ILAM SGG Division
Independent Lawyers' Association of Myanmar Sagaing Division is a non profit organization for all Lawyers' live in Sagaing Division, Myanmar.
31/12/2020
03/12/2020
ထုတ်ပြန်ကြေငြာချက်(၂/၂၀၂၀)
*******************************
၁-၈.၁၁.၂၀၂၀နေ့တွင်ပါတီစုံဒီမိုကရေစီအထွေ
ထွေရွေးကောက်ပွဲကြီးကို၊ကိုဗစ်ကပ်ဆိုးကြီးအ
တွင်းအောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းသည်
မြန်မာနိုင်ငံနှင့်ပြည်သူတရပ်လုံး၏အောင်ပွဲပင်ဖြစ်ပါသည်။
၂-ရွေးကောက်ပွဲကြီးအတွင်းမဲရုံဝန်ထမ်းများအဖြစ်နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ကြသောဆရာ/ဆရာမ၁၀၀ကျော်ကိုဗစ်ရောဂါကူးစက်ခံရပြီး
၂ဦးအသက်ဆုံးရှုံးခဲ့ရသည့်အတွက်အထူးကြေကွဲ
ဝမ်းနည်းရပါသည်။
၃-ယခုအခါထိုသို့နိုင်ငံ့တာဝန်သက်စွန့်ကြိုးပမ်း
ထမ်းဆောင်ခဲ့သည့်ဆရာ/ဆရာမများအားရွေး
ကောက်ပွဲနှင့်စပ်လျဉ်း၍အချို့နေရာများတွင်
တရားစွဲဆိုခံနေရကြောင်းသိရှိရပါသည်။
၄-မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း
ကြီး၏လူ့အခွင့်အရေးဆပ်ကော်မတီမှတာဝန်ရှိသူများသည်ပျော်ဘွယ်မြို့နယ်တရားရုံး၊ရာကြီးမှု
အမှတ်၈၈၆/၂၀၂၀ တွင်ရွေးကော်ဥပဒေပုဒ်မ
၆၁(က)ဖြင့်တရားစွဲဆိုခံနေရသောမူလတန်း
ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မာရီအတွက်
မေတ္တာဖြင့်လိုက်ပါခုခံဆောင်ရွက်မည်ဖြစ်ပါသည်
၅-အစဉ်အလာကြီးမားသည့်ညီနောင်အသင်း
ဖြစ်သောမြန်မာနိုင်ငံရှေ့နေများကွန်ရက်ကလည်း
အလားတူဆရာ/ဆရာမများအားခုခံကာကွယ်မည်
ဖြစ်ကြောင်းအားတက်ဖွယ်ရာသိရှိရပါသည်။
၆-မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း
ကြီး(ILAM)သည်တိုင်းနှင့်ပြည်၁၄ခုနှင့်နေပြည်
တော်တွင်တည်ရှိသဖြင့်နိုင်ငံအဝှမ်းတွင်ယခုကဲ့သို့
ရွေးကောက်ပွဲဥပဒေဖြင့်တရားစွဲခြင်းခံရပါက
သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်ဒေသများရှိILAM
အသင်းအဖွဲ့များအားအကူအညီတောင်းခံနိုင်ပါသည်။
၇-ILAM အသင်းကြီး၏လူ့အခွင့်အရေးဆပ်ကော်
မတီကတာဝန်ခံ၍ဆရာ/ဆရာမများအားမေတ္တာ
ဖြင့်လိုက်ဆောင်ရွက်ကျေးဇူးတုံပြန်ကူညီသွားမည်
ဖြစ်ကြောင်းကြေငြာအပ်ပါသည်။
လူ့အခွင့်အရေးဆပ်ကော်မတီ
မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း(Independent Lawyers' Association of
Myanmar-ILAM) ၃.၁၂.၂၀၂၀
24/11/2020
Application calling for ILAM’S CLE Online Training
in December 2020
သင်တန်းလျှောက်လွှာခေါ်ယူခြင်း။
မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု မြင့်မားတိုးတက်စေရေးအတွက် ရှေ့နေများ၏ စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် ဥပဒေပညာရေး (CLE) ဖြင့် မြှင့်တင်ပေးရန် မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (ILAM) က စဉ်ဆက်မပြတ်ဥပဒေပညာ ပြန့်ပွားရေးမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို ချမှတ်ရေးဆွဲ၍ ပြည်တွင်းပြည်ပ ရှေ့နေအသင်းများ၊ ဥပဒေအသင်းအဖွဲ့များ၊ ဥပဒေပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးတွဲဆောင်ရွက် လျက်ရှိပါသည်။
ILAM CLE PROGRAM အရ ILAM CLE Sub Committee နှင့် USAID PRLM တို့ ပူးတွဲစီစဉ်မှုဖြင့် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်မှ ရှေ့နေ ကြီး MR. Neil Weistein က Zoom Application အသုံးပြု၍ ILAM အသင်းဝင်ရှေ့နေများအား သင်တန်းများပို့ချပေးလျက်ရှိပါသည်။
IFRAC နည်းပညာဖြင့် အမှုဆန်းစစ်လေ့လာသုံးသပ်ခြင်း (Case Analysis) သင်တန်းအမှတ်စဉ်(၄)ကို 2020, December 11th (Friday) တွင် 8 AM to 11 AM ထိ December 12th (Saturday) နှင့် December 13rd (Sunday) တွင် 8 AM to 12 AM ထိ ဖွင့်လှစ်ပို့ချမည်ဖြစ်၍ သင်တန်းအမှတ်စဉ်(၁) (၂) (၃)တို့တွင် တက်ရောက်ခဲ့ဖူးခြင်းမရှိသေးသည့် ILAM အသင်းဝင်ရှေ့နေများ Online မှ လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာပို့ရန် - [email protected]
- [email protected]
လျှောက်လွှာပိတ်ရက် - ၃၀.၁၁.၂၀၂၀ ရက်နေ့၊ ည(၁၂)နာရီ။
သင်တန်းသားဦးရေ - ၁၅ ယောက်သာ လက်ခံရန် ကန့်သတ်ထားပါသည်။
ထောက်ပံ့မှု - အခမဲ့အွန်လိုင်းသင်တန်းဖြစ်၍ Phone Bill ဖြည့်ပေးမည်။
- သင်ထောက်ကူစာအုပ် ပို့ပေးမည်။
- CERTIFICATE OF COMPLETION သင်တန်း ပြီးမြောက်ခြင်းလက်မှတ် ပေးအပ်မည်။
ILAM အသင်းဝင်အဖြစ် လျှောက်ထားလိုသည့် ရှေ့နေများ Executive Director ILAM, SECRETARIAT OFFICE (၀၉-၂၅၀၆၂၀၈၀၄)သို့ ဆက်သွယ်စုံစမ်းနိုင် ပါသည်။
ILAM CLE SUB-COMMITTEE
Please ask for application in word document form via chat box......
“ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှကြား
နာရန်အမှုများရွှေ့ဆိုင်းချိန်းဆို”
၁။ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်
(၄.၉.၂၀၂၀)နေ့မှစတင်၍ ကြားနာရန်ချိန်း
ဆိုထားသောအမှုခေါ်စာရင်းများကိုရွှေ့ဆိုင်း
လိုက်ကြောင်းနှင့်ပြန်လည်ကြားနာမည့်နေ့ရက်
များကိုထုတ်ပြန်ကြေငြာပေးမည်ဖြစ်ကြောင်း
သိရှိရပါသည်။
၂။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ Coronavirus 2019;Covid-19ကပ်ရောဂါ
ကာကွယ်တားဆီးထိန်းချုပ်နှိုင်ရေးအတွက်
အထက်ဖော်ပြပါကြားနာရန်အမှုများရွှေ့ဆိုင်း
ပေးခဲ့ခြင်းက်ို မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေ
များအသင်း(ILAM)မှ အလေးအနက်ကြိုဆို
ထေါက်ခံအပ်ပါသည်။
ပြည်သူ့ဝန်ထမ်းများနှင့်ပြည်သူများ Covid,19
ဘေးအန္တရာယ်မှကင်းဝေးကြပါစေ။
U Nyunt Wai
Chairman.
ILAM.
06/08/2020
ဂုဏ်ပြုလွှာ
04/07/2020
ဗဟိုအလုပ်အမှုဆောင်များ၊ဗဟိုကော်မတီဝင်များနှင့်
အသင်းဝင်များသို့ အသင်းဥက္ကဋ္ဌ၏ မေတ္တာရပ်ခံပန်ကြားချက်
07/06/2020
Click here to claim your Sponsored Listing.
Telephone
Website
Address
Monywa
Sagaing