Life Story
Let go future and do more good things
31/07/2025
သူမဆိုတာ အခြားသူတော့ မဟုတ်ဘူး
ဘဝပေးအခြေအနေတစ်ခုကြောင့် Date Girl ဆိုတဲ့ ဘဝမှာ အခြေအနေမပေးလို့ ရင်နာနာနဲ့လုပ်နေရတဲ့ ကောင်မလေးတစ်ယောက်ပါပဲ...ဒီလိုအစချီလိုက်လို့ အားလုံးနှာခေါင်းရှုံ့ချင်ရင်ရှုံ့နိုင်ပါတယ် လောကကြီးက ဘယ်သူ့အပေါ်မှ မျက်နှာသာမပေးတတ်ကြပါဘူး..
ဘဝအခြေအနေကြောင့် ဒီလို Date Girl ဘဝမှာနေနေရတဲ့သူမတစ်ယောက်ဟာ ကိုယ်ကျင့်တရားတော့ မှန်အောင်ထားခဲ့ပါသတဲ့ တစ်နေ့မှာ ကောင်လေးတစ်ယောက်နဲ့ချစ်ကြိုက်ဖို့ အကြောင်းတွေဖန်လာတော့ တွေ့ကြရင်း နှစ်ယောက်သား ချစ်ကြိုက်မိသွားကြတာပေါ့ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပေးပြီး နေလာကြတာ ကောင်မလေးမှာလည်းထိုကောင်လေးအပေါ်အားသံယောဇဉ်တွေဖြစ်လာခဲ့ကြတယ်
ဒီလိုနဲ့ တစ်ရက်မှာ ကောင်မလေးဘဝကို ပြောင်းလဲပေးမယ့် Date Girl ဘဝကနေ ရုန်းထွက်ပေးခဲ့တဲ့ သဘောကောင်းတဲ့လူကြီးတစ်ယောက်နဲ့တွေ့ခဲ့တဲ့အခါ ကောင်မလေးရဲ့ဘဝဟာ လမ်းကြောင်းအမှန်ပေါ် စတင်ရောက်လာတဲ့အခါ သူမကိုချစ်ရပါတယ် နားလည်ပေးပါတယ်ဆိုတဲ့ သူမ ချစ်သူဆိုတဲ့ကောင်လေးရဲ့ သဝန်တိုမှုတွေကြောင့် ထိုလူကြီးနဲ့ချစ်သူကြား အချစ်ကိုစုံလုံးကန်းယုံပြီးချစ်သူကိုရွေးချယ်လိုက်တဲ့သူမတစ်ယောက် ရွေးချယ်မှုမှန်ကန်ပါ့မလား.....
#ကျွန်မဖတ်ဖူးသောသူမပြောပြတဲ့သူမအကြောင်း
28/07/2025
လမ်းမှာ... 5 မိနစ်ဆိုရင် ရောက်ပြီနော်
10 မိနစ်ဆို ရောက်ပြီနော် ဆိုတဲ့ ဂျင်းစကားတွေနဲ့ခံခဲ့ရဖူးလား..???
ကျွန်မကတော့ အကြိမ်ကြိမ်ပါပဲ...
Client တွေနဲ့အလုပ်စကားသွားပြောတာ
ထွက်လာနေပြီ ၅ မိနစ်ဆိုရောက်မယ်ဆိုပြီး ပုံပြင်ပြောသွားတာက ၁၅ မိနစ်....မိနစ် ၂၀... နာရီဝက် ဖြစ်သွားပြီး နောက် ကျွန်မဆီရောက်လာခဲ့ကြပါတယ်
ထို့အတူ ကျွန်မသူငယ်ချင်းများကတော့ ကျွန်မရဲ့ ထွက်လာနေပြီဆိုတဲ့ စကားဆိုရင် သူတို့တွေအရမ်းကြောက်ကြပါတယ်
ဝဋ်သည် နောက်ဘဝမကူးဘဲ လည်တယ်ဆိုတာ Client တွေမှ သက်သေပြသွား...😇
Just Kidding နော် ထမင်းရှင်တို့😁
ကိုယ်တိုင်ရေးထားတဲ့ Script နဲ့🥰
22/07/2025
" လူငယ် " ဆိုတဲ့အရသာ
" လူငယ် " ဆိုတဲ့ အဓိပ္ပာယ်
" လူငယ် " ဘဝဆိုတဲ့ ပျော်စရာအချိန်တွေ
ဒါတွေအားလုံးကို ရည်မှန်းချက်တွေအတူ
မြုပ်နှံလိုက်ကြရင်း
လေးလံလွန်းတဲ့ ဒီစိတ် ၊ ဒီခန္ဓာ ၊ ဒီအတွေးတွေအား သယ်ဆောင်၍ ခရီးအရှည်ကြီး ဆက်လျှောက်ရပေးအုန်းမည်...
ဒီခရီး....နီးပါပြီလား....
18/10/2024
လူတစ်ယောက်ကို ချစ်ဖို့ ရွေးချယ်တဲ့အခါ
ဘဝထဲကို ဆွဲခေါ်ဖို့ ဆုံးဖြတ်တဲ့အခါ
သူ့ရဲ့အတိတ်မှာ ဘာဖြစ်ခဲ့လဲဆိုတာကို မတွေးဘူး
သူ့ရဲ့အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာကိုပဲ
တွေးတယ်
တယုတယနဲ့ ထွေးပွေ့ဖို့ ပြင်ထားပြီးပြီပဲ
ကိုယ့်လက်ထဲမှာတော့ အလှပဆုံး ရှင်သန်ပါစေပေါ့
Crd : Original photo
#ယွန်း
17/10/2024
မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှုပွဲတော်တွေထဲက
တစ်ခုအပါအဝင်ဖြစ်တဲ့
" သီတင်းကျွတ်မီးထွန်းပွဲတော် " မှ စ၍
သက်ရှိအားလုံး အရာရာအဆင်ပြေချောမွေ့ပြီး
အလုပ်အကိုင်များ အဆင်ပြေပါစေကြောင်း
Life Story Page လေးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်.....🙏🙏🙏
အဆုံးစွန်ထိ လိုက်ဆွဲပေးခဲ့တဲ့ လက်တွေကိုပဲ
သံယောဇဉ်ကင်းကင်း လွှတ်ချခဲ့တာမလား
သံသယကင်းကင်း စိတ်ရှင်းရှင်းနဲ့ပဲ
ကိုယ်အပြီးတိုင် စွန့်လွှတ်ပါ့မယ်
Online တက်တိုင်း တီတီတာတာပြောမှ
ချစ်တာ မဟုတ်ဘူး အချစ်ရဲ့
မအားလပ်တဲ့အချိန်တွေထဲကမှ
အချိန်တစ်ခုပေးတာကို အချစ်လို့ ခေါ်တာ
အချစ်ရဲ့....
မင်းကြည့်ရတာ မချစ်တတ်ဘူးထင်ပါရဲ့ဗျာ....❣️
အမျိုးသားလေးတစ်ယောက်ကြောင့် အလိုလို
နှုတ်ခမ်းလေး ကွေးညွှတ်ပြီးပြုံးနေမိတယ်
လူတွေရယ် .....
ချစ်မိပြန်ပြီထင်ပါရဲ့....🫶
စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်မိတာ
ဘဝမှာ ပိုက်စံက အရာရာတော့ မဟုတ်ဘူးတဲ့
ဒါပေမဲ့ ပိုက်စံက " အောက်စီဂျင် " နဲ့ တူတယ်တဲ့
အောက်စီဂျင် မရှိရင်
လူတိုင်းအသက်မရှင်နိုင်ဘူးတဲ့......
🖤
19/11/2023
ကျွန်မတို့တွေအားလုံးက
ကိုယ်စိုက်ပျိုးထားဝာဲ့ အရာတွေကို
ကိုယ်ပြန်ရိတ်သိမ်းကြရတာမလား...?
နည်းနည်းလေးတွေးကြည့်ကြစေချင်တယ်
🔼လောကုတ္တရာ
ဘက်ကကြည့်မယ်ဆိုရင်လည်း
ကိုယ်က ကောင်းတာလုပ်ရင်
ကောင်းတာဖြစ်တယ်
မကောင်းတာ လုပ်ရင် မကောင်းတဲ့
အကျိုးတော့ ခံစားကြရတယ်မလား
သက်ရောက်တဲ့ အချိန်ကြာတာနဲ့
တိုတာပဲကွာပါတယ်
" ကုသိုလ်တိုင်းအတွက် ကုသိုလ်ရှိသလို
အကုသိုလ်တိုင်းအတွက် အကုသိုလ်ကံက
ကပ်ပါလာရစမြဲပဲမလား ....? "
🔼 လောကီ ဘက်က ကြည့်မယ်ဆိုရင်လည်း
~ အလုပ်ခွင်ထဲမှာလား....
~ မိသားစုထဲမှာလား....
~ သူငယ်ချင်း / အပေါင်းအသင်းတွေကြားမှာလား....
အားလုံးဟာ ကိုယ်လုပ်တဲ့ အလုပ်စီတိုင်းအတွက် တာဝန်ယူမှု တာဝန်ခံမှု
" အပြည့်ရှိကြရစမြဲပဲမလား...?
ကျွန်မ ဒီအပိုင်းတွေထဲမှာမှ
✨ မိဘနဲ့သားသမီးကြားက
ဆက်ဆံရေးတွေနဲ့ပက်သက်ပြီး စာလေးနဲ့
ပြောပြပေးချင်တယ်....
လက်ရှိ ကျွန်မက သား/သမီး နေရာမှာပဲရှိတဲ့အတွက် ဒီစာလေးတွေက လူတစ်ချို့အဖို့
မှားကောင်းမှားနိုင်ပါလိမ့်မယ်
မှားနေလျှင်လည်း ထောက်ပြခွင့်အပြည့်ရှိပါတယ်✓✓✓
လောကမှာ
* သား/သမီးဆိုး
* မိဘဆိုး ဆိုတာ ရှိကြလိမ့်မယ်...
∆ ပထမဆုံးအနေနဲ့ ကျွန်မ မေးချင်တာလေးက သား/သမီး တစ်ယောက်
~ လိမ္မာတယ်
~ ဆိုးတယ် ဆိုတာ ငယ်စဉ်ကတည်းက
မိဘတွေရဲ့ သွန်သင်မှုအပေါ်မူတည်တယ်လို့
❗ ထင်ပါသလား ..? ❗ထင်တယ်ဆိုရင်တော့ ဆက်ဖတ်ကြည့်ပါ...
ကျွန်မ လူတစ်ချို့တွေပြောတာ ကြားဖူးတယ်
- သား/သမီးက ဆိုးတဲ့အခါ
* ငါက အဆိပ်ပင်ကို
ရေလောင်းနေရတာပါတဲ့ *
ကဲ ဒါဆို ကျွန်မတို့တွေးကြည့်ရအောင်
တစ်ချို့မိဘတွေ သား/သမီးကို ချစ်နည်း
သိပ်မှားကြတယ်နော်...
* မချစ်တတ်ရင် နစ်သလိုတဲ့ *
ဗီဇတွေ မျိုးရိုးတွေအကုန်ဖယ်ထား
ကျွန်မတို့တွေ အားလုံး အမိဝမ်းကမွေးလာကတည်းက ဘာမှ မထုစစ်ရသေးတဲ့ ဖယောင်းလေးတွေအတိုင်း
ဖြူစင်လာကြရတယ် ဒီလိုနဲ့ တဖြည်းဖြည်း ဘေးနားလေးက အရာတွေကနေ တစ်ခုပြီးတစ်ခု သိလာအောင် သင်ယူကြရတယ်
တစ်နှစ်ပြီးတစ်နှစ် ကြီးလာတဲ့အခါ
ဖယောင်းလေးတွေကနေ တဖြည်းဖြည်း တည်ဆောက်ခံထားရတဲ့ သင်ကြားခံထားရတဲ့ ပုံထုစစ်သမျှ ခံထားရတဲ့ ရုပ်လုံးလေးတွေပေါ်လာတော့
* ဒီထုစစ်မှု
* ဒီသင်ကြားမှု
* ဒီသွန်သင်မှုတွေကနေ ဖြစ်တည်လာတဲ့
လူသားလေးတစ်ယောက်ကို
လိမ္မာတယ် / ဆိုးတယ် ဆိုတာ
မွေးကတည်းက ပါလာတဲ့အရာမဟုတ်ပဲ
သု့ဘဝတစ်လျှောက်လုံး
~ မြင်နေရခဲ့သမျှ
~ ကြားနေခဲ့ရသမျှ တွေက ဖြစ်တည်လာခဲ့တာမို့
သား/ သမီး လိမ္မာတယ်
သား/ သမီး ဆိုးတယ်ဆိုတာ
ဘယ်သူကဖြစ်စေခဲ့ကြတာလဲ.....
ကျွန်မကတော့ ထင်တယ် ( PS: ကျွန်မထင်တဲ့ ခံယူမှု မှားကောင်းလည်း မှားနိုင်ပါတယ် )
🔼ဒါဟာ ငယ်စဉ်ကတည်းက
ပြုစုပျိုးထောင်မှုနဲ့ပဲ ဆိုင်တယ်ဆိုတာ 🔼
ကျွန်မတို့ဟာ သား/သမီး တစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းက
🌱 ပန်းပုဆရာက စိတ်ကူးထဲက
ပန်းပုရုပ်ကိုထုသလို ။
🌱 ဥယျာဉ်မှူးက မြတ်နိုးရတဲ့ အပင်လေးတွေ ပိုးမွှားကင်းစင်ပြီး လှပကျော့ရှင်းအောင် စိုက်ပျိုးရသလိုနဲ့ တူတယ် ။
ကျွန်မတို့ဟာ
🌱 သတိမမူလိုက်ပဲ အဆိပ်ပင်ကို စိုက်မိရင်လည်း နောက်ဆုံး ဒီအဆိပ်သီး သီးလာရင် ကိုယ်ပြန်ရိတ်သိမ်းကြရသလို...
🌱 ပတ္တမြားနဲ့တူအောင် သွေးပေးခဲ့ရင်လည်း ဒီပတ္တမြားတန်ဖိုးကို ခံယူကြရတာပဲမလား..
❗ ကျွန်မတို့တွေ ပျိုးထောင်မှုတွေ မှန်စေချင်တယ် / ချစ်နည်းတွေမှန်စေချင်တယ် ❗
🌱💚
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Sagaing