Brighter Future Learning Center
English and Mathematics School
၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှအခြေခံအမှတ်များနှင့်သိမှတ်ဖွယ်ရာများ
ဆေးတက္ကသိုလ်များ-၄၅၀နှင့်အထက်
လူတွေ့နှုတ်မေးစာမေးပွဲဖြေရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၅၀% မ ၅၀%
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ-၄၅၀နှင့်အထက်
လူတွေ့နှုတ်မေးစာမေးပွဲဖြေရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၆၀% မ ၄၀%
ဆေးဝါးတက္ကသိုလ်များ-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား၊မရာခိုင်နှုန်းမခွဲခြားပါ။
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား၊မရာခိုင်နှုန်းမခွဲခြားပါ။
သူနာပြုတက္ကသိုလ်များ-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၁၀% မ ၉၀%
အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၈၀% မ ၂၀%
တိုင်းရင်းဆေးတက္ကသိုလ်-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၅၀% မ ၅၀%
ရန်ကုန်နည်းပညာတက္ကသိုလ်-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၃၀၀နှင့်အထက်ရရမည်။
ကျား ၂၂၀ဦး မ ၁၈၀ဦးလက်ခံမည်။
မန္တလေးနည်းပညာတက္ကသိုလ်-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၃၀၀နှင့်အထက်ရရမည်။
ဇီဝနည်းပညာသင်တန်းအတွက် အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ဇီဝ ၄ဘာသာပေါင်း ၂၆၀နှင့်အထက်ရရမည်။
ကျား ၂၃၅ဦး မ ၁၈၅ဦးလက်ခံမည်။
နည်းပညာတက္ကသိုလ်(မန္တလေး)-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။
ကျား ၆၀% မ ၄၀% စုစုပေါင်း ၄၁၅ယောက်လက်ခံမည်။
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။ ၆ဘာသာရမှတ်စုစုပေါင်း ၄၂၀နှင့်အထက် ရရမည်။
ကျား ၅၀% မ ၅၀% စုစုပေါင်း၃၅၀ယောက်လက်ခံမည်။
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။
ကျား ၇၀% မ ၃၀% စုစုပေါင်း ၃၅ယောက်လက်ခံမည်။
လူတွေ့စစ်ဆေးခြင်းခံရမည်။
နည်းပညာတက္ကသိုလ်များ
ရန်ကုန်အနောက်ပိုင်း၊သန်လျင်၊မှော်ဘီ၊ပြည်၊ကျောက်ဆည်၊မိတ္ထီလာ၊စစ်ကိုင်း၊မုံရွာ၊မကွေး၊ပခုက္ကူ၊တောင်ငူ၊မော်လမြိုင်တို့သို့ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၆၀နှင့်အထက်ရရမည်။
မြစ်ကြီးနား၊ဗန်းမော်၊လွိုင်ကော်၊ဘားအံ၊ကလေး၊တောင်ကြီး၊လားရှိုး၊ပင်လုံ၊ကျိုင်းတုံ၊ရမည်းသင်း၊ပုသိမ်၊ဟင်္သာတ၊မအူပင်၊စစ်တွေ၊ထားဝယ်၊မြိတ်တို့သို့ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၄၀နှင့်အထက်ရရမည်။
ကျား ၆၀% မ ၄၀% လက်ခံမည်။
အစိုးရနည်းပညာကောလိပ်များ-သိပ္ပံတွဲ၊ဝိပ္ပံတွဲတစ်ခုခုဖြင့်အောင်ရမည်။
သင်ကြားခွင့်ပြုမည့် ဦးစားပေးဘာသာရပ်ကို အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်းရမှတ် (လိုအပ်ပါက ၆ဘာသာပေါင်းရမှတ်)ကိုကြည့်၍ ကျောင်းသားကျောင်းသူလက်ခံနိုင်မှု ဦးရေကန့်သတ်ချက်ပေါ်တွင်မူတည်ပြီး ခွဲဝေသတ်မှတ်ပေးမည်။
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်-၄၅၀နှင့်အထက်ရရမည်။
အင်္ဂလိပ်၊သင်္ချာ ၂ဘာသာပေါင်း ၁၄၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။
ကျောင်းသား၊ကျောင်းသူ ၅၀၀ဦး လက်ခံမည်။
သတင်းအချက်အလက်နည်းပညာတက္ကသိုလ်-၄၅၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။
ကျောင်းသား၊ကျောင်းသူ ၂၀၀ဦး လက်ခံမည်။
မန္တလေးကွန်ပျူတာတက္ကသိုလ်-၄၃၀နှင့်အထက်ရရမည်။
အင်္ဂလိပ်၊သင်္ချာ ၂ဘာသာပေါင်း ၁၄၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။
ကျောင်းသား၊ကျောင်းသူ ၂၀၀ဦး လက်ခံမည်။
ကွန်ပျူတာတက္ကသိုလ်များ
မြစ်ကြီးနား၊ဗန်းမော်၊ဘားအံ၊သထုံ၊စစ်တွေ၊တောင်ကြီး၊မန္တလေး၊မိတ္ထီလာ၊မုံရွာ၊မကွေး၊ပခုက္ကူ၊ပြည်၊တောင်ငူ၊ပုသိမ်၊ဟင်္သာတ၊မအူပင်တို့သို့ ၆ဘာသာစုစုပေါင်းရမှတ် ၃၄၀နှင့်အထက် ရသူများလျှောက်ထားနိုင်ပါသည်။
လွိုင်ကော်၊လားရှိုး၊ပင်လုံ၊ကျိုင်းတုံ၊ကလေး၊ထားဝယ်၊မြိတ်တို့သို့ ၆ဘာသာစုစုပေါင်းရမှတ် ၃၂၀နှင့်အထက် ရသူများလျှောက်ထားနိုင်ပါသည်။
ရန်ကုန်တက္ကသိုလ်
မြန်မာစာ-မြန်မာစာရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
မြန်မာမှုပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
အင်္ဂလိပ်စာ-အင်္ဂလိပ်စာ ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
ပထဝီဝင်-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
သမိုင်း-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
ဒဿနိကဗေဒ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
စိတ်ပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
အရှေ့တိုင်းပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
နိုင်ငံတကာဆက်ဆံရေးပညာ-အင်္ဂလိပ်စာ ၆၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
လူတွေ့စစ်ဆေးခံရမည်။
နိုင်ငံရေးသိပ္ပံ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
မနုဿဗေဒ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
ရှေးဟောင်းသုတေသနပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
စာကြည့်တိုက်နှင့်သုတပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
ဥပဒေပညာ-အင်္ဂလိပ်စာ ၆၀ရရမည်။၆ဘာသာရမှတ် ၄၀၀ရရမည်။
ဓာတုဗေဒ-ဓာတုရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
ဇီဝဓာတုဗေဒ-ဓာတုနှင့်ဇီဝ ၇၀စီရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
ကုန်ထုတ်ဓာတုဗေဒ-ဓာတု ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
လူတွေ့စစ်ဆေးခြင်းခံရမည်။
ရူပဗေဒ-ရူပရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
သင်္ချာ-သင်္ချာရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
သတ္တဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
ရုက္ခဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
အဏုဇီဝဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
ဘူမိဗေဒ-၆ဘာသာရမှတ် ၃၈၀ရရမည်။
အမျိုးသမီးဦးရေကို ၁၀%အထိသာ လက်ခံမည်။
မိုင်၂၀လမ်းလျှောက်နိုင်ရမည်။
ကျန်းမာရေး (က)အဆင့် ရှိရမည်။
ကွန်ပျူတာသိပ္ပံ-သင်္ချာရမှတ် ၆၅မှတ်ရရမည်။ ၆ဘာသာရမှတ် ၃၈၀ရရမည်။
ငါးလုပ်ငန်းဆိုင်ရာဘာသာရပ်-အင်္ဂလိပ် ၆၀၊ဇီဝ ၇၀ ရရမည်။ ၆ဘာသာရမှတ် ၄၀၀ရရမည်။
ရေပညာ-အင်္ဂလိပ်စာ၆၀ရရမည်။ ၆ဘာသာရမှတ် ၄၀၀ရရမည်။
မန္တလေးတက္ကသိုလ်-ရန်ကုန်နှင့် အားလုံးနီးပါးတူပါသည်။
စီးပွားတက္ကသိုလ်များ
လှိုင်နယ်မြေအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၈၀နှင့်အထက် ရရမည်။
ရွာသာကြီးနယ်မြေအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်။
မုံရွာအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်
မိတ္ထီလာအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်။
ပညာရေးတက္ကသိုလ်များ
စစ်ကိုင်းနှင့်ရန်ကုန်တွင် ကျောင်းသားကျောင်းသူ ၆၀၀စီ လက်ခံမည်။
သိပ္ပံတွဲ-၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရမည်။
အယောက် ၃၀၀စီ လက်ခံမည်။
ကျား ၅၀ % မ ၅၀%
ဝိပ္ပံတွဲ-၆ဘာသာရမှတ်၃၆၀နှင့်အထက်ရရမည်။
အယောက် ၁၅၀စီ လက်ခံမည်။
ကျား ၅၀ % မ ၅၀%
ဝိဇ္ဇာတွဲ-၆ဘာသာရမှတ်၃၅၀နှင့်အထက်ရရမည်။
အယောက် ၁၅၀စီ လက်ခံမည်။
ကျား ၅၀ % မ ၅၀%
ကျောင်းပြီးပါက အလုပ်ဝင်ရမည်။
နိုင်ငံခြားသာတက္ကသိုလ်များ-၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရမည်။
တရုတ်၊အင်္ဂလိပ်၊ပြင်သစ်၊ဂျာမန်၊ဂျပန်၊ကိုရီးယား၊ရုရှား၊ထိုင်းဘာသာတို့ကို ပို့ချမည်။
ရန်ကုန်တွင် တိုးချဲ့ပို့ချမည့် English for Professional Communicationဘာသာရပ်အတွက် အင်္ဂလိပ်စာ၌ ၆၅မှတ်နှင့် ၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရှိလျှင် လျှောက်ထားနိုင်သည်။
မန္တလေးတွင် တိုးချဲ့ပို့ချမည့် English for Business Purposesဘာသာရပ်အတွက် အင်္ဂလိပ်စာ၌ ၆၀မှတ်နှင့် ၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရှိလျှင် လျှောက်ထားနိုင်သည်။
ပညာရေးဒီဂရီကောလိပ်များ-အမှတ်ကန့်သတ်မထား။
ကျောင်းပြီးပါက အလုပ်ဝင်ရမည်။
လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းခံရမည်။
သတင်းစာများတွင် သီးခြားကြော်ငြာခေါ်၍ တိုက်ရိုက်လျှောက်ထားရမည့် တက္ကသိုလ်များ
အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်
မန္တလာတက္ကသိုလ်
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ရေဆင်း
သစ်တောတက္ကသိုလ်၊ရေဆင်း
မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ
သမဝါယမကောလိပ်များ
ယွန်းပညာကောလိပ်၊ပုဂံ
အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
ရန်ကုန်နှင့်မန္တလေးမဟုတ်သော အခြားဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်များမှာ ဝင်ခွင့်လမ်းညွှန်စာအုပ်ထဲတွင် အမှတ်ကန့်သတ်ပေးထားခြင်းမတွေ့ပါ။
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။
28/07/2022
Male - Female and Young Animals!!!
19/07/2022
လုံးဝမေ့လို့မရသော နေ့တစ်နေ့ ....
29/06/2022
၈/၂၂ PPTT သင်တန်း
27/06/2022
စနစ်ဟောင်း ဆယ်တန်းများအတွက် ....
ဇူလိုင်လကုန်ထိ ကျောင်းအပ်လက်ခံပေးသွားပါမည် ....
အသေးစိတ် စုံစမ်းလိုပါက cb (သို့) 09 798546607 / 09 400460929 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် .....
>> ဦးကိုကိုနိုင် (အင်္ဂလိပ်စာ) ဦးစီးသော သင်တန်းဖြစ်ပါတယ် .....
သင်တန်းနေရာ >> စိန်ဝေလျှံ - စတိုး လမ်းဆင်း ၊ မိုးဇာရပ်
အနောက်ပိုင်း၊စစ်ကိုင်းမြို့။
16/06/2022
စာမေးပွဲအောင်စာရင်း ကြည့်ရန် link
Count downစတင်နေပါပြီ
The countdown starts now on our website. Please follow the link below for the live countdown timer.
www.myanmarexam.org
credit
15/06/2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း
ကို ဇွန် ၁၇ ရက် နံနက် ၄ နာရီတွင်
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဝဘ်ဆိုက် www.myanmarexam.org သို့ ဝင်ရောက် ကြည့်ရှုနိုင်ပြီး နံနက် ၆ နာရီတွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင်ပါ
တစ်ချိန်တည်း ကပ်ထားမည်ဖြစ်သည်။
ဝေးလံသော ဒေသများရှိ စာစစ်ဌာနများနှင့်
အင်တာနက် အဆက်အသွယ် ကောင်းစွာမရရှိသော စာစစ်ဌာနများ၏ အောင်စာရင်း များကို
မြန်မာ့အသံ ရေဒီယိုအစီအစဉ်မှ အောင်စာရင်း ထွက်သည့်နေ့တွင် ကြေညာပေး သွားမည်ဖြစ်ကာ အောင်စာရင်းနှင့် ပတ်သက်၍ မရှင်းလင်းသည်များ ရှိလာပါက မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန
ဖုန်း ၀၁ - ၆၅၃၅၀၉ နှင့် ၀၉ - ၄၃၁၄၀၂၂၆ တို့သို့ အောင်စာရင်း ထုတ်ပြန်ကြေညာမည့် ဇွန် ၁၇ ရက် (သောကြာနေ့) တွင် ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။
Credit :
10/06/2022
ဒီတစ်နှစ်သာ ကျန်သော #စနစ်ဟောင်းဆယ်တန်းများ အတွက် .....
▪️နေ့အထူး နှင့် ဘော်ဒါ
▪️ဇွန်လ (၂၉)ရက်နေ့ စမည် .....
>> သင်တန်းအပ် လက်ခံပေးနေပါပြီ .....
အသေးစိတ် စုံစမ်းလိုပါက cb (သို့) 09 798546607 / 09 400460929 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် .....
>> ဦးကိုကိုနိုင် (အင်္ဂလိပ်စာ) ဦးစီးသော သင်တန်းဖြစ်ပါတယ် .....
သင်တန်းနေရာ >> စိန်ဝေလျှံ - စတိုး လမ်းဆင်း ၊ မိုးဇာရပ်
အနောက်ပိုင်း၊စစ်ကိုင်းမြို့။
04/06/2022
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ....
စနစ်သစ် Grade - 10 / 11 ဘာသာစုံသင်တန်းများအားလုံး
စတင် သင်ကြားပေးနေပါပြီ ....
>> သင်တန်းအပ်များလည်း ရက်တိုးပြီး လက်ခံပေးနေပါပြီ ....
▪️စနစ်ဟောင်း ဆယ်တန်းများ #ဇွန်လ လယ်မှာ စပါမည် ....
>> နေ့စဉ် သင်တန်းအပ် လက်ခံပေးနေပါပြီ ....
အသေးစိတ်သိလိုပါက CB (သို့) 09 798546607 သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည် ....
29/05/2022
စဉ်ဆက်မပြတ် လေ့လာသင်ယူမှုအတွက် .....
Grade 10 / 11 & စနစ်ဟောင်း ဆယ်တန်း ( #ဘာသာစုံသင်တန်းများ)
>> ဇွန်လ (၁)ရက်နေ့ စတင်သင်ကြားပေးသွားပါမည်။
♦️စနစ်သစ်ပညာရေး သင်ရိုးသစ်ကို ဘာသာရပ်အလိုက် ကျွမ်းကျင် ဆရာ/ဆရာမများဖြင့် လေ့ကျင့်သင်ကြားပေးသွားပါမည်။
>> အသက်အရွယ်အလိုက် ရှိသင့် ရှိထိုက်တဲ့ ပညာအရည်အချင်း ၊ အတွေးအခေါ် စဉ်းစားဉာဏ်ကိုသာ အဓိကထား လမ်းညွှန်သင်ကြားပါမည်။
ဦးကိုကိုနိုင် (အင်္ဂလိပ်စာ)
B.Sc (Math), Dip In English (MUFL)
TKT (UK), TESOL/TEFL ဦးစီးသင်ကြားပေးမည် ။
>> သင်တန်းအပ် လက်ခံပေးနေပါပြီ။
အသေးစိတ်သိရှိလိုပါက cb (သို့) 09798546607 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ....
လိပ်စာ >> BFLC (Quality Education)
စိန်ဝေလျှံ - စတိုးလမ်းဆင်း၊ မီးသတ်ရေကန်
အနီး၊ မိုးဇာရပ်အနောက်ပိုင်း၊စစ်ကိုင်းမြို့။
28/05/2022
📝 အခြေခံပညာဆရာဆရာမများအတွက်-
🍀 သင်ကြားနည်း (၂၁)နည်း🍀
၁ ။ စာသင်ခန်းအတွင်း မေးခွန်းမေးမြန်းခြင်းနည်း
( Questioning Method )
၂ ။ ပုံပြောသင်ပြနည်း
( Story-Telling Method )
၃ ။ ဟောပြောဆွေးနွေးခြင်းနည်း
( Lecture Discussion Method )
၄ ။ ပုံပြင်ဖြတ်ဆက်နည်း
( Strip-Story Method )
၅ ။ သရုပ်ပြသင်ကြားနည်း
( Demonstration Method )
၆ ။ ခြုံယူဆင်ခြင်နည်း
( Inductive Approach Method )
၇ ။ ပြဿနာဖြေရှင်းနည်း
( Problem Solving Method )
၈ ။ ရှာဖွေတွေ့ရှိခြင်းနည်း
( Discovery Method )
၉ ။ စူးစမ်းရှာဖွေခြင်းနည်း
( Inquiry Learning Method )
၁၀ ။ ကြည့်ရှုလေ့လာခြင်းနည်း
( Observation Method )
၁၁ ။ သရုပ်ဆောင်သင်ကြားနည်း
( Role Playing Method )
၁၂ ။ ဉာဏ်ဖွင့်ဆွေးနွေးနည်း
( Brainstoming Method )
၁၃ ။ ပူးပေါင်းပါဝင်သင်ကြားနည်း
( Co-operative Learning Method )
၁၄ ။ အဆင့်ဆင့်ဆွေးနွေးနည်း
( Fish-Bowl Technique Method )
၁၅ ။ နှစ်ယောက်တစ်တွဲ အပြန်အလှန်ပြောဆိုနည်း
( Dyadic Exchange Method )
၁၆ ။ လက်တွေ့စမ်းသပ်ခန်းသုံး၍သင်နည်း
( Laboratory Technique Method )
၁၇ ။ ကွင်းဆင်းလေ့လာခြင်းနည်း
( Field Trip Method )
၁၈ ။ သဏ္ဌာန်တူ သရုပ်ဆောင်ကစားနည်း
( Simulation and Games Method )
၁၉ ။ အများသဘောတူအုပ်စုဖွဲ့ဖြစ်စဉ်နည်း
( Nominal Group Process Method )
၂၀ ။ အတွေ့အကြုံအားဖြင့် သင်ယူနည်း
( Experiential Learning Method )
၂၁ ။ တွေး-တွဲ-မျှဝေသင်နည်း
( Think-Pair-Share Method )
;Original Uploader.
ထပ်ဆင့်မျှဝေပါသည်။
Click here to claim your Sponsored Listing.
Category
Telephone
Address
Sagaing