Dr. Mon Mon

Dr. Mon Mon

Share

ကလေးနှင့်အ‌ထွေထွေရောဂါကုဆေးခန်း

ကလေးရောဂါကုသခြင်း၊ ကလေးကျန်းမာရေးဆွေးနွေးတိုင်ပင်ခြင်း၊ ‌အမျိုးသမီး/အမျိုးသားရောဂါနှင့် သားဆက်ခြားနည်းလမ်းများ၊ နှလုံး၊ သွေးတိုး၊ ဆီးချို/သွေးချိုရောဂါများ၊ လေးဖက်နာရောဂါ၊ အထွေထွေနှင့်ဖျားနာရောဂါများ ဆွေးနွေးတိုင်ပင်/ကုသခြင်းများ အသေးစားခွဲစိတ်ကုသခြင်းများအပြင် အွန်လိုင်းမှဆွေးနွေးတိုင်ပင်ခြင်းနှင့် အိမ်တိုင်ရာရောက် ကျန်းမာရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးပါသည်။

Photos from Dr. Mon Mon's post 14/11/2025

နံနက်ခင်းရဲ့ အကြည်ဓာတ်လေး ❣

ပျော်ရွှင်ခြင်း ကံကောင်းခြင်း

လုပ်ငန်းဆောင်တာများ အစစအရာရာ

အဆင်ပြေခြင်းတို့နှင့် အစပြုတဲ့ မင်္ဂလာရှိသော

နေ့လေးတနေ့ ဖြစ်ပါစေရှင် 🙏

Photos from Dr. Mon Mon's post 04/11/2025

လရောင်ရွှန်းပ ညတစ်ည

03/11/2025

ရာသီစာလေး...
ဝယ်တော့ထားပြီ
အသုပ်သုပ်စားဖို့ပဲ ကျန်တော့တယ် 😋

03/11/2025

စိတ်ရှည်တဲ့ ဒေါက်တာ 😅😅

Photos from Dr. Mon Mon's post 06/10/2025

Happy Thadingyut to you all💞

ပျော်ရွှင်ဖွယ် သီတင်းကျွတ်ချိန်ခါ ဖြစ်ပါစေရှင်💖💖💖

01/09/2025

ကလေးလေးတွေရဲ့ finger grip လေး စမ်းကောင်းလို့ ဝယ်ထားတဲ့ ဂျောက်ဂျက်လေးတွေ🤗❤

အဲ့တာလေးတွေ ကလေးတိုင်းကြိုက်ကြတယ်
တချို့ဆို ဘယ်လိုမှပြန်တောင်းလို့မရလို့ ဆရာမရယ် ဂျောက်ဂျက်ပါထည့်ရောင်းလိုက်ပါတဲ့😅

အာ့မျိုးလေးတွေ အရုပ်ဆိုင်ရောက်တိုင်း ရှာကြည့်တယ် အဲ့ပုံစံမျိုးသိပ်မတွေ့လို့ ...ထပ်ရှာကြည့်ဦးမယ်

ကလေးတွေကြိုက်တဲ့...စိတ်ဝင်စားတဲ့အရာမှန်သမျှ... လိုက်ကြိုက်နိုင်အောင် လေ့လာရဦးမယ်
သူတို့ဆီကပြန်သင်ရတာတွေကို အများကြီးပဲ

ချစ်သောကလေးများအားလုံး ကျန်းမာပျော်ရွှင်ပါစေ❤❤

09/07/2025

🙏ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့🙏

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ

နေ့ထူးနေ့မြတ်အခါသမယမှာ

ကုသိုလ်တရားတွေပွားများနိုင်ပြီး

ခုနစ်ရက်သားသမီးအပေါင်း ကိုယ်ကျန်းမာ

စိတ်ချမ်းသာ ဘေးဘယာတွေကင်းဝေး

နှလုံးစိတ်ဝမ်းအေးချမ်းပါစေကြောင်း

ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်🙏🙏🙏

22/05/2025

"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ"

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမာန်အအေးမိအဖျားနှင့် ဆင်တူသည်။
၂။ လည်ချောင်း အနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်း မရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက် မပျက်။

၄ ရက်မြောက်နေ့
၁။ အာသီး အနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ ___________________________________



တဆင့်ပြန်လည်မျှဝေပါတယ်

Photos from Dr. Mon Mon's post 11/05/2025

ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့)မှာ ၇

ရက်သားသမီးအပေါင်း ကိုယ်ကျန်းမာ

စိတ်ချမ်းသာခြင်းနှင့်ပြည့်စုံ၍

ဘေးဘယာတွေကင်းဝေးပြီး လိုအင်ဆန္ဒမှန်သမျှ

ပြည့်ဝပါစေကြောင်း ဒေါက်တာမွန်မွန်

ဆေးခန်းမိသားစုမှ ဆုတောင်းမေတ္တာ

ပို့သအပ်ပါတယ်ရှင်🙏🙏🙏

#ကဆုန်လပြည့်နေ့

24/04/2025

ကလေးကာကွယ်ဆေးထိုးမည့်သူများအတွက်💉💉💉
ကုတင် ၅၀၀ နေပြည်တော် ကလေးဆေးရုံကြီးကို ဒက္ခိဏသီရိ ကုတင် (၅၀) ဆေးရုံကြီးသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားပါသည်

ကလေးကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အပတ်စဉ် တနင်္လာ နှင့် ကြာသပတေး ရက်များတွင် မနက် ၉:၃၀ မှ ညနေ ၄:၀၀နါရီ အထိ ထိုးပေးသည်ဟု သိရပါသည်။

ဒီနေ့ပဲ ကျွန်မကလေးကို ကာကွယ်ဆေးသွားထိုးခဲ့တာပါ
information လေး share ပေးပါဆိုလို့ပါ

မိမိနေထိုင်ရာနေရပ်နှင့် နီးစပ်ရာ ကျန်းမာရေးဌာနများတွင်လည်း ကာကွယ်ဆေးထိုးခြင်းများကို မိမိတို့အစီအစဉ်​​​အတိုင်းအဆင်ပြေသလို ထိုးနိုင်ပါသည်။

Want your practice to be the top-listed Clinic in Pyinmana?
Click here to claim your Sponsored Listing.

Category

Telephone

Address


12/52B, Muditar Street, Yan Aung 1
Pyinmana
15012

Opening Hours

Monday 07:00 - 12:00
16:00 - 20:00
Tuesday 07:00 - 12:00
16:00 - 20:00
Wednesday 07:00 - 12:00
16:00 - 20:00
Thursday 07:00 - 12:00
16:00 - 20:00
Friday 07:00 - 12:00
16:00 - 20:00
Saturday 07:00 - 12:00
16:00 - 20:00
Sunday 07:00 - 12:00
16:00 - 20:00