Fast&Good Restaurant

Fast&Good Restaurant

Share

Halal Foods, Pizza, Bread and Cakes, Coffee & Bubble Tea

14/05/2026

အိမ်ကပြန်ချက်ကျွေးတဲ့ အမေ့လက်ရာအတိုင်း အရသာမျိုးကို လွမ်းနေပြီလား? ✨🍲

Fast & Good ရဲ့ "ငါးကြင်းမြီး ချဉ်စပ်" ဟာဆိုရင် အိမ်မှာချက်သလိုမျိုး သန့်ရှင်းလတ်ဆတ်တဲ့ ငါးကြင်းမြီးကိုမှ မန်ကျည်းမှည့်အနှစ်၊ ငရုတ်သီးစိမ်းနဲ့ နံနံပင်မွှေးမွှေးလေးတွေ သုံးပြီး အချိုးကျကျ ချက်ပြုတ်ထားတာပါ။😋😍

📌ချဉ်၊ စပ်၊ မွှေး အရသာလေးက ထမင်းပူပူလေးနဲ့ဆိုရင် တကယ့်ကို "ထမင်းမြိန်စေမယ့်" ဟင်းတစ်ခွက်ပါပဲ။ 😋

📌ဒီနေ့ နေ့လယ်စာ (ဒါမှမဟုတ်) ညနေစာကို အိမ်ကလက်ရာအတိုင်း စားချင်တယ်ဆိုရင် Fast & Good ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ❤️

10/05/2026

Happy Mother’s Day ပါ ❤️
" မေမေ "တို့ရဲ့ ချစ်ခြင်းမေတ္တာအနန္တကို ရည်မှန်းရင်း ယနေ့ မေလ (၁၀) ရက်နေ့ မှာ ကျရောက်သော " အမေများနေ့ "မှာ ကမ္ဘာ့နေရာဒေသအရပ်ရပ်ရှိ မိခင်များ စိတ်ကျန်းမာ ကိုယ်ချမ်းသာရှိကြပါစေ
လို့ Fast and Good Restaurant မိသားစုမှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ ❤

07/05/2026

နေ့လည်ခင်း အလုပ်လုပ်ရင်း ငိုက်နေပြီလား? ဒါမှမဟုတ် စာကြည့်ရင်း ပျင်းနေပြီလား? 🙄

မျက်စိကျယ်သွားစေဖို့ အချဉ်၊ အစပ်၊ အငန် အချိုးအစား ညီမျှတဲ့ အပ်မှိုထောင်းလေး တစ်ပွဲလောက် လိုနေပြီပေါ့။😋

တစ်လုပ်စားလိုက်တာနဲ့ လျှာပေါ်မှာတင် အရသာက စွဲကျန်နေမှာမို့လို့ လန်းဆန်းသွားစေမှာတော့ အသေအချာပါပဲ။🤩

18/04/2026

"ထမင်းဘယ်နှစ်ပန်းကန် ကုန်သွားမှန်း မသိစေရဘူး!" 🦀🍚

"အနှစ်က စိမ့်၊ အသားက အိမ့်" ဆိုတဲ့အတိုင်း ကျွန်တော်တို့ဆိုင်ရဲ့ Crab Curry က ထမင်းပူပူလေးနဲ့ နယ်စားလိုက်ရင် ရင်ထဲမှာ စိမ့်တက်သွားစေမယ့် အရသာမျိုးပါ။❤

ကဏန်းအသားချိုချိုလေးကို အနှစ်ရွဲရွဲလေးနဲ့ ဆမ်းပြီး စားကြည့်လိုက်ပါ။ ဒီနေ့အတွက် တခြားဟင်း မလိုတော့ဘူးနော်။ ဗိုက်ဆာရင် အခုပဲ မှာလိုက်တော့!😋❤

17/04/2026

"မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ❤

💦ဟောင်းနွမ်းခဲ့သမျှ အညစ်အကြေးတွေ အတာရေနဲ့ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ လန်းဆန်းတက်ကြွတဲ့ အစပြုခြင်းသစ်တွေ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Fast and Good Restaurant မိသားစုမှ ရိုသေစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။❤

16/04/2026

💦"မင်္ဂလာရှိသော သင်္ကြန်အတက်နေ့လေး ဖြစ်ပါစေ"❤

💦မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကြီးရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ "အတက်နေ့" မှာ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။😍

အတာသင်္ကြန်"အတက်နေ့"အချိန်အခါသမယမှာ နှစ်ဟောင်းက အညစ်အကြေးတွေ အားလုံး အတာရေနဲ့အတူ ကုန်စင်သွားပြီး မနက်ဖြန်မှာ ကျရောက်မယ့် မြန်မာနှစ်သစ်ကူးနေ့ကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစွာ ကြိုဆိုနိုင်ကြပါစေရှင်။❤

15/04/2026

မင်္ဂလာရှိသော သင်္ကြန်အကြတ်နေ့လေးဖြစ်ပါစေ"❤

💦မြန်မာ့ရိုးရာ အတာသင်္ကြန်ရဲ့ တတိယမြောက်နေ့ဖြစ်တဲ့ "အကြတ်နေ့" မှာ မိဘပြည်သူ အပေါင်းနှင့်တကွ မိတ်ဆွေများအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး စိတ်နှလုံး အေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။❤

ဒီနေ့မှာလည်း မိသားစု၊ သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ဖန်တီးရင်း ကုသိုလ်ယူ အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေရှင်။🕊️

14/04/2026

"အေးမြတဲ့ အတာရေနဲ့အတူ မင်္ဂလာရှိသော သင်္ကြန်အကျနေ့ ဖြစ်ပါစေ"❤

💦ယနေ့ ကျရောက်တဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် "အကျနေ့" မှာ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။❤

အတာသင်္ကြန် "အကျနေ့" အချိန်အခါသမယမှာ အန္တရာယ်ခပ်သိမ်း ကင်းဝေးပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။❤

မိသားစု၊ သူငယ်ချင်းများနဲ့အတူ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်း ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေရှင်။😍

13/04/2026

"မင်္ဂလာရှိသော သင်္ကြန်အကြိုနေ့လေးဖြစ်ပါစေ"❤

💦မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကြီးရဲ့ အစပျိုးရာ "အကြိုနေ့" မှာ လူနတ်အပေါင်း စိတ်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။😍

သင်းပျံ့တဲ့ ပိတောက်နံ့လေးတွေနဲ့အတူ စိတ်သစ်၊ လူသစ်၊ အင်အားသစ်တွေနဲ့ နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေ။ ❤

အကြိုနေ့မှာ မိသားစုတွေနဲ့အတူ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်း အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေရှင်။🥰

07/04/2026

အမဲသားကိုမှ နူးအိနေအောင် အချိန်ပေးချက်ပြုတ်ထားတဲ့ အမဲသားနှပ်... တစ်ကိုက်စားရင်တင် သိသာတယ်!😋

အမဲသားကို နူးအောင်ချက်ဖို့ဆိုတာ မလွယ်ပါဘူး။🥵

ဒါကြောင့် Fast & Good က အမဲသားကို အရသာစိမ့်ဝင်ပြီး နူးအိနေအောင် စနစ်တကျ နှပ်ထားပေးပါတယ်။ 😍

ဆီပြန်ပြန် ဟင်းအနှစ်လေးနဲ့ ထမင်းပူပူလေးသာ နယ်စားလိုက်ရင်တော့ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ အိမ်ချက်လက်ရာစစ်စစ် အရသာကို ရရှိမှာဖြစ်ပါတယ်။ 🤩

ဒါကြောင့် အရသာရှိတာလေးစားဖို့ဆိုရင် Fast & Goodကို လှမ်းခဲ့ပါနော်❤

06/04/2026

လူစုံမှ... မာလာထုံတာ ပိုအရသာရှိတာ😋

မာလာရှမ်းကောဆိုတာ တစ်ယောက်တည်းစားရင် ဗိုက်ပဲဝတာ... သူငယ်ချင်းတွေနဲ့ ဝိုင်းလုစားမှ ရင်ထဲအထိ ထုံစိမ့်သွားတာမျိုးနော်။😍

ကဲ... ဒီ Post ရဲ့ Comment မှာ ပထမဆုံးပေါ်လာတဲ့သူက ဒီနေ့ညနေ မာလာရှမ်းကော ဝယ်ကျွေးရမယ်! ဘယ်သူဖြစ်မလဲ Mention ခေါ်ပြီး အကြွေးတောင်းလိုက်တော့။ 😉👇

Want your restaurant to be the top-listed Restaurant in Tamwe?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 48, Kyaikkasan Road
Tamwe
11211

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00