Pyae

Pyae

Share

Information

21/04/2024
27/06/2023

Hi

Photos from Border News Agency's post 22/09/2022
21/09/2022

AA နှင့်ပတ်သက်၍ နပခတိုင်းမှူး ထင်လတ်ဦးက လိုက်နာရမည့် ညွှန်ကြားချက် ၁၀ ချက် လျှို့ဝှက် ထုတ်ပြန်

Western News- စက်တင်ဘာ၊ ၂၁ ရက်

ရခိုင်ပြည်တွင်၊ တိုက်ပွဲများ ပြင်းထန်လာချိန် ရက္ခိုင့်တပ်တော် AA နှင့် ပတ်သက်၍ နပခတိုင်းမှူး ထင်လတ်ဦးက လိုက်နာရမည့် ညွှန်ကြားချက် ၁၀ ချက်ကို လျှို့ဝှက် ထုတ်ပြန်လိုက်သည်။

လူမှုကွန်ရက်တွင် ရဲကြေးနန်းစာ ပြန့်နှံ့နေ၍ Western News က ယင်းထုတ်ပြန်စာသည် အစစ်ဟုတ်၊ မဟုတ် စစ်တပ် သတင်းရင်းမြစ်များသို့ ဆက်သွယ်မေးမြန်းရာ စာအစစ်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုသည်။

ယင်းအပြင် ညွှန်ကြားချက်မှာလည်း အမှန်တကယ်ပင်ဖြစ် ကြောင်း၊ စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်ကို နံပါတ်တစ် ဦးစားပေး လုံခြုံ ရေးနှင့် စစ်ဆင်ရေး အဆင့် သတ်မှတ်ထားကြောင်း၊ တိုင်းမှူးညွှန် ကြားသည်ဆိုသော အချက်များမှာ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်ပိုင်းကလာသော ညွှန်ကြား ချက်များဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။

အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး ညွှန်ကြားသော အမိန့် ၁၀ ချက်မှာ (က) စစ်ဆေးရေးဂိတ်များအားလုံး မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလခြင်းမပြုလုပ်ရန်၊ (ခ) ကုန်းလမ်း၊ ရေလမ်းကြောင်းများရှိ စစ်ဆေးရေးဂိတ်များကို စနစ်တကျ စစ်ဆေးသွားရန်၊ (ဂ) ကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းများကို ခေါ်ယူ၍ အစည်းအဝေးပြုလုပ်ပြီး AA နှင့် ဆက်သွယ်မှုပြုလုပ်ပါက ထိရောက်စွာ အရေးယူသွားမည်ဟု ချပြ ပြောကြားရန်ဖြစ်သည်။

ယင်းအပြင် (ဃ) တပ်ဖွဲ့ဝင်၊ မိသားစုများ၊ စားရေးသောက်ရေး အတွက် ရိက္ခာအမယ်စုံများ စုဆောင်းထားရှိရန်၊ (င) တပ်လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် စနတစ်ကျ စုဖွဲ့သွားလာရန် (စ) လိုအပ်သော ရိက္ခာများ ပို့ဆောင်နိုင်ရေး စစ်ရေးအမြင်ဖြင့် ကြိုတင်ပြီး စီမံဆောင်ရွက်ထားရှိရန်၊ (ဆ) AA အားထောက်ပံ့မှုပေးသည့် အမာခံများကို စုံစမ်းဖော်ထုတ်အရေးယူသွားရန်၊(ဇ) တပ်လှုပ်များ၊ လမ်းကြောင်းလခရများ၊ ချီတက် ထွက်ခွာစဉ် စနစ်တကျ မိုင်းရှင်းလင်းပြီး စစ်နည်းဗျူဟာမြောက် ချီတက်သွားလာရန်ဖြစ်ကြသည်။

အလားတူ(ဈ) တပ်ဖွဲ့ဝင် မိသားစုများအား တပ်ရန်ပုံငွေများဖြင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးသွားရန်၊(ည) ရန်သူ့သတင်းများရရှိရေး တပ်ဖွဲ့ဝင်မိသားစုများမှ တစ်ဆင့် ရယူနိုင်ရေး စည်းရုံးဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင် AA နှင့် စစ်ကောင်စီတပ်များ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်တစ်လျှောက်နှင့် ချင်းပြည်နယ်၊ ပလက်၀ဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ နယ်ခြားစောင့် စခန်းများကို AA က ဆက်တိုက် သိမ်းပိုက်လျက်ရှိသည်။

Western News-WN

21/09/2022
16/09/2022

တောင်ကုတ်မြို့အနီး AA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်

သူသူဇော်

မဇ္စျိမ။ ။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အနီး တောင်ကုတ်သင်္ဘောဆိပ် ရန်ခေါ်ချောင်းအနီးအနားတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ယနေ့ နေလယ် ၁နာရီကျော်ခန့်လောက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

တောင်ကုတ်သင်္ဘောဆိပ်မှ လူတင်ပြီး ထွက်လာသည့် ကားများကို AA ဖက်မှ လှမ်းပစ်ခတ်ခြင်းမှ တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

“တောင်ကုတ်သင်္ဘောဆိပ်နားက ထွက်လာတဲ့ စစ်ကောင်စီကားကို AA ဖက်က လှမ်းပစ်တယ်လိုသိရတယ်၊ ရန်ခေါ်ချာင်းဘက်နားမှာဖြစ်နေတာ၊ သင်္ဘောဆိပ်က ထွက်လာတဲ့ ကားကို လက်နက်ကြီးနဲ့ ပစ်တာ။ အဲဒါကနေ လက်နက်ကြီး ပစ်နေတာ ၄၅ မိနစ်လောက်ရှိပြီ၊ ဒါကြောင့် တိုက်ပွဲဖြစ်တာလို့ သိရတယ် ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာမှာ တောင်ကုတ်နှင့် သုံးမိုင်ခန့်အကွာတွင် ဖြစ်ပွားနေခြင်းဖြစ်ကာ ဒေသခံများအနေဖြင့် လမ်းသွားလမ်းလာ မရှိကြောင်းလည်း သိရသည်။

“ မြို့နဲ့ သုံးမိုင်လောက်တော့ ဝေးတယ်၊ လောလောစဉ် ဒေသခံတွေက ကိုယ့်အိမ်က ကိုယ်မထွက်ကြဘူး။ လက်နက်ကြီးအသံတွေ၊ လက်နက်ငယ်အသံတွေက အဆက်မပြတ် ကြားနေရသေးတယ်။ ” ဟု ၎င်းက ပြောသည်။

တောင်ကုတ်မြို့နယ်၌ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းများမရှိသော်လည်း ယခုနှစ် ၂၀၂၂ခုနှစ်တွင် တောင်ကုတ်ရှိ AA တပ်စခန်းတစ်ခုကို စစ်ကောင်စီကလာရောက် တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည် ။

စာတည်း - သန့်ဇော်(သန်လျင်)


#စစ်ကောင်စီ

#ရန်ခေါ်ချာင်း
#ရခိုင်ပြည်နယ်

12/09/2022

ပြည်သူများကိုရန်ရှာ သတ်ဖြတ်မီးရှို့နေသည့် လူသတ်ဂိုဏ်း စစ်ကောင်စီ၏ နေ၀င်ချိန် မဝေးတော့ဟု NUG ကာကွယ်ရေး၀န်ကြီး‌ပြော
=====================

မဇ္ဈိမ။ ။ ပြည်သူများကို ရန်ရှာ သတ်ဖြတ်မီးရှို့နေသည့် လူသတ်ဂိုဏ်း စစ်ကောင်စီ၏ နေ၀င်ချိန် မဝေးတော့ဟု NUG ကာကွယ်ရေး၀န်ကြီး‌က ‌ပြောကြားသည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းရေးသားထားခြင်း ဖြစ်သည်။

" စစ်ကောင်စီတပ်ဟာ စိတ်ဓာတ်၊ စည်းကမ်း၊ ကျင့်ဝတ် ကင်းမဲ့ရုံမက အခုဆိုရင် စစ်တိုက်နိုင်စွမ်းလည်းမရှိ၊ အပြစ်မဲ့ပြည်သူကို ရန်ရှာ၊ မီးရှို့၊ သတ်ဖြတ်ဖို့သာ တတ်နိုင်တော့တဲ့ လက်မရွံ့လူသတ်ဓားပြဂိုဏ်း အဆင့်ကို လျောကျသွားခဲ့ပြီလည်း ဖြစ်တယ်။ ဒီအချက်က စစ်အုပ်စုရဲ့နေဝင်ချိန် မဝေးတော့ဘူး ဆိုတာကို ပြတယ်" ဟု ဦးရည်မွန်က ‌ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သည့် တပ်မတော်မှာ ဗိုလ်နေဝင်းအစပြုတဲ့အချိန်ကစပြီး မင်းအောင်လှိုင် လက်ထက်အထိ ကိုယ်ကျိုးအာဏာမက်သည့် အကြမ်းဖက်စစ်ခေါင်းဆောင်တစ်စုကြောင့် ထိခိုက်ပျက်စီးနေရပြီဟု ဦးရည်မွန်က ပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက် ရှေ့ဆောင်လမ်းပြမှုများနှင့်အညီ အသစ်တည်ထောင်နေပြီး ဖက်ဒရယ်ပြည်ထောင်စု တပ်တော်၏ ရှေ့‌ပြေးအမြူတေ ဖြစ်သည်ဟု ကာကွယ်ရေး၀န်ကြီးက ‌ပြောသည်။

‘ငါတို့ဟာ စိတ်သစ်၊ လူသစ်၊ အတွေးအခေါ်အသစ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သစ်ကို ဗိုလ်ချုပ်အောင်ဆန်း ရဲ့လမ်းညွှန်ချက်၊ ရှေ့ဆောင်လမ်းပြမှုနဲ့အညီ အသစ်တည်ထောင်နေကြတာ ဖြစ်တယ်။ ဒီတပ်မတော်ဟာ တစ်ချိန်မှာပေါ်ပေါက်လာမယ့် ဖက်ဒရယ်ပြည်ထောင်စုတပ်တော်ရဲ့ ရှေ့ပြေးအမြုတေလည်း ဖြစ်တယ်။ ဒီနိုင်ငံရဲ့ တည်ငြိမ်မှု၊ ပြည်သူတွေရဲ့လုံခြုံမှုအတွက် ငါတို့မှာ တာဝန်ရှိတယ်။ ငါတို့ ကာကွယ်စောင့်ရှောက်ကြရမယ်။ အခုအချိန်မှာ လက်နက်အားကိုးပြီး ပြည်သူကို ရန်ပြုနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို လက်နက်ကိုင် တွန်းလှန် ဖယ်ရှားပစ်ဖို့က ငါတို့ရဲ့ လတ်တလော တာဝန်ဖြစ်တယ်" ဟု ဦးရည်မွန်က ပြောကြားသည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအားလုံးကို ပြည်သူ့သားကောင်းများအဖြစ် မှတ်ယူပြီး ပြည်သူဘက်က ရပ်တည်ဖို့၊ ပြည်သူနှင့် ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြသည့်အတွက် ဂုဏ်ယူလေးစားသည်ဟု ဦးရည်မွန်က ဆိုသည်။

"အခုဆို ရဲဘော်တို့ဟာ ပြည်သူ့ကွယ်ရေးတပ်မတော်(PDF)ရဲဘော်များအဖြစ်ခံယူပြီးဖြစ်ရုံမက လက်တွေ့တော်လှန်ရေးမှာ ပါဝင်နေကြပြီလည်းဖြစ်တယ်။ ဒီသတင်းကို ပြည်သူတွေကြားရင် ဂုဏ်ယူမဆုံး ရှိလိမ့်မယ်" ဟု ကာကွယ်ရေး၀န်ကြီးက ‌ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)


#ကာကွယ်ရေး၀န်ကြီး


#ဖက်ဒရယ်ပြည်ထောင်စုတပ်တော်

Category

Telephone

Website

Address


Sittwe

Alerts

Be the first to know and let us send you an email when Pyae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Sittwe.