Acheik InStyle
Acheik InStyle is all about embracing the Myanmar Modern luxury lifestyle with myanmar's greatest premium customized crafted stories.
30/09/2022
Acheik InStyle ကနေ ချစ်ရတဲ့ မိတ်ဟောင်း၊ မိတ်သစ် တွေအတွက် လှပပီး မြင်လိုက်တာနဲ့ စိတ်အစဉ်ကို ကြည်နူးစေမဲ့ အရောင်လေးတွေနဲ့ အဆင်ဒီဇိုင်းအထည်အသစ်လေးတွေက ရှေးမူလဲမပျက်သလို ခေတ်နဲ့လဲအပြိုင် တင့်တယ်လှပနေဖို့ အမြဲမပြတ်ကြိုးစားရက်လုပ်ပေးနေပါတယ်ရှင်။
အမြဲကျော့ရှင်းပီး တင့်တယ်လှပနေဖို့ကို team က အလှဆင်ပေးပါရစေနော် ❤️
ချစ်တဲ့
Acheik InStyle team
30/09/2022
သီတင်းကျွတ် အချိန်အခါသမယမှာ Acheik InStyle ကနေ လှပကျော့ရှင်းပီး ကျက်သရေရှိရှိလှနေမဲ့ အရောင်လေးတွေကို အဆင်ဒီဇိုင်းအသစ်လေးရော အမြဲလူကြိုက်များတဲ့ အချိတ်အဆင်လေးတွေရော အများကြီး ထွက်လာဖို့ ရှိလို့ ကြည့်ပေးကြပါအုံးရှင် 🙏
တစ်ယောက်ချင်းစီ စိတ်ကြိုက် အော်ဒါထည်တွေပဲ အမြဲမပြတ်ခတ်ပေးနေရလို့ တချို့အထည်လေးပြဖို့ရာမှာ ကြန့်ကြာသွားရတာကို team ကနေ အနူးအညွှတ်တောင်းပန်ပါတယ်ရှင်။
မြန်မာ့အချိတ်နဲ့ အမြဲလှနေဖို့ အမတို့ team က တာဝန်ယူပေးပါရစေရှင် ❤️
ချစ်တဲ့
Acheik InStyle team
02/04/2022
ပိုးကြာအချိတ်
ကြာချည်ရဲ့ ပင်ကိုယ်အရောင်ခံကိုပဲ အခြေခံထားပီး ပိုးစစ်အရောင်နုနုလေးတွေသာ အဓိကထား အရောင်စပ်ကာ ရက်လုပ်ထားပါတယ်ရှင်။ အချိတ်လိုင်း နဲ့ ပန်းကနုတ်လေးတွေကို အတွဲအစပ်မိမိ ရက်လုပ်ထားတာမို့ လူကြီး၊ လူငယ် မရွေး ဝတ်ဆင်နိုင်တဲ့ အဆင်ဒီဇိုင်းလေးပါ။
ဝတ်လိုက်တဲ့အခါ အလှပေါ် အယဉ်ဆင့် တင့်တယ်လှပနေမှာပါနော်။
ပီးတော့ ဒီအချိတ်အဆင်လေးက ယက္ကန်းစင်က ထွက်ထွက်ချင်း ချစ်ရတဲ့ အမ၊ ညီမ တွေ အမြဲ အားပေးလို့ ပြန်ပြန်ခတ်ရတဲ့ အချိတ်ဆင် ယဉ်ယဉ်လေးပါရှင် ❤️
Style Number: 220010
31/03/2022
Edit: Sold out!
မြန်မာ့လက်မှု ယက္ကန်းလက်ရာကို အမြတ်တနိုး ဝယ်ယူအားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ 🙏🥰
လက်မှတ်ထိုးပွဲလား? အလှူမင်္ဂလာပွဲလား?
Acheik InStyle မှ နွေရာသီနဲ့ လိုက်ဖက်ညီတဲ့ အဝါနုနုလေးကို ရွှေရောင်ဖောက်ထားတဲ့ အောက်ခံပိုးအရောင်လေးပေါ်မှာ အညိုနု ၊ အညိုရင့် စတဲ့ Coffee Color theme လေးတွေကို အချိတ်ကနုတ်အဆင်မှာ အတွဲညီညီ ရက်လုပ်ဖန်တီးပေးထားပါတယ်။
ဒီ ပိုးစစ်အချိတ်လေးကို Seasonal color အဝါရောင်လေး နဲ့ Coffee Color theme တို့ရဲ့ အရောင်အချိုးအစပ်ညီညီ ဖန်တီးထားတာမို့ ဘယ်ပွဲနဲ့မဆို လိုက်ဖက် လှပ တင့်တယ် ပါတယ်ရှင်။
Acheik InStyle team မှ မြန်မာ့လက်ယက္ကန်း အချိတ်အဆင်များကို အမြတ်တနိုးမှာယူ ဝတ်ဆင်ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ရှင်။
featuring
02/03/2022
Ko Sai Moon, Sai Moon's Design သို့ ကျေးဇူးတင်လွှာ …
Acheik InStyle ရဲ့ Logo Design လေး မွေးဖွားလာပုံလေး
မြတ်နိုးရတဲ့ မြန်မာ့ရိုးရာ လက်ယက္ကန်း အနုပညာလက်ရာဖြစ်တဲ့ ပိုးကြာအချိတ်၊ ပိုးအချိတ် နဲ့ ချည်အချိတ် လက်ရာအဆင်ဒီဇိုင်း အမျိုးမျိုးကို ဈေးကွက်ထဲ စတင်ဖြန့်မယ်လို့ စဉ်းစားလိုက်တာနဲ့ ကိုယ့် Logo design လေးကို ဘယ်သူနဲ့အပ်ရမလဲပေါ့။ ပညာရှင်တွေကို လိုက်လေ့လာရင်းနဲ့ Ko Sai Moon ဆီမှာ Logo Design လေး ဆွဲပေးဖို့အတွက် အလုပ်အပ်ဖြစ်ခဲ့တာ။
ရှေးမူလည်းမပျောက် ခေတ်ရေစီးကြောင်းနဲ့လည်း လိုက်ဖက်ညီစီးမျောချင်တယ်၊ နောက် လိုချင်တဲ့ theme လေး တချို့ ပြောပြရုံလေးနဲ့ကို အချိတ်အထည်တွေရဲ့ သမိုင်းကြောင်း နဲ့ concept တွေ အကုန်လိုက်လေ့လာ သေချာလေးတန်ဖိုးထားပီး Logo ကို ဖန်တီးပေးခဲ့တဲ့အတွက် ကျေးဇူးပါရှင်။
Logo design လေးကို မြင်တာနဲ့ ဖန်တီးထားတဲ့ အနုပညာ ဒီဇိုင်းက ရှင်းရှင်းလေးနဲ့ Classic & Elegant looks ကိုပါ ခံစားရစေလို့ ထပ်ပီးတော့ကို ကျေးဇူးတင်ပါရစေရှင်။
01/03/2022
ချစ်ရတဲ့ ညီမလေး ဆုလတ်နွေ နှင့် မင်းသူခန့် ရဲ့ နိုဝင်ဘာလ 2021 မှာ ကျင်းပခဲ့တဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲမှာ သတို့သား သတို့သမီး နှင့်အတူ နှစ်ဖက်မိဘများအတွက်ပါ ပိုးကြာချိတ်ထမီ နှင့် ပုဆိုးများကို Acheik InStyle Team မှ ရက်လုပ်ပေးဖြစ်ပါတယ်။
သတို့သမီးလေးနဲ့အတူတူ ဒီဇိုင်း အရောင်ကအစ သေချာလေး တိုင်ပင်ပီး စိတ်တိုင်းကျ ရက်လုပ်ပေးခွင့်ရတဲ့အတွက် Acheik InStyle Team မှ အရမ်းကျေးဇူးတင်ပါတယ် ညီမလေးရေ။
ပြီးပြည့်စုံတဲ့ သတို့သမီးလေးရဲ့ ကျော့ရှင်းတဲ့အလှရယ်၊ ဝတ်စုံလေးရဲ့ ပြည့်စုံမှုရယ်နဲ့ ပေါင်းစပ်လိုက်တော့ ကဗျာဆန်ဆန် လွင့်လွင့်လေးနဲ့ လူငယ်လည်းဆန် ကျက်သရေလည်းရှိပီး ပိုလှပပြည့်စုံသွားတာပါပဲရှင်။
Acheik Design: Acheik InStyle
08/12/2021
Edit: Sold out!
မြန်မာ့လက်မှု ယက္ကန်းလက်ရာကို အမြတ်တနိုး ဝယ်ယူအားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ 🙏🥰
ပိုးစစ်လွန်းရာကျော်အချိတ်
Acheik InStyle မှ “pastel color” ပင်လယ်ရေအရောင်ဆန်ဆန်လေးကို အောက်ခံထားပြီး မြေအရောင်ခံ လေးတွေနဲ့ အရောင်လေးကို ဖန်တီးထားတာလေးပါ။ ဒီပိုးစစ်လွန်းရာကျော်အချိတ်လေးကို မြင်လိုက်ရုံနဲ့ နူးညံ့သိမ်မွေ့ပီး တကယ့်ကို ယဉ်ယဉ်လေး လှနေမဲ့ အရောင်အဆင်လေးပါရှင်။
Acheik InStyle unveils the pastel colors, sea green, and earth tone color palettes, playing over the Silk Lun Yar Kyaw Acheik Htamain (Longgyi) for you, beautiful. By just glancing, you would instantly feel your elegancy.
Style Number: 21002
25/11/2021
The aesthetic of Weaving Craft
ကျွန်မတို့ မြန်မာနိုင်ငံဟာ မတူကွဲများတဲ့ မျိုးနွယ်စုငယ်များစွာ အတူစုပေါင်းနေထိုင်ကြပီး မျိုးနွယ်စုတိုင်းဆီမှာလည်း သူတို့ရဲ့ ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှု လက်မှုပညာနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ ရှိကြပါတယ်။ ရက်ကန်းရက်လုပ်တဲ့ အလုပ်ကို အမျိုးသမီး ရော အမျိုးသားပါ ရက်လုပ်ကြပေမဲ့ များသောအားဖြင့် အမျိုးသမီးငယ်များရဲ့ အဓိက အိမ်တွင်းမှုအလုပ်အဖြစ်သာ လုပ်ကိုင်ကြတာကို တွေ့ရပါတယ်။ ရက်ကန်းအတတ်ပညာကို ၁၂နှစ်၊ ၁၃နှစ် အရွယ်လောက်မှာပင် မိရိုးဖလာ အိမ်တွင်းမှု လုပ်ငန်းအဖြစ် လက်ဆင့်ကမ်း သင်ကြားပေးလေ့ရှိကြပီး ဒီလို လက်ဆင့်ကမ်း သင်ကြားပေးခြင်းဖြင့် မြန်မာ့ရိုးရာ အသက်မွေးမှု လက်မှုအနုပညာ ကို အစဉ်မပျက် ယနေ့အထိ ထိမ်းသိမ်းလာခဲ့ကြတာပါ။
Our country, Myanmar is a large country filled with different ethnic minorities; each with their own handed handicrafts and traditions. Though weaving is able to be done by men and women, young ladies and mid-aged women mostly do the weaving. Thus, weaving became the main local simple style weaving business. Around 12 or 13 years old girls started learning; handed by elders to know how to weave and well handed playing looms through. This traditional weaving business is one of the long traditions by keeping such hands-on teaching each other.
22/11/2021
Silk Lotus Fibre Acheik
With emphasized Color Coordination, we weaved one of the famous ancient designs named “Sabae Nwe” and a new design. Embroidered with the Orange color which is inspired by the 2022 Spring/ Summer color trend, but combined with the natural Lotus Fibre color brought the classic color looks.
These blended colors will make you discern and appreciate one's confidence.
ပိုးကြာအချိတ်
Color Coordination ပေါ်လွင်ပီး စံပယ်နွဲ့ လို့ခေါ်တဲ့ ရှေးခေတ်အချိတ် design နဲ့ ယနေ့ အချိတ် design ကိုမှ အတွဲအစပ်မိမိ ရက်လုပ်ထားတဲ့ အထည်လေးပါ။ Color Theme ကိုလည်း 2022 ရဲ့ Spring/ Summer color trend ဖြစ်တဲ့ လိမော်ရောင်စိုစိုလေးကိုမှ အမြင်မရိုင်းအောင် အရောင်စပ်လေကို အထာကျကျ စေတနာအပြည့်နဲ့ ရက်လုပ်ထားတဲ့ ပိုးကြာအချိတ်ပြည့်အထည်လေးပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်နဲ့ ထင်းထင်းလေး လှနေမဲ့ အရောင်အသွေးပါနော်။
21/11/2021
မြန်မာ့ရိုးရာအချိတ်ရက်လုပ်သည့် လုပ်ငန်းသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအစစ် အနုပညာလက်ရာတစ်ရပ်ဖြစ်သည်။ ရှေးခေတ် သရေခေတ္တရာပျူခေတ်မှ စတင်လာကာ တစ်ခေတ်ပီးတစ်ခေတ် သင့်လျှော်စွာ ဝတ်စားဆင်ယင်မှု ပြောင်းလာသော်လည်း ယနေ့အချိန်အထိ တန်ဖိုးထားဝတ်ဆင်နေကြသော တန်ဖိုးကြီး လက်ရက်ကန်းအထည်များ ဖြစ်သည်။ Acheik InStyle ကနေ ပိုးကြာအချိတ်၊ ပိုးစစ်အချိတ်၊ ချည်အချိတ် တို့ကို ဓာတ်ဆိုးဆေး “Chemical dyes” အပြင် သဘာဝဆိုးဆေး “Natural dyes” ဖြင့် ရက်လုပ်ထားသော အထည်များကို မိတ်ဆက် ရောင်းချပေးသွားမှာပါ။ တကယ်ကို တင့်တယ်လှပပီး luxurious looks ၊ Grand Fashion Style ကို ရစေမှာပါနော်။ ကိုယ့်အထည်လေးကို ကိုယ့်စိတ်ကြိုက်ရေးဆွဲ ဖန်တီးချင်ပါတယ်ဆိုရင်လည်း Acheik InStyle က အမြဲ welcome ပါနော်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sagaing