Community Development Network
Community Development Network (Pa-O) CDN
3E:
- Education
- Empowerment
- Environment
ဒေသဖွံ့ဖြိုးရေးကွန်ယက် CDN ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၇-၉)ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သော meeting မှ စတင်ဖွဲ့စည်းခဲ့သော လူထုအကျိုးပြုအဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေးနှိမ့်ကျသော ဒေသနှင့် ပဋိပက္ခများကြောင့် စစ်ဘေးသင့်ဒဏ်ခံရသော ဒေသတို့တွင် အထူးဦးစားပေး၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံကျသည့် လုပ်ငန်းအစီအဥ်များဖြစ်သော ပညာရေး၊ စွမ်းရည်မြှင့်တင်ရေး၊ သဘာ၀ပတ်ကျင်ထိန်းသိမ်းမြှင့်တင်
19/03/2026
TPC သင်တန်းကို စာတွေ့ရော လက်တွေ့ပါ အချိန် (၉)လကြာ အခက်အခဲများကြားကနေ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ခဲ့တဲ့ ဆရာမ တို့ (၂)ဦးအား Congratulations ဝမ်းမြောက်စွာ ဂုဏ်ယူပါကြောင်း ဒေသဖွံ့ဖြိုးရေးကွန်ယက် (CDN) မှ မှတ်တမ်းတင်အပ်ပါသည်။
March 12, 2026 နေ့တွင် သင်တန်းဆင်းပွဲ
# # -19/3/2026 # # #
17/03/2026
ဖွံ့ဖြိုးရေးအတွက် အခြေခံကျသော ပညာရေးကဏ္ဍအား ပအိုဝ်းဒေသတွင် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းကာ ECCD training (1st) ရက်တိုမွမ်းမံသင်တန်းတစ်ရပ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။
ပူးပေါင်းပါဝင်သူများအားလုံးကို ကျေးဇူးတင်ရှိပါသည်။
(10-11/3/2026)
# # /17032026 # # #
အားလုံး ကျန်းမာ၊ ချမ်းသာပြီး အဆင်ပြေကြပါစေလို့ အရင်ဦးဆုံး ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ~
မိမိတို့ပအို၀်းဒေသအတွင်း နေထိုင်လျက်ရှိကြသော တိုင်းရင်းသားလူငယ်မောင်မယ်များအတွက် ဒေသဖွံ့ဖြိုးရေးကွန်ယက် - Community Development Network - CDN မှ သတင်းကောင်းတစ်ခု အသိပေးချင်ပါတယ်။ အဲဒါကတော့,...
ပအို၀်းဒေသအတွင်း ပညာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ တိုးတက်စေရေးအတွက် ပံ့ပိုးလုပ်ဆောင်လျက်ရှိပြီး မိမိတို့ CDN နဲ့လည်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် RISE မှ ဦးစီးစီစဥ်ပြုလုပ်လျက်ရှိသော အာခမဲ့ "ဆရာအဖြစ် အကြိုသင်တန်း(TPC)"ကို
# ၂၀၂၅ ခုနှစ် ဇွန်လ မှ ၂၀၂၆ ခုနှစ် မတ်လ အထိ (၉)လကြာ
# သင်တန်းပါ၀င်တက်ရောက်နိုင်ရန် လိုအပ်သော အချက်များမှာ,
> သင်ကြားရေးကို စိတ်၀င်စားသူဖြစ်ပြီး သတ်မှတ်ထားသော သင်တန်းချိန်အတိုင်း အပြည့်အ၀ တက်ရမည်ဖြစ်မည်။
> သင်တန်းတက်မည့်သူသည် သင်တန်းပြီးဆုံးသည့်အချိန်တွင် အသက် (၁၈)နှစ် ပြည့်ပြီး ဖြစ်ရမည်။
> မြန်မာဘာသာဖြင့် သင်ကြားပို့ချမည်ဖြစ်ပါသဖြင့် ကျောင်းသူကျောင်းသားများမှာ မြန်မာစကားအရေး၊ အပြော၊ အဖတ်၊ နားလည်နိုင်သူ ဖြစ်ရမည်။
> သင်တန်းတက်ရောက်မည့်သူသည် အနိမ့်ဆုံးအထက်တန်းကျောင်းတက်ရောက်ဖူးသူဖြစ်ရမည်။ (ဘွဲ့ရသူများလည်း လျှောက်ထားနိုင်သည်)
> သင်ကြားရေးအတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိသူများကို ဦးစားပေး ရွေးချယ်သည်။
> သတ်မှတ်ထားသည့် သင်တန်းကာလ ပြီးမြောက်အောင် တက်ရမည်။
> TPC သင်တန်းကျောင်း (၉)လ သင်တန်းအပြီးတွင် သက်ဆိုင်ရာ မိမိတိုင်းရင်းသားဒေသရှိ ပညာရေးကဏ္ဍတွင် အနည်းဆုံး(၁)နှစ် တာ၀န်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
> ရွေးချယ်ပြီး အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ပြီး ကျန်းမာရေးကောင်းသူလည်း ဖြစ်ရမည်။ ထိုအပြင်သင်တန်းတက်နေစဥ်အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်း နှင့် TPC သင်တန်းကျောင်းတို့မှ ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်သည်။
> မူးယစ်ဆေး၀ါး ကင်းရှင်းသူ ဖြစ်ရမည်။
> အွန်လိုင်းဆိုသော်ငြားလည်း ဤသင်တန်းကို ထိရောက်မှုပိုရှိစေရန် ပါ၀င်တက်ရောက်နိုင်သူများသည် CDN ရုံးမှတဆင့် ပြင်ဆင်သတ်မှတ်ပေးထားသောနေရာ၌ စုစုစည်းစည်း သင်ယူရမည်ဖြစ်သည်။
မှတ်ချက်
- ဤ TPC သင်တန်းကို အင်တာနက် (အွန်လိုင်း Online) မှတဆင့် သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
- ထို့အပြင် သင်တန်းကျောင်းကိစ္စနဲ့ပတ်သက်၍ သိလိုသည်များရှိပါက အောက်ဖော်ပြပါ ဆက်သွယ်ရမည့် လိပ်စာနှင့် တာ၀န်ရှိသူများကို မေးမြန်းဆက်သွယ်နိုင်ပါသည်။
- သင်တန်းလျှောက်လွှာပုံစံ/ ဖောင်ကိုလည်း အောက်ဖော်ပြပါလိပ်စာအတိုင်း တာ၀န်ရှိသူများထံမှ အာခမဲ့ ဆက်သွယ်၍ ရယူနိုင်ပါသည်။
- သင်တန်းကို နောက်ဆုံး တင်သွင်းလျှောက်ထားရမည့်ရက်မှာ "၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့" ဖြစ်ပါသည်။
ဆက်သွယ်ရမည့် CDN မှ တာ၀န်ရှိသူများ -
(၁) ကိုကျော်စိုးလင်း - ၀၉၄၅၈၆၁၃၅၂၅, ၀၉၉၅၃၄၈၃၁၅၄ ၊ [email protected]
(၂) နန်းစုစု၀င်း - ၀၉၂၆၂၄၇၆၂၇၉ ၊ [email protected]
(၃) CDN office - [email protected] (Cc)
ဒေသဖွံ့ဖြိုးရေးကွန်ယက်
# # /8052025 # # #
Community Development Network CDN မှ Job Announcement အလုပ်ဖိတ်ခေါ်မှုလေး လုပ်ချင်ပါသည်။
စီမံကိန်းလုပ်ငန်းများ(2025 စတင်) ထိရောက်အောင်မြင်စေရေးအတွက် အောက်ပါလိုအပ်သော Position များအား ခန့်အပ်ရန် CDN အဖွဲ့ မှ နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်လိုပါသည်။
၎င်း Position နေရာများမှာ -
- Program Manager - (1) ဦး
- Project Coordinator- (1) ဦး
တို့ဖြစ်ပါသည်။
အသေးစိတ် သိရှိလိုပါက -
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ CDN ရုံးကိုလည်းသော်လည်း၊ ဆက်သွယ်ရမည့်လိပ်စာနဲ့အတူ အောက်ပါပုဂ္ဂိုလ်များကိုလည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
လျှောက်လိုသူများအနေနဲ့ 22 April 2025 ( အင်္ဂါနေ့) ညနေ၅:၀၀ နာရီ နောက်ဆုံးထားပြီး CV နှင့်တကွ ပေးပို့၍ လျှောက်ထားနိုင်ပါသည်။
ဆက်သွယ်ရမည့် ပုဂ္ဂိုလ် နှင့် ဖုန်းနံပါတ် -
> နန်းခမ်းရွီး - 09788431668 ([email protected])
> နန်းစုစုဝင်း - 09262476279 ([email protected])
> Cc to - [email protected]
Community Development Network
(7-4-2025)
02/04/2025
မြန်မာနိုင်ငံမှာ စစ်ပွဲချက်ချင်းရပ်ဖို့ ကုလအထူးကိုယ်စားလှယ် တောင်းဆို
~~~
◼ ငလျင်ဘေးဒဏ် အကြီးအကျယ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ စစ်မက်ဖြစ်ပွားမှုတွေ ချက်ချင်းရပ်ပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အာရုံစိုက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ဧပြီလ ၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
သဘာဝဘေးဒဏ်သင့်ခဲ့တဲ့ ဒေသတွေမှာ စစ်တပ်က စစ်ရေးလုပ်ဆောင်မှုတွေ ဆက်လုပ်နေတာဟာ နောက်ထပ် အသက်ဆုံးရှုံးမှုတွေ ရှိလာနိုင်တဲ့အပြင် သဘာ၀ဘေး တုံ့ပြန်ဆောင်ရွက်ရေးတွေကိုပါ ထိခိုက်စေနိုင်တယ်လို့ သူကပြောပါတယ်။
ဘယ်အကြမ်းဖက်မှုကိုမဆို သူ့အနေနဲ့ ရှုတ်ချတယ်၊ ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းတစ်ခုမှာ အကြမ်းဖက် မှုတွေ အဆုံးသတ်ဖို့လိုအပ်တယ်လို့လည်း သူကပြောပါတယ်။
ငလျင်ဟာ အရင်ကတည်းက ဆိုးရွားနေပြီးဖြစ်တဲ့ အခြေအနေတွေကို ပိုပြီးဆိုးဝါးစေသလို မြန်မာပြည်သူတွေ ကြုံနေရတဲ့ ပိုမိုနက်ရှိုင်းတဲ့ အားနည်းချက်တွေကိုလည်း ပေါ်လွင်လာစေတယ်လို့ ဆိုပါတယ်။
ဒီအကျပ်အတည်းကို နိုင်ငံတကာက အာရုံစိုက်ဖို့လိုအပ်သလို လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းတွေဘက်ကလည်း လမ်းတွေဖွင့်ပေးဖို့လိုအပ်ပြီး အကူအညီပေးနေသူတွေကိုလည်း ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ပေးရမယ်လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။
~~~~
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကိုတွေ့ရစဉ်။ (Photo: UN / Cia Pak)
#ငလျင် Bishop #အပစ်အခတ်ရပ်စဲရေး #လွတ်လပ်တဲ့အာရှအသံ
29/03/2025
Crd: UNICEF
02/03/2025
2020/2021/2022/2023 နှစ်တွေအတွင်း ရှမ်းပြည်နည်(တောင်ပိုင်း)ရှိ တောင်ကြီးမြို့တွင် ဘက ကျောင်းအချို့အပါအ၀င် ဆီဆိုင်မြို့နယ်၊ လွိုင်လင်မြို့နယ်၊ မောက်မယ်မြို့နယ်များမှ အခြေခံပညာကျောင်းများ(ကျောင်းဆရာ/မ များနှင့် ကျောင်းသူကျောင်းသားများ/ ကျောင်းပေါင်း-၂၀၀ခန့်)အတွက် သင်ထောက်ကူပစ္စည်များ Teaching and Learning Materials (ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ကွန်ပါဗူး၊ ပုံဆွဲစာအုပ်၊ ပုံပြင်စာအုပ်၊ ပေတံ အစရှိသည်တို့ဖြင့်) နှင့် အားကစားပစ္စည်းများအား C2Learn project အကူအညီဖြင့် Community Development Network - CDN အဖွဲ့မှ ဒေသခံမိဘပြည်သူများ၏ပူးပေါင်းပါ၀င်မှုနှင့်အတူ နှစ်စဥ် ပံ့ပိုးကူညီပေးနိုင်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။
# # -3/2/2025 # # #
ပုံ- အခြေခံပညာကျောင်းများအား ဖြန့်ေ၀ပေးခဲ့သော ဗလာစာအုပ် (မျက်နှာဖုံး/ ဒီဇိုင်း, By CDN/RISE) ဖြစ်ပါသည်။
23/02/2025
ဒေသဖွံ့ဖြိုးရေးကွန်ယက် CDN ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၇-၉)ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သော meeting မှ စတင်ဖွဲ့စည်းခဲ့သော လူထုအကျိုးပြုအဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း၌ ပအို၀်း / Pa-O အမျိုးသားဒေသများမှ ဖွံ့ဖြိုးရေးနှိမ့်ကျသော၊ စစ်ဘေးဒဏ်အပါအ၀င်ပဋိပက္ခဒါဏ်များကြောင့် ဘေးဒဏ်သင့်ဒဏ်ခံရသော ဒေသတို့တွင် အထူးဦးစားပေး၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံကျသည့် လုပ်ငန်းအစီအဥ်များဖြစ်သော ပညာရေး၊ စွမ်းရည်မြှင့်တင်ရေး၊ သဘာ၀ပတ်ကျင်ထိန်းသိမ်းမြှင့်တင်ရေးတို့နှင့် လူသားချင်းစာနာထောက်ထားမူအကူအညီအတွက်ကိုလည်း တတ်နိုင်ဖက်မှ ပံ့ပိုးဆောင်ရွက်လျက်ရှိသည်။
ယင်းဒေသများအတွင်း အခြေခံကျပြီး ပိုမိုလိုအပ်လျက်ရှိသည်များကို မိမိတို့ CDN အဖွဲ့မှ တတ်နိုင်သည့်ဖက်မှ ဆက်လက်ကြိုးပမ်းပံ့ပိုးဆောင်ရွက်သွားပါမည် ဖြစ်ပါသည်။
(မှတ်တမ်းဓါတ်ပုံများသည် ယခင်နှစ်တွေအတွင်းမှာ လှုပ်ရှားဆောင်ရွက်ခဲ့သော ပုံရိပ်အချို့သာ ဖြစ်ပါသည်။)
# # /2322025 # # #
ကြာခဲ့ပြီဖြစ်တဲ့ ယခင် 2018/2019/2020 နှစ်တွေအတွင်း ကွင်းဆင်းသွားခဲ့တဲ့ အမှတ်တရဖြစ်တဲ့ မှတ်တမ်းပုံရိပ်တွေထဲက တစ်ခုကို အမှတ်တရ ပြန်လည်တင်ပြလိုက်ပါတယ်။
"ဘာဖြစ်လို့လဲဆိုတော့ စီးသွားခဲ့တာက နဲနဲ၊ ပြန်အစီးခံရတာ ပိုများခဲ့လို့ပါပဲ"
# # -2322025 # # #
https://fb.watch/xWMzqBauOb/
ပြီးခဲ့တဲ့ သင်တန်းအားလုံးကို သတိရမိတဲ့အနေဖြင့် ဒီ video file လေးတစ်ခုကို ပြန်လည်သတိရကြစေဖို့မျှော်လျက် - ပြန်ထပ်တင်လိုပါတယ်။
# # /2322025 # # #
https://fb.watch/xWMhLOOxWa/
Click here to claim your Sponsored Listing.
Contact the organization
Telephone
Website
Address
Taunggyi
Opening Hours
| Monday | 09:00 - 16:00 |
| Wednesday | 09:00 - 16:00 |
| Thursday | 09:00 - 16:00 |
| Friday | 09:00 - 16:00 |