Urban Service

Urban Service

Share

အိမ်သုံး ဆိုလာ တပ်ဆင်လိုပါသလား?
ဆိုလာ အကြောင်းမေးမြန်းလိုပါသလား?လူကြီးမင်းတို့၏
အဲယားကွန်း၊ရေခဲသေတ္တာ၊အဝတ်လျှော်စက် ပြုပြင်၊တပ်ဆင်၊လိုပါသလား?

Urban Service ကိုသတိရလိုက်ပါ။🤗
ဈေးနှုန်းချိုသာစွာဖြင့် အိမ်ရှင်များစိတ်တိုင်းကျသည်အထိဆောင်ရွက်ပေးပါသည်။

Photos from Growatt Burma's post 24/07/2024

သန့်ရှင်းရေးလုပ်မှ ရေရှည်အသုံးခံမှာပါ မိတ်‌ဆွေတို့

15/07/2024

Solarပြားတွေတပ်ဆင်ပြီးကျပြီလား
ဆိုလာပြားတွေ ဖုန်တင်နေရင်လည်း အားအဝင်နည်းတတ်တယ်နော်

Photos from Urban Service's post 25/05/2024

Chigo r22 1hp Service

Photos from Urban Service's post 22/05/2024

Solar 3KVA Installation
အိမ်ရှင်စိတ်တိုင်းကျလေးဆင်ပေးခဲ့ပါတယ်

Photos from Urban Service's post 21/05/2024

Solar 5kv Installation

18/05/2024

Homagic 1hp Service

Photos from Urban Service's post 15/05/2024

Solar 5kw Installation

08/05/2024

Samsung 1.5hp Service

06/05/2024

EI အကြောင်း သိသလောက် တွေ့သလောက် ရှာဖွေ တင်ပြထားခြင်းဖြစ်ပါတယ်။

လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ထုတ်ပေးခြင်းနှင့် လျှပ်စစ်သင်တန်းများ

လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်များထုတ်ပေးခြင်း
လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်အမျိုးအစားများ
လက်မှတ်ထုတ်ပေးရာတွင် လိုအပ်ချက်များ
လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်အဆင့်များနှင့် အရည်အချင်းသတ်မှတ်ချက်များ
လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် သက်တမ်းတိုးလဲလှယ်ခြင်း
လျှပ်စစ်ကျွမ်းကျင်လုပ်သားများမှတ်ပုံတင်ကြေး
လျှပ်စစ်စစ်ဆေးရေးဌာနမှ ဖွင့်လှစ်သော သင်တန်းအမျိုးအစားများ
လျှပ်စစ်ကျွမ်းကျင်မှု(အခြေခံ)သင်တန်းများ
လျှပ်စစ်ကျွမ်းကျင်မှု(မွမ်းမံ)သင်တန်းများ
ကျေးလက်ဒေသ(အခြေခံ)လျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်းများ
သင်တန်းလျှောက်လွှာပုံစံများ

လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ထုတ်ပေးခြင်း
လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်အမျိုးအစားများ

ပြင်ပလျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်

သက်ဆိုင်ရာ မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လုပ်ငန်းကန်ထရိုက်အဖြစ်ပေးသော လျှပ်စစ်တပ်ဆင်ရေးလုပ်ငန်းများကို လုပ်ကိုင်လိုသူများ လျှောက်ထားနိုင်ပါသည်။

ဌာနဆိုင်ရာလျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်

သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးလက်အောက်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် လျှပ်စစ်ပိုင်ဆိုင်ရာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများလျှောက်ထားနိုင်ပါသည်။

ကိုယ်ပိုင်လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်

ကိုယ်ပိုင်လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ကို မိမိကိုယ်ပိုင် လုပ်ငန်းများတွင် လျှပ်စစ်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လိုသူများ လျှောက်ထားနိုင်သည်။

လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်ထုတ်ပေးရာတွင်လိုအပ်ချက်များ

ပြင်ပလျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်အတွက်လိုအပ်ချက်များ

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှ အရည်အချင်းနှင့် လုပ်သက်အတွေ့အကြုံ ပြည့်စုံသည့် လျှောက်လွှာများ ကိုထောက်ခံပြီး ပြည်နယ်/တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာထံပေးပို့ခြင်း
လျှပ်စစ်ကျွမ်းကျင်မှု အရည်အချင်း စိစစ်ရေးအဖွဲ့၏ ထောက်ခံချက် ၊
ပြည်နယ် / တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ထောက်ခံ ပေးပို့ခြင်း ၊
လျှပ်စစ်စစ်ဆေးရေး(ရုံးချုပ်)မှ စိစစ်ခြင်း နှင့်လျှပ်စစ်ကျွမ်းကျင်မှုအဆင့် သတ်မှတ် ၍ လက်မှတ်ထုတ်ပေးခြင်း ၊

ဌာနဆိုင်ရာလျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်အတွက်လိုအပ်ချက်များ

သက်ဆိုင်ရာ စက်ရုံမှူး သို့မဟုတ် လျှပ်စစ်ဌာန တာဝန်ခံ၏ ထောက်ခံချက် ၊
လျှပ်စစ် စစ်ဆေးရေးဌာန( ရုံးချုပ် )၏ လျှပ်စစ်ကျွမ်းကျင်မှု အရည်အချင်း စိစစ်ရေးအဖွဲ့၏ ထောက်ခံချက်၊
စစ်ဆေးရေးမှူးချုပ်မှ စိစစ်ခြင်းနှင့် လျှပ်စစ်ကျွမ်းကျင်အဆင့် သတ်မှတ်ထုတ်ပေးခြင်း ၊

ကိုယ်ပိုင်လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်အတွက်လိုအပ်ချက်များ

စစ်ဆေးရေးမှူးချုပ်ထံ တိုက်ရိုက်လျှောက်ထားခြင်း ၊
လျှပ်စစ် စစ်ဆေးရေးဌာန(ရုံးချုပ်)၏ လျှပ်စစ်ကျွမ်းကျင်မှု အရည်အချင်း စိစစ်ရေးအဖွဲ့၏ ထောက်ခံချက် ၊
စစ်ဆေးရေးမှူးချုပ်မှ စိစစ်ခြင်းနှင့် လျှပ်စစ် ကျွမ်းကျင်အဆင့် သတ်မှတ်ထုတ်ပေးခြင်း ၊

လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်အဆင့်များနှင့် လျှောက်ထားရာတွင် အရည်အချင်းသတ်မှတ်ချက်များ

ဒုတိယအဆင့်

B.E , B .Tech , AGTI , THS အောင်မြင်ပြီးသူ ၊
(၁၀)တန်းအောင် သို့မဟုတ် (၁၀)တန်းဖြစ်ပါက လျှပ်စစ် စစ်ဆေးရေး ဌာန၏ လျှပ်စစ်ကျွမ်းကျင်မှု(အခြေခံ) သင်တန်းအောင် လက်မှတ်၊

ပထမအဆင့်

B. E , B. Tech , A.G.T.I အောင်မြင်ပြီး ဗို့အား (၄၀၀) ဗို့နှင့်အထက် လျှပ်စစ် တပ်ဆင်ရေးလုပ်ငန်း အတွေ့အကြုံရှိသူ ၊
လျှပ်စစ်ကျွမ်းကျင်မှု (မွမ်းမံ)သင်တန်း အောင်မြင်ပြီး ဗို့အား (၄၀၀) ဗို့နှင့်အထက် လျှပ်စစ် တပ်ဆင်ရေးလုပ်ငန်း အတွေ့အကြုံရှိသူ ၊
လျှပ်စစ်ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများပါ သတ်မှတ်အရည်အချင်း ရှိပြီး လျှပ်စစ် ကျွမ်းကျင်လက်မှတ် ( ဒုတိယအဆင့် ) ဖြင့် လုပ်သက် အနည်းဆုံး (၆)နှစ် လုပ်ငန်း အတွေ့အကြုံရှိသူ ၊

အထူးအဆင့်

Ph.D,M. E , B. E အောင် မြင်ပြီး အထူးလျှပ်စစ် ပညာရပ် တစ်မျိုးမျိုး ကို ဆောင်ရွက် နိုင်ရန်အတွက် အရည်အချင်းရှိသူ ၊
လျှပ်စစ်ကျွမ်းကျင်လက်မှတ် ( ပထမအဆင့် ) ဖြင့် လုပ်သက်အနည်းဆုံး (၆)နှစ် လုပ်ငန်း အတွေ့အကြုံရှိပြီး အထူးလျှပ်စစ်ပညာရပ် တစ်မျိုးမျိုး ကို ဆောင်ရွက် နိုင်ရန်အတွက် အရည်အချင်းရှိသူ ၊


လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် သက်တမ်းတိုးလဲလှယ်ခြင်း

မှတ်ပုံတင် လက်မှတ်ထုတ်ပေးသည်‌နေ့မှစ၍ (၂) နှစ်မပြည့်မီ သက်တမ်းတိုး လျှောက်ထား ရမည် ။
ပြင်ပလျှပ်စစ်ကျွမ်းကျင် လက်မှတ်အတွက် လျှပ်စစ်ဆိုင်ရာ လုပ်ပိုင်ခွင့်ရရှိသူ သို့မဟုတ် ခွင့်ပြုမိန့်ရရှိသူထံမှ တစ်ဆင့်လျှောက်ထားရမည်။
ဌာနဆိုင်ရာနှင့် ကိုယ်ပိုင်လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်ရရှိသူသည် လျှပ်စစ် စစ်ဆေးရေးဌာနသို့ တိုက်ရိုက်လျှောက်ထားရမည် ။

လျှပ်စစ်ကျွမ်းကျင်လုပ်သားများ မှတ်ပုံတင်ကြေး

အထူးအဆင့် ၁၀၀၀၀

ပထမအဆင့် ၅၀၀၀

ဒုတိယအဆင့် ၃၀၀၀
လျှပ်စစ်စစ်ဆေးရေးဌာနမှ ဖွင့်လှစ်သော သင်တန်းအမျိုးအစားများ

လူ့စွမ်းအား အရင်းအမြစ် တိုးပွားစေရန်၊ စက်ရုံများတွင် ကျွမ်းကျင်သော လျှပ်စစ်လုပ်သားများ တိုးပွားလာစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်စေရန် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ်(၃၅) ရှိ လျှပ်စစ်စစ်ဆေးရေး ဓာတ်ခွဲခန်းနှင့်သင်တန်းဌာန၌ လျှပ်စစ်ကျွမ်းကျင်မှု သင်တန်းများကို ပုံမှန် ဖွင့်လှစ်လျက်ရှိပါသည်-

လျှပ်စစ်ကျွမ်းကျင်မှု(အခြေခံ)သင်တန်း

နှစ်လျှင် (၂)ကြိမ် ပုံမှန်ဖွင့်လှစ်လျှက်ရှိပါသည်။
သင်တန်းကာလမှာ ရက်သတ္တပတ် (၆)ပတ်ဖြစ်ပါသည်။
သင်တန်းချိန်မှာ နံနက်(၀၉:၀၀)နာရီမှ ညနေ(၁၅:၀၀)နာရီဖြစ်ပါသည်။
ပညာအရည်အချင်းသတ်မှတ်ချက်မှာ(၁၀)တန်းအောင်မြင်ပြီးသူဖြစ်ပါသည်။

လျှပ်စစ်ကျွမ်းကျင်မှု(မွမ်းမံ)သင်တန်း

(၂)နှစ် လျှင် (၁) ကြိမ် ပုံမှန် ဖွင့်လှစ်ပို့ချပေးလျှက် ရှိပါသည်။
သင်တန်းကာလမှာ ရက်သတ္တပတ် (၅)ပတ်ဖြစ်ပါသည်။
သင်တန်းချိန်မှာ နံနက်(၀၉:၀၀)နာရီမှ ညနေ(၁၅:၀၀)နာရီဖြစ်ပါသည်။
ပညာအရည်အချင်း သတ်မှတ်ချက်မှာ B.E, B.Tech, A.G.T.I အောင်မြင် ပြီးသူ၊ လျှပ်စစ်ကျွမ်းကျင်မှု(အခြေခံ) သင်တန်းအောင်မြင်ပြီး အရည်အချင်း ပြည့်မီသူ ဖြစ်ရပါမည်။

ကျေးလက်ဒေသ(အခြေခံ)လျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်းများဖွင့်လှစ်ခြင်း

ကျေးလက်နေပြည်သူများဘ၀ တိုးတက်မြင့်မားစေရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ ကျေးလက်ဒေသများတွင် ကျေးလက်ဒေသ(အခြေခံ)လျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျား သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျှက်ရှိပါသည်။

# crd
# ENSAEEA

Photos from Urban Service's post 03/05/2024

Installation

1.TCL 1.5hp
2.Homagic 1hp 2set

Want your business to be the top-listed Engineering Company in Shwebo?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay-shwebo Road, Aung Za Ya Road
Shwebo

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00