APH Knowledge

APH Knowledge

Share

If you need to get knowledge can be study Knowledge has power. It controls access to opportunity and advancement.

19/01/2023

R ကြီးလို ရယ်တတ်ချင်လိုက်တာ။

(6.9.2020)ညကလွှင့်တဲ့The Voice Blind Audition မှာ
ပြိုင်ပွဲဝင်တယောက်က (ညှို့တတ်သောပင်လယ်
ဆွဲငင်သောလမင်း)သီချင်းနဲ့ လာပြိုင်သွားတယ်။
ဒွေး ရုပ်ရှင်ကားမှာ အဲဒီသီချင်းကိုပဲ R ဇာနည် နဲ့ မီးမီးခဲ ဆိုတဲ့အခါ
အတော်လေး ပေါက်ခဲ့ပါတယ်။အိပ်မက်ဆုံရာမှာ
အဲဒီသီချင်းကိုပဲ အောင်ထက်က ပြန်ဆိုခဲ့ဖူးပြီး
အားပေးမှုရလို့ ခဏခဏ ပြန်ဆိုခဲ့တယ်။

ပြိုင်ပွဲဝင်က သီချင်းဆိုပြီးတာနဲ့နီနီခင်ဇော်က
ဒွန့်ဒွန့်လူးပြီး (အဲဒါ အောင်ထက်သီချင်း) လို့
ထအော်တော့တာပဲ။ ပြိုင်ပွဲဝင်က (ကျွန်တော်
အောင်ထက်ရဲ့ပရိသတ်ပါ)လို့ အရင်ပြောပြီး
( ဒါပေမယ့်...ဒါပေမယ့်) နဲ့ စကားလက်စကို
မဆုံးရသေးဘူး (အောင်ထက်ကို ကြိုက်တယ်
မဟုတ်လား...အောင်ထက် ခရေဇီမို့လား) နဲ့
ဇွတ်တွေ စကားဖြတ်ပြောတော့ ပြိုင်ပွဲဝင်က
R ဇာနည်ကို အားတုံ့အားနာဖြစ်နေပုံရတယ်။
သူ့ရဲ့ body language ကြည့်ရင် သိပါတယ်။

အဲဒါနဲ့တင် မပြီးသေးဘူး။ သူ့ဘာသူနေရှာတဲ့
အောင်ထက်ကို ချက်ချင်းဖုန်းဆက်ပြီး (အကို အကို့သီချင်းနဲ့လာပြိုင်နေတယ်)ဆိုပြီး ဆပ်စလူးတွေ ထပြတော့ ဘေးမှာ ငုတ်တုပ်ကြီးထိုင်
နေတဲ့ R ဇာနည်က အေးဆေးပဲ ပြုံးနေတယ်။
Coach ၃ ယောက်လုံး ဖုန်းထဲက(အောင်ထက်
မင်းသီချင်း...မင်းသီချင်း...)နဲ့အလုအယက်ကို
credit တွေပေးကြတော့ R ကြီးက တခွန်းပဲ
ဝင်ပြောတယ် (ညီလေး ကိုဇာနည်လဲပါတယ်
နော်)တဲ့။Coach အဖြစ်ရွေးဖို့ သူ့ကို ထောက်ခံပေးပါဆိုတဲ့ သဘောပဲ ဝင်ပြောတယ်။

အမှန်တော့အောင်ထက်လည်း အဲဒီသီချင်းကို
ပိုင်ပိုင်နိုင်နိုင် ဆိုထားတဲ့ အဆိုတော်အနေနဲ့
credit ရသင့်ပါတယ်။ coach ၄ ယောက်ထဲမှာ
R ဇာနည်မပါဘူးဆိုရင်တော့ အောင်ထက်ကိုပဲ
အခုလို ဝိုင်းဂုဏ်ပြုနေတာက ပြဿနာမရှိဘူး။
အခုတော့အဲဒီသီချင်းကိုပဲ အောင်ထက် လူမွှေး
မပြောင်ခင်ဘဝကတည်းက လူသိများအောင်
သီဆိုထားတဲ့အဆိုတော်က ဘေးမှာငုတ်တုပ်ကြီး
ထိုင်နေတာကိုတောင် နည်းနည်းလေးမှ အသိ
အမှတ်မပြုတာကြီးက အတော်ရုပ်ပေါက်ပါတယ်။အနည်းဆုံး(ဟုတ်တယ်နော် ဒီသီချင်းလေးကို
ကိုဇာနည်လည်း ဆိုခဲ့ဖူးတယ် အောင်ထက်လည်း
ဆိုထားတယ်)လို့ ပြောမိရင် မြေမျိုမှာစိုးလို့လား
မသိဘူး။R ကြီး ဆိုထားမှန်း တကယ်မသိကြဘူး
ဆိုရင်တော့ ပိုပြီးရုပ်ပေါက်သွားပါပြီ။

ပြိုင်ပွဲဝင်က သူ့အတွက် coach ကို ရွေးတဲ့အခါ
သူ့ဘေးမှာ အောင်တထက်တည်း ထက်နေတဲ့
သုံးယောက်လုံးကို အရေးမလုပ်ဘဲ R ကြီးကိုပဲ
ရွေးသွားတယ်။ ရွေးသွားတာတောင် R ကြီးရဲ့
သီချင်းလေးဆိုပြပြီးရွေးသွားတာ။နည်းနည်းမှ
ဒွိဟဖြစ်မနေဘူး။သူ့စိတ်ထဲမှာ R ကြီးကိုရွေးဖို့
ရည်ရွယ်ဆုံးဖြတ်ပြီးသားဆိုတာ အသိသာကြီး။
အဲဒီလိုရွေးတော့ R ကြီးက ရယ်ပြန်ပါတယ်။

လက်တွေ့ဘဝမှာလည်း R ကြီးလို အဖြစ်မျိုး
ကြုံဖူးကြလိမ့်မယ် ထင်တယ်။ကိုယ်ကတော့
တစုံတရာကို စွမ်းဆောင်ခဲ့တယ်၊ တခုခု လုပ်
ပေးခဲ့တယ်၊ ပေးဆပ်ခဲ့တယ်၊ဒါပေမယ့် ကိုယ့်
ကို နည်းနည်းလေးမှ အသိအမှတ်မပြုဘူး။
သောက်ဖက်မလုပ်ဘူးပေါ့လေ။ကိုယ် လုပ်ခဲ့
တယ်ဆိုတာ မသိလို့လား၊ သိလျက်ကြီးနဲ့ကို
ဉပက္ခာပြုတာလား တခုခုပေါ့။ကိုယ် မဟုတ်
တဲ့အခြားလူကိုမှ ဂုဏ်တွေ စွတ်ဖော်ပေးကြ၊
ချီးမွမ်းပြကြတာမျိုးတွေ ကြုံဖူးကြပါမယ်။

လုပ်ငန်းခွင်မှာရော၊relationshipတခုမှာရော၊
အသိုင်းအဝိုင်းတခုမှာရော R ကြီး အခု ကြုံရ
သလိုမျိုး ကြုံဖူးကြမယ်။ အတော်ခံစားရခက်
မယ့်အခြေအနေပဲ။ R ကြီးကတော့ အေးဆေး
ပါပဲ။ ( ဒီသီချင်း ငါလည်း ဆိုခဲ့ဖူးတယ်လေ)လို့
အရှက်မရှိ ထပြောမနေပါဘူး။ထိုင်ရာကမထပဲ
သောက်တလွဲဖြစ်စဉ်တခုလုံးကို ပြုံးပြုံးလေးပဲ
ထိုင်ကြည့်နေတယ်။မချိပြုံး ပြုံးတာမဟုတ်ဘူး။
ပေါ့ပါ့ပါးပါးပဲ ပြုံးနေတာနော်။အသိအမှတ်မပြု
ခံရလို့ ကျွဲမြီးတိုမနေဘဲ အဲလိုပြုံးပြီးကြည့်နေ
လိုက်တာကမှ ပိုအရသာရှိမှာ သေချာတယ်။

ကိုယ် ဘာလုပ်ခဲ့တယ်၊ ကိုယ့်သမိုင်းက ဘာလဲစောက်ခွက်က အမြဲပြောင်နေတော့
စိတ်တိုပြလည်း ဘယ်သူမှ မကြောက်ကြတော့ဘူး
ဆိုတာ လူတယောက်(သို့မဟုတ်)လူနည်းစုက
ဆုံးဖြတ်မပေးနိုင်ပါဘူး။သူများပါးစပ်အဖျားမှာ
လမ်းအဆုံးမခံဘဲ ကိုယ့်အဆင့်ကိုယ်သိ၊ ကိုယ့်
သမိုင်းကိုယ်ရေးပြီး R ကြီးလို ပြုံးရယ်နေလိုက်
တာက ရင့်ကျက်ခြင်းလို့ ခေါ်ထိုက်ပါတယ်။
တချို့အမှန်တရားတွေက ငြိမ်သက်နေလိုက်ရင်
ပိုလှပပါတယ်။


#ဘဝရဲ့ခရီးသည်

19/01/2023

"Emotional PPE"

ခုနောက်ပိုင်း ခေတ်စားလာတဲ့ စကားလုံးဖြစ်ပါတယ်။ စိတ်ခံစားချက်ဆိုတာ ဗိုင်းရပ်စ်လိုပဲ ကူးစက်တတ်တဲ့ သဘောရှိတယ်။ COVID မဖြစ်ဖို့ PPE ဝတ်ရသလို မကောင်းတဲ့ ခံစားချက်တွေ မကူးစက်ဖို့ကိုလည်း Emotional PPE ဝတ်ဖို့ လိုပါတယ်။

အဲ့လို သူတစ်ပါးဆီက မကောင်းတဲ့ စိတ်ခံစားချက်တွေ ကိုယ့်ဆီ မကူးစက်အောင် ကာကွယ်ဖို့ ပေးချင်တဲ့ အကြံပြုချက်တွေကတော့

၁။ ဆိုရှယ်မီဒီယာကို အချိန်နဲ့ သုံးပါ။ ကိုယ့် Newsfeed မှာ ပေါ်နေစေချင်တဲ့ လူပုဂ္ဂိုလ်နဲ့ Page တွေကို စနစ်တကျ ရွေးချယ်ပါ။ အစားများရင် စားပိုးနင့်သလို သတင်းအချက်အလက် စားသုံးတာ များလွန်းရင်လည်း စိတ်ခံစားချက်တွေ နင့်နေတတ်ပါတယ်။

၂။ Online ထက် Offline activity ​တွေကို အချိန်ပို​ပေးပါ။ စာပိုဖတ်ပါ။ အားကစား လုပ်ပါ။ မိသားစုနဲ့ စကားပြောပါ။ ရင်းရင်းနှီးနှီး နေပါ။

၃။ Self-awareness တက်အောင် တရားထိုင်ပါ။ ဒေါသထွက်စရာ တခုခု တွေ့လိုက်တယ်ဆိုပါစို့။ လူပဲဟာ။ ဒေါသထွက်တာပေါ့။ ဒါပေမဲ့ အဲဒီစိတ်ကို သိလိုက်။ မြင်အောင် ကြည့်လိုက်။ ဒါဆို ဆက်ပြီး ဒေါသမဖြစ်အောင် ထိန်းနိုင်သွားပါလိမ့်မယ်။ တစ်နည်းအားဖြင့်တော့ Emotional PPE ဝတ်လိုက်ခြင်းပဲပေါ့။

၄။ တစ်ဖက်သတ်ဆန်သူတွေ၊ ကိုယ်သိထားတာကို Unlearn & Relearn လုပ်ဖို့ မကြိုးစားသူတွေ၊ အပြန်အလှန် လေးစားမှု မထားနိုင်သူတွေ၊ အကောင့်တုတွေနဲ့ အငြင်းအခုန် မလုပ်ပါနဲ့။ စိတ်ပင်ပန်းပြီး အချိန်တွေ အလဟဿ ကုန်ရပါလိမ့်မယ်။

၅။ ရသစာပေ များများဖတ်ပါ။ ကိုယ့်ထက်ဆိုးတဲ့ ဘဝတွေအကြောင်း သိရလိမ့်မယ်။ ကိုယ်ချင်းစာတတ်လာလိမ့်မယ်။ လူတွေပေါ် မြင်တဲ့အမြင်တွေလည်း ပြောင်းသွားပါလိမ့်မယ်။ နောက်ဆုံး ကိုယ့်ကို ဆဲနေသူမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတစ်ခုခု ရှိနေပါလား ဆိုတာမျိုး မြင်ပေးနိုင်တဲ့အထိ ဖြစ်သွားလိမ့်မယ်။

၆။ ဥပေက္ခာ ပြုပါ။ ဘယ်လောက်ကောင်းအောင် နေနေ၊ လူတိုင်းဆီက အကောင်းမြင်ခံရဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါ ကမ္ဘာပေါ်က ဘယ်သူ့အတွက်မဆို အတူတူပါပဲ။ အဓိကက ကိုယ်လုပ်စရာ ရှိတာ လုပ်ဖို့ပါ။ ဝေဖန်သံတွေကို နားထောင်ပါ။ ကိုယ် ပြင်စရာရှိရင် ပြင်ပါ။ မှားသွားရင် တောင်းပန်ပါ။ လျစ်လျူရှုသင့်တာကို ရှုပြီး ရှေ့ဆက်ပါ။

၇။ ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင် (Self-image) ကောင်းအောင် ကြိုးစားပါ။ တစ်ပါးသူရဲ့ လုပ်ရပ်၊ အပြောအဆို၊ အတွေး၊ တစ်နည်းအားဖြင့် သူတို့ရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတို့ပေါ်မှာ မူတည်ပြီး စိတ်ခံစားချက် အတက်အကျ ဖြစ်နေသရွေ့ ရေရှည်တည်မြဲတဲ့ ပျော်ရွှင်မှုမျိုး ရမှာ မဟုတ်ပါဘူး။ ချီးကျူးလို့ ပျော်တယ်ဆို ကဲ့ရဲ့ခံရရင် စိတ်ညစ်ရမှာပေါ့။ လူက ကိုယ်ခံအားမကောင်းရင် သူများအတွက် ဘာမှမဟုတ်တဲ့ ပိုးမွှားတွေကြောင့် ကိုယ့်မှာ ရောဂါဖြစ်ရသလို၊ စိတ်ဓါတ်က မကြံ့ခိုင်ရင်လည်း ကွန်မန့်လေးတစ်ကြောင်းနဲ့တင် ယိုင်လဲသွားနိုင်ပါတယ်။ ဒါကြောင့် သူများတွေ ကိုယ့်ကို ဘယ်လိုမြင်သလဲ ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်ထားသလဲက ပိုအရေးကြီးပါတယ်။ Self-image သာ ကောင်းနေမယ်၊ ကိုယ် ဘယ်လိုလူ ဆိုတာကို ရှင်းရှင်းလင်းလင်း သိနေမယ်ဆို လူတွေရဲ့ တုံ့ပြန်မှုအပေါ် သိပ်ခံစားနေမိတော့မှာ မဟုတ်ပါဘူး။
Credits
ဒေါက်တာ ဖြိုးသီဟ
၈.၆.၂၀၂၀

22/02/2022

အသက်ကြီးလို့ ဗိုက်ကြီးပူလာခြင်းကို မပူပါနဲ့။ သက်ရင်းကြီးမြစ်နဲ့ ဒီလိုရှင်းလို့ရတယ်

အသက်ကြီးလာလျှင် ယောက်ျား မိန်းမ ဝဖြိုးလာပြီး ဗိုက်ကြီးပူလာခြင်းမှာ သဘာဝဟုဆိုနိုင်ပါသည်။ အဆီများ၍ ပူလာသောဗိုက်ကို သရင်းကြီးမြစ်နှင့် စမ်းသပ်လိုက်ပါ။

သက်ရင်းကြီးမြစ်ကို လေးလက်မ ငါးလက်မခန့်ဖြတ်၍ ရေစင်စင်ဆေးပါ။ ဘက်တီးရီးယား ပိုးများသေစေရန်နှင့် မှိုများ မကျရောက်စေရန် အမြစ်များကို ထမင်းပေါင်းအိုးထဲထည့်ပြီး ပေါင်းပါ။

သုံးနာရီပေါင်းပြီးမှ ခြောက်သွေ့စေရန် နေလှန်းပါ။ဆေးသွေးကျောက်ပျဉ်ပေါ်မှာ သွေးပြီး သောက်ပါ။ ၁၀-ရက်လောက် သောက်ပြီးနောက်

ပူနေသောဗိုက်ကြီး တနေ့တခြား ပိန်သွားပါလိမ့်မည်။ အဆီရှိသောနေရာ ပိန်သွားခြင်းဖြစ်ပါသည်။ လူပိန်သွားခြင်း မဟုတ်ပါ။

ဆေးသောက်နည်း

နေ့စဉ် နံနက်စောစော (၆)နာရီမှာဖြစ်စေ၊ (၇)နာရီမှာဖြစ်စေ နံနက်စာ (Break Fast) မစားမီဆေးကိုသွေးပြီး သောက်ပါ။ တစ်ကြိမ်ပဲ သောက်ပါ။ (Zebra) စတီးဇွန်းဖြင့် ဆေးရည်ကို

ဆားအနည်းငယ် ထည့်သောက်ပါ။ ဝမ်းလွယ်ပါက လျှော့သောက်ပြီး ဝမ်းချုပ်တတ်ပါက နည်းနည်းပိုသောက်ပါ။ (Zebra) စတီးဇွန်းသည် စံချိန်တစ်ခု ယူထားခြင်း ဖြစ်ပါသည်။

ဆေးသောက်ပြီး တနာရီအကြာမှာ ဝမ်းသွားပါမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးလျှင် နံနက်စောစောအစာကို စားသောက်နိုင်ပါသည်။

နောက်ထပ် တစ်နာရီ သို့-နာရီဝက်ခန့်ကြာတိုင်း ဝမ်းသွားပါဦးမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးကတည်းက ဝမ်းထဲမှာရှိသော အစာဟောင်းများ ကုန်သွားပါမည်။

နောက်ထပ်သွားသော ဝမ်း၏အနံ့သည် အမဲသား ဝမ်းတွင်းသား အနံ့ကဲ့သို့ နံလာပါမည်။ မစင်ကိုရေဖြင့်သန့်စင်သည့်အခါ စအိုဝတွင် ဆီများရွှဲနေသည့် အထိအတွေ့မျိုးကို သိရှိရပါလိမ့်မည်။

ဝမ်းသွား၍ အားအင်ကုန်ခန်းခြင်း မရှိပါ။ ဆေးများများ သောက်မိပါက အော့ချင် အန်ချင်သလို ဖြစ်တတ်ပါသည်။ စိုးရိမ်စရာ မရှိပါ။

သရင်းကြီးမြစ် သောက်ပြီးနောက် ရရှိလာမည့် အကျိုးများ

၁။ ခန္ဓာကိုယ်တွင်းရှိ ပိုနေသော အဆီများ (Cholesterol)ကို ကျစေသည်မှာ သိသာပါသည်။
၂။ ခန္ဓာကိုယ် ပူနွေးပြီး နေထိုင်ကောင်းပြီး ပေါ့ပါးလာပါမည်။
၃။ မျက်စိများ ကြည်လင်လာပါမည်။
၄။ ထုံကျဉ် ကိုက်ခဲနေသော ရောဂါများ သက်သာသွားပါမည်။
၅။ လေထိုးလေအောင့် ရောဂါများရှိလျှင် သက်သာလာမည်။
၆။ ဝမ်းမှန် ဆီးမှန်ပြီး သွေးသားကို စင်ကြယ်စေပါသည်။
၇။ ဆီးချိုရောဂါကိုလည်း သက်သာစေပါသည်။

ငွေကုန်ကြေးကျ မများဘဲ ဆေးမြစ်တစ်ခုတည်းနှင့် အသုံးပြုပုံကို လက်တွေ့စမ်းသပ်ပြီး
တင်ပြလိုက်ရပါသည်။

မူရင်းအားလေးစားစွာဖြင့် Credit ပေးပါသည်။

လေးစားစွာဖြင့် ပြန်လည်မျှဝေပါသည်။

21/02/2022

တန်ဖိုးထားပါ လိုသုံးမလုပ်ပါနဲ့..

ကိုယ်အဆင်မပြေတဲ့အချိန် အနားမှာ ကျန်နေတဲ့ အပေါင်းအသင်း မိတ်ဆွေတွေကိုတန်ဖိုးထားပါ။ စစ်မှန်တဲ့ အပေါင်းအသင်းဆိုတာ

အဆင်မပြေတဲ့အချိန်မှ သိခွင့်ရတာပါ။ ရေဆာတဲ့အချိန် ရေတစ်စက်ရဲ့တန်ဖိုးကိုသိရတယ်။တစ်ခါတလေ

လူတစ်ချို့က အခါတစ်ရာမက ကူညီပေးခဲ့သမျှ တစ်ခါလောက် မကူညီပေးတာနဲ့ပဲ ကိုယ့်တန်ဖိုးကိုမေ့သွားတတ် တယ်။

လိုအပ်တဲ့အခါမှ သတိရတတ်ပြီး မလိုတော့တဲ့ အချိန် သူစိမ်းဆန်ဆန်ဆက်ဆံတတ်တဲ့ သူတွေ လည်းရှိတယ်။ ကူညီတာလည်းမဟုတ် ၊ဖေးမတာလည်းမဟုတ်ပဲ လူတစ်ယောက်ရဲ့ ကောင်းကြောင်းတွေကိုဖယ်ပြီး မကောင်း ကြောင်းတွေပဲ ရွေးပြောနေရတာ ကို အရသာတွေ့တဲ့သူတွေလည်း

ရှိတယ်။ ဒီလိုလူတွေနဲ့ တွေ့တဲ့အခါ မုဒိတာပွားပြီး

သူ့အကြောင်းနဲ့ သူ့အကျိုးကိုခံစားပါစေ

ကိုယ့်အပူအဖြစ်မယူမိပါစေနဲ့။

ဘဝမှာ တန်ဖိုးဆိုတာ တန်ဖိုးထားတဲ့လူနဲ့တွေ့မှ တန်ဖိုးရှိတာပါ။ ကိုယ့်ဘက်က ဘယ်လောက်ထိပေးဆပ်နေပါစေ

အကောင်းမမြင်တတ်တဲ့ သူနဲ့တွေ့ရင် ကိုယ့်စေတနာတွေက ဝေဒနာတွေဖြစ်ရတာပါပဲ။

ဘယ်သူ့အပေါ်မှာပဲဖြစ်ဖြစ် တန်ဖိုးထားပါ လိုသုံးမလုပ်ပါနဲ့ တစ်ခါတစ်ရံ ဆိုပေမယ့် အကြိမ်ကြိမ် ဖြစ်သွား တဲ့အခါ အဲ့ဒီလုပ်ရပ်တွေက လူတစ်ယောက်ကို ခင်မင်မှုပျက်စေ ပြီး ရွံစရာကောင်းလောက်အောင် အကျည်းတန်လွန်တဲ့ဆက်ဆံ ရေးပဲ ဖြစ်ပါတယ်။

#မေတ္တာများစွာဖြင့်

(ဘဝစာပေ)

#မေဆု

17/02/2022

ပထမနေ့ ။ ခြေလက်မအီမသာဖြစ်၊ ညောင်းဗျစ်ကြီးဖြစ်၊ နုန်းညောင်းကြီးဖြစ်၊ အားမရှိသလိုကြီးဖြစ် ၊ ချမ်းစိမ့်ချမ်းစိမ့်ဖြစ်၊ ချောင်းမဆိုးသေး

ဒုတိယနေ့ ။ လည်ချောင်းယားသလိုလို၊ သလိပ်ကပ်သလိုလို၊ ချောင်းဆိုးလိုက်ရင် လည်ချောင်းကကွဲရှရှ၊ နှာပိတ်၊ နှာမွှန်

တတိယနေ့ ။ ညအိပ်နေရင်းလန့်နိုး၊ နှာပိတ်အသက်ရှူကြပ်၊ လည်ချောင်းက မခံနိုင်အောင်နာ၊ ​ရေသောက်လိုက်ရင် သက်သာသွား၊ အာခြောက်

နောက်ရက်တွေ ။ အစားအသောက်ပျက်၊
ပါးစပ်ခါး၊ကျောအောင့်၊ခါးကိုက်၊
ဖြစ်ချင်သလိုဖြစ် အားလုံးကိုဗစ်နော်

မနေ့က ရေချိုးတာကြာလို့
နေ့လည်က ဆံပင်ပေါင်းလိုက်လို့
တအိမ်လုံးအဝတ်တွေလျှော်လိုက်လို့
Gym ဆော့လိုက်တာ ပေါင်တွေကိုက်လာလို့
မနက်အစောကြီး အင်္ကျီပါးနဲ့ဆိုင်ကယ်စီးလိုက်လို့
ဘာမှလာမပြောနဲ့ အားလုံးကိုဗစ်နော်

ခုချိန်ထိ ပြင်းပြင်းထန်ထန်မတွေ့သေးပေမယ့်
ကလေးတွေပါထိလာတာတွေ့ရပြီ
ညနေက ကလေးတယောက်
အဖျားကြီးပြီး တက်သွားပြီ
နောက်ကလေးတယောက်က
၃ ရက်ဆက်တိုက် အဖျားမကျဖြစ်နေပြီ
ဆိုတော့ ကလေးတွေပါ ဂရုစိုက်နေရပြီ

သွေးတိုးဆီးချိုလူကြီးတွေ
ကာကွယ်ဆေးစုံထားလို့ဖြစ်မယ် သိပ်မထိကြသေး
Outbreak ပုံစံကတော့ ဖြစ်နေပြီ
မထိန်းနိုင်မှာလည်း စိုးရိမ်နေရပြီ

အခုလတ်တလော ဖျားနာနေသူ ၉၀% ကျော်က
ကိုယ့်ဘာကိုယ် တုပ်ကွေးလို့ပဲစိတ်ဖြေနေကြတုန်း
တုပ်ကွေးဆို (၇) ရက်ဆိုပျောက်မှာပါ

ဘာပဲဖြစ်ဖြစ် အစားအသောက်ပျက်လာတာတွေတော့တွေ့နေရပြီမို့ ကိုယ်ခံအားရှိအောင်တော့
စားကြပါ၊ အိပ်ကြပါ။
ကျနော်တို့ဆရာဝန်တွေက
ကိုဗစ်ကို ကုမပေးနိုင်ပါဘူး၊ ကူပဲကူပေးနိုင်ပါတယ်ဗျ

အားလုံး ဘေးကင်းကြပါစေဗျ

15/02/2022

စိတ်ဓာတ် ယုတ်မာသူ အတွက်
ပညာတတ်ခြင်းဟာ အလကားပဲ…

မျော်လင့်ချက် မရှိသူအတွက်
မနက်ဖြန် ဆိုတာ အလကားပဲ…

သင်္ခန်းစာ မယူတတ်သူအတွက်
အတွေ့ကြုံ ဆိုတာ အလကားပဲ…

ကျေးဇူးမသိ ကျေးဇူးကမ်းသူအတွက်
ကူညီပေးမှု့ဟာ အလကားပဲ…

အတ္တဆန်ပြီး တကိုယ်ကောင်းဆန်သူအတွက်
ခေါင်းဆောင် ဆိုတာ အလကားပဲ…

ခံစားချက် မရှိသူ အတွက်
နှလုံးသား တစ်စုံဟာ အလကားပဲ…

မကြိုးစားသူ အတွက်
အခွင့်အရေး ဆိုတာ အလကားဘဲ…

နှမြောတွန့်တိုတတ်သူ အတွက်
ချမ်းသာခြင်းဟာ အလကားပဲ…

စိတ်ထားယုတ်သူ အတွက်
ရုပ်လှခြင်းဟာ အလကားပဲ…

မိုက်မဲပြီး ဆင်ခြင်တုံတရား မရှိတဲ့ တပည့်အတွက်
ဆရာကောင်းဟာ အလကားပဲ…

ပေးကမ်းစွန့်ကြဲမှု့ မရှိသူအတွက်
ပေါများခြင်းဟာ အလကားပဲ…

ကုသိုလ်မပြုသူ အတွက်
ဘဝဖြစ်တည်ခြင်းက အလကားပဲ…

ပိုင်ဆိုင်ခွင့် ရတိုင်း
ပျော်ရွှင်ရမယ် မထင်နဲ့
လောဘနဲ့ အတ္တကြောင့် ပူလောင်နိူင်တယ်…

ဆုံးရှုံးသွားတိုင်း
ဝမ်းနည်းပူဆွေး ရမယ်မထင်နဲ့
မေတ္တာထားတတ်ရင် ငြိမ်ချမ်းတယ်…

အရှုံးပေးတိုင်း အနိူင်ရတယ်မထင်နဲ့
တစ်ပါးသူရဲ့ စိတ်ခံစားမှု့ကို မြင်အောင်
မကြည်နိူင်ရင် ရှုံးတာပါပဲ…

အပိုင်ရသွားလို့ အလေးမထားတော့ဘူးလား
ဆုံးရှုံးသွားမှ တန်ဖိုးဆိုတာ နားလည်ရင်
အဲ့ဒီဆုံးရှုံးခြင်းဟာ……နောင်တပဲဖြစ်လာမှာ…

စွန့်လွတ်တိုင်းလည်း
ဆုံးရှူံးရတာ မဟုတ်ဘူး
ပိုင်ဆိုင်ရတိုင်းလည်း
ဖမ်းဆုပ်ခွင့် ရှိချင်မှရှိမယ်…

နားလည်မှု့မရှိရင် နီးနေလည်း
အလကားပဲ…
တစ်ယောက်နဲ့တစ်ယောက်
စိတ်ခြင်းဝေးတဲ့ အခါ ပျော်ရွှင်မှုဆိုတာလည်း
ရှိမလာနိူင်ဘူး…

ဘယ်လောက် ဝေးဝေး
စိတ်ခြင်းနီးနေမှ နားလည်မှုတွေ ယုံကြည်မှုတွေ
အသက်ဝင်မှာ ပျော်ရွှင်ခြင်းတွေလည်း
အလိုလိုရောက်လာမှာလေ……။

#မေတ္တာများစွာဖြင့်
(ဘဝစာပေ)

15/02/2022

ငွေရှာပါ. . . အပေါ်ယံအဆင်တန်ဆာနဲ့ လူတွေကို ပြောဆိုဆက်ဆံတတ်တဲ့အရပ်မှာ နေရင် သူများနည်းတူ တန်းတူ ဝတ်စားနိုင်ဖို့ ငွေရှာပါ ....။

ငွေရှာပါ. . . ငွေမရှိရင်ဆိုတဲ့ စကားလုံးရဲ့ နောက်မှာ ပြတ် တောက်သွားမယ့် ဆက်ဆံရေးတွေ ရှိနေတတ်တယ်။ ငွေဆိုတာ ဒုတိယဘုရားသခင်လိုပဲ နေရာတကာမှာ သူပါမှပြီးတဲ့ နေရာတွေ ချည်းပဲလေ။ လူတွေဆိုတာကလည်း သူတို့လိုချင်တာတွေ ရှိနေ ရနေ မှ အနားကပ်ချင်ကြတာလေ။

ငွေရှာပါ . . . ငွေမရှိရင်ဆိုတဲ့ စကားလုံးရဲ့ အနောက်မှာ မဲ့သွားတတ်တဲ့ အပြုံးတွေရှိတယ်။ မျက်နှာကြီးရာ ဟင်းဖက်ပါတတ် တဲ့ခေတ်ပဲ တစ်ခမ်းတနားကြိုစေချင်ရင် အိတ်ကပ်ဖောင်းနေဖို့တော့ လိုမယ်။ မျက်နှာမွဲတစ်ယောက်အတွက် ဘယ်သူကမှ အချိန်ကုန်ခံချင် ကြတော့တာ မဟုတ်ဘူးလေ။

ငွေရှာပါ ... ငွေမရှိတော့ရင်ဆိုတဲ့ စကားလုံးရဲ့ အနောက်မှာ မက်ခွင့်မရှိတဲ့ အိပ်မက်တွေ ရှိနေတတ်တယ်။ တချို့ အိပ်မက်တွေက ဈေးကြီးလွန်းတယ်လေ ငွေဆိုတာ အရာရာမဟုတ်ပေမယ့် ငွေနဲ့ ခင်းပြီးမှ မက်လို့ရတဲ့ တချို့ အိပ်မက်တွေလဲ ရှိပါသေးတယ်။

ငွေရှာပါ . . . သူတစ်ပါးမျက်ရည်စက်တွေမပါတဲ့ ငွေကိုပဲ .. ရှာပါ။ မျက်ရည်စက်တွေပါတဲ့ ငွေဟာ အလုပ်လက်ရှိဘဝမှာလဲ ပူလောင်ရသလို သံသရာအတွက်လည်း မကောင်းဘူး။ ရိုးရိုးသားသား ရှာလို့ရတဲ့ ငွေကိုပဲ မက်ပါ။ ကြိုးကြိုးစားစားနဲ့ ကိုယ့်ခြေကိုယ့်လက်နဲ့သာ ငွေရှာပါ ။

10/02/2022

💪💪💪 ယုံကြည်ချက် 💪💪💪
-
၁၉၅၀ ခုနှစ်မှာ တက္ကသိုလ်ပါမောက္ခ ကာ့တ်ရစ်ခ်ျတာ Curt Richter ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ စက်ဆုပ်ဖွယ်ကောင်းတဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။ သူက ကြွယ်ဆယ့်နှစ်ကောင် ကို ရေတစ်ဝက်ထည့်ထားတဲ့ ဖန်ခွက်ရှည်တွေထဲကိုထည့်လိုက်တယ်။ အဲဒီဖန်ခွက်ရှည်တွေက ကြွက်တွေ ကုတ်ကပ်တက်လို့မရအောင် ရှည်လျားသလို ခုန်ထွက်လို့လည်းမရနိုင်‌အောင် စီမံထားတယ်။
-
ဆယ့်ငါးမိနစ်ဝန်းကျင် ကြာတဲ့အခါမှာ ကြွက်တွေဟာ ခြေကုန်လက်ပန်းကျပြီး ရေနစ်သေဆုံးကုန်ကြတယ်။ သာမာန်အားဖြင့် ကြွက်တွေဟာ သေဘေးကနေ လွတ်လိုဇောနဲ့ ရုန်းကန်နိုင်စွမ်းက ဆယ့်ငါးမိနစ်ကြာတယ် ပြောရမှာပေါ့။ နောက်တစ်သုတ် စမ်းသပ်ရာမှာတော့ ရစ်ခ်ျတာက ဗျူဟာတစ်ခုကိုထပ်လုပ်ကြည့်လိုက်တယ်။
-
ဒီတစ်ခေါက်တော့သူဟာ ကြွက်တွေ လက်ပန်းမကျခင်အချိန်လောက်မှာ သူတို့အားလုံးကို ဖန်ခွက်ထဲကနေ ဆယ်ထုတ်လိုက်တယ်။ ခြောက်သွေ့စေတယ်။ မိနစ်အနည်းငယ်လောက် အနားပေးလိုက်တယ်။ အဲဒီနောက်တော့ စောစောကအတိုင်း ရေတစ်ဝက်ဖြည့်ထားတဲ့ဖန်ခွက်ထဲကို တစ်ဖန်ပြန်ပြီးထည့်လိုက်တယ်။
-
အဲဒီဒုတိယအခေါက်မှာ ကြွက်တွေ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ်လို့ ခင်ဗျားထင်လဲ
နောက်ထပ်ဆယ့်ငါးမိနစ်လား?
ဆယ်မိနစ်လား?
ငါးမိနစ်လား?
-
အဲလိုထင်ရင်တော့ ခင်ဗျားမှားပြီလို့ပဲပြောချင်တယ်။ ကြွက်တွေဟာ နာရီ ခြောက်ဆယ်ကြာအောင် ဆက်ပြီး ရုန်းကန်ကူးခတ်နေကြတယ်။ (နာရီခြောက်ဆယ်)နော်
-
အဲဒီအဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် ကြွယ်တွေဟာ တစ်ချိန်ချိန်မှာ သူတို့ကို လာပြီး ကယ်ဆယ်လိမ့်မယ်။ သူတို့ဟာ တစ်ချိန်မှာ အသက်ရှင်ကျန်နေမယ်ဆိုပြီးယုံကြည်သွားကြတယ်။ အဲဒီယုံကြည်ချက်ဟာ ၁၅ မိနစ်သာ ရေကူးနိုင်တဲ့ကြွက်တွေကို အဆပေါင်း ၂၄၀ အထိ ပိုပြီးခံနိုင်ရည်ရှိသွားစေတယ်။ အဲဒီအထဲက ကြွက်တစ်ကောင်ဆိုရင် ၈၁ နာရီအထိ ရုန်းကန်ရှင်သန်သွားတယ်လို့တောင်ဆိုတယ်။
-
ဆိုလိုတာက ကိစ္စတစ်ခုမှာ ကျွန်တော်တို့ ရုန်းကန်နေရချိန်တိုင်းမှာ ကျွန်တော်တို့အတွက် ယုံကြည်ချက်ဟာ သိပ်ကို အရေးပါတယ်။ ကြွက်ဆိုတဲ့ တိရစ္ဆာန်တောင် ယုံကြည်ချက်တစ်ခုရှိလာရင် အဆပေါင်း ၂၄၀ ထိ တောင့်ခံနိုင်သေးရင်၊ အသိဉာဏ်ရှိတဲ့ ကျွန်တော်တို့မှာသာ တစ်ကယ်တမ်းယုံကြည်ချက်ရှိနေခဲ့ရင် ကြုံတွေ့လာသမျှ အခက်အခဲတွေဟာ တစ်ချိန်မှာ မုချ လွန်မြောက်လာမယ်။
-
မုချ အောင်မြင်မယ်၊ မုချလွန်မြောက်မယ် ဆိုတဲ့ “Hope and optimism” ဟာ အောင်မြင်မှုတစ်ခုအတွက် အင်မတန်မှ အရေးကြီးတယ်ဆိုတာပြောချင်တာပါ။
-
ဒါကြောင့် အားမလျှော့ပါနဲ့။ တောင့်ထားကြပါ။ ယုံကြည်ချက်ကို မစွန့်လွှတ်ကြစတမ်းပေါ့လေ။
-
✨"တစ်ခုပဲ ကြွက်တွေရေကူးနေသလို ကျွန်တော်တို့ ရုန်းကန်နေဖို့တော့လိုတာပေါ့ဗျာ။ "✨
-
.
Joe(ကမ္ဘာ့ရွှေအကြံပေး)

10/02/2022

ကိုဗစ်နောက်ဆုံးလှိုင်း စတင်နေပါပြီ
အထူးဂရုစိုက်သတိထားမှ
လက္ခဏာပြနေတယ်ဆိုတာ
သိရတာပါ။

သွေးပျစ်ရင် သွေးတွင်း
အောက်စီဂျင်ကျတာကြောင့်
ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်
စောင့်ရှောက်ဖို့
လိုပါတယ်။
သွေးပျစ်ရတဲ့ အကြောင်းက
စိတ်နဲ့ ပတ်သက်တဲ့ခံစားချက်၊
ခန္ဓာနဲ့ ပတ်သက်တဲ့
နေထိုင်စားသောက်မှုပုံစံနဲ့
ပတ်သက်ပါတယ်။

သွေးပျစ်လာရင် ခန္ဓာကပေးတဲ့
မက်ဆေ့ ၄မျိုးကတော့_

၁။ မနက်ထလာရင် ခေါင်းမူးတယ်၊
အားမရှိဖြစ်တယ်။ မနက်စာစားပြီးမှ
တဖြည်းဖြည်း နိုးကြားလာပြီး
ညဉ့်နက်လေ လန်းဆန်းလေ
ဖြစ်လာတယ်။

၂။ နေ့လည်စာစားပြီးရင်
အရမ်းအိပ်ချင်တယ်၊
မအိပ်လို့ မရတာမျိုး။

၃။ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့
မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊
ခန္ဓာကိုယ် ဝဖြိုးတာ။

၄၊ အမြင်အာရုံ ရုတ်တရက်
ဝေဝါးတာ၊ ချက်ချင်းကောင်းကောင်း
မမြင်ရတာ။
ခန္ဓာက သွေးပျစ်ကြောင်း
အချက်ပြလာပြီဆိုရင်
အမြန်ကုစားကြပါ။
သွေးပျစ်တာကို သက်သာစေဖို့
နည်းလမ်း၅မျိုးကတော့_

၁။ ရေများများသောက်ပါ။

၂။ ကိုလက်စထရောကို တားဆီးနိုင်တဲ့
ဟင်းသီးဟင်းရွက်တွေဟာ
ရေဓာတ် အများကြီးပါတဲ့အပြင်
ကြွယ်ဝတဲ့ ဗီတာမင်စီနဲ့
ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်၊
ဒါကြောင့် ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊
အသီးအနှံ အစေ့အဆံ အစုံစားပါ။

၃။ တိရိဆ္စန် ဝမ်းတွင်းကလီစာ
လျှော့စားပါ ။

၄။ ကိုယ်လက်လှုပ်ရှား
လေ့ကျင့်ခန်းလုပ်ပါ။

၅။ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။
သွေးပျစ်ရင် ရေများများသောက်ဖို့

"ပထမ" ဆိုတော့
ရေ နဲ့ ပတ်သက်တာကို
နည်းနည်းထပ်ပြီး မျှဝေပါမယ်။

ဒါကြောင့်
သွေးပျစ်တာမဖြစ်အောင်
သွေးတွင်း အောက်စီဂျင်များအောင်
ရေများများသောက်ပါ။
အထူးသဖြင့် ရေနွေးများများသောက်ပါ။
ရေနွေးက အဆီတွေကို ခြေဖျက်နိုင်တယ်၊
အစာကြေတယ်၊သွေးလည်ပတ်မှုကို
ကောင်းမွန်စေတယ်။

ရေသောက်ခြင်းရဲ့
အကျိုးအာနိသင် ( ၈ )မျိုးကတော့၊

၁။ အဆိပ်အတောက်တွေကို
သန့်စင်စေတယ်။
၂။ အရေပြားကို သန့်ရှင်း
ကျန်းမာစေတယ်။
၃။ ကြွက်သားကို သန်မာစေတယ်။
၄။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်။
၅။ ကိုယ်ခံစွမ်းအင် တိုးပွားစေတယ်။
၆။ ဝိတ်ကျစေတယ်။
၇။ ခေါင်းကိုက်တာကို သက်သာစေတယ်။
၈။ မှတ်သားနိုင်တဲ့စွမ်းရည်မှတ်ဥာဏ်ကို
တိုးပွားစေတယ်။

- ရေခဲရေကို ရှောင်ပါ။
- ရိုးရိုးရေကို များများသောက်ပါ။
- ရေနွေးကို များများသောက်ပါ။

- ရိုးရိုးရေနွေးဖြူအပြင်၊ရေနွေးကို
လက်ဖက်ခြောက် ခတ်သောက်တာ၊
- ပျားရည်နဲ့ သံပရာ
ညှစ်သောက်တာကလည်း
ကျန်းမာရေးအတွက်
ကောင်းမွန်စေပါတယ်။

👉ဒေါက်တာဝေဖြိုး - ပြည်သူ့ကျန်းမာ

#ကျွန်တော်ရဲ့လက်တဖက်လူသားတွေအတွက်

#မူရင်းရေးသားသူ

(@museကCopyဖော်ပြပါသည်)
မည်သူမဆိုကူးယူဖော်ပြစေလိုပါသည်။

10/02/2022

အခုနောက်ပိုင်း ကိုယ်ဟာ

ဘေးနားမှာ လူတွေအများကြီး
ရှိဖို့ မတောင့်တတော့ဘူး။

စကားပြောလိုက်ရင် စိတ်သက်သာ
ရတဲ့သူရယ်။

အကျိုးမလိုပဲ ခင်မင်တဲ့သူရယ်။

ကိုယ်ခေါ်ရင် ပျော်နေတယ်ဆိုတဲ့သူလောက်ပဲလိုချင်တော့တယ်။

ဘဝဆိုတာ တိုတိုလေးလေ။

ဒီဘဝထဲမှာ

ကိုယ်နားက လူတွေတိုင်းဟာ
ကိုယ့်ပေါ်ကောင်းမယ်ဆိုပြီး
အမြဲမရှိသလို

ကိုယ့်ကိုအစဉ် နှစ်သက်နိုင်ကြမယ်ဆိုတာမရှိဘူးလေ။

ပျော်ရွှင်စရာရှိရှိ ဝမ်းနည်းစရာရှိ

ကိုယ့်ကိုမကြိုဆိုမှန်းသိ
တဲ့ လမ်းတွေဆို မသွားတတ်
အောင်နေပြီး

ကိုယ့်ကိုမလိုအပ်မှန်းသိတဲ့အရာတွေနဲ့ဆို မပတ်တတ်အောင်နေရမယ်။

ကိုယ့်ပေါ်မကောင်းဘူးဆိုရင်
ကိုယ်က အရာရာရှေ့မှာ ရယ်လျက်နဲ့ရှင်သန်ပြတတ်ရမယ်လေ။

တစ်ကယ့်ဘဝဆိုတာ

လူတွေအများကြီးရှိဖို့မှမဟုတ်တာ

ကိုယ့်နားမှာကိုယ့်ပေါ်ကောင်းတဲ့သူ
တွေရယ်

ွစစ်မှန်တဲ့သူတွေရယ်နဲ့တူတူ
ပျော်ရွှင်ရှင်သန်နေပြီး

ကိုယ့်နေ့ရက်တိုင်းဟာ လှပ
ပျော်ရွှင်နေဖို့။

ကိုယ့်ဘဝကိုယ် ကိုယ်ချစ်ခင်
နှစ်သက်နေဖို့ပါ။

ဒါကြောင့်
ဘေးနားမှာ

လူတွေအများကြီးရှိမယ်ဆိုပြီး
စိတ်မဆွဲပါနဲ့။

ကိုယ့်ဘေးနားမှာ

ကိုယ်ပေါ်ကောင်းစေတဲ့ပျော်ရွှင်စေတဲ့ တစ်စုလောက်ပဲရှိနေရင်

ဘဝဟာ သိပ်ပျော်စရာကောင်းသလို

ရှင်သန်ရတာလည်း စိတ်
ချမ်းသာ ပျော်ရွှင်ရတယ်ဆိုတာ
မမေ့ပါနဲ့။

ဦးချေ(10.2.22)

12/01/2022

ပျော်ရွှင်ခြင်းဆိုတာ ရိုးရှင်းတယ်။

ဗိုက်ဆာတဲ့အချိန် ကိုယ်ကြိုက်နှစ်
သက်တာကို အားရပါးရစားသောက်နိုင်
တာကလည်း ပျော်ရွှင်ခြင်းဖြစ်တယ်။

ကိုယ်ခန္ဓာပင်ပန်းတဲ့အချိန် ကျောချစရာ
ဖျာတစ်ချပ် နှင့် ခေါင်းအုံးတစ်အုံးရှိတာ
ကလည်း ပျော်ရွှင်ခြင်းဖြစ်တယ်။

ဝမ်းနည်းအထီးကျန်တဲ့အချိန် စနောက်
ပြောင်ပျက်မဲ့ သူငယ်ချင်းတစ်ချို့(or) ကြည့်
စရာ ဟာသအပိုင်းအဆက် ရုပ်ရှင်ဇတ်ကာ
းတွေ ရှိတာကလည်း ပျော်ရွှင်ခြင်းဖြစ်တယ်

တစ်ကယ်တော့ ဘဝမှာ ပျော်ရွှင်ခြင်းဆို
တာက ယူတတ်ရင် သိပ်ရိုးရှင်းလွန်တဲ့
အရာဖြစ်တယ်။

ဒါပေမဲ့ လူအများစုဟာ ပျော်ရွှင်ခြင်းကို ကိုယ့်ဆီကနေမစတင်ပဲ သူတစ်ပါးဆီကနေ
ရယူတတ်တဲ့ သဘောရှိကြတယ်။

ဒီသဘောကြောင့် ပျော်ရွှင်ခြင်းဟာ သူတို့
အတွက် ခက်ခဲမှုတစ်ခုဖြစ်လာပြီး တစ်
ဖြည်းဖြည်းဝေးကွာလာကြတာဖြစ်တယ်။

ထို့ကြောင့် ဘဝမှာ ပျော်ရွှင်ခြင်းကို အလွယ်
တကူရယူချင်ရင် ရိုးရှင်းမှုကို လက်ကိုင်
ထားပါ။မိမိဘက်ကနေ စတင်
မွေးဖွားပါလူတွေကို မျှဝေပါ။

ဒီမှာ မျှဝေခြင်းဆိုတာ
မနက်စောစောစီးစီး လူတစ်ယောက်ကို
မင်္ဂလာပါလို့ အပြောနဲ့ မနှုတ်ဆက်နိုင်
ရင်တောင် အပြုံးလေးတစ်ပွင့် သို့မဟုတ်
ခေါင်းလေးတစ်ချက်ညိတ်ပြီး အသိအမှတ်
ပြုတာကလည်း ပျော်ရွှင်ခြင်းကိုမျှဝေခြင်း
ဖြစ်တယ်။

ဒါတွေမက
အဆင်ပြေရဲ့လား၊ဒီနေ့ လန်းဆန်းနေတယ်
ဆံပင်စတိုင်က အမိုက်ပဲ၊ အကျီင်္လေးက
လှလိုက်တာစတဲ့ အပြုသဘောစကားတွေနဲ့
ပြောခြင်းကလည်း ပျော်ရွှင်ခြင်းကို
မျှဝေခြင်းဖြစ်တယ်။

07/01/2022

▪️ဂျပန်လူမျိုးတွေဟာ ငါးကို အလွန်ကြိုက်ကြတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံနားက ပင်လယ်မှာ ငါးမရှိဘူး။

▪️ဒါကြောင့် ဂျပန်တံငါသည်ဟာ နိုင်ငံနဲ့အတော်ဝေးဝေးက ပင်လယ်ပြင်မှာ ငါးတွေကို ပိုက်ကွန်နဲ့ သွားဖမ်းကြတယ်။

▪️ဖမ်းမိတဲ့ ငါးတွေကို လှေတွေရဲ့ ဝမ်းဗိုက်တွေမှာ ထည့်ထားကြတယ်။ ငါးဖမ်းလှေတွေ ရက်အတန်ကြာမှာ ဂျပန်နိုင်ငံကို ပြန်ရောက်တော့ ဖမ်းလာတဲ့ ငါးတွေအားလုံး သေကုန်ကြပြီ။

▪️ဂျပန်လူမျိုးတွေဟာ သေနေတဲ့ ငါးတွေကို မစားကြဘူး။ဒီပြဿနာကို ဖြေရှင်းဖို့ ဂျပန်ငါးဖမ်းသမားတွေဟာ ရေခဲတွေထည့်ထားတဲ့ သေတ္တာတွေကိုလှေတွေပေါ်မှာ တင်ပြီး ပင်လယ်ပြင်မှာ ငါးသွားဖမ်းကြပြန်တယ်။

▪️ဖမ်းလို့ ရတဲ့ ငါးတွေကို သေတ္တာတွေထဲမှာ ရေခဲစိမ်ထားလိုက်ကြတယ်။

▪️ဂျပန်လူမျိုးတွေဟာ လတ်လတ်ဆတ်တတ်မဟုတ်တဲ့ ရေခဲစိမ်ငါးတွေရဲ့ အရသာကို မကြိုက်ကြဘူး။

▪️ရေခဲစိမ်ငါးတွေဟာ လတ်လတ်ဆတ်ဆတ် ငါးတွေလောက် စျေးမရကြဘူး။

▪️ဒီတစ်ခါမှာ ဂျပန်ငါးဖမ်းကုမ္ပဏီတွေဟာ သူတို့ စက်လှေကြီးတွေပေါ်မှာ ငါးတွေ ထည့်ဖို့ ရေတိုင်ကီကြီးတွေ တင်ပြီး ပင်လယ်ပြင်ကို ငါးဖမ်းထွက်ကြပြန်တယ်။

▪️ဖမ်းမိတဲ့ ငါးအရှင်တွေကို ရေဖြည့်ထားတဲ့တိုင်ကီတွေထဲမှာ ထည့်ထားလိုက်ကြတယ်။

▪️ငါးတွေဟာ ရေတိုင်ကီတွေထဲမှာ ရေကူးခတ်နေကြပေမယ့် ရက်အနည်းငယ်ကြာတော့ မောပန်းပြီး ရေမကူးကြတော့ဘဲ တိုင်ကီထဲမှာ ငြိမ်နေကြတယ်။

▪️ဂျပန်နိုင်ငံရောက်တော့ ငါးတွေ မသေကြပါဘူး။

▪️ဒါပေမဲ့ ဂျပန်လူမျိုးတွေဟာ ရက်အတန်ကြာ မလှုပ်မရှက် ငြိမ်နေကြတဲ့ ငါးတွေရဲ့ အရသာကို သိကြတယ်။ အဲဒီငါးတွေကို လူတွေ မကြိုက်ကြလို့ စျေးကောင်းကောင်းမရဘူး။

▪️ရေခဲစိမ်ငါး၊ ရေထဲမှာ မလှုပ်မယှက် ငြိမ်နေတဲ့ငါးတွေကို မကြိုက်ကြတဲ့ ဂျပန်လူမျိုးတွေအတွက် ဂျပန်ငါးဖမ်းကုမ္ပဏီတွေဟာ ဘယ်လိုလုပ်ရမလဲ တွေးတောကြံဆကြရင်း နောက်ဆုံးမှာ အဖြေကို ရှာတွေ့လိုက်ကြတယ်။

▪️ငါးဖမ်းကုမ္ပဏီတွေဟာ သူတို့ စက်လှေတွေပေါ်မှာအရင်လိုပဲ ရေတိုင်ကီကြီးတွေ တင်ဆောင်ပြီးပင်လယ်ပြင်ကို ငါးဖမ်းထွက်ကြပြန်တယ်။

▪️ဖမ်းမိတဲ့ ငါးတွေကို အရင်လိုပဲ ရေတိုင်ကီကြီးတွေထဲမှာ ထည့်ထားလိုက်ကြတယ်။

▪️ဒီတစ်ခါတော့ ရေတိုင်ကီထဲက ငါးတွေဟာ ရက်အတော်ကြာအထိ မရပ်နား ကူးခတ်နေကြပါတော့တယ်။ ဘာဖြစ်လို့လဲ။

▪️ရေတိုင်ကီတိုင်းမှာ ငါးမန်းအသေးစားလေး တစ်ကောင်စီ ထည့်ထားပေးတယ်။ ငါးမန်းဟာ တိုင်ကီထဲ ရောက်လာတဲ့ ငါးလေးတွေ အနည်းငယ်စားသောက်ပြီး ဗိုက်ဝလို့ တိုင်ကီထဲမှာ လှည့်ပတ်ကူးခတ်နေတယ်။

▪️တိုင်ကီထဲက ငါးတွေဟာ ငါးမန်းကို ကြောက်လို့ တိုင်ကီတွေထဲမှာ မရပ်မနား ကူးခတ်နေကြတယ်။

▪️စက်လှေတွေ ဂျပန်နိုင်ငံကို ပြန်ရောက်တော့ လတ်ဆတ်ပြီး လှုပ်ရှားကူးခတ်နေကြတဲ့ ငါးတွေရဲ့အရသာကို ဂျပန်တွေ အလွန်ကြိုက်လို့ စျေးကောင်းရကြတယ်။

▪️ကျွန်တော်တို့လည်း ရက်အတန်ကြာမှာ မကူးခတ် မလှုပ်ရှားကြတဲ့ ရေတိုင်ကီထဲက ငါးတွေလို ဖြစ်လာတတ်ကြပါတယ်။

▪️ဘဝမှာ ကြိုးစားမှုမလုပ်ကြတော့ဘဲ ရှိတာလေးနဲ့ တင်းတိမ်ကျေနပ်ပြီး နေနေကြတယ်။ ဒါကြောင့်လည်း ဘဝမှာ တိုးတက်အောင်မြင်မှု မရကြတော့ဘူး။

▪️အသက်ကြီးလာတော့ နေစရာ စားစရာမရှိတဲ့ ဘဝရောက်မှ ငါ ငယ်ငယ်က မကြိုးစားခဲ့လို့ပဲဆိုပြီး နောင်တရတတ်ကြတယ်။

▪️အဲဒီလို မဖြစ်ဖို့ ကျွန်တော်တို့ စိတ်ထဲမှာ ငါးမန်းတစ်ကောင် ထည့်ထားပေးသင့်ပါတယ်။

▪️အဲဒီငါးမန်းဆိုတာ ဥပမာပါ။ သင့်ကို ပျင်းရိငြီးငွေ့ပြီး သက်သာသလို နေတတ်တဲ့ စိတ်ကိုကြိုးစားရုန်းကန်စေမယ့် လှုံဆော်မှု ပေးခြင်းကိုပြောတာပါ။

▪️ စိတ်ကို ဘယ်လို လှုံ့ဆော်ပေးရမလဲ။ သင့်ကိုယ်သင် ဒီမေးခွန်းတွေ မေးပါ။ငါ ဘာအတွက် လူဖြစ်လာတာလဲ။ လောကကြီးကို ကောင်းကျိုးပြုဖို့လား။ ဆိုးကျိုးပေးဖို့လား။

▪️ငါ လောကကြီးနဲ့ လူသားတွေအတွက် ဘာလုပ်ပေးရမလဲ။ ငါ့နိုင်ငံ ငါ့လူမျိုးတွေအတွက် ငါ ဘာတွေ လုပ်ပေးနိုင်သလဲ။

▪️ငါသေသွားရင် ငါ့ပတ်ဝန်းကျင်က
ငါ့အကြောင်း ဘာပြောကြမလဲ။ အကောင်းပြောကြမလား။ အဆိုးပြောကြမလား။

▪️ဒါမှမဟုတ် မွေးဖွားလာစဉ်ကနေ သေဆုံးသွားချိန်အထိ ဘယ်သူမှ သတိမထားမိတဲ့ လူတစ်ယောက်လား။
Credit

Want your school to be the top-listed School/college in Shwebo?
Click here to claim your Sponsored Listing.

Category

Website

Address


Shwebo