Something In Town
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Something In Town, Accessories, Sanchaung Towmship , Yangon, Sanchaung.
09/06/2022
07/06/2022
Screen time နည်းဖို့ စာများများဖတ်ပြပေးပါနော်
#နှစ်နှစ်အောက်ကလေးကို ခဏလေးဆိုပြီး
Screen time ပေးနေကြတဲ့ မိဘတွေရှိနေရင် ရပ်လိုက်ကြဖို့ မေတ္တာနဲ့ အကြံပြုချင်ပါတယ်။
💯နှစ်နှစ်အောက်ကလေးတွေကို Screen time မပေးသင့်တဲ့အကြောင်းနဲ့ ပေးကြည့်ရင်ကော ဘာဆိုးကျိုးတွေ ဖြစ်နိုင်မလဲဆိုတာ ဆရာဝန်တစ်ယောက်ရဲ့ သုံးသပ်ချက်ကလေးကို မျှဝေပေးချင်ပါတယ်။
💯မွေးကင်းစကနေ သုံးနှစ်အရွယ်မှာ ကလေးရဲ့ ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးတိုးတက်နူန်းတွေ အရမ်းမြင့်မားဆုံးအချိန်ပါ အဲလိုအချိန်မှာ Screen time ပေးထားတဲ့အခါ ဖွံ့ဖြိုးမှုတွေကို နှောင့်ယှက်ဖျက်ဆီးလိုက်သလိုဖြစ်သွားနိုင်လို့ပါ။
💫ကလေးရဲ့ ဦးနှောက်ကို MRI လုပ်ထားပြီး မိဘကစာဖတ်ပြတဲ့ကလေးရဲ့ ဦးနှောက်နဲ့ Screen time ပေးထားတဲ့ ကလေးရဲ့ဦးနှောက်ကို ယှဉ်ပြထားပါတယ်။
💫နေ့စဉ်စာဖတ်ပြတဲ့ ကလေးရဲ့ဦးနှောက်အသိဉာဏ်ခေါ်မလား ဆဲလ်အမျှင် (what matter) အနီရောင်က သပ်သပ်ရပ်ရပ် စီစီရီရီဖြစ်နေပြီး လေ့လာသင်ယူဖို့ အသင့်ဖြစ်နေတဲ့အနေထားမှာ တွေ့ရပါတယ်။
Screen time ပေးထားတဲ့ကလေးရဲ့ ဦးနှောက်က မိုးပြာရောင် ဖြစ်တဲ့ ပြန့်ကျဲရှုပ်ထွေးနေတာတွေ့ရပါတယ်။ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှု ရသင့်သလောက်မရဘူးလို့ ဆိုထားပါတယ်။
💫ကလေးရဲ့ဦးနှောက်ကို MRI မလုပ်ပဲ သာမာန်မြင်သာထင်ရှားစေတဲ့ လက္ခဏာကိုလည်း ဆက်ပြီး ပြောပြထားတာက👇👇
🤖စကားပြောနောက်ကျပါတယ် တစ်ခွန်းစီပဲပြောတာမျိုး ပြောတတ်သင့်တဲ့အရွယ်မပြောတာမျိုးပါ။
🤖အများနဲ့နေထိုင်ဖို့ လူမှုဆက်ဆံရေးမှာ အားနည်းချက်ရှိလာပြီး လူတွေနဲ့ မနေတတ် လူဝင်မဆန့်တော့တာမျိုးဖြစ်လာပါတယ်။
🤖ကိုယ်အမူရာတွေကြမ်းတမ်းလာတယ် စရိုက်ကြမ်းလာတယ် မိဘတွေကိုဆန့်ကျင်လာတယ် ဖုန်းပေးမကြည့်ရင် ဂနာမငြိမ်တော့ပဲ အာရုံစူးစိုက်မှု အားနည်းလာပါတယ် ဒေါသကြီးတယ် စိတ်ဆတ်လာတယ် ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးမှုအားနည်းပြီး အိပ်မပျော်တော့ပါဘူး။
💫ကိုယ့်ကလေး အဲလို လက္ခာဖြစ်နေရင် ဖုန်းကြည့်တာ အချိန်ကြာမြင့်စွာ တီဗီဖွင့်ပြတာမျိုး ရပ်တန်းက ရပ်သင့်ပါတယ်။
💫နှစ်နှစ်မပြည့်သေးရင် Screen time လုံးဝမပေးသင့်သလို ၃နှစ်မပြည့်သေးတဲ့အထိ ၁၅မိနစ်ထက် ပေးမကြည့်သင့်ပါဘူး။
💫မိဘတွေ ကလေးကို အချိန်ရရင် ရသလို ကလေးပုံပြင်တွေကိုသာ ဝယ်ထား နေ့စဉ်ဖတ်ပြဖို့ လိုအပ်ပါတယ်။
💫ကလေးရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာဖို့ အိပ်ချိန်စားချိန်မှန်ဖို့ ငယ်လွန်းတဲ့ကလေးတွေကို screen time နည်းနိုင်သလောက်နည်းကြဖို့ မေတ္တာရှေ့ထားပြီး မိဘတွေကို တိုက်တွန်းလိုက်ပါတယ်။
ဲ့ဆိုးကျိုးတွေ
#နှစ်နှစ်အောက်ကလေးကိုဖုန်းပေးမကြည့်ပါနဲ့
#နှစ်နှစ်အောက်ကလေးဖုန်းပေးကြည့်တဲ့ဆိုးကျိုး
✍️💖 Mommy of 3
Photo by Doctor MM Family
ဆရာဝန်ရဲ့ သုံးသပ်ချက်လေးပါရှင့်
https://www.facebook.com/100229178545349/posts/495118449056418/
05/06/2022
01/06/2022
သားသားမီးမီးတို့ဖို့
09/04/2022
100% ✅
Click here to claim your Sponsored Listing.
Category
Website
Address
Sanchaung Towmship , Yangon
Sanchaung
11111