BoGyi

BoGyi

Share

jobs for Job for

20/01/2021

အဝီးရောက်နေရေ အမျိုးတိအတွက်

20/01/2021

အင်တာဗျူးမှာ မေးလေ့ရှိတာတွေ

- မိမိအကြောင်း (ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံ)
- ဘာကြောင့် ဒီအလုပ်ကို လျှောက်ရတာလဲ။
- အဖွဲ့အကြောင်း (တခါတလေ စီမံချက်အကြောင်းလည်း သိမသိ မေးတတ်တယ်)
- ဘာတွေလုပ်ရမယ်လို့ သိထားလဲ။ (အလုပ်ခေါ်စာထဲမှာ ပါပြီးသား။ စာသေချာမဖတ်ဘဲ လျှောက်တဲ့သူ ဒုက္ခရောက်တာပဲ။)
- ဘာသာရပ်ဆိုင်ရာ မေးခွန်းတွေ (ဒါကတော့ ကျယ်ပြန့်တယ်။ ကျန်းမာရေးနဲ့ဆိုင်တာဆိုရင် ကျန်းမာရေး၊ ပညာရေးနဲ့ဆိုင်တာဆိုရင် ပညာရေး၊ ဒေတာနဲ့ပတ်သက်တဲ့ အလုပ်ဆိုရင် ဒေတာ၊ finance, HR, Project Management, Budget Management, Accountability အစရှိသဖြင့်)
- team management (ကိုယ့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင် ဘယ်လိုနေမလဲ၊ အဆင်မပြေတာတွေတွေ့ရင် ဘယ်လိုလုပ်မလဲ။ ဘာပဲလာလာ သည်းခံမယ်ဆိုတာက ကောင်းတဲ့အဖြေမဟုတ်။)
- stress management (စိတ်ဖိစီးမှုများလာရင် ဘယ်လိုထွက်ပေါက်ရှာသလဲ၊ ဘယ်လိုမျိုး ဖြေရှင်းသလဲ)
- မျှော်မှန်းလစာ (အနည်းဆုံးတော့ ကိုယ့်ရဲ့အရည်အချင်း ကိုယ့်ရဲ့အတွေ့အကြုံက ဘယ်လောက်တန်တယ်၊ ကိုယ်ကတော့ ဘယ်လောက်ရမှ လုပ်နိုင်မယ်ဆိုတဲ့ ကိန်းဂဏန်းလေးရှိရင် ဖြေရအဆင်ပြေတယ်။ ပေးသလောက်ပဲ ယူပါမယ်ဆိုတာမျိုးက အဖြေကောင်းတော့ မဟုတ်ဘူးရယ်။ ဒီရာထူးက လစာဘယ်လောက်ဆိုတာကတော့ ရှိပြီးသား။ အဲ့ဒါကို ကြိုမှန်းထားနိုင်ရင်တော့ ပိုအဆင်ပြေတယ်။ ကိုယ့်မျှော်မှန်းလစာက နည်းနေလို့ဆိုပြီး လျှော့ပေးတာမျိုးတော့ မရှိပါဘူး။ လိုက်မပေးနိုင်လောက်အောင် များလွန်းနေရင်တော့ တမျိုးစဉ်းစားတယ်။ နည်းနည်းပဲ များတာမျိုးဆိုရင်တော့ ပြန်ညှိတယ်။)
- သူတို့ကို​ ပြန်မေးချင်တဲ့ မေးခွန်းတွေ (ကိုယ်သိချင်တာလေးတွေ သူတို့မပြောသွားတာလေးတွေရှိရင် ပြန်မေးလို့ရတယ်။ အမေးများကြတာကတော့ အင်တာဗျူးအဖြေကို ဘယ်တော့လောက် သိရမှာလဲဆိုတာပဲ။ တစ်ပတ် နှစ်ပတ်အတွင်း သိရမယ်။ အရွေးခံရတဲ့သူကိုပဲ အကြောင်းကြားပေးတယ်။)



အင်တာဗျူးမှာ ပုံမှန်အားဖြင့် မေးတဲ့သူ ၃ ယောက် ပါတယ်။ အဆင်မပြေဖြစ်ရင်တောင် ၂ ယောက်တော့ အနည်းဆုံးပါတယ်။ တခါတလေ လေးယောက် ငါးယောက်လည်း ဖြစ်သွားတတ်တယ်။

၃ ယောက်မှာပါတာတွေက hiring manager (ကိုယ့် supervisor ၊ ကိုယ်နဲ့ အဓိက တွဲလုပ်ရမယ့်သူ)၊ technical person (ဘာသာရပ်ဆိုင်ရာ မေးခွန်းတွေကို သူက မေးလေ့ရှိတယ်) ၊ နောက် ၁ ယောက်က HR (မိတ်ဆက်တာ၊ အဖွင့်မေးခွန်း၊ အပိတ်မေးခွန်းတွေကို သူက မေးလေ့ရှိတယ်)။ လူရွေးတာက ၃ ယောက်စလုံး သဘောတူမှ။

Photos from BoGyi's post 20/01/2021

English စကားပြောတက်ချင်သူများအတွက်

Photos from BoGyi's post 20/01/2021

လုံခြုံရေးဝန်ထမ်းခေါ်နေပါရေ

Photos from BoGyi's post 20/01/2021

ညစောင့် ခေါ်နေပါရေ

20/01/2021

ဝန်ထမ်း နောက်ထပ် အလိုရှိသည်
ကျား ၁ဦး/မ ၁ဦး
တစ်ခြားမြို့များသို့ ခရီးသွားနိုင်သူဖြစ်ရမည်
ဆက်ဆံရေးပြေပြစ်ပြီး ဖုန်းလုပ်ငန်း marketing လုပ်ငန်း
နားလည်သူ ဖြစ်ရမည်
🇲🇲အလုပ်အပေါ် နားလည်သူများသာ လာလျှောက်ပါရန်🇲🇲
CV ယူလာပေးပါ
အခြေခံလစာ ကျား ၁၃၀၀၀၀
အခြေခံလစာ မ ၁၁၀၀၀၀
မိမိ ကြိုးစားမှုအပေါ် မူတည်ပြီး ၂၀၀၀၀၀ အထိ လစာတိုးပေးသွားပါမည်။
♨️♨️♨️🅰️🅰️🅰️ ၂၀ ရက်နေ့ အင်တာပျူးပြီး ၂၁ရက်နေ့ ချက်ချင်း အလုပ်ခန့်ပါမည်🅰️🅰️🅰️♨️♨️♨️
Rakhine Super Mobile
မေယုလမ်းမကြီး
အားကာရှေ့ စစ်တွေမြို့

Want your business to be the top-listed Furniture Store in Sittwe?
Click here to claim your Sponsored Listing.

Website

Address


Sittwe