Future Computer Training Center

Future Computer Training Center

Share

သင်တန်းတက်ဖို့အချိန်ပေးစရာမလိုပဲ ကိုယ်တိုင်လေ့လာနိုင်မည့်ကွန်ပျူတာသင်ခန်းစာများ

Adobe Pagemaker 7.0 install လုပ်နည်း၊ Software & Serial Keys 03/02/2022

Adobe Pagemaker 7.0 install လုပ်နည်း၊ Software & Serial Keys

Adobe Pagemaker 7.0 install လုပ်နည်း၊ Software & Serial Keys အားလုံးပဲ မင်္ဂလာပါ ... MMTH ကနေ ကြိုဆိုပါတယ်... ။ ဒီတစ်ခါတော့ Adobe Pagemaker 7.0 အတွက် install လုပ်နည်း video

ကွန်ပြူတာလေးနေတာကို ပေါ့သွားအောင် Temporary File တွေကို အလွယ်တကူ ရှင်းနည်း 27/01/2022

ကွန်ပြူတာလေးနေတာကို ပေါ့သွားအောင် အလွယ်တကူ ရှင်းနည်း

ကွန်ပြူတာလေးနေတာကို ပေါ့သွားအောင် Temporary File တွေကို အလွယ်တကူ ရှင်းနည်း MMTH ကနေ ကြိုဆိုပါတယ်။ ဒီတစ်ခါတော့ ကွန်ပြူတာလေးနေတာကို မြန်သွားအောင် Temp files တွေကို အလွယ်တကူ ရှင်းနည်းလေး တင်ပေးလ...

Pyi Daung Su Keyboard.jpg 08/12/2021

Pyidaungsu Font Keyboard Layout - ပြည်ထောင်စုဖောင့် လက်ကွက်ဇယား တွေပါ..
အရည်အသွေးကောင်းကောင်းနဲ့ print ဖို့အတွက်လည်း အောက်ပါ လင့်ခ် ကနေ Download ယူနိုင်ပါတယ်..

Pyi Daung Su Keyboard.jpg

03/12/2021

ဖိတ်စာနမူနာလေးပါ

Psd ဖိုင် လိုအပ်သူများ download ယူနိုင်ပါတယ်
https://www.mediafire.com/view/xfklvw7fv5lrmi9

Crd to Owner

28/09/2020

ကွန်ပျူတာအခြေခံ သမားတွေအတွက်
မြန်မာလက်ကွက်လေ့ကျင့်ရန် တင်ပေးလိုက်ပါတယ်
လိုချင်သူများ အောက်ကLinkမှာDownloadသွားပါ။

Win Rar File Size (957 KB)

Password >>> theinhlaing

MEGA Link...
https://mega.nz/ #!4IMVACCS!vfuVgCrjTN4bSMqcE6SjFIH6QjWsMOxmmMxY9girtBE


ကွန်ပျူတာအခြေခံ သမားတွေအတွက်
မြန်မာလက်ကွက်လေ့ကျင့်ရန် တင်ပေးလိုက်ပါတယ်
လိုချင်သူများ အောက်ကLinkမှာDownloadသွားပါ။

Win Rar File Size (957 KB)

Password >>> theinhlaing

MEGA Link...
https://mega.nz/ #!4IMVACCS!vfuVgCrjTN4bSMqcE6SjFIH6QjWsMOxmmMxY9girtBE

09/09/2020
ZawUni Fonts 02/07/2020

ဒီမှာ မိတ်ဆွေ ..
Windows 10 နှင့် Mac OS တို့မှာ မြန်မာစာ ဖတ်လို့ရတာကရ မရတာ မရ ဖြစ်နေလို့ စိတ်ညစ်နေပါသလား ......

လွယ်ပါတယ် ...

ဒီ Font file ၂ ခုကို အလွယ်တစ်ကူပဲ install ပေးလိုက်ပါ ...

စိတ်ချမ်းသာမှု တစ်စုံတစ်ရာကို သင်ရှာဖွေ တွေ့ရှိမှာပါ ...

Download - http://www.mediafire.com/file/px7elqyww9alm4c/ZawUni_Fonts.rar/file

---‐---------------------------------------------------------------------------

# # # # # Windows 10 Font Installing # # # # #

1. unzip/unrar to windows desktop
2. double left click ( each font )
3. install
4. Restart Windows 10
5. Enjoy my gift

# # # # # Mac Font Installing # # # # # #

1. unzip/unrar to Mac desktop
2. install Font
3. Disable other Myanmar Fonts
4. Restart computer again ..
5. Enjoy my gift

password - TotalSolution

Created by Aung Thura ( Korea ) 2 July 2020

ZawUni Fonts MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.

29/02/2020

Solid-State Drive (SSD)

Hard Disk မှာ Spindle မော်တာကြောင့် လည်ပတ်နေတဲ့ Platter တွေ Platter ပေါ်မှာရှိတဲ့ data တွေသိမ်းထားတဲ့ (track,sector,cluster) တွေကို ဖတ်ဖို့ ရွေ့လျားနေတဲ့ Read / Write Head ပါတဲ့ arm တွေပါရှိပါတယ်။ဒါပေမဲ့ Solid-State Drive (SSD) မှာတော့ လည်ပတ်နေတဲ့ အစိတ်အပိုင်းတွေ မပါ၀င်ပါဘူး။ data တွေကို Flash Memory (same as usb stick) ပေါ်မှာ Block အနေနဲ့သာ သိမ်းထားပါတယ်။ လည်ပတ်နေတဲ့ ပစ္စည်းတွေမပါ၀င်တဲ့ vibration ဖြစ်ခြင်းမရှိ၊ အပူထွက်မူနည်းပါးပြီး HD ထက် အထိအခိုက်ခံတဲ့ အတွက် Solid State Drive လိုခေါ်ဆိုရခြင်းဖြစ်ပါတယ်။

data input-out နုန်းမြန်ဆန်ခြင်း၊ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေ မပါ၀င်တဲ့ အတွက် ထိခိုက်ခံမှုမှာ hard disk ထက်သာလွန်ခြင်း၊ ဆူညံမှုနည်းပါခြင်း၊ size သေးငယ်ခြင်း၊ Power အစားသက်သာခြင်း၊ data ပမာဏ သိုလှေင်မှုများလာပြီး စျေးနှုန်းလဲ တစ်ဖြည်းဖြည်းသက်သာ လာခြင်းတို့ကြောင့် နောင်တွင်အသုံးပြုမှု ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။

SSD မှာ Data တွေကို အဓိက read- write လုပ်တဲ့ Flash Memory ပေါ်မှာပြုလုပ်ခြင်းဖြစ်ပါတယ်။ SSD Flash Memory မှာ သုံးမျိုးရှိပါတယ်။SSD သက်တမ်းကြာဖို့ TRIM ကိုသုံးနိုင်သလို နောက်ပိုင်း SSD တွေမှာ Wear leveling စနစ်ပါ၀င်လာပါတယ်။

SLC (Single-Level Cell) နဲ့ MLC (Multiple-Level Cell) တို့ဖြစ်ပါတယ်။ SLC မှာတော့ Cell တစ်ခုထဲမှာ 1 နဲ့ 0 ထဲကနေ 1 bit ပမာဏကိုသာသိမ်းထားပြီး MCL မှာတော့ Cell တစ်ခုမှာ 2 bit ပမဏ သိမ်းထားနိုင်ပါတယ်။ Triple Leve Cell မှာတော့ Cell တစ်ခုမှာ 3 bit ပမဏ သိမ်းထားနိုင်ပါတယ်။ TLC Cell (SSD) တွေက Storage များပေးမဲ့ Performance နှေးပြီး SSD Life Time လဲနည်းပါးပါတယ်။ အခု user level မှာ အများဆုံအသုံးပြုနေတာ TLC (SSD) တွေဖြစ်ပါတယ်။
Life time ဆိုတာ SSD မှာ data တွေကို write လုပ်နိုင်တဲ့ အရည်အတွက် ပမာဏ အပေါ်မူတည်ပြီး သတ်မှတ်တဲ့ SSD ရဲ့ သက်တမ်းဖြစ်ပါတယ်။

Controller

Controller Chip ကတော့ SSD ရဲ့ Processor လို့ပြောလို့ရပါတယ်။
အမှန်တစ်ကယ် Data တွေကို သိမ်းထားတဲ့ Flash Memory တွေ နဲ့ SSD ရဲ့ Input-Output Interface ကို ချိတ်ဆက်ပေးပါတယ်။ Error Correction (ECC) အပိုင်းကိုလဲ ဆောင်ရွက်ပေးပါတယ်။

Buffer Memory

Buffer Memory Chip ကတော့ သူအသုံးပြုထားတဲ့ algorithms နဲ့ Type အပေါ်မူတည်ပြီး data တွေကို မြန်ဆန်စွာရရှိစေဖို့ SSD Input-Output Interface နဲ့ SSD Controller ကြားမှာ ဆောင်ရွက်ပေးပါတယ်။

Input-Output Interface နဲ့ Power Connector ကတော့ SSD အမျိုးအစားနဲ့ အသုံးချတဲ့လုပ်ငန်းနဲ့ Device အပေါ်မူတည်ပြီး ကွဲပြားပါတယ်။ ဥပမာ .....

SSD SATA ,SSD M2, SSD msata, SSD U2 , SSD Pcie , SSD sas ,

======================

Garbage Collection

SSD မှာ Hard Disk ကဲ့သို့ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေမပါ၀င်တာကြောင့် data တွေကို read လုပ်ရာမှာရော Write လုပ်ရာမှာရော Hard Disk နဲ့ ကွဲပြားခြားနားမှုရှိပါတယ်။ (HD မှာ data တွေကို read-write ဘယ်လိုလုပ်တယ် Operation ကနေ data တွေကို ဖျက်ရင် ဘယ်လိုဖြစ်တ်ဆိုတာ အရင် Post များတွင် ဖော်ပြပြီးဖြစ်ပါတယ်)

SSD Flash Memory မှာ Cell တွေစုစည်ပြီး Page , Page တွေစုစည်းပြီး Block ဆိုပြီးရှိပါတယ်။ data တွေကို သိမ်းရင် Page အဆင့်မှာပဲ သိမ်းထားပေမဲ့ erase လုပ်တဲ့အခါဆိုရင် Block အဆင့်ထိပါ ပြုလုပ်ပါတယ်။ (erase နဲ့ delete မတူပါ)

User က data တွေကို အခြား data သိမ်းထားဆဲဖြစ်တဲ့ Block ပေါ်မှာ သိမ်းချင်တယ်ဆိုရင် ရှိနေတဲ့ Block ထဲက data သိမ်းထားတဲ့ Page တွေကို အခြားလွတ်နေတဲ့ Bock ထဲကူးယူလိုက်ပါတယ်။(ကူးယူပြီးတာနဲ့ flash Controller က ကူးလိုက်တဲ့ data ရှိနေတဲ့ block ရဲ့ logical block address (LBA) ကို အသစ်ထပ်မှတ်လိုက်ပါတယ်။ )
data save မဲ့ page အစုအဝေးဖြစ်တဲ့ Block က Clear ဖြစ်ရင် Erase မလုပ်ပဲ save ပါတယ်။ Clear မဖြစ်ရင် erase လုပ်ပြီးမှ data ကို save ပါတယ်)

program/erase cycles (P/E cycles)
==========================

ပြီးရင် အရင် Block ထဲက data တွေကို Erase လုပ်လိုက်ပါတယ်။ဖျက်ပြီးပြီးဆိုတာနဲ့ နောက် ထပ် data သိမ်းနိုင်ကြောင်း flash Controller က Free Block အဖြစ်မှတ်သားထားလိုက်ပါတယ်။ ဒါက Garbage Collection အပိုင်းဖြစ်ပါတယ်။ HD မှာ bad sector ဖြစ်ရင် သုံးဖို့ extra sector တွေပါသလို SSD မှာလဲ extra block တွေပါ၀င်ပါတယ်။
=============
Wear leveling

Wear leveling ဆိုတာကတော့ SSD တစ်ခုလုံးမှာ ပါတဲ့ Cell တွေကို အကုန်သုံးနိုင်အောင်ပြုလုပ်ပေးတာဖြစ်ပါတယ်။ program/erase cycles (P/E cycles) ကို ထပ်ကာထပ်ကာ အသုံးမပြုပဲ လွတ်နေတဲ့ Block တွေမှာ data တွေကို write တာဖြစ်ပါတယ်။
===========
Trim ( You can use from OS )
Trim ကတော့ Hard Disk Defrag လုပ်သလိုပါပဲ .. data write ဖို့ block ကိုဖျက်တယ် ...ပြီးရင် ပြန် write တယ်.. data write တဲ့ ပမာဏ ( file size)က နည်းလိုက်များလိုက်ဖြစ်လာရင် cell တွေ page တွေ Block တွေက ပျ့ကျဲလာပါတယ်။ SSD က လေးလာမယ်။ Trim ကို on ထားရင် လွတ်နေတဲ့ block တွေကိုကြည့်ပြီး data ကိုဖျက်ထားတယ် ဒါမှ နောက်ထပ် data save ရင်ပိုမြန်လာမယ်။

(Garbage Collection, Wear leveling , Trim ) ကြောင့်ပဲ SSD ကို Forensics လုပ်ရာမှာ challenge တွေရှိလာပါတယ် ...
see You Solid-State Drive (SSD) - Forensics (Part 2 )

:ဘယ်သူတင်မှန်းတော့ မမှတ်မိတော့ပါဘူး crd ပေးပါတယ်

16/01/2020

Google Chrome ကို ပိုမြန်သွားစေမယ့် နည်းလမ်း (၁၀) ခု

Google Chrome ဟာ စမ်းသပ်မှုများအရ အမြန်ဆုံး ဘရောက်စာ တစ်ခု ဖြစ်ပြီး ကမ္ဘာ့ လူသုံးအများဆုံးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စွမ်းဆောင်ချက်များစွာ ပါတဲ့အတွက် Chrome ဟာ တစ်ခါတစ်ရံမှာ လေးလံနေတတ်ပါတယ်။ ဒီလို လေးလံမှုများ မဖြစ်ဘဲ Google Chrome ကို ပိုမို လျှင်မြန်စေမယ့် နည်းလမ်းများကို ဒီ Tutorial မှာ ဖော်ပြပေးချင်ပါတယ်။

Experimental Features

Google Chrome မှာ စမ်းသပ်ဆဲ စွမ်းဆောင်ချက်များကို ထည့်ပေးထားပါတယ်။ လိပ်စာဘားမှာ chrome://flags ကို ရိုက်ထည့်ရင် စမ်းသပ်ဆဲ စွမ်းဆောင်ချက်များကို ပြသပေးမှာပါ။ Chrome ကို ပိုမို မြန်ဆန်အောင် အဲဒီ စွမ်းဆောင်ချက်များကို သုံးနိုင်ပါတယ်။ အောက်မှာ ဖော်ပြမယ့် ပထမဆုံး နည်းလမ်း ၄ ခုကို စမ်းသပ်ဆဲ စွမ်းဆောင်ချက်များထဲမှာ ပြုလုပ်ရမှာပါ။

၁။ GPU Acceleration

ဒီနည်းလမ်းက စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ GPUs နဲ့ Video RAMs များကို ပိတ်ပေးမှာပါ။

• CTRL+F ကို နှိပ်ပါ။

• “ ignore-gpu-blacklist “ ကို ရှာပါ။

• Enable ကို ရွေးပေးပါ။

၂။ ဓါတ်ပုံများ လျှင်မြန်စွာ ပွင့်အောင် ပြုလုပ်ပါ။

ဓါတ်ပုံများကို လျှင်မြန်စွာ ပွင့်စေခြင်းဖြင့် Web Pages များကို လျှင်မြန်စွာ ပွင့်စေပါတယ်။

• CTRL+F ကို နှိပ်ပါ။

• “ Number of raster threads “ ကို ရှာပါ။

• Default Value ကို 4 ပြောင်းပါ။

၃။ Tabs များ လျှင်မြန်စွာ ပိတ်အောင် ပြုလုပ်ပါ။

ဒီနည်းလမ်းက Tabs များကို လျှင်မြန်စွာ ပိတ်စေခြင်းဖြင့် ဘရောက်စာကို လျှင်မြန်စေပါတယ်။

• CTRL+F ကို နှိပ်ပါ။

• “ enable-fast-unload” ကို ရှာပါ။

• Enable ကို နှိပ်ပါ။

၎။ Smooth Scrolling ကို သုံးပါ။

ဒီနည်းလမ်းက Scroll ပြုလုပ်ရာမှာ ပိုမို ချောမွတ်စေပါတယ်။

• CTRL+F ကို နှိပ်ပါ။

• “ smooth-scrolling “ ကို ရှာပါ။

• Enable ကို နှိပ်ပါ။

၅။ DNS Preloading ကို ပိတ်ပါ။

Search Box သို့မဟုတ် Address Bar မှာ စာရိုက်တဲ့ အခါမှာ ကြိုတင်ခန့်မှန်းပေးတဲ့ စွမ်းဆောင်ချက်ကို ပိတ်ခြင်းဟာလည်း ဘရောက်စာကို လျှင်မြန်စေပါတယ်။

• Chrome Settings Page ကို သွားပါ။

• Advanced Settings ကို နှိပ်ပါ။

• Privacy အောက်မှ အောက်ပါ စွမ်းဆောင်ချက်များကို ပိတ်ပါ။

• “Use a web service to help resolve navigational errors.”

• “Use a prediction service to help complete searches and URL’s typed in the address bar.

• ပြီးရင်တော့ Save the changes ကို နှိပ်ပါ။

၆။ Prefetch Resources ကို သုံးပါ။

Prefetch Resources ဟာ ၀က်စာမျက်နှာတစ်ခု ကြည့်နေစဉ် အင်တာနက် ပြတ်တောက်မှုကြောင့် တစ်ဝက်တစ်ပျက် သိမ်းဆည်းထားတဲ့ ဒေတာများကို နောက်တစ်ကြိမ်ဖွင့်ရင် ပြန်လည် အသုံးပြုတာ ဖြစ်ပါတယ်။ အဲဒီအတွက် ဒေတာများ ဒေါင်းလုပ်လုပ်ရတဲ့ ပမာဏ လျော့နည်းသွားပြီး ၀က်စာမျက်နှာကို လျှင်မြန်စွာ ပွင့်စေပါတယ်။

• Chrome Setting Page ကို သွားပါ။

• Advanced Setting ထဲသွားပါ။

• Privacy အောက်မှ “ Prefetch resources to load pages more quickly “ ကို Enable လုပ်ပါ။

၇။ Extension များကို Uninstall လုပ်ပါ။

ဘရောက်စာမှာ Extension များစွာ သုံးတာက လေးလံစေပါတယ်။ အသုံးမပြုတဲ့ Extension များကို Uninstall လုပ်ခြင်းဖြင့် ဘရောက်စာကို လျှင်မြန်စေပါတယ်။

• Chrome Setting Page ထဲသွားပါ။

• Extension ကို နှိပ်ပါ။

• မသုံးတဲ့ Extension များရဲ့ ညာဘက်ထောင့်မှ အမှိုက်ပုံးခလုတ်ကို နှိပ်၍ Uninstall လုပ်ပါ။

၈။ ဘရောက်စာ ဒေတာများကို ရှင်းပါ။

History, Junks, Cache များကို ရှင်းလင်းခြင်းဟာ ဘရောက်စာကို လျှင်မြန်စေပါတယ်။

• CTRL+H ကို နှိပ်ပြီး History Page ကို သွားပါ။

• အပေါ်ထိပ်မှ “ the beginning of time “ ကို ရွေးပေးပြီး အောက်မှ Clear browsing data ကို နှိပ်ပါ။

၉။ ဓါတ်ပုံများကို ပိတ်ပါ။

ဝက်စာမျက်နှာများမှ ဓါတ်ပုံများကို ပိတ်ခြင်းဟာ ဘရောက်စာကို လျှင်မြန်စေသလို ဒေတာ သက်သာစေပါတယ်။

• Chrome Settings Page ထဲသွားပါ။

• Advanced Settings ထဲ ၀င်ပါ။

• Privacy အောက်မှ Content Settings ကို နှိပ်ပါ။

• Images ကဏ္ဍမှ “ Do not show any images “ ကို ရွေးပေးပြီး အောက်ခြေမှ Done ကို နှိပ်ပါ။

၁၀။ Data Saver Extension ကို သုံးပါ။

Data Saver Extension ဟာ ဒေတာ သက်သာစေတဲ့ အပြင် ဘရောက်စာကို လျှင်မြန်စေပါတယ်။ အောက်ပါ လင့်ကနေ အင်စတော လုပ်ပါ။

ref : crazytechtricks

unicode

Google Chrome ကို ပိုမြန်သွားစေမယ့် နည်းလမ်း (၁၀) ခု

Google Chrome ဟာ စမ်းသပ်မှုများအရအမြန်ဆုံး ဘရောက်စာ တစ်ခု ဖြစ်ပြီး ကမ္ဘာ့ လူသုံးအများဆုံးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စွမ်းဆောင်ချက်များစွာ ပါတဲ့အတွက် Chrome ဟာ တစ်ခါတစ်ရံမှာ လေးလံနေတတ်ပါတယ်။ ဒီလို လေးလံမှုများ မဖြစ်ဘဲ Google Chrome ကို ပိုမို လျှင်မြန်စေမယ့် နည်းလမ်းများကို ဒီ Tutorial မှာ ဖော်ပြပေးချင်ပါတယ်။

Experimental Features

Google Chrome မှာ စမ်းသပ်ဆဲ စွမ်းဆောင်ချက်များကို ထည့်ပေးထားပါတယ်။ လိပ်စာဘားမှာchrome://flags ကို ရိုက်ထည့်ရင် စမ်းသပ်ဆဲ စွမ်းဆောင်ချက်များကို ပြသပေးမှာပါ။ Chrome ကို ပိုမို မြန်ဆန်အောင် အဲဒီ စွမ်းဆောင်ချက်များကို သုံးနိုင်ပါတယ်။ အောက်မှာ ဖော်ပြမယ့် ပထမဆုံး နည်းလမ်း ၄ ခုကို စမ်းသပ်ဆဲ စွမ်းဆောင်ချက်များထဲမှာ ပြုလုပ်ရမှာပါ။

၁။ GPU Acceleration

ဒီနည်းလမ်းက စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ GPUs နဲ့ Video RAMs များကို ပိတ်ပေးမှာပါ။

• CTRL+F ကို နှိပ်ပါ။

• “ ignore-gpu-blacklist “ ကို ရှာပါ။

• Enable ကို ရွေးပေးပါ။

၂။ ဓါတ်ပုံများ လျှင်မြန်စွာ ပွင့်အောင် ပြုလုပ်ပါ။

ဓါတ်ပုံများကို လျှင်မြန်စွာ ပွင့်စေခြင်းဖြင့် Web Pages များကို လျှင်မြန်စွာပွင့်စေပါတယ်။

• CTRL+F ကို နှိပ်ပါ။

• “ Number of raster threads “ ကို ရှာပါ။

• Default Value ကို 4 ပြောင်းပါ။

၃။ Tabs များ လျှင်မြန်စွာ ပိတ်အောင် ပြုလုပ်ပါ။

ဒီနည်းလမ်းက Tabs များကို လျှင်မြန်စွာ ပိတ်စေခြင်းဖြင့် ဘရောက်စာကို လျှင်မြန်စေပါတယ်။

• CTRL+F ကို နှိပ်ပါ။

• “ enable-fast-unload” ကို ရှာပါ။

• Enable ကို နှိပ်ပါ။

၎။ Smooth Scrolling ကို သုံးပါ။

ဒီနည်းလမ်းက Scroll ပြုလုပ်ရာမှာ ပိုမို ချောမွတ်စေပါတယ်။

• CTRL+F ကို နှိပ်ပါ။

• “ smooth-scrolling “ ကို ရှာပါ။

• Enable ကို နှိပ်ပါ။

၅။ DNS Preloading ကို ပိတ်ပါ။

Search Box သို့မဟုတ် Address Bar မှာ စာရိုက်တဲ့ အခါမှာ ကြိုတင်ခန့်မှန်းပေးတဲ့ စွမ်းဆောင်ချက်ကို ပိတ်ခြင်းဟာလည်း ဘရောက်စာကို လျှင်မြန်စေပါတယ်။

• Chrome Settings Page ကို သွားပါ။

• Advanced Settings ကို နှိပ်ပါ။

• Privacy အောက်မှ အောက်ပါ စွမ်းဆောင်ချက်များကို ပိတ်ပါ။

• “Use a web service to help resolve navigational errors.”

• “Use a prediction service to help complete searches and URL’s typed in the address bar.

• ပြီးရင်တော့ Save the changes ကို နှိပ်ပါ။

၆။ Prefetch Resources ကို သုံးပါ။

Prefetch Resources ဟာ ဝက်စာမျက်နှာတစ်ခုကြည့်နေစဉ် အင်တာနက် ပြတ်တောက်မှုကြောင့်တစ်ဝက်တစ်ပျက် သိမ်းဆည်းထားတဲ့ ဒေတာများကို နောက်တစ်ကြိမ်ဖွင့်ရင် ပြန်လည် အသုံးပြုတာ ဖြစ်ပါတယ်။ အဲဒီအတွက် ဒေတာများ ဒေါင်းလုပ်လုပ်ရတဲ့ ပမာဏ လျော့နည်းသွားပြီး ဝက်စာမျက်နှာကို လျှင်မြန်စွာ ပွင့်စေပါတယ်။

• Chrome Setting Page ကို သွားပါ။

• Advanced Setting ထဲသွားပါ။

• Privacy အောက်မှ “ Prefetch resources to load pages more quickly “ ကို Enable လုပ်ပါ။

၇။ Extension များကို Uninstall လုပ်ပါ။

ဘရောက်စာမှာ Extension များစွာ သုံးတာက လေးလံစေပါတယ်။ အသုံးမပြုတဲ့ Extension များကို Uninstall လုပ်ခြင်းဖြင့် ဘရောက်စာကို လျှင်မြန်စေပါတယ်။

• Chrome Setting Page ထဲသွားပါ။

• Extension ကို နှိပ်ပါ။

• မသုံးတဲ့ Extension များရဲ့ ညာဘက်ထောင့်မှ အမှိုက်ပုံးခလုတ်ကို နှိပ်၍Uninstall လုပ်ပါ။

၈။ ဘရောက်စာ ဒေတာများကို ရှင်းပါ။

History, Junks, Cache များကို ရှင်းလင်းခြင်းဟာဘရောက်စာကို လျှင်မြန်စေပါတယ်။

• CTRL+H ကို နှိပ်ပြီး History Page ကို သွားပါ။

• အပေါ်ထိပ်မှ “ the beginning of time “ ကို ရွေးပေးပြီး အောက်မှ Clear browsing data ကို နှိပ်ပါ။

၉။ ဓါတ်ပုံများကို ပိတ်ပါ။

ဝက်စာမျက်နှာများမှ ဓါတ်ပုံများကို ပိတ်ခြင်းဟာ ဘရောက်စာကို လျှင်မြန်စေသလိုဒေတာ သက်သာစေပါတယ်။

• Chrome Settings Page ထဲသွားပါ။

• Advanced Settings ထဲ ဝင်ပါ။

• Privacy အောက်မှ Content Settings ကို နှိပ်ပါ။

• Images ကဏ္ဍမှ “ Do not show any images “ ကို ရွေးပေးပြီး အောက်ခြေမှ Done ကို နှိပ်ပါ။

၁၀။ Data Saver Extension ကို သုံးပါ။

Data Saver Extension ဟာ ဒေတာ သက်သာစေတဲ့ အပြင် ဘရောက်စာကို လျှင်မြန်စေပါတယ်။ အောက်ပါ လင့်ကနေ အင်စတော လုပ်ပါ။

ref : crazytechtricks

[https://digitaltimes.com.mm/](https://digitaltimes.com.mm/)

[https://www.facebook.com/nlhitguide/posts/588030971624837](https://www.facebook.com/nlhitguide/posts/588030971624837)

15/01/2020

💻လုပ်ငန်းခွင်မှာရော အိမ်မှာပါ ကွန်ပျူတာကိုကောင်းမွန်စွာအသုံးချနိုင်စေဖို့ ဝယ်ယူလေ့လာလိုက်ပါ 💻

32 GB Memory Stick - 25000 Ks (OTG လက်ဆောင်)

ကွန်ပျူတာ နည်းပညာတွေအကြောင်း မြန်မာလို ရှင်းပြထားတဲ့ Video သင်ခန်းစာ 880 ကျော်၊ မြန်မာလို ရေးသားထားတဲ့ Ebooks 1100 ကျော် ပါဝင်

👉 မြန်မာနိုင်ငံအနံှ့ ဘယ်မြို့ကိုမဆို ပို့ခ 1000 ကျပ် 👈
👉 အိမ်အရောက်ပစ္စည်းရောက်မှ ကျသင့်ငွေ ပေးချေရပါမယ် 👈

တစ်သက်တာ အာမခံ Memory Stick ဖြစ်တဲ့အတွက်
အသုံးပြုရင်း Error တစုံတရာဖြစ်ခဲ့ရင်
အသစ်ပြန်လည် လဲလှယ်ပေးမှာ ဖြစ်ပါတယ်

ကျနော်တို့ ပို့ဆောင်ပေးမယ့် Memory Stick တွေမှာ OTG Cable လည်း ပါဝင်တာကြောင့် Ebook နဲ့ Video သင်ခန်းစာတွေကို ကွန်ပျူတာပေါ်မှာတင် မက ဖုန်းနဲ့ချိတ်ဆက်ပြီးတော့လည်း အလွယ်တကူ သက်တောင့်သက်သာ ဖတ်ရှုလေ့လာနိုင်မှာပဲ ဖြစ်ပါတယ်
"""""""""""""""""""""""""""""""""""""""""""""""""
ရရှိလေ့လာနိုင်တဲ့ သင်ခန်းစာများကတော့… ⬇

▶ အခြေခံ ကွန်ပြူတာအသုံးပြုနည်းများ

▶ အဆင့်မြင့် ကွန်ပြူတာအသုံးပြုနည်း သင်ခန်းစာများ

▶ Laptop နှင့် Desktop ကွန်ပြူတာ တပ်ဆင်ပြုပြင်ထိန်းသိမ်းနည်းများ

▶ ကွန်ပြူတာပြုပြင်ရာတွင် မသိမဖြစ်သိထားရမည့် ဗဟုသုတစာအုပ်များ

▶ Windows Installation လုပ်နည်းအမျိုးမျိုး

▶ Microsoft Word 2007, 2010 အသုံးပြုနည်း

▶ စီးပွားရေးလုပ်ငန်းများအတွက် စာရင်းအထုတ်အသွင်းနှင့် ဇယားကွက်ဆွဲခြင်းများအတွက် Excel အခြေခံမှသည် အဆင့်မြင့် အသုံးပြုနည်း သင်ခန်းစာများ

▶ ဓာတ်ပုံပြုပြင်ရန်အတွက် လွယ်ကူရှင်းလင်းစွာ တစ်ဆင့်ချင်းရှင်းပြထားသော Photoshop သင်ခန်းစာများ

▶ Adobe Pagemaker အသုံးပြုနည်း

▶ Adobe Acrobat အသုံးပြုနည်း

▶ Microsoft Access, Power Point, InDesign, Illustrator, Visual Basic အသုံးပြုနည်းများ

▶ MozilaFirefox, Youtube, Gmail စသည်တို့ကို ကျွမ်းကျင်စွာအသုံးပြုနည်းများ

▶ Skype အသုံးပြုနည်း Twitterအသုံးပြုနည်းများ

▶ Facebook ကျွမ်းကျင်စွာအသုံးပြုနည်း၊ အကောင့်သစ်ဖွင့်နည်းနှင့် လုံခြံစွာထိန်းသိမ်းနည်း သင်ခန်းစာများ

▶ Android ဖုန်းအမျိုးမျိုးအား Root ပြုလုပ်နည်းနှင့် custom rom တင်နည်းများ

▶ A+ နှင့် Electronic ဆိုင်ရာ သင်ခန်းစာများ

▶ Hacking နှင့်ပတ်သက်သော သင်ခန်းစာများ

▶ Networking အခြေခံ အဆင့်မြင့်နှင့် Wireless ပိုင်းဆိုင်ရာ သင်ခန်းစာများ

▶ Web & Network Security သမားများအတွက် အဆင့်မြင့် ကွန်ရက် လုံခြုံရေးဆိုင်ရာ သင်ခန်းစာများ

▶ Windows Server 2003 တည်ဆောက်ခြင်း၊ Server ပိုင်းအတွက် (Windows - Linux) ဆိုင်ရာ သင်ခန်းစာများ

▶ Database ဆိုင်ရာ သင်ခန်းစာများ

▶ Programming သမားများအတွက် (Turbo C, C++, PHP) ဆိုင်ရာ သင်ခန်းစာများ

▶ ကိုယ်ပိုင်ဝက်ဆိုဒ် တစ်ခုတည်ဆောက်ခြင်း
"""""""""""""""""""""""""""""""""""""""""""""""""

Memory Stick Error တစုံတရာ ဖြစ်ခဲ့ရင် ပြန်လည်ဖြေရှင်းပေးနိုင်ရန် Customer မှတ်တမ်း ကျန်ရှိဖို့ လိုအပ်တဲ့အတွက် Messenger ကနေသာ

အမည်
လိပ်စာအတိအကျ
ဖုန်းနံပါတ်
ရေးသား၍ မှာယူပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ

ဖုန်း 09 7695 13335 ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ

Want your business to be the top-listed Computer & Electronics Service in Pyay?
Click here to claim your Sponsored Listing.

Telephone

Address


Pyay
08151