မဖြစ်မနေ အသုံးပြုနိုင်မှဖြစ်ပေမည် ။

အဘယ့်ကြောင့်ဆိုသော်
နည်းပညာအသုံးပြုတတ်ခြင်းသည်
လူတစ်ဦး တစ်ယောက်ခြင်းစီကနေပြီး
အစိုးရတရပ်ကို ပြန်ကစားနိုင်၍ဖြစ်သည် ။

ဥပမာ - ဖေ့ဘုတ်စ်နည်းပညာအသုံးပြုတတ်တာနဲ့ အစိုးရကို ဝေဖန်တာ ၊ PDF , ပကဖ ၊ ပအဖ တွေ
မတရားကျူးလွန်လျှင်လည်း သတင်းမီဒီယာကို သတင်းပေးတာ ၊ စကစ ရဲ့ ယုတ်မာမှုတွေကို သတင်းပေးတာ ဒါမျိုး‌တွေ ပြန်ပြီး ပြည်သူတစ်ယောက်အနေနဲ့ နည်းပညာကနေ ပြန်ကစားလို့
ရနေသည် မဟုတ်ပါလားခင်ဗျာ ။

SCF ဆိုသည်မှာလည်း လူထုတရပ်လုံးအတွက် အာဏာရှင်ကို ပြန်ကစားနိုင်ဖို့ ၊ လူလိမ် လူညာတွေဆီကို မှားယွင်း မကူမိစေဖို့ ၊ အချက်အလက်တွေ ၊ သတင်းလုံခြုံမှုတွေ ၊ ကိုယ်ရေးကိုယ်တာတွေကို အာဏာရှင်မသိရှိစေဖို့ရာ လူထုအတွက် တီထွင်လမ်းပြခေါ်ဆောင်နေသာ နည်းပညာစနစ်တခု ဖြစ်သောကြောင့်

စေတနာအပြည့်နဲ့ ဓမ္မဘက်တော်သားတွေ တီထွင်ထားတဲ့ SDB , SCF နည်းပညာကို အသုံးပြုပြီး
အာဏာရှင်အစိုးရကို ကျနော်တို့အတူတူဖြုတ်ချပါစို့လားခင်ဗျာ ။

" SCF ဆိုတာ လူထုသုံး နည်းပညာ " ဖြစ်ပေသည် ။

" နည်းပညာဖြင့် အာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ပေသည် " ။

#တော်လှန်ကောမစ်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Address


Bogyoke Aung San Road
Yangon