ESE Rakhine State
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ESE Rakhine State, Electrician, Sittwe.
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++++++
နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်ပေးထားသော 230 kV ရွှေလီ-မန်စံ ဓာတ်အားလိုင်း သည် ယနေ့ (၃၀.၁၁.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ အချိန်ခန့်တွင် လိုင်းအပြစ်ဖြစ်ပြီး ချို့ယွင်းသွားပါသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်ပေးနိုင်မှု (300)MW ခန့် လျော့နည်းလျှက်ရှိပါကြောင်းနှင့် ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မှု လျော့နည်းနေချိန်၌ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန်အတွက် အရေးပေါ်ဝန်အား လျှော့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်များတွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိနိုင်မည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြား အပ်ပါသည်။
ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်များတွင်အရေးပေါ်ဝန်အားလျှော့ခြင်းများမှအပ ဓာတ်အားပြတ်တောက်မည့်ကိစ္စရပ်များအားအများပြည်သူသို့ကြိုတင်အသိပေးသွားမည်ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။
12/10/2023
ယခုရက်ပိုင်း၌ ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်မှုလျော့နည်းနေပါသောကြောင့်
ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်အသီးသီးတွင် အချိန်ပိုင်းဝန်အားလျှော့ခြင်းဆောင်ရွက်နေရသည့်အချိန်၌ ယာယီဓာတ်အာပြတ်တောက်ချိန်များရှိနေမည်ဖြစ်ပါကြောင်းကြိုတင်အသိပေးအပ်ပါတယ်ခင်ဗျာ။
30/09/2023
မနက်ဖြန် ၁.၁၀.၂၀၂၃ရက်နေ့ ၁၀:၀၀နာရီမှ ၁၇:၀၀နာရီထိ ၂၃၀ကေဗွီ အမ်း -ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းထိန်းပြင်လုပ်ငန်းဆောင်ရွက်ရန်ရှိပါသဖြင့် အဆိုပါအချိန်များတွင် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ပေါက်တော၊မောင်တော၊ဘူးသီးတောင်၊မြောက်ဦး၊ကျောက်တော်၊မင်းပြားနှင့်မြေပုံမြို့နယ်များယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ပါကြောင်းကြိုတင်အသိပေးအပ်ပါသည်။
13/07/2023
၁၃.၇.၂၀၂၃ရက်ေန့တွင် ၆၆ ကေဗွီ ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း ဓာတ်အားလွှတ်ထားပြီးဖြစ်ပါသဖြင့် ၆၆ကေဗွီ ဓာတ်အားလိုင်းအနီးမဖြစ်မနေ လုပ်ငန်းဆောင်ရွက်နေကြသူများအနေဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။
05/07/2023
၅.၇.၂၀၂၃ရက်ေန့ 18:00 နာရီတွင် ၃၃ ကေဗွီ မင်းပြား_ပေါက်တော ဓာတ်အားလိုင်း ဓာတ်အားလွှတ်ထားပြီးဖြစ်ပါသဖြင့် ၃၃ကေဗွီ ဓာတ်အားလိုင်းအနီးမဖြစ်မနေ လုပ်ငန်းဆောင်ရွက်နေကြသူများအနေဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ကြပါရန် အသိပေးအပ်ပါသည်။
05/07/2023
ရသေ့တောင်မြို့ပေါ်ရပ်ကွက်များနှင့်တောင်လှမော်ကျေးရွာမကြာမီ ဓာတ်အားပေးလွှတ်ပါမယ်ဗျ။မိမိတို့အိမ်တွင်းလျှပ်စစ်အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန် ကြိုတင်ဆောင်ရွက်ထားကြပါခင်ဗျာ။
05/07/2023
၅.၇.၂၀၂၃ရက်ေန့ 14:05 နာရီတွင် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း_ရသေ့တောင် ဓာတ်အားလိုင်း ဓာတ်အားလွှတ်ထားပြီးဖြစ်ပါသဖြင့် ၆၆ကေဗွီ ဓာတ်အားလိုင်းအနီးမဖြစ်မနေ လုပ်ငန်းဆောင်ရွက်နေကြသူများအနေဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။
04/07/2023
မကြာမီ ရသေ့တောင်မြို့ ဓာတ်အားပေးနိုင်ဖို့ Dptscနဲ့ ESE ဝန်ထမ်းများအားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိပါကြောင်း......
04/07/2023
Fighting
03/07/2023
နားကြဦးစို့
02/07/2023
ရသေ့တောင် မူစဲကျွန်း ငလပြားဆိပ်သို့ ရေဘဝဲ၄ ပထမအခေါက် အောင်မြင်စွာ တိုင်ချပြီး။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Sittwe