Like & share
knowledge Traing in myanmar
တကယ်မွဲပီဆို
အပေါင်ဆိုင်ထဲဝင်သွား
သူကို အစအားကျမိတယ်
သူတို့ဆီမှာ ပေါင်စရာရှိသေးလို့လေ...
#အကြည်တော်
20/12/2019
Firefox Browser မှာ မြန်မာစာ အမှန်မြင်ရအောင် လုပ်နည်း
(Unicode, Zawgyi တခုသာ ပြောင်းနိုင်မည်။)
၁။ ဦးစွာ မိမိအသုံးပြုလိုသည့် Font ကို computer မှာ install လုပ်ထားပါ။ ဥပမာ - Pyidaunsu font စသည်။
၂။ Firefox ကို install လုပ်ပြီး ဖွင့်လိုက်ပါ။
၃။ ညာဘက် အပေါ်ဒေါင့်မှ အစင်းသုံးစင်း (Open menu) ကို ကလစ်ပြီး Options ကို ရွေးပါ။
၄။ Options အောက်မှ General ကို ရွေးပြီး ထိုမှ Advanced ကို ကလစ်ပါ။
၅။ Serif, Sans-serif, Monospace တို့ တခုစီဘေးမှ
down arrow ကို နှိပ်ပြီး သွင်းလိုသည့် ဖောင့်ကို ရွေးပေးပါ။ ဥပမာ - Pyidaunsu စသည်။
Firefox Browser မှ account ဝင်ကြည့်သည့်
Facebook, Twitter စသည်များမှာ မိမိသွင်းထားသည့် ဖောင့်ဖြင့် ရေးသားထားသည်များ အကုန်မှန်သွားပါလိမ့်မည်။
Firefox Browser လေးလံသွားပါလျှင်
Options မှ Privacy & security > Clear Data.. ကို နှိပ်ပါ။ ပေါ်လာသည့် box မှ Clear ကို ဆက်နှိပ်ပါ။ Clear Now နှိပ်ကာ ရှင်းထုတ်ပစ်လိုက်ပါ။ (ပုံများနဲ့ တွဲကြည့်ပါ။)
Browser တခုအတွက် နားလည်ပါလျှင် တခြား Browser များအတွက်လည်း လွယ်ကူစွာ နားလည်နိုင်ပါမည်။
20/12/2019
ဓာတ်ပုံစတင်ရိုက်ကူးသူများအတွက် မှတ်သားဖွယ်အချက် (25) ချက်
=============================
1) ဆိုလိုရင်းရှင်းလင်းပါစေ။
ပေးချင်တဲ့ Message နဲ့ ရိုက်ချင်တဲ့ Subject ကဘာလဲ မြင်သာပါစေ။
2) ကြည့်သူက Subject ကိုမပြောဘဲသိပါစေ။
Subject ကိုမြင်သာအောင် ကွဲပြားတဲ့ အရောင်၊ အလင်းအမှောင်၊ အခွင့်သာရင် Framing လုပ်ပြီးတော့ ပေါ်လွင်အောင်ရိုက်ပေးပါ။
3) ရိုးရိုးရှင်းရိုက်ပါ။
4) မသေချာရင်ဖယ်ထုတ်လိုက်ပါ။
ပုံကိုအထောက်အပံ့မဖြစ်ဘူးထင်တာမှန်သမျှ ဖယ်ထုတ်လိုက်ပါ. မလွယ်ရင် Ponint of View ပြောင်း၊
5) Negative Space အများကြီးမပါဝင်ပါစေ။
ပုံအတွက်အထောက်အပံ့ဖြစ်မှ အကျိုးရှိစွာအသုံးချတတ်မှ NS ကိုသုံးပါ။ မလိုအပ်ပဲများနေရင်မကောင်းပါဘူး။
6) Subject နဲ့ပုံကိုအပြည့်ဖြည့်ထားပါ။
7) ပုံရဲ့လေးဘက်လေးတန်ထောင့်တွေကိုစစ်ပါ။
ဓာတ်ပုံရိုက်ချင်ဇောနဲ့ Subject ကိုပဲအာရုံရောက်ပြီး ဘေးတွေမကြည့်မိဖြစ်တတ်ပါတယ်။
Crop လုပ်လို့ရတယ်ဆိုပေမယ့် Pixel တွေဆုံးရှုံးပါတယ်။
8) မလိုတာတွေမပါပါစေနဲ့။
9) အမြင်အမျိုးမျိုးက ကြည့်ပါ။
အပေါ်ကိုမော့ရိုက်တာဟာ Subject ကိုကြီးကျယ်ခမ်းနားစေသလို၊ ငုံ့ရိုက်တာဟာ သေးသွားစေပါတယ်။
10) မဖြစ်မနေ Rule of Third။
ကင်မရာမှာ Grid Line ဖွင့်ရိုက်လိုက်ရင်ပေါ်လာတဲ့လိုင်းတွေအတွင်း Subject က One Third Area ထဲဝင်နေဖို့လိုတာကိုပြောတာပါ။
11) မျက်လုံးနေရာအပေါ်ရောက်ပါစေ။
Portrait ရိုက်ပြီဆိုရင်အရေးကြီးတာ မျက်လုံးက Center Horizontal Line အပေါ်မှာပဲရှိနေဖို့လိုပါတယ်။ Subject ရဲ့ခေါင်းပေါ်မှာ နေရာတွေအများကြီးလွတ်နေတာကိုလဲဖြေရှင်းပြီးသားဖြစ်မှာပါ။
12) Balance ကိုမမေ့ပါနဲ့။
Subject ကိုအဓိကထားဖို့ပြောပေမယ့် အမြဲတမ်းသူ့ချည်းအဆင်မပြေတတ်ပါဘူး။ Main Subject ကိုအားဖြည့်ပေးဖို့လိုသလို ပုံတစ်ပုံ တစ်ဘက်စောင်းနင်းမဖြစ်စေဖို့ Balance လုပ်ပေးရပါတယ်။ တစ်ခါတစ်ရံ Secondary Subject နဲ့ တစ်ခါတစ်ရံ အလင်းအမှောင်နဲ့ထိန်းပေးရပါတယ်။
13) မျက်လုံးသည်အလင်းကိုရှာသည်
လူတိုင်းရဲ့မျက်လုံးကအလင်းနဲ့အလုပ်လုပ်တာဆိုတော့ ပုံတစ်ပုံကြည့်ရင်လည်းအလင်းဆုံးနေရာကို ထားကြည့်တတ်ပါတယ်၊ ဒါကြောင့် Subject နဲ့ Message ကလင်းနေဖို့လိုမယ်ထင်ပါတယ်။
14) DOF ကိုများသင့်တဲ့အခါများပေးပါ။
15) ထောင်လိုက်၊ လှဲလိုက်။
တိုက်တွေ၊ အလံတွေ၊ ခဲတံတွေနဲ့ ဒေါင်လိုက်အရာတွေအတွက် Vertical Shot ၊ ကျယ်ပြန့်တဲ့ခံစား ချက်တွေအတွက် Horizontal Shot
16) Pattern တွေကိုအသုံးချပါ။
ဆင့်ကဲ ဆင့်ကဲ ပုံစံတွေ၊ အကွက်တွေ၊ လိုင်းအထပ်ထပ်တွေက ပုံတွေကိုပို ဆွဲဆောင်စေပါတယ်။
17) Leading Line ကိုလည်းမမေ့ပါနဲ့။
ပုံတစ်ပုံမှာပါတဲ့လိုင်းတွေဟာ မိမိ Subject ဆီကိုကြည့်သူရဲ့ မျက်စိအား အရောက်ပို့ပေးနိုင်ပါတယ်။
18) S ကွေ့မျဉ်းတွေကလဲအထောက်အပံ့ပါ။
ကားလမ်း၊ စမ်းချောင်း၊ မြစ်တွေလို အကွေ့အကောက်ကလေးတွေဟာ Composition မှာ နေရာတော် တော်များများအသုံးဝင်ပါတယ်။
19) မျက်လုံးချင်းဆုံပါစေ။
ကလေးတွေ၊ ခွေးတွေ၊ ကြောင်တွေကို ရိုက်မယ်ဆိုရင် သူတို့အရပ်အနိမ့်အမြင့်အတိုင်း ရိုက်သူက ထိုင်ပြီးဖြစ်ဖြစ်၊ လှဲပြီးဖြစ်ဖြစ်ရိုက်ပါ။ စီးမိုးပြီးရိုက်တဲ့ပုံမျိုးကို တတ်နိုင်သလောက်ရှောင်ပါ။
20) Subject များကွဲပြားရှင်းလင်းပါစေ။
21) အလယ်မကျ တကျ
အကြောင်းရင်း ခိုင်ခိုင်လုံလုံမရှိဘဲ (သို့) Symmetry ဖြစ်ဖို့မလိုဘဲ Subject ကိုအလယ်မှာ ဘယ်တော့မှမထားပါနဲ့။
22) နောက်ထပ်အလယ်တစ်ခု။
Subject ကိုမှမဟုတ်ပါဘူး၊ Reflection လိုမျိုးမဟုတ်ရင် (ဒါလည်း Symmetry တစ်မျိုးပါပဲ) Horizontal Line ကိုပုံရဲ့အလယ်ခေါင်မှာ ဖြတ်သွားတာမျိုးကိုရှောင်ပါ။
23) ခေါင်းမဖြတ်ပါနဲ့။
Horizontal Line ကသက်ရှိ Subject တွေရဲ့ ခေါင်းကနေဖြတ်သွားမျိုးကိုလည်း အထူးဂရုပြုရှောင်ပါ။
24) လိုင်းမပူးပါနဲ့။
တစ်ခါတလေ Horizontal Line နဲ့ပုံရဲ့အဓိကကျတဲ့ ပစ္စည်းတစ်ခုခုရဲ့ လိုင်းနဲ့တစ်ထပ်တည်းကျတာ မျိုးတွေရှိတတ်ပါတယ်။ အဲဒီ့အခါမှာ ပစ္စည်းရဲ့အရေးပါမှုပျောက်ကွယ်သွားစေတဲ့အတွက် Horizontal Line နဲ့ Subject တွေရဲ့လိုင်း တစ်ထပ်တည်းကျတာမျိုးကို ရှောင်ရှားသင့်ပါတယ်။
25) ရပ်၊ ကြည့်၊ ရိုက်။
မရိုက်ခင်က ဘက်ပေါင်းစုံကကြည့်ပါ။ ထက်အောက်စုံစေ့အောင်ကြည့်ပြီးမှပါစေချင်တာအကုန် ပါလာစေဖို့ မပါစေချင်တာတွေ ဘာမှမပါလာစေဖို့ပါ။
Click here to claim your Sponsored Listing.
Telephone
Website
Address
NayPyiTaw
Pyinmana
ELA