SHWE PO
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SHWE PO, Restaurant, P5QM+2FG SHWE PO, Aung Chang Thar-Street, Taungnyo Road, Pyinmana.
မင်အားလုံးကိုannounceလုပ်ချင်တာလေးရှိလို့ပါ
မင်ဆိုင်လေးကိုရက်အကန့်အသတ်မရှိရပ်နားလိုက်ပါပြီ
ဆိုင်ကအိမ်စီးပွားရေးမဟုတ်ပဲနဲ့မင်တို့ညီမနှစ်ယောက်ကိုပဲအိမ်ကဖွင့်ပေးထားတာဆိုတော့ မင်ညီမလေးကလည်းသူပညာရေးအတွက်ဆိုင်ကိုမလုပ်ပေးနိုင်တော့သလို မင်ကလည်းကျန်းမာရေးအခြေအနေတွေကြောင့်ဆိုင်ကိုသေချာမလုပ်နိုင်တာ ၃လ လောက်ရှိနေပါပြီ ဆိုင်ကခလေးတွေနဲ့ပဲထားတာပါ
မင်ကိုယ်တိုင်မဦးစီးနိုင်တော့တဲ့အနေအထားမှာ ဆိုင်ကလိုအပ်ချက်လေးတွေ မဆင်မပြေမှု့လေးတွေအတွက်လည်းအနူးအညွတ်မေတ္တာရပ်ခံပါတယ်
မင်ကကျောက်ကပ်ရောဂါဖြစ်နေတဲ့သူမို့လို့ ဆိုင်နဲ့ကလုံးဝအဆင်မပြေပါဘူး မင်ရောဂါကသေချာကုသဖို့အချိန်လိုနေတာမို့လို့ ဒီလိုဆုံးဖြတ်ချက်ချလိုက်ရတာပါ
မင်တို့အိမ်ကလည်းစီးပွားရေးကိုယ်စီနဲ့မို့လို့ မင်ဆိုင်ကိုကူညီလုပ်ပေးနိုင်တာလည်းမရှိပါဘူး
ဆိုင်ပိတ်ထားတာ၃ရက်ရှိပါပြီ
Postမတင်ဖြစ်တဲ့အတွက် ပြန်သွားရတဲ့သူတွေရော ဖုန်းဆက်မေးတဲ့သူတွေရော တကယ်ကိုအားနာရပါတယ် မင်ဆိုလည်းဆိုင်စာချုပ်က2လပိုင်းမှ့ပြည့်မှာဆိုတော့ ဒီဆုံးဖြတ်ချက်ချဖို့ကိုအများကြီးဝမ်းနည်းရပါတယ်
မင်ဆိုင်ကမိတ်ဟောင်းမိတ်သစ်များအားလုံးလည်းကျေးဇူးတင်ပါတယ်
ရောဂါတွေအရမ်းထူပြောနေတဲ့ဆုတ်ခေတ်ကာလမှာ ဘာသာရေးတွေပိုလုပ်ကြပါ ကျန်းမာရေးကိုအထူးဂရု့စိုက်ကြပါ ကိုယ်ချင်းစာတရားတွေပိုထားကြပါ
မင်ကျန်းမာရေးကောင်းသွားလို့ဆိုင်လေးပြန်ဖွင့်တဲ့အချိန်ကျရင်ပြန်တွေ့ကြပါမယ် 💗
16/10/2024
မင်တို့ဆိုင်(16-10-2024)မှ့(17-10-2024)အထိ
2 ရက်တိတိ ပိတ်ပါတယ်ရှင့်💓
Mary Shey
Thwae Nandar Lin
Htet Yan Htet Yan
give away winnerလေးတွေပါရှင့်🍀💚
05/10/2024
သီတင်းကျွတ်promotionလေးလုပ်ပေးချင်လို့ပါ
၃မျိူးယူ၂၀၀၀၀ ပရိုမိုးရှင်းလေးပဲပြန်လုပ်ပေးပါမယ်
ကာကာလေးတွေလည်း၃မျိုး၂သောင်း ပရိုမိုးရှင်းလေးကိုအရမ်းမေးကြလို့လေ...
ကြိုက်နှစ်သက်ရာအမျိုးအစားမတူတဲ့menu 3မျိုးကိုရွေးချယ်နိုင်ပါတယ်...
ကာကာလေးတို့ရေpromotion timeမှာတော့
promotion လေးက(5.10.2024)မှ့(20.10.2024)
အထိပါရှင့်
သီတင်းကျွတ် give awayလေးလည်းပေးချင်တာမို့လို့....
post ကို like & share လုပ်ပြီးpublicနဲ့shareပေးပါ
မင်ကgive away ပေးမှာကိုမသတ်မှတ်ပေးပဲနဲ့
ကာကာလေးတို့စားချင်တဲ့menuတစ်မျိုးစီကို cmt မှာရေးပေးသွားကြပါ...
မင်give away winner 3ယောက်ကို (7-10-2024) မှာ မဲနှိုက်ရွေးချယ်ပေးပါမယ်
30/09/2024
pay dayမှာတော့ရိုးရာမပျက် 5% discountရှိပါတယ်ရှင့်....
ကုန်ပစ္စည်းတွေစျေးတက်တာထက် ပစ္စည်းဝယ်မရတာကပိုစိတ်ညစ်ရတယ်ကွယ်....
ဆိုင်မှာပစ္စည်းပျက်တာလေးတွေကိုလည်းမငြိုငြင်ကြပါနဲ့လို့😘
page give away လေးမဲဖောက်ပေးတာပါရှင့်
Su Mar (ပင်လယ်စာရှမ်းကော)
Pwint Wai (ကြက်ရှမ်းကော)
Van Ra Kim(ဝက်ရှမ်းကော)
ရေဘေးကူညီမှု့လေးတွေလုပ်နေတာရယ်
မင်ပုဂံကမနေ့ကပြန်ရောက်တာရယ်ကြောင့် နောက်ကျသွားပါတယ်ရှင့်💛
16/09/2024
ကံဦးကျွန်းတောဓမ္မာရုံမှာရှိတဲ့ ရေဘေးသင့်ပြည်သူ ၁၀၆ ဦးကို
ကြက်ကြော်...
ပုဇွန်ခြောက်ကြော်
ချဥ်ဟင်း...
အတို့အ့မြှုပ်...စုံလင်အောင်လေးစီစဥ်လှူဒါန်းဖြစ်တာလေး...
၈ ရက်သားသမီးများအားလုံးကျန်းမာရွင်လန်းကြပါစေ...
16/09/2024
(2.5.2008)ခု့နှစ်က မြစ်ဝကျွန်းပေါ်ဒေသတွင်တိုက်ခတ်ခဲ့တဲ့ နာဂစ် မုန်တိုင်းမှာ မင်တို့မိသားစု့
(မေမေ ညမလေး မင်မင်) အသက်ဘေးကလွတ်မြှောက်ခဲ့တာပါ
မင်ကိုယ်တိုင်ကြုံခဲ့ရတဲ့ သဘာဝဘေးအန္တာရယ် အတွေ့အကြုံလေးကိုပြန်မျှဝေခြင်းပါ....
သဘာဝဘေးအန္တာရယ်တစ်ခု့ ကျရောက်ပြီဆိုရင်
အခြေအနေ ၂ ရပ်ကိုပြုလုပ်ရပါတယ်...
(1)ကယ်ဆယ်ရေး
သဘာဝဘေးအန္တာရယ်ကျရောက်နေတဲ့အတောအတွင်းမှာ အသက်ရှင်သန်ရေးထက် ဘယ်ဟာမှ့ပိုအရေးမကြီးပါဘူး
ကယ်ဆယ်ရေးအသင်းများ ပရဟိတအသင်းအဖွဲ့များသည် အသက်ကယ်ဆယ်ရေးကို ပထမဆုံးအချက်အနေဖြင့် ဦးစားပေးလုပ်ဆောင်ရပါမယ်
(2)ပြန်လည်ထူထောင်ရေး
သဘာဝဘေးအန္တာရယ် ကာလအတောအတွင်းမှာ ပျက်စီးဆုံးရှုံးသွားတဲ့ ဆုံးရှူံးမှု့များအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝိုင်းဝန်းစု့ပေါင်းပြီး သဘာဝဘေးအန္တာရယ်သင့် ဒေသတွေကို ငွေအင်အား/လူအင်အားများဖြင့် ကူညီပေးခြင်းပါ...
ပြန်လည်ထူထောင်ရေးကာလမှာအဓိကလိုအပ်တာ အလှူငွေပါ ဒီလိုအချ်န်မှာတောင် တကယ်လုပ်တဲ့သူတွေပုံရိပ်ကိုအသုံးချပြီး နာမည်ကောင်းဝင်ယူပြီး အလှူငွေလက်ခံတာတွေလည်းမင်ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတာတွေရှိပါတယ်...
တကယ်လုပ်နိုင်တဲ့သူတွေ အစစ်အမှန်အဖွဲ့စည်းတွေကိုပဲသေချာဆန်းစစ်ပြီး လှူဒါန်းကြပါ...
ပြန်လည်ထူထောင်ရေးကာလတွေမှာ- အစားအသောက်
နေထိုင်စရာ
အဝတ်အထည်
ဆေးဝါးများ
မိန်းခလေးလစဥ်သုံးပစ္စည်း အစရှိတာတွေက အရေးတကြီးအဓိကလိုအပ်တာတွေပါ
ရေဘေးကာလမှာ လူတွေပါရေနဲ့အတူ မျှောပါကြတာတွေကို social midea တွေမှာတွေ့ရတော့ ထွက်မပြေးကြဘူးလား ဆိုတဲ့cmtတွေအများကြီးတွေ့ရပါတယ်...
ရိုးရိုးရေတက်တာနဲ့ အဘာဝဘေးအန္တာရယ်ကြောင့် ရေတက်ခြင်းဟာ (လုံးဝလုံးဝ) မတူပါဘူးရှင့်
ရိုးရိုးရေတက်တာဟာ အချိန်မှန်မှန်နဲ့ တရိပ်ရိပ်တက်လာခြင်းပါ...
သဘာဝဘေးအန္တာရယ်ကြောင့် ရေတက်တာဟာ အရှိန်အဟုန်နဲ့မျက်စိတမှိတ်အတွင်း အလုံးအရင်းအလိုက် ရေအားနဲ့အတူဆွဲချသွားခြင်းပါ...
အခိုင်အခံ့ဆောက်လုပ်ထားတဲ့အဆောက်အဦးတွေတောင်မခံနိုင်တာ ပျှမ်းမျှပေါင်ချိန် ၁၀၀ ပတ်ချာ လည်ရှိတဲ့ လူတွေကဘယ်လိုမှ့ခံန်ိုင်ရည်မရှိပါဘူး
နာဂစ်မုန်တိုင်းတိုက်ခတ်စဥ်တုန်းက လေတိုက်နှုန်း
တစ်နာရီ မိုင်၂၀၀ ဝန်းကျင်ပါ...မိုင် ၂၀၀ ဝန်းကျင်နဲ့အတူ ပါလာတဲ့ရေအားက ၁၅ပေ အထက်ရှိပါတယ် မုန်တိုင်းတိုက်ခတ်နေတဲ့ တစ်ည့ဆိုတဲ့ အချိန်ကာလဟာ ကမ္ဘာပျက်တယ်ဆိုတာ ဒီလိုမျိုးပါလာဆိုပြီးတွေးခဲ့မိတယ်
မင်တို့နာဂစ်တုန်းကလက်ထဲငွေရှိတာတောင်ဘာမှ့ဝယ်မရလို့ တစ်နေ့လုံးအငတ်ခံပြီး နောက်တစ်နေ့ သီတဂူဆရာတော်ဘုရားကြီး လာလှုတဲ့ ရေသန့်
၁ကတ် ပေါင်မုန့်၃ထုပ် ခေါက်ဆွဲခြောက်၁ပါကင်နဲ့ အသက်ဆက်ခဲ့ရတာပါ
ကိုယ့်နေရာမှာမဖြစ်ပေမဲ့ ဘေးဖြစ်တဲ့နေရာတွေမှာ ကိုယ်လှူတဲ့ပစ္စည်း/အလှူငွေ/လူအင်အားကြောင့်
အသက်တစ်ချောင်း ထမင်းတစ်နပ် အထောက်အပံ့ဖြစ်စေတဲ့ ပီတိဟာ ဘာနဲ့မှ့လဲလို့မရပါဘူး...
ကိုယ့်ဒေသမှာဘေးအန္တာရာယ်မဖြစ်လည်း တစ်မြေတည်းနေတစ်ရေတည်းသောက်တဲ့ နိုင်ငံသားချင်းတွေမို့လို့ လူအင်အား ငွေအင်အားဖြင့် တတ်စွမ်းနိုင်သမျှ ကူညီပေးကြပါ...
ကိုယ်ချင်းစာစိတ်တွေပိုထားကြမယ်
ဘာသာရေးတွေပိုလုပ်ကြပြီး စစ်ဘေး သဘာဝဘေး ကပ်ကြီး၃ပါးကို အားတင်းပြီးကျော်ဖြတ်ကြမယ််...
၃၁ ဘုံသားများနှင့် ၈ ရက်သားသမီးများ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...
15/09/2024
Hello!
မင်မနေ့ကဆိုင်လေးနောက်ကျမှ့ဖွင့်တာပါရှင့်
(14.9.2024)မင့်ဆိုင်ကkitchen helperလေးရေဘေးသွားလှူတာမို့လို့ မင်ခွင့်ပေးထားတာပါ
မင်လည်း(14.9.2024)နေ့ကရေဘေးဒုက္ခသည်တွေကိုလက်ခံထားတဲ့ဘုန်းကြီးကျောင်းကိုထမင်းနဲ့ဟင်းလှူဖို့အတွက်သွားစကားပြောနေတာမို့လို့ မင်ဆိုင်က စားပွဲထိုးခလေး"တွေကိုပဲ မင်ဆိုင်အရင်ဖွင့်ခိုင်ထားတာပါ
လာရတာဝေးပေမဲ့မင်ကိုချစ်တဲ့စိတ်နဲ့လာအားပေးတာကို မင်ကpostမတင်မိလိုပြန်သွားရတဲ့လယ်ဝေး
က မမတွေကိုလည်း မင်တကယ်အနူးအညွတ်မေတ္တာရပ်ခံပါတယ်
မင်ဆိုင်ကdeli က NPT Delivery Team နဲ့ grap app ရယ် deli နှစ်ခု့ပဲချိတ်ထားတာပါ
ရေဘေးကာလမှာNPT Deli teamကရေဘေးအတွက်ပဲအဓိကထားပြီးလုပ်ဆောင်နေတာမို့လို့
deli wayတွေထက် ဆိုင်ကိုလာယူတာက ပိုအဆင် ပြေပါတယ်
အိမ်အရောက်deli မရလို့ မင့်ကိုရိုင်းစိုင်းကြမ်းတမ်းတဲ့စကားတွေပြောတဲ့ကာကာလေးကိုလည်း မင် Ss တွေမတင်တော့ပါဘူးနော်
ရေဘေးသတင်းတွေဖုံးမှာဆိုးလို့ပါ
ဒီကာလမှာရေဘေး စစ်ဘေးထက် ဘယ်ဟာမှ့အရေးမကြီးပါဘူးရှင့်
ကိုယ့်နေတဲ့နေရာမှာရေဘေးဒုက္ခမရှိရင် ဒုက္ခဖြစ်တဲ့နေရာတွေကိုစာနာကြပါ
မင်ကိုယ်တိုင်တောင် အိမ်ကရေဘေးတောက်လျှောက်လှူနေတာကို သတင်းဖုံးမှာဆိုးလို့မတင်ပါဘူးရှင့် မင်ဆိုင်ကလှူတာလေးတွေပဲမင့်ဆိုင်ကို ချစ်ခင်အားပေးကြတဲ့ ထမင်းရှင်များ ကျေနပ်ပိတိလေး ဖြစ်အောင်တင်ပေးတာပါ
မင်စိတ်ထားဘယ်လိုလဲဆိုတာ မင်ဆိုင်ကိုလာအားပေးတဲ့ကာကာလေးများအသိဆုံးပါ
ဒီpostကိုလည်းမတင်မဖြစ်လို့ တင်ရခြင်းပါ
မင်တို့ဘာသာရေးတွေပိုလုပ်ကြမယ်
ကိုယ်ချင်းစာတရားတွေပိုထားကြပြီး စစ်ဘေး သဘာဝဘေး ကပ်ကြီး ၃ပါးကိုအတတ်နိုင်ဆုံးကျော်လွှားကြမယ်...
14/09/2024
ကြက်
ဝက်
ဆိတ်
ကင်ချီ
ကြက်ခြေထောက်
ပုဇွန် out of stock
-၂သောင်းဖိုးအထက်
ကြက်ခြေထောက်ထောင်း
ding fong အအေး၁ခွက်
-၅သောင်းဖိုးအထက်
ကြက်/ဝက် ရှမ်းကော
ding fong အအေး၁ခွက်
-၁သိန်းဖိုးအထက်
ပင်လယ်စာရှမ်းကော
ကြက်ခြေထောက်ထောင်း
ding fong အအေး၁ခွက်
နိုင်ငံရေးတည်ငြိမ်မှု့မရှိလို့ ကုန်စျေးနှုန်းတွေလည်း အဆမတန်တက် ကပ်ဘေးတွေကလည်းဖြစ်နေတာမို့လို့ Shwe Poမှ့တတ်နိုင်သမျှလေး လုပ်ပေးခြင်းပါ😘
မင်တို့ဘာသာရေးတွေပိုလုပ်ပြီး ကပ်ဘေးတွေကို တတ်နိုင်သမျှအားတင်းပြီး ကျော်ဖြတ်ကြမယ်💛
14/09/2024
Shwe Po' ၇ ရက်သား/သမီးများအလှူ
မင်ကိုယ်တိုင်မသွားနိုင်တော့ ရေးဘေးဒုက္ခသည်တွေလက်ခံထားတဲ့ ဘုန်းကြီးကျောင်းတွေကိုပဲ
အလှူငွေနဲ့လှူဖြစ်နေပါတယ်
မင်requestလုပ်ချင်တာလေးရှိလို့ပါ
ဒီရက်ပိုင်းအတွင်းရေဘေးကိုပဲအဓိကအားစိုက်ပြီးလုပ်နေတာမို့လို့ give away လေးရက်နောက်ကျနေတာပါ
wifi/internet လိုင်းအခက်ခဲတွေကြောင့် page activeလည်းသိပ်မဖြစ်ဘူး
မင်တို့ဘက်တွေလည်းရေတွေကြီးတော့သွားရေး
လာရေးတွေအခက်ခဲဖြစ်တယ်ကွယ်
မင်ph ကtelenorမို့လို့ order တွေဖုန်းဆက်ရင် စက်ပိတ်ထားတာမဟုတ်ပါဘူး လိုင်းမကောင်းလို့ပါ
မင်တို့ကပ်ကြီး၃ပါးကနေအမြန်ဆုံးကင်းလွတ်ဖို့ ဘာသာရေးလုပ်ဖို့လည်းမမေ့ကြပါနဲ့ရှင့်
မင်တို့လည်းတစ်ဖက်တစ်လမ်းကနေတတ်နိုင်သမျှ လုပ်ပေးတာမို့လို့ စိတ်ကိုအတတ်နိုင်ဆုံးပြင်ဆင်ပြီး ကပ်ကြီး၃ပါးကို ကျော်လွှားကြရအောင်...
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
P5QM+2FG SHWE PO, Aung Chang Thar-Street, Taungnyo Road
Pyinmana
Opening Hours
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Thursday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 10:00 - 18:00 |
| Sunday | 10:00 - 18:00 |