APP Eng Class

APP Eng Class

Share

နွေးထွေး အေးချမ်း တဲ့ ရိပ်မြုံလေးမှာ အမြဲရှင်သန်နေတဲ့ အပြုံးတွေနဲ့ပဲ ဘဝကို ဖြတ်သန်းချင်တယ်။

31/05/2026

မငိုပါနဲ့
ပြုံးမြဲတိုင်းသာ ပြုံးနေလိုက်ပါ
အသာအယာနဲ့ ခါချရတာ သိပ်လွယ်သလားပေါ့
တွယ်ကပ်နေမယ်ထင်ရင်လဲ
ပြောလိုက်ချင်ပါရဲ့
""နှင်ထုတ်စရာ မလိုအောင်"
အလိုက်သိတတ်သူပါ လေ...

မကြင်နာချင်လို့ မုန်းသွားတာမှ
မဟုတ်တာ.... ထင်ချင်သလိုသာ
ထင်ကြစေတော့...ခေါင်းမော့ပြီးသာ
မေးလိုက်ချင်တာ က
ရင်ခွင်သစ်မှာ မင်း....ပျော်ရဲ့လား?

မြေပြင်ပေါ်လဲ တူတူအိပ်ဖူးတယ်လေ
နတ်ဘုံနန်းလဲ စံမြန်းခဲ့ပြီပြီပဲ
သဘာဝ လောကအလယ်တောင်
တွဲလက်မဖြုတ်ပဲ လျှောက်လှမ်းကြဖို့
သစ္စာတွေတည်ခဲ့တာ
ရီစရာလို့တော့မထင်စေချင်ဘူး
သေရာပါ ဒါဏ်ရာတွေအပြည့်ပေးသွားသူက
ခန္ဓာတွေပေးဆပ်ကာ တူယှဥ်လက်တွဲဖို့
ဆုံးဖြတ်ထားပါတယ်ဆိုတဲ့....သူမ

သူမ...သူမ...သူမ ရယ်လို့
တဆာဆာတမ်းတချင်ပါရဲ့
လှမ်းမိတဲ့ခြေတစ်ခြမ်း
အသေသာရိုက်ချိုးလိုက်တယ်
အမိုက်မျိုးမရယ်လို့တော့ ဂုဏံထူးဝိသေသကြီးကို
အပ်နှင်းကာ ဂုဏ်မပြုချင်ပေမယ့်
နောင်စဥ်ခါ နောင်လာနောင်သားတွေရယ်
အသွယ်သွယ်သိကြလေကာမှ
ငါလေကွယ် တာ၀န်ကျေတော့ပြီမို့
သေရာပါနာမည်ရယ်ပေးပါရစေတော့
ခေါင့်းမော့ကာ နာထောင်စမ်းပါလို့....
"လင်ငယ်ရှာအပျော်ကြူးရမှ ဘ၀ရဲ့ အာသာရယ် ပြေစေတယ်
တကယ်သတ်မှတ်ထားလေတဲ့
ကလေး နှစ်ယောက်ရဲ့အမေ....အို.....လေ ဆရာမကြီး

Want your business to be the top-listed Beauty Salon in Pyinmana?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyinmana