DKL
Missing
22/11/2023
မြန်မာငွေ သိန်းကိုးသောင်းကျော်တန် အရက်ပုလင်း
ကမ္ဘာ့စျေးအကြီးဆုံး ဝီစကီအဖြစ်မှတ်တမ်းဝင်သွားတဲ့ Macallan 1926
Nov 18 ရက်နေ့ လန်ဒန်လေလံပွဲဖြစ်တဲ့ Sotheby’s Auction House မှာ စတာလင်ပေါင် 2.1 သန်းဖြင့် စံချိန်တင်ရောင်းချနိုင်ခဲ့တဲ့ Macallan 1926
30/09/2023
07/09/2023
၄ပတ်လောက်တော့ သောက်လိုက် 😇
25/08/2023
စတင်ဖြစ်ပေါ်လာပုံ
John Walker ကို ၁၈၀၅ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့တွင် မွေးဖွားခဲ့ပါတယ်။ လယ်သမားမျိုးရိုးဖြစ်ပြီး သူ့ဖခင်ဟာ ၁၈၁၉ခုနှစ်တွင် ကွယ်လွန်ပြီးနောက် မိသားစုပိုင်ဆိုင်တဲ့ လယ်မြေများကို ရောင်းချခဲ့ပါတယ်။ ထို့နောက်သူတို့ပိုင်ဆိုင်သမျှသော စတာလင်ပေါင် ၄၁၇ကို စကော့တလန်နိုင်ငံ Kilmarnock, Ayrshire အရပ် High Street လမ်းရှိ အီတလီကုန်ခြောက်၊ ကုန်သိုလှောင်ရုံနှင့် ဝိုင်နှင့်အဖျော်ယမကာလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ထို့နောက်ငယ်ရွယ်တဲ့ Walker ဟာ အဆိုပါလုပ်ငန်းစုရှိ ဝိုင်နှင့်အဖျော်ယမကာကဏ္ဍတွင် စီမံခန့်ခွဲရေးတာဝန်ယူရသူအဖြစ် ၁၈၂၀ခုနှစ်မှစ၍ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
၁၈၂၃ခုနှစ်တွင် ပြဌာန်းခဲ့သော ယစ်မျိုးဥပဒေအရ ဝီစကီနှင့် ပက်သက်သည့် ပေါင်းခံခြင်းနှင့် ရောင်းချခြင်းအပေါ်တွင် ကြီးလေးသည့် အခွန်များချမှတ်ခြင်းမှ လျှော့ပေါ့ပေးခဲ့ပါတယ်။ ၁၈၂၅ခုနှစ်တွင် အရက်သေစာရှောင်ရှားသူကြီး Walker ဟာ ရမ်၊ ဘရန်ဒီ၊ ဂျင်၊ ဝီစကီနှင့် အဖျော်ယမကာများကို ရောင်းချခဲ့ပါတယ်။ အတိုချုပ်ပြောရရင်တော့ သူဟာ ဝီစကီအရက်များကို အဓိကထားပြီး အရောင်းအဝယ်ပြုလုပ်ပါတယ်။ အစေ့အဆံများနှင့်ရောနှောချက်လုပ်ထားတဲ့ မုယောစပါးနဲ့ချက်လုပ်ထားတဲ့ အရက်များကို အဓိကထားရောင်းချခဲ့ပါတယ်။ အဆိုပါအရက်များဟာ ကိုယ်ပိုင်အမှတ်တံဆိပ်မရှိသောကြောင့် ဝယ်ယူသောက်သုံးသူများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အလို့ငှာ အမည်ဖြင့် ရောစပ်ထားသည့်အရက်များကို စတင်ထုတ်လုပ်ရောင်းချပေးခဲ့ပြီး ၁၈၅၇ခုနှစ်မှာ John Walker ဟာကွယ်လွန်ခဲ့ပါတယ်။
John Walker ကွယ်လွန်ပြီးနောက် သားဖြစ်သူ ဟာ အမွေဆက်ခံပြီး ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ အဆိုပါ အရက်အမှတ်တံဆိပ်ဟာ John Walker ကွယ်လွန်ပြီး သားဖြစ်သူ Alexander Walker (Alec) နဲ့ မြေးဖြစ်သူ Alexander Walker II တို့ရဲ့လက်ထက်မှာ ပိုမိုထင်ရှားကျော်ကြားလာပါတယ်။ ၁၈၆၀ခုနှစ် ယစ်မျိုးဥပဒေအရ ဂျုံဖြင့်ချက်လုပ်ထားသည့် ဝီစကီများကို အစေ့အဆန်များဖြင့်ချက်လုပ်သည့် ဝီစကီများဖြင့် ရောနှောထားသည့်ဝီစကီများဟာ Scotch ဝီစကီများရဲ့ ခေတ်သစ်ကို အစပျိုးပေးခဲ့ခြင်းဖြစ်ပါတယ်။
၁၈၆၀နှစ်ပြည့်နှစ်မှာ Alexander Walker ဟာ အမှတ်တံဆိပ်ရဲ့ အမှတ်အသားတစ်ခုဖြစ်လာမယ့် လေးထောင့်ကျကျပုလင်းဖြင့် သွတ်သွင်းပြီး စတင်ရောင်းချ မိတ်ဆက်ပေးခဲ့ပါတယ်။ ဆိုလိုချင်တာကတော့ ပုလင်းအတွင်း အရက်ဖြည့်ထားတဲ့အခါမှာ တူညီတဲ့ နေရာလွတ်များရှိစေရန်နှင့် ပုလင်းအက်ကွဲမှု နည်းစေရန်အတွက်ဖြစ်ပါတယ်။ Johnnie Walker အရက်၏ အခြားထူးခြားသော ဝိသေသလက္ခဏာတစ်ခုမှာ ကုန်အမှတ်တံဆိပ် စာတမ်းကို ဘယ်ဖက်မှ ညာဖက်သို့ ၂၄ဒီဂရီ စောင်းတက်သွားသည့် အောက်ခံပေါ်တွင် ကြီးမားထင်ရှားသည့် စာလုံးများကို မြင်သာထင်သာရှိအောင် ရိုက်နှိပ်ထားခြင်းပဲဖြစ်ပါတယ်။ ထိုအချက်များကပင် သောက်သုံးသူများကို အဝေးမှပင် ခွဲခြားသိမြင်နိုင်အောင် ဖန်တီးထားခြင်းဖြစ်ပါတယ်။
၁၈၆၅ခုနှစ်တွင် Alec သည် Johnnie Walker အရက်၏ ပထမဆုံးရောစပ်ထားသည့် စီးပွားဖြစ်အရက်ကို ထုတ်လုပ်ခဲ့ပြီး ၎င်းကို တရားဝင်မှတ်ပုံတင်ခြင်းမပြုလုပ်မီ ၁၈၆၇ခုနှစ်အထိ **ky ဟု အမည်ပေးခဲ့ပါတယ်။
၁၈၉၃ခုနှစ်တွင် အရက်ချက်စက်ရုံကို ဝယ်ယူခဲ့ပြီး Johnnie Walker အရက်ရောစပ်ရာတွင် အဓိကအသုံးပြုသည့် မုယောစပါးဖြင့်ချက်လုပ်သည့် အရက်အဖြစ် အားဖြည့်ရန် ဖြစ်ပါတယ်။ ဒီအပြောင်းအလဲဟာ ဈေးကွက်အတွင်း မှထုတ်လုပ်သည့် Single Malt အရက်များကို Johnnie Walker အမှတ်တံဆိပ်ရေရှည်တည်တံ့စေရန်အတွက် ထိန်းသိမ်းစောင့်ရှောက်မှုတစ်ခုလဲ ဖြစ်စေခဲ့ပါတယ်။ Cardhu အတွက်မူ Old Highland Wh**ky ၏ အဓိကနှလုံးသားနေရာမှ ပါဝင်လာပါတယ်။
၁၉၀၉ခုနှစ်တွင် ကာတွန်းဆရာ မှ ရေးဆွဲပေးခဲ့သည့် Mascot (လာဘ်ကောင်)အသစ်ကို စတင်မိတ်ဆက်ခြင်းနှင့်အတူ အမည်များကိုပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ထုတ်လုပ်ပြီး အရက်များ၏အရောင်များနှင့်တူညီသည့် အမှတ်တဲဆိပ်များပြောင်းလဲခဲ့သောကြောင့် Johnnie Walker Red / Black Label အရက်များထွက်ပေါ်လာပါတယ်။
Walker ဟာ ၎င်းတို့ကုန်အမှတ်တံဆိပ်၏ အရည်အသွေးနှင့် အမျိုးအစားများကို ချဲ့ထွင်ရန် နည်းလမ်းများကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် , , , , အစရှိသည့် အရက်ချက်စက်ရုံများကိုဝယ်ယူပြီး ထိုစက်ရုံများမှ ထုတ်လုပ်သည့် Single Malt အရက်များဖြင့် ရောစပ်ကာ Johnnie Walker အမှတ်တံဆိပ်အရက်များကို အရောင်များခွဲခြားပြီး အမှတ်တံဆိပ်အသစ်များဖြင့် ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။
၁၉၃၂ခုနှစ် ပထမကမ္ဘာစစ်ကာလအတွင်းမှာ မြေးဖြစ်သူ Alexander II ဟာ ပုံမှန်ထုတ်လုပ်နေကျပုလင်းပုံစံမဟုတ်သည့် ကျောက်ဆောင်ပုံစံနှင့်တူသည့် Johnnie Walker ကိုထုတ်လုပ်ခဲ့ပါတယ်။
: Johinn Walker Swing အကြောင်းကို နောက်မှရေးဖြစ်လို့ ဆက်စပ်ဖတ်ရှုချင်ရင် အဆင်ပြေအောင်လို့ လင့်ခ်ပေါင်းထည့်ပေးထားပါတယ်။
https://m.facebook.com/story.php?story_fbid=118122640613500&id=102041882221576
၁၉၈၆ခုနှစ်တွင် Blended Malt အမျိုးအစားဖြစ်သည့် Johnnie Walker Pure Malt အရက်ကိုဖြန့်ချိခဲ့ပြီး ၂၀၀၄ခုနှစ်တွင် Johnnie Walker အဖြစ်ပြောင်းလဲဖြန့်ချိခဲ့ပါတယ်။
၂၀၂၀ခုနှစ်ဇူလိုင်လတွင် Johnnie Walker မှ ၂၀၂၁ခုနှစ်အစောပိုင်းကာလတွင် စက္ကူပုလင်းဖြင့် အရက်ဖြန့်ချိမည့် အစီအစဉ်ကို ကြေငြာခဲ့ပါတယ်။
ယမကာသုတေသီ တင်အောင်လွင်
Category
Telephone
Website
Address
Pyinmana
Alerts
Be the first to know and let us send you an email when DKL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.