Fake Page

Fake Page

Share

Arakan Breaking News Agency is a local Media we updated real news from hard . Arakan Rohingya Daily

22/02/2023

The Arakan Territorial News

Arakan Rohingya Daily News Today Arakan Tv Television News.

Date/21./02/2023/. Wednesday February.

22/02/2023

The Arakan Territorial News

ULA/AA ခဲဝါအဖွဲ့မှ တရားမဝင်လုပ်ငန်းလုပ်ကိုင်သူများထံက ဆက်ကြေးများတောင်းခံပြီးချမ်းသာ နေတာ အားမရလို့ ဒေသခံများဆီကလည်း ဆက်ကြေးများ အတင်းအဓ္ဓမကောက်ခံနေ
============================
ဖေဖော်ဝါရီ ၂၁

ULA/AA ခဲဝါအဖွဲ့ဝင် တိုက်နယ်မှူး စံလှိုင်(ခ)ပျံလွှားဆိုသူမှ တောင်ကုတ်မြို့နယ်၊ ကင်းတောင်ကျေးရွာနေ ဒေသခံပြည်သူများဆီက တစ်အိမ်ထောင်ကို တစ်လလျှင် ငွေ ၁၀၀၀၀ကျပ်နှင့် ဆန်၁အိတ်မဖြစ်မနေထည့်ခိုင်းထားပြီး မထည့်တဲ့သူတွေကို အမျိုးသားသစ္စာဖောက်အဖြစ် သုတ်သင်ရှင်းလင်းမယ်လို့ ခြိမ်းခြောက်ခံနေရတာနဲ့ ပတ်သက်ပြီး ကင်းတောင်ကျေးရွာနေ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အခုလို ဆက်သွယ်သတင်းပေးပို့လာပါတယ်။

"ကျွန်တော်တို့ ရွာသားတွေကို တစ်အိမ်ထောင် ငွေ ၁၀၀၀၀နဲ့ ဆန်၁အိတ်မဖြစ်မနေထည့်ရမယ်၊ မထည့်ရင်လည်း အမျိုးသား သစ္စာဖောက်ဆိုပြီး မိသားစုလိုက်ရှင်းပစ်မယ်လို့ ခြိမ်းခြောက်နေတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွာသားတွေက မကျေနပ်ကျဘူး၊ သူတို့က ကင်းတောင်ရွားနားမှာ ​မှောင်ခိုလုပ်တဲ့သူတွေဆီကလည်း ငွေတွေရနေတယ်ဗျာ၊ နွား ၁ကောင်ကို ၂သောင်း၊ သစ် ၁တန်ကို ၁သိန်းနဲ့ ကောက်နေတာ၊ ဒါတောင် အားမရသေးဘဲ လက်လုပ်လက်စားရွာသားတွေဆီကပါ ဂုတ်သွေးထပ်စုပ်နေတယ်၊ တကယ်ကို မလုပ်သင့်တဲ့အရာပါ၊ သူတို့လုပ်ရပ်က ရခိုင်ပြည်နယ် လွတ်လပ်ရေးရမရတော့မသိဘူး၊ ဒေသခံတွေကတော့ ဘဝပျက်ဖို့များနေပြီ၊ ကြောက်လို့သာ ငြိမ်ခံနေရတာ၊ ကြာလေ အကြောင်းသိလေ မေတ္တာမရှိလေပဲ"

ULA/AAခဲဝါအဖွဲ့ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ စစ်ပွဲဒဏ်နဲ့ မြေပြင်အခြေအနေမှန်ကို ပြည်သူတွေ သိရှိလာလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ထောက်ခံမှုကျဆင်းလာတာကြောင့် လက်ရှိစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်းမှာ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ငွေကြေး၊ ရိက္ခာနဲ့ လူသစ်စုဆောင်းတာတွေကို ဖိအားပေးစေခိုင်းတာတွေ ရှိနေပြီး ဖိအားဒဏ်ကို မခံနိုင်တော့တာကြောင့် လွန်ခဲ့တဲ့ရက်ပိုင်းက တောင်ကုတ်မြို့မတိုက်နယ်မှူး ရွှေဝဆိုသူကိုယ်တိုင် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့လည်း သိရှိရပါတယ်။

22/02/2023

The Arakan Territorial News

AA ခဲဝါနယ်မြေမှူး မိုးလင်းမှ ဘင်္ဂါလီလူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖနဲ့ မော်လဝီဆရာများအား
ခေါ်ယူခြိမ်းခြောက်မှု ပြုလုပ်
=============================
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက် တေ့လည် ၁၂ နာရီချိန်တွင် AA ခဲဝါနယ်မြေမှူး မိုးလင်းသည် ဘူးသီးတောင်မြို့နယ် အတွင်းငှက်သေကျေးရွာအုပ်စုမှ ဘင်္ဂါလီလူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖနဲ့ မော်လဝီဆရာ ၁၈ ဦးခန့်အား မင်းလှကိုင်းကျေးရွာအနီးရှိ နယ်မြေရုံးသို့ အတင်းအဓမ္မခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရှိရပါတယ်။

ကျွန်တော်တို့က မသွားချင်ဘူး သူတို့က အတင်းအဓမ္မခြိမ်းခြောက်ခေါ်တယ် မသွားရင် ရွာမှာလာဖမ်းမယ်ဆိုလို့ ကြောက်ပြီးသွားရတယ် ဟိုရောက်တော့ နယ်မြေမှူး မိုးလင်းဆိုသူက ကျေးရွာအတွင်းမှာဖြစ်ပွားတဲ့ အမှုကိစ္စတွေကို သူတို့ AA အဖွဲ့ကိုမတိုင်ကြားလို့ဆိုပြီး ဆဲဆိုကြိမ်းမောင်းတယ် ပြီးတော့ နောက်ဆိုသူတို့ AA အဖွဲ့ကိုမတိုင်ကြားဘဲ အစိုးရဌာနဆိုင်ရာသို့တိုင်ကြားပါက တိုင်ကြားတဲ့ရွာသားတွေကို ဖမ်းဆီးသွားမယ် AA အဖွဲ့ကိုအမှုကိစ္စတွေ တိုင်ကြားဖို့အတွက် အခုခေါ်ယူတွေ့ဆုံတဲ့လူတွေက ရွာသူရွာသားတွေကို ပြန်လည်ပြောဆိုပေးရမယ် သူတို့ပြောတဲ့အတိုင်း ရွာသူရွာသားတွေကို ပြန်မပြောဘူးဆို ခင်ဗျားတို့အားလုံးကို ဖမ်းဆီးသွားမယ်ဆိုပြီး သေနတ်နဲ့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ရပ်မိရပ်ဖတစ်ဦး၏ပြောပြချက်အရ သိရှိရပါတယ်။

AA ခဲဝါအဖွဲ့ဟာ စစ်တပ်နဲ့အပစ်ရပ်ထားမှုကိုအခွင့်ကောင်းယူပြီး ဒေသခံတွေအပေါ်အမျိုးမျိုးအနိုင်ကျင့် ဆက်ကြေးကောက်တဲ့အပြင် အမှုကိစ္စတွေကို ငွေပေးသူအားအနိုင်ပေးလုပ်နေမှုကြောင့် ဒေသခံတွေက AA ခဲဝါအဖွဲ့အပေါ် ကျေနပ်မှုမရှိကြောင်း သိရှိရပါတယ်။

22/02/2023

The Arakan Territorial News

The Arakan Territorial News

Arakan Rohingya Daily News Today Arakan Tv.
Date/21/02/2023/ Wednesday February.

21/02/2023

The Arakan Territorial News

The Arakan Territorial News

Arakan Rohingya Daily News Today Arakan Tv.
Date/21/02/2023/ Wednesday February.

21/02/2023

The Arakan Territorial News

20/02/2023

The Arakan Territorial News

Arakan Rohingya Daily News Today Arakan Tv.
Date/20/02/2023/ Monday. February.

20/02/2023

The Arakan Territorial News

ကျောက်ဖြူမြို့နယ်၊ ပန်တောပြင်ရွာမှာ AA ခဲဝါအဖွဲ့က တရားစီရင်ရေးလုပ်တာ တရားမျှတမှုမရှိလို့ ဒေသခံများမှ အစိုးရကိုတိုင်ကြား
===========================

ဖေဖော်ဝါရီလ ၂၀ ရက်

ကျောက်ဖြူမြို့နယ်၊ ပန်းတောပြင်ရွာ အနောက်ဘက်မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ AA ခဲဝါ တရားသူကြီး ထိန်းလင်း အပါ ၁၀ ယောက်ဟာ ဒေသခံတွေကို အမှုကိစ္စများရှိပါက သူတို့ထံ လာတိုင်ဖို့ပြောထားပြီး သွားရောက်တိုင်တဲ့ အချိန်မှာ သူတို့လိုသလိုအမိန့်ချခြင်း၊ ငွေကြေးများစွာပေးနိုင်သူကို အမှုမှ အနိုင်ပေးခြင်းတွေ ပြုလုပ်တဲ့ အတွက် ဒေသခံများမှ အစိုးရ ဌာနကို တိုင်ကြားထားတယ်လို့သိရပါတယ်။

အခု AA မှာ တရားသူကြီးလုပ်နေတဲ့ ထိန်လင်းဆိုတဲ့ ကောင်က အရင် ကျောက်ဖြူမှာ အပြင်ရှေ့နေလုပ်သေးတယ်၊ အဲတုန်းကလဲ ငွေအတောင်းကြမ်းလို့ တရားသူကြီးတွေနဲ့ သူအမှုလိုက်ပေးတဲ့ လူတွေနဲ့ ခနခန ပြဿနာတက်တယ်၊ အမှုတစ်ခုမှာအစိုးရ တရားရုံးက ဥပဒေအရအနိုင်ရရင် တရားရေးရှုံးတဲ့သူက ထိန်လင်းတို့ကို ပိုက်ဆံပေးပြီး ပြန်တိုင်တာဘဲ၊ အဲလိုပြန်တိုင်ရင် ဘယ်ဥပဒေနဲ့မှ မဆုံးဖြတ်ဘူး ငွေပေးတဲ့သူကအနိုင်ဘဲ တဘက်အမှုပြိုင်ကိုတော့ ထောင်ထည်းထည့်တာဘဲ၊ အစိုးရက အဲကောင်ကိုဖမ်းသင့်နေပြီဗျာဟု ဒေသခံတစ်ဦးရဲ့ ပြောပြမှုအရသိရပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုးသားတဲ့ ပြည်သူတွေကို AA ခဲဝါအဖွဲ့ကတရားရေးအကြောင်းပြပြီး လက်နက်နဲ့ ခြိမ်းခြောက်ငွေကြေးအဆမတန် ကောက်ခံခြင်းအား ပြည်သူလူထုမှာ စားဝတ်နေရေးအဆင်မပြေသည့်ကြားမှ အကြပ်အတည်းဖြစ်နေတယ်လို့သိရပါတယ်။

20/02/2023

The Arakan Territorial News

အမ်းမြို့နယ် ညောင်ချောင်းကျေးရွာအနီးတစ်ဝိုက်ရှိ နွားမှောင်ခိုလုပ်ကိုင်သူများထံမှ AA ခဲဝါအဖွဲ့က ငွေကြေးကောက်ခံနေ
===============================
ဖေဖော်ဝါရီ ၂၀ ရက်

ရခိုင်ပြည်နယ် အမ်းမြို့နယ် ညောင်ချောင်းကျေးရွာအနီးတစ်ဝိုက်ရှိ မဲကျေးရွာ၊ ဓာတ် တော်ကျေးရွာနှင့် တန်းတင်ကျေးရွာများမှ နွားမှောင်ခိုလုပ်ငန်း လုပ်ကိုင်သူရွာသူ/သားများ ထံမှ AA ခဲဝါအဖွဲ့က နွားတစ်ကောင်လျင် ငွေနှစ်သောင်းကျပ် တောင်းခံနေတယ်လို့ ဒေသခံများထံမှသိရပါတယ်။

လက်ရှိအချိန်ဟာ ဒေသခံလလူထုမှ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းရှားပါးနေတဲ့အတွက် ဝမ်းစာရရှိရေးအတွက် ရရာအလုပ်ကိုလုပ်ကိုင်နေချိန်မှာ ယခု ကဲ့သို့ ငွေကြေးတောင်းခံနေတဲ့အတွက် အခက်အခဲနှင့်ရင်ဆိုင်နေတယ်လို့ သိရပါတယ်။
Photo; AA ခဲဝါအဖွဲ့မှ ငွေကြေးကောက်ခံသည့် ဖြတ်ပိုင်းစာရွက်

Want your organization to be the top-listed Non Profit Organization in Sittwe?
Click here to claim your Sponsored Listing.

Website

Address


Sittwe

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00