Jessica

Jessica

Share

Smile My Dear,
Wishing you a year full of love, laughter, and joy!

Photos from Jessica's post 20/05/2024

မေမေတို့ရေ

သားသား မီးမီးတို့ကို ထိန်းနေရလို့
အရမ်းပင်ပန်းနေကြပြီဆိုတာ သိပါတယ်

ဒါပေမယ့်လည်း ပုံနဲ့စာလေးတွေကို
ကြည့်ပေးပါနော် မေမေတို့ရေ ❤️

20/10/2023

#

25/06/2022

ဆားကြမ်းလေးနင်းတာပါပဲ...

ဆားကြမ်း ၂ ပိဿာ ၁၀၀၀ ကျပ်ဖိုးဆို
တစ်လလောက် အသုံးပြုလို့ရပါတယ်....

နေ့ စဉ် အ ချိန် မှန် ရေချိုး ခါနီး တိုင်း
ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။
ညဘက် နင်းပုံနင်းနည်းကတော့ … ခြေထောက်ကို.. ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ…။

(ဆား ၂ပိသာ ဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ…။
နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ ခြေထောက်က…ချွေးများ ထွက်လာတာ တွေ့ရပါမယ်…။

မိနစ် ၃၀ -၄၀ – ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့…မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ…

ခြေထောက်ကို လုံးဝ(လုံးဝ) ရေပြန်မဆေးရပါ…
ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ…
ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်…။

အကြောပြေ.. ခြေကျဉ် ထုံနာတွေ ပျောက်ကင်း..
ခြေကွဲခြင်း မရှိ… ဆံပင် မကျွတ်တော့ပဲ…
နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည်. ကျန်းမာခြင်းကိုရရှိစေမှာပါ။

Kyilwinmyint-mudra ပြောပြတဲ့
နံနက်ရေမချိုးမီ ဆားနင်းခြင်းအကျိုး

(၁) မလိုအပ်သောအပူအောင်းနေသောအခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်သည်။

(၂) ကျောက်ကပ်တွင်အပူခိုခြင်းမှကာကွယ်၍ ဆီးလမ်းကြောင်းကိုလည်းအကျိုးပြုသည်။

(၃) ကြာကြာနင်းလျှင်ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေနိုင်သည်။

(၄)အထိုင်များသူ..ကားမောင်းများသူများအတွက် အညောင်းရောဂါ အကြောပိတ် အကြောတင်းခြင်းများမှ ကာကွယ်နိုင်သည်။

(၅) မျက်စိအာရုံစိုက်ရသူများ မျက်မှန်တတ်ရသူများအတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင်မျက်စိဒီကရီကျပြီး မျက်မှန်လွတ်စေနိုင်သည်။

(၆)ဆံပင်ကျွတ်သူများ ဆံပင်ပါးသူများ ဆံပင်နှစ်ခွကွဲခြင်းများ သက်သာစေသည်။

(၇) ခေါင်းကိုက် မျက်ရိုးကိုက် မျက်ရည်ကျသူများ မျက်ရည်လမ်းကြောင်းပိတ်သူများအတွက်လည်း အကျိုးရှိစေနိုင်သည်။

(၈) သားအိမ်လမ်းကြောင်းပိတ်၍ သားသမီးမရသူများ သားသမီးရစေနိုင်သည်။

(၉) အမျိုးသားဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်းမှကာကွယ်နိုင်သည်။

ဆားနင်းခြင်းကို နံနက်အိပ်ယာထ.. ညအိပ်ယာဝင် နှစ်ကြိမ်ပြုလုပ်နိုင်သည်။ ခွက်တွင် ဆားနှစ်ပိဿာ အနည်းဆုံးထည့်ရပါမည်။ ပြီးလျှင်ရေမစိုအောင်အုပ်ထားပါ။ တစ်လခန့်ကြာမှ ဆားအသစ်လဲပေးလျှင်ရပါသည်။

ဆားနင်း၍ ကုမရသောခေါင်းကိုက်ရောဂါ၊ခါးနာရောဂါများပျောက်ကင်းနိုင်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ပြီး အပူကင်းပါစေ...
-
Credit to Originally
စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ

Photos from Jessica's post 29/04/2022

အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
‎ မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

🔹ချွေးတွေအရမ်းထွက်ပါတယ်
🔹ဆားတွေပါ ပါသွားပါတယ်။
🔹ဆားတွေများများပါသွားလေလေ
🔹ရေက မငတ်တော့လေလေ ပါပဲ။
🔹ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
🔴ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
🔴ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
‎ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
‎လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
‎အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
‎ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
‎အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

🔴ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

🟢အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

🟢ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

🟢လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

🟢အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

🟢ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

🟥အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်🟥


#အပူလျှပ်ခြင်း

Credit ;

31/01/2021

မင်္ဂလာပါခင်ဗျ 🙏🙏🙏🍀🍀🍀

အပင်ချစ်သူများအားလုံး
လူသားများအားလုံး
သက်ရှိများအားလုံး

စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ!

ကျွန်တော်များ
Online Plants Shop လေးသည်

အမျိုးမျိုးသော အကြောင်းများကြောင့်
(အဓိက နေရာ အခက်အခဲ)
စိတ်မကောင်းစွာပဲ ပိတ်ထားပါသည် ခင်ဗျ!

အချိန် တွေသည် ငါးလ ခြောက်လ ဖြစ်နိုင်သလို
တစ်နှစ် နှစ်နှစ်လည်း ဖြစ်နိုင်ပါတယ် ခင်ဗျ!

ဒါပေမယ့် ဒီ Page လေးကနေ
အပင်အကြောင်းလေးတွေ
Post လေးတွေနဲ့ Sharing အမြဲ
လုပ်ပေးနေပါမယ်ခင်ဗျ!

တချိန် အားလုံးပြည့်စုံပြီး
We're Ready ဆိုတာနဲ့

ပြန်လည်ကြေငြာသွားပါမယ် ခင်ဗျ!

အားလုံးကို ကျေးဇူးအထူး တင်ပါတယ် ခင်ဗျ!

လေးစားစွာဖြင့်
Sai Sai
31.01.2021

15/12/2020

ဒါလေးတွေက ကျွန်တော့် အိပ်မက် တွေပေါ့

ခြံကွက်အသေးလေးတစ်ခုထဲမှာ

နှစ်ထပ်အိမ် ရိုးရိုးရှင်းရှင်းလေး ရှိနေတယ်!

အဲ့ဒီအပြင် အိမ်ရှေ့ မျက်နှာသာ နှစ်ဖက်မှာ

Green House (Plant House) ပေါ့ဗျာ

နှစ်လုံး ဆောက်မယ် 🥰🥰🍀🎄🌵

ပြီးရင် အချစ်ဆုံး ပန်းပင်လေးတွေ
အပင်လေးတွေကို စိုက်မယ်

သူတို့လည်း သူတို့ အိမ်လေးထဲ မှာ
အပြိုင်လှနေမယ်, ပျော်နေကြမယ် 🥰🥰🍀🎄🌵

ကျွန်တော် ရုံးအလုပ်က ပြန်လာပြီဆို
ရေချိုး အဝတ်အစားလဲ , ညစာစားပြီးရင်

ကော်ဖီခွက်လေးရယ် , Piano music လေးရယ်နဲ့
ထိုင်ခုံလေးမှာ ထိုင်နေရင်း သူတို့လေးတွေနဲ့
စကားပြောမယ် 🥰🥰🍀🎄🌵

ကလေးတို့ ဒီနေ့ အစာများများ ချက်လိုက်ရလား
ရန်သူ ပိုးကောင်တွေ လာသေးလား
နေကောင်းကြလား ပျော်ကြလား
ကလေးတွေ များလာပြီလားပေါ့ 🥰🍀🎄🌵

စနေ တနင်္ဂနွေနဲ့ ပိတ်ရက်တွေမှာ
သူတို့ကို အားဆေးတိုက် အဝတ်လဲ
ကလေးတွေ ကူမွေးပေး ရန်သူတွေ
တိုက်ထုတ်ပေးနဲ့ ဒီလူကြီး အလုပ်ရှုပ်ပစ်မယ်

အောင်မလေးဗျာ
အတွေးတွေနဲ့တင် တကယ် ပျော်နေရပါပြီ!

သူတို့လေးတွေအတွက် ဘုရားစာလေးတွေဆိုပေး
နေကောင်း ကျန်းမာဖို့ ဆုတောင်းပေးနဲ့

စကားတွေပြောကြ 🥰
Piano သံလေး အတူတူ နားထောင်ကြ 🎶

ညဘက် မီးရောင်လေးအောက်မှာ အတူတူ
ကြယ်တွေကြည့်ကြမယ် ,
ကြယ်တွေ အကြောင်း သူတို့
နားမလည်လောက်ပေမယ့် ကျွန်တော်
သိသမျှ ရှင်းပြမယ်လေ 🥰🍀🎄🌵 ⭐

မနက်မိုးလင်း အလုပ်သွားခါနီး
သူတို့လေးတွေ ရေတိုက် မျက်နှာသစ်ပေး
Morning Sweet လေးတွေ ချိုမြိန်နေတော့မယ်!

ဘယ်လောက် အေးချမ်းပြီး လှနေလိုက်မလဲ ?
ချစ်ရလွန်းပါတယ် အပင်လေးတွေရယ် !

တနေ့ မင်းတို့နဲ့ အိမ်လေးထဲမှာ
Piano အသံလေး နားထောင်ရင်း
စကားပြောကြမယ်နော်!

#စာဖတ်သူတွေရဲ့စိတ်ကူးနဲ့အိပ်မက်လေးတွေကရော?

#မျှဝေကြပါအုံးခင်ဗျ 🥰🍀🎄🌵

လေးစားစွာဖြင့်

#09420293192

17/09/2020

Hello. . . . . အပင်ချစ်သူလေးတို့ရေ 🥰🍀
Water Please 💦💦💧💧🚿🚿🍀🍀🍀

ဒီရက်ပိုင်းအတွင်း နေတွေ
အတော်ပူလာပါတယ်နော် ☀️☀️☀️
သတိထားမိတယ်ဟုတ် ?
ကိုယ်ကိုယ်တိုင်လည်းပူနေတာကိုး !

ဒီတော့ သုံးရက် တစ်ခါလောက်ပဲ
လောင်းရမယ့် အပင်လေးတွေကို
နှစ်ရက်တစ်ခါ or နေ့တိုင်း
ရွှီရွှီလေးနဲ့ လောင်းပေးပါနော် 🚿 🚿🚿

နေ့တိုင်း ရေလောင်းသင့်တဲ့
အပင်လေးတွေကို
မနက်တစ်ကြိမ် ညနေတစ်ကြိမ်
လောင်းပေးပါနော် 💦 💦

ဘာလို့လဲဆိုတော့ ဒီနေပူနေတဲ့ အပူရှိန်ကြီးက
ကိုယ်တွေတောင် မခံနိုင်တာ
အပင်လေးတွေလည်း ဘယ်အပူခံနိုင်မလဲနော့

အဲ့ဒီတော့ နေပူတာနဲ့အမျှ ရေလေးတွေကို
ဂရုတစိုက်ရေလောင်းပေးပါ

နေပူထဲမှာ ထီးဆောင်းပြီး နှစ်နာရီလောက် လမ်းလျှောက်ရရင်တောင် ဟောဟဲ ဟောဟဲ နဲ့ ရေ နှစ်ခွက်လောက်က ကျိုက်ပလိုက်ချင်တာလေ
ဟုတ်တယ်ဟုတ်?

ဒီတော့ နေအပူရှိန်နဲ့ အပင်လေးတွေလည်း
ခြောက်နာရီလောက် အပူရှိန် ခံစားလိုက်ရရင် ??

ရေတိုက်ပါ ၊ အပင်လေးတွေ ချစ်သလို
ရေတိုက်ဖို့ကိုလည်း ချစ်ပါ
ကိုယ်ရေဆာနေရင် သူရော ရေဆာနေမလားဆိုပြီး
တွေးပြီး ရေတိုက်ပါ (ရွှဲအိုင်နေအောင်တော့ လောင်းမချကြေးနော် 😁😁🍀)

အိုကေ ! အဲ့ဒီတော့ အပင်လေးတွေကို ဂရုတစိုက် ရေတိုက်ကြပါစို့ 💦💦💦💧💧💧🚿🚿🚿

ေးတွေကိုလျော့စေတယ်_ကမ္ဘာကြီးကိုလည်းကာကွယ်တဲ့_အပင်လေးတွေစိုက်ကြပါစို့🥰❤️🍀

Want your business to be the top-listed Interior Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon