Global Link
Connect To The World With Global Link Fiber Internet
08/04/2026
မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလဖြစ်သော (၁၃.၄.၂၀၂၆) မှ (၁၇.၄.၂၀၂၆) ရက်နေ့အထိ ရုံးဖွင့်ချိန် နံနက် ၉:၀၀ နာရီမှ နေ့လယ် ၁၂:၀၀ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဝိုင်ဖိုင်ကြိုးပြတ်တောက်မှုများကို ပြုပြင်ပေးမည်ဖြစ်ပြီး၊ အင်တာနက်အသစ်တပ်ဆင်ခြင်း လုပ်ငန်းများကို ခေတ္တရပ်နားထားမည် ဖြစ်ပါသည်။
အင်တာနက်သက်တမ်းကုန်ဆုံးမည့်သူများအနေဖြင့် ရုံးဖွင့်ချိန်အတွင်း လာရောက်ပေးဆောင်နိုင်ပါသည်။
KPay နှင့် Wave Pay တို့ဖြင့် ပေးဆောင်လိုသူများအတွက် ည (၈:၀၀) နာရီအထိ လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မြန်မာနှစ်သစ်ကူးအခါသမယမှာ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
23-5-2025 ယနေ့ မနက်စော ၂.၄၅ နာရီတွင် ဆေးရုံကြီးရှေ့မှ တိုးလက်ဖက်ရည်ဆိုင်အထိ ပုံးများတွင် ငှက်များ ပုံးအတွင်းသို့ ဝင်ကိုက်သွားပါ၍ လိုင်းများ ပြတ်တောက်ခဲ့ပါသည် ယခုမနက် ၈.၄၅ နာရီတွင် ပြုပြင် ပြီးဖြစ်ပါ၍ လိုင်းများပုံမှန်အတိုင်းသုံးလို့ ရနေပါပြီ ခင်ဗျ
လူကြီးမင်းများ အဆင်ပြေစေရန်အတွက် သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်များဖြစ်သော ( 13-4-2025 မှ 16-4-2025 ရက်နေ့အထိ )
ရုံးချိန် မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ
မီးနီ ကြိုးပျက်ခြင်း ၊ ဘေပေးဆောင်ခြင်းများ အတွက် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
17-4-2025 ရက်နေ့မှစ၍ ပုံမှန်ရုံးချိန်အတိုင်း (မနက် ၉ နာရီမှ ညနေ ၅ နာရီ ) ဝန်ဆောင်မှုပေးအပ်သွားပါမည်။
မြန်မာ့နှစ်သစ်ကူး အခါသမယတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ လိုအင်ဆန္ဒ အပေါင်းနှင့် ပြည့်စုံကြပါစေဟု Global Link မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
page တွင် အမြဲမသုံးဖြစ်ပါ၍ Viber No - 09 79 609 5555 သို့ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဖုန်းများ / powerbank များ အားသွင်းလိုပါက မနက် ၉နာရီမှ ညနေ၄ နာရီအထိ ကိုယ်တိုင်စောင့်ယူပြီး အားသွင်းနိုင်ပါသည်
extension ကြိုးခွေများရှိပါက ယူဆောင်ပေးပါက ပို၍ အဆင်ပြေပါမည်
အားလုံးဘေးအန္တရယ်ကင်း၍ အဆင်ပြေကျပါစေ ခင်ဗျ 🙏🙏🙏
30-11-2024 ယနေ့သည် ဝိုင်ဖိုင်စျေးအဟောင်းဖြင့် လစဉ်ကြေးသွင်းနိုင်မည့် နောက်ဆုံးရက်ဖြစ်ပါသည်
1-12-2024 မှစပြီး ဘေဆောင်သူတိုင်း စျေးအသစ်ဖြင့် ဆောင်ရမည်ဖြစ်ပါသည်
*******
1-12-2024 မှစပြီး ဝိုင်ဖိုင်အသစ်တပ်ဆင်မည့်သူများ ပြန်လည်လက်ခံပေးပါမည်
ကနဦးတပ်ဆင်မည့်သူများ 6လစာသွင်းပေးရပါမည် ( မည့်သည့် Promotion မှရမည်မဟုတ်ပါ )
စက်ဖိုး / ကြိုးဖိုး / လစဉ်ကြေး အကုန်စျေးတက်နေပါ၍ 6လစာ အပြည့်သွင်းမှသာ အသစ်တပ်ဆင်ပေးပါမည်
၂၀၂၄ ခုနှစ် ၁၂ လပိုင်း ၁ ရက်နေ့မှစပြီး ဝိုင်ဖိုင်လစဉ်ကြေးနှုန်းများ ပြောင်းလဲ ကောက်ခံပါမည်
20Mbps - 40000
30Mbps - 50000
40Mbps - 60000
60Mbps - 90000
100Mbps - 120000
ဗဟိုဘဏ်သတ်မှတ် နှုန်းထားသည် 1$ - 3500 ကျပ်ဝန်းကျင် စျေးနှုန်းဖြင့် ကောက်ခံသောကြောင့် ပြောင်းရခြင်းဖြစ်ပါသည်
ယခင် ဈေးနှုန်း အဟောင်းဖြင့် ၁၁လပိုင်း ၃၀ရက်နေ့အထိ ကြိုတင်တိုးထားနိုင်ပါသည်
ဝိုင်ဖိုင်လိုင်း အသစ်တပ်ဆင်ခြင်းလည်း နားထားပါတယ်ခင်ဗျ
ဘူတာပတ်လမ်း လမ်းတိုးချဲ့ခြင်းကြောင့် Global Link ဝို်င်ဖိုင် Box တိုင်များ ရွှေ့ပြောင်းပေးရမည် ဖြစ်ပါသောကြောင့် ဘူတာပတ်လမ်း Box များမှ ကြိုးဆွဲထားသော နေအိမ်များ ယာယီ အင်တာနက်လိုင်းပြတ်တောက်မည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်
ဝိုင်ဖိုင်စက်မီးနီပြခြင်း / လိုင်းသုံးရ အဆင်မပြေဖြစ်ခြင်း အစရှိသည်များကို မေးမြန်ရန်အတွက် ရုံးဖုန်း ၃လုံး ကိုသာ ခေါ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်
09-796095555 , 09-952535555 , 09-892892649 ( ရုံးချိန် မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း )
ဝိုင်ဖိုင်စက် စတစ်ကာပေါ်တွင်လဲ ရုံးဖုန်းများ ရေးထားသလို ငွေလက်ခံဘောင်ချာပေါ်တွင်လဲ ဖုန်းနံပါတ်များ ရေးထားပါသည်
* ရုံးဖုန်းများကို ဆက်ပေးမှသာ အဆင်မပြေမှုများအတွက် ဖြေရှင်းပေးလို့ရပါမည် *
Mobile Data မရတဲ့မြို့ဖြစ်ပါသောကြောင့် Global Link စတင်ရောင်းချတဲ့နေမှစပြီး ယနေ့အချိန်အထိ ဝန်ဆောင်မှုအပိုင်းရော အင်တာနက်အပိုင်းရော အကောင်းဆုံးဝန်ဆောင်မှုပေးပြီး ရောင်းချခဲ့ပါသည်
5-9-2024 မနက် 10.30 တွင် ရွှေမော်ဓော လမ်းထိပ်ရှိ ရေမြောင်းတူဖော်ရာမှ Global Link Main Fiber ကြိုး မတော်တဆထိခိုက်သွားပါ၍ ရပ်ကွက်တော်တော်များများ လိုင်းပြတ်တောက်ခဲ့ပါသည်
အခုညပိုင်း ၇နာရီတွင် ရပ်ကွက်တော်တော်များများ ပြန်လည်အသုံးပြုနိုင်အောင် ပြုပြင်ပြီးပါပြီ
နက်ဖြန်မနက်ပိုင်းတွင် ကျန်ရှိနေသေးသော မောင်းတိုင်ရပ်ကွက်နှင့် ၅၅၀ ရပ်ကွက် တို့ကို ဆက်လက်ပြုပြင်ပေးပါမည် ( ညပိုင်းအချိန်ရောက်သွားသောကြောင့် ညတွင်းချင်းတော့ မရတော့ပါခင်ဗျာ )
ရွှေမော်ဓောလမ်းမြောက်ဘက်ခြမ်းရပ်ကွက်များသို့ ပို့ပေးထားသော မိန်းကြိုး ပြတ်သွားပါ၍ လိုင်းများ ပြတ်တောက်နေပါသည်
အမြန်ဆုံးရရှိနိုင်အောင် ကြိုးစားပေးနေပါတယ် ခင်ဗျ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
ရေဦးလမ်း တောင်ပြင် ၂ ရပ်ကွက် တောင်တွင်းကြီးမြို့
Taungdwingyi
04141