Forever Food Centre

Forever Food Centre

Share

If you want to order, you can call 05325415, 09794477715, 095184569
(or) u can message us. Thank u .

Photos from Forever Food Centre's post 28/11/2022

ဒါကတော့ အရင်တုန်းကအရသာအတိုင်း မပြောင်းလဲတဲ့ Foreverရဲ့ စပါကတီ(အီတလီခေါက်ဆွဲ)လေးပါ❤️❤️

ချိစ်ပျစ်ပျစ်နစ်နစ်နဲ့ ကြက်သွန်ဖြူနံ့လေးမွှေးနေတဲ့
ကြက်သွန်ဖြူဆော့စ် စပါကတီလေးပဲစားမလား

အချဉ်နဲ့အစပ်ဘက်သွားတဲ့ ခရမ်းချဉ်သီးဆော့စ် စပါကတီလေးပဲစားမလား

အော်ရီကာနိုနံ့သင်းသင်းလေးနဲ့ပူစီနံလေးကိုက်ရင်း အီတလီအရသာလေးကို ခံစားသုံးဆောင်ချင်ရင် Forever ကနေ ပြည်မြို့တွင်းအိမ်အရောက် မှာယူသုံးဆောင်နိုင်ကြောင်း ချစ်ရတဲ့ကာကာတို့ကို အသိပေးပါစေခင်ဗျာ🥰

ဆက်သွယ်မှာယူရန်
09794477719,09794477715,095184569

Photos from Forever Food Centre's post 28/11/2022

ချစ်ရဲ့တဲ့ ကာကာတို့ ကြိုက်ကြ အားပေးခဲ့ကြတဲ့❤️❤️
Foreverရဲ့
ရှမ်းခေါက်ဆွဲ
မန္တလေးအရသာစစ်စစ် မြှီးရှည်
မန္တလေးအရသာစစ်စစ် မုန့်တီ နန်းကြီးသုပ်တို့ကို
Foreverကနေ အိမ်အရောက်မှာယူ သုံးဆောင်နိုင်ပါပြီခင်ဗျာ
ဆက်သွယ်ရန်
09794477719,09794477715,095184569

Photos from Forever Food Centre's post 21/09/2022

👨‍🍳 မန္တလေးမုန့်တီ
နန်းကြီးသုပ်
ပါဆယ်ရပါပြီခင်ဗျာ

1500ks

လာယူမယ်ဆို ဖုန်းလေးကြိုဆက်ထားပေးပါ
ပို့ပေးရမယ်ဆို မြို့တွင်း 500, မြို့သစ်700 Deli သမားကိုပေးရမှာပါခင်ဗျ

09794477715
09794477719

Photos from Forever Food Centre's post 16/09/2022

👨‍🍳 မာလာရှမ်းကောဆို Forever ကမှ စားတတ်တယ်ဆိုတဲ့ ဖောက်သည်တွေကြောင့် အားတက်ရပါတယ်ခင်ဗျ
ပါဆယ်ရပါပြီခင်ဗျာ

9000ks

လာယူမယ်ဆို ဖုန်းလေးကြိုဆက်ထားပေးပါ
ပို့ပေးရမယ်ဆို မြို့တွင်း 500, မြို့သစ်700 Deli သမားကိုပေးရမှာပါခင်ဗျ

09794477715
09794477719

16/09/2022

👨‍🍳 ကြက်သားဘာဂါ
ပါဆယ်ရပါပြီခင်ဗျာ

2500ks

လာယူမယ်ဆို ဖုန်းလေးကြိုဆက်ထားပေးပါ
ပို့ပေးရမယ်ဆို မြို့တွင်း 500, မြို့သစ်700 Deli သမားကိုပေးရမှာပါခင်ဗျ

09794477715
09256025994

Photos from Forever Food Centre's post 16/09/2022

အားလုံးတောင့်တနေကြတဲ့
Forever မန်းလေးမြီးရှည်❤️
မစားရတာကြာလို့လွမ်းနေသူတွေ
ဖုန်းလေးဆက်လိုက်တော့နော်
09794477719
09794477715

မြီးရှည် 1500

16/09/2022

💥မန္တလေးမြီးရှည်
ဝက်သားနဲ့လည်းရပါပြီ
၀က်သား၀က်ခေါက်အိအိလေးနဲ့😋
မန်းလေးအရသာအတိုင်းစားချင်ရင် Forever ကို ဖုန်းလေးသာဆက်လိုက်နော်

ကြက်မြီးရှည် / ၀က်မြီးရှည်- 1500
မုန့်တီ / နန်းကြီးသုပ်- 1500

09794477719
09794477715

Photos from Forever Food Centre's post 16/09/2022

💥စားလိုက်တာနဲ့ ထိထိမိမိ အရသာရှိ😋
💥လက်ဆောင်ပေးရင်လည်း ပါကင်အလှရော အိပ်လှလှလေးရောမျက်နှာပန်းလှ😍

ပြည်ထမင်းသုပ်အနှစ်(ဆီဝါ/ဆီနီ/ရှုးရှဲ)
👨‍🍳 ၄ပွဲစာတစ်ထုပ်- ၃၇၀၀ကျပ်
👨‍🍳၂ပွဲစာတစ်ထုပ်- ၂၀၀၀ကျပ်

💖ထမင်းသုပ်လေး လက်ဆောင်ရလို့ စားကြည့်ပြီး စွဲသွားပြီအစ်မရေ
ရန်ကုန်ဘယ်မှာ၀ယ်လို့ရမလဲ…***တဲ့

💖အရသာကကွက်တိ၊ စားတိုင်းစိတ်ကျေနပ်မှုရတယ်မောင်လေးရေ..
ရိက္ခာစုဖို့ဆိုလည်းအတော်ပဲ၊ လက်ဆောင်ပေးလို့လည်းအရမ်းလှ၊ ပြန်ရောင်းဖို့မဟုတ်ပေမယ့် အမျိုးတွေ ေ၀မှာမို့ အထုပ်၃၀သာပို့နော…**

💖ပါကင်လေးကလည်းလှ၊ အရသာကလည်းကောင်းလို့ သူများတွေပါစားစေချင်သွားပြီး ပြန်ရောင်းချင်လာတာအစ်ကိုရေ.. နယ်ကိုယ်စားလှယ်ပေးလား..**

ငွေကြေးအမြတ်ဆိုတာထက် ပိုအဖိုးတန်တဲ့ ကျေနပ်ပီတိလေးတွေ💖💖💖

#ထမင်းဖြူတစ်ပွဲရှိရုံနဲ့ အရသာရှိတဲ့စားသောက်ဖွယ်ရာတစ်ခုကိုဖန်တီးစားသုံးနိုင်ပါပြီ😊..
မိမိအိမ်က တစ်ဖဝါးမှမခွာပဲပြည်မြို့က်ိုအရောက်သွားစရာမလိုပဲ
ပြည်မြို့ကိုရောက်ရှိစားသောက်လိုက်ရသကဲ့သို့အရသာနဲ့ခံစားမှုကိုပေးစွမ်းနိုင်တဲ့
ပြည်ဒေသထွက် ြည်ထမင်းသုပ် ဖြစ်ပါတယ်ခင်ဗျ။
ကျန်းမာရေးအတွက်ရှေ့ရှူပြီး သဘာဝပစ္စည်းများကိုသာ အသုံးပြုထားတာကြောင့် အသက်အရွယ်မရွေးစိတ်ချယုံကြည်စွာစားသုံးနိုင်ပါတယ်။.
စားသုံးဖူးပြီးသော Customer များရဲ့ ကောင်းမွန်ကျေနပ်ဖွယ်ရာ Feedbackများစွာကိုလည်းပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။...
အထုပ်ကြီး ၄ပွဲစာ -၂၇၀၀
အထုပ်သေး၂ပွဲစာ- ၁၅၀၀ စသည်ဖြင့်ဈေးနှုန်းသင့်တင့်စွာသတ်မှတ်ထားရှိထားပါတယ်ခင်ဗျ။

မြို့တိုင်းကိုအိမ်အရောက်ပို့စနစ်ရှိပါတယ်
095184569, 095187759, 09794477719, 09794477715.
(အမြ်ို့မြို့အနယ်နယ်မှ ကိုယ်စားလှယ်ရယူချင်သူများလည်းဆက်သွယ်နိုင်ပါတယ်)

ကိုယ်စားလှယ်တော်ကြီးများ.............

ပြည်
၃၃၈ ကုန်သည်လမ်း
forever food centre
095184569,095187759

မုံရွာ
အောင်သုခ မုန့်ဆိုင်
ဘုရားကြီးရပ်
ဆိုင်းတန်းလမ်း
မုံရွာမြို့
09 400419841( ငယ်လေး)

မန္တလေး
No.. 17-18, 77 Road,
Between 32x33,
ဇောတိကလမ်းထောင့်
Chan AyeTha Zan T/S,Mandalay.
Ph -09260287773

ရန်ကုန်
Twin Centro Condo
Baho Road
Sanchaung T/S
Near Asia Royal Hospital
Ph: 09 5046500/ 09 5028236

ရန်ကုန်
ရန်ကုန်-အမှတ် ၆ (မြေညီ)သပြေညိုလမ်း စမ်းချောင်း
ဖုန်း -09 260 28 7775

ထားဝယ်
ပွင့်ဦး ၈၁၂၊ရွှေတောင်စားလမ်း၊ကရပ်ပြင်ရပ်၊ထားဝယ်၊၀၉၄၂၂၁၉၁၈၅၅

တောင်ကြီး
ဒေါ်ရင်မိမုန့်ဆိုင်
မ-83 မြတ်လေးလမ်း ဟော်ကုန်းရပ်ကွက် တောင်ကြီး
Ph-09-785212772/09-985212772
ကလောသံဆိုင်အနီး /solar သောက်ရေသန့်လမ်း

နေပြည်တော်
အောင်သီရိမုန့်ဖတ်ဆိုင်
ချယ်ရီဈေး
နေပြည်တော်
၀၉၄၂၀၇၁၈၀၇၁

ဘားအံ
48 Store
အမှတ်(၉) ၊ရေကျော်၊ ဘားအံ မြဝတီလမ်း၊ နွယ်ဆက်တည်းခိုခန်းနှင့်မျက်နှာချင်းဆိုင်၊ စိုးလျပ်စစ် အနီး ၀၉၇၈၈၇၂၆၂၆၂

တဥက္ကလာပ
ရွှေဆင့် (မြိတ်)
ဒေသထွက်လက်ဆောင်ပစ္စည်းရောင်းဝယ်ရေးနှင့်ကုန်စုံများ
Ph: 09-682202953 , 09-788882717
1A/42 ၊ ဥဇနာလမ်း၊ မြသီတာအိမ်ရာ ၁၁ ရပ်ကွက် တောင်ဥက္ကလာပမြို့နယ်

ကိုယ်စားလှယ်သဘောမျိုးမဟုတ်ဘဲ နယ်ဖောက်သည်တွေလည်း ဖောက်သည်စျေးပေးပါတယ်။

💥USA, Japan, Singapore…
တို့မှာလည်း Forever ပြည်ထမင်းသုပ် ၀ယ်လို့ရနေပါပြီခင်ဗျ။

Forever ရဲ့စေတနာက စားသုံးသူလက်ထဲ စျေးအသက်သာဆုံးနဲ့ အရသာအကောင်းဆုံးကိုသာ ထည့်ပေးချင်တာမို့ ကိုယ်စားလှယ်စျေးရယ်လို့ တအားမခွါထားပါဘူးခင်ဗျာ။
အဲ့ဒါအတွက် ကိုယ်စားလှယ်များကိုလည်း အားနာရပါတယ်။
စေတနာကောင်းတဲ့ အမြတ်အစွန်းအဓ်ိကမထားတဲ့ ကိုယ်စားလှယ်များကိုလည်း လေးစားစွာကျေးဇူးတင်ရပါတယ်။

Forever (ထာ၀ရ)
ပြည်ထမင်းသုပ်

💥ဒေသအလိုက် နာမည်ကျော်အစားအစာတွေထဲမှာ ပြည်ထမင်းသုပ်လည်းပါတယ်နော်။
အသင့်စား ထမင်းသုပ်အနှစ်ထုပ်လေးသာဆောင်ထားလိုက်😍
ဟင်းမချက်ဖြစ်တဲ့ရက်မျိုးမှာ ထမင်းတစ်အိုးတည်ထားရုံနဲ့တင် အရသာရှိရှိ မြိန်ရေရှက်ရေ ဗိုက်ပြည့်စေရမယ်ဗျာ😋
အာလူးနဲ့ ပဲကြာဇံလေးပြုတ်ထည့်၊ ဂေါ်ဖီရိတ်ရိတ်လှီး နံနံပင်လေးပါထည့်သုပ်..
ကြက်ဥကြော် ၊ ဆိတ်မွကြော်၊ ကြက်မွကြော်တွေနဲ့သာတွဲဖက်လိုက်ရင်တော့ ဆွေမျိုးပါမေ့ပြီဗျို့😋

အဲ့ဒါတွေမပါ ဒီအတိုင်းသာသုပ်စားလည်း စားကောင်းစေဖို့ အာမခံပါတယ်ခင်ဗျာ။

အနှစ်ထုပ်ကို ထမင်းမှမဟုတ် ခေါက်ဆွဲ နန်းကြီး နန်းပြားတို့နဲ့သုပ်စားလို့လည်းရပါတယ်။ အသားကြိုက်သူက ကြက်သားလေးချက်ထည့် ငါးဖယ်လေးညှပ်ထည့်လိုက်ရင် မန်းလေးမုန့်တီသုပ်ရပါပြီခင်ဗျား။

ပဲဆီစစ်စစ်နဲ့ စီမံထားတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ Healthy Food လေးမို့ အိမ်မှာဆောင်ထားမလား လက်ဆောင်ပေးမလား အင်မတန်မျက်နှာပန်းလှပါတယ်။

Photos from Forever Food Centre's post 16/09/2022

ချဉ်ဖြုန်းလေး အအီပြေ အမူးအမော်ပြေ ခံတွင်းရှင်း ကျန်းမာရေးအတွက်လည်းအထောက်အကူပြု 👍
အရမ်းစားကောင်းလို့ ချစ်တဲ့သူတွေကိုလည်း စားကြည့်စေချင်ပါတယ်

💥ချဉ်စော်ကားသီးယို ၂၀၀ဂရမ်- 2800ကျပ်
💥ချဉ်စော်ကားသီးတော်ဖီ၂၀၀ဂရမ်- 2800ကျပ်

#ချဉ်စော်ကားသီး 🍐🍐🍐

ဖိုင်ဘာအမျှင်(Dietary Fiber)၊ဓာတ်တိုးဆန့်ကျင်ပစ္စည်း(Antioxidants)၊ဗီတာမင်နှင့် သတ္ထုဓာတ်(Vitamins & Minerals) စသည့် အဟာရဓာတ်များစွာ ပါဝင်ပြီး သင်းပျံ့တဲ့ရနံ့ရှိပေမဲ့အနည်းငယ်ချဉ်သောအရသာနှင့် မာကြောကြမ်းတမ်းသည့်အတွက် တစ်ခြားသစ်သီးများကဲသို့ စားသုံးမရပါ။ ဒါပေမဲ့ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုတဲ့
ချဉ်စော်ကားသီးကို

☑️ချဉ်စော်ကားသီးယို
☑️ချဉ်စော်ကားသီးတော်ဖီ
များအဖြစ် စီမံထုတ်လုပ်ထားပါတယ်။
ဘေးဥပါဒ်ဖြစ်စေသော ဓာတုဆိုးဆေးနှင့် တာရှည်ခံဆေးဝါးများ လုံးဝမပါဝင်ဘဲ သဘာဝအတိုင်းစီမံထုတ်လုပ်ထားသော ချဉ်စော်ကားသီး ထုတ်ကုန်များကို
မှာယူသုံးဆောင်နိုင်ပါပြီ။
❤️ ❤️ ❤️

Photos from Forever Food Centre's post 07/06/2022

ပုဇွန်ခြောက်ငံပြာရည်ကြော် (အစပ်)
👨‍🍳 ၁၅ကျပ်သားတစ်ဘူး- ၃၅၀၀ကျပ်

ရွှေပုဇွန်ခြောက်ကို ပဲဆီစစ်စစ်နဲ့ ရှယ်ငံပြာရည်လေးနဲ့ အစပ်ကြော်ပါခင်ဗျာ။
ထမင်းမြိန်စေမယ့် အရသာလေးမို့ တခြားအသားဟင်းမပါရင်တောင် ထမင်းပူပူလေးနဲ့ နယ်ဖတ်ပြီး အတို့အမြုပ်လေးနဲ့ဆွဲရင် အနည်းလေးနှစ်ပန်းကန်ပဲ 😋😁

ပဲဆီစစ်စစ်ကိုသုံးတာမို့ စိတ်ချလက်ချစားသုံးကြပါခင်ဗျာ
အမြတ်အစွန်းအဓ်ိကမထားပါဘူး။ Healthy Food လေးတော့ဖြစ်ချင်လို့ပါ။

Forever မှ စထုတ်တဲ့ အသင့်စားလေးတွေမို့ လိုအပ်ချက်များရှိရင်လည်း အကြံပေးကြပါခင်ဗျာ။

💥အနယ်နယ်အရပ်ရပ်ကိုလည်း ပို့ပေးပါတယ်။
ဖုန်းဆက်မှာလို့လည်းရပါတယ်ခင်ဗျ
095184569
09794477715
09794477719

Photos from Forever Food Centre's post 07/06/2022

💥ဒေသအလိုက် နာမည်ကျော်အစားအစာတွေထဲမှာ တောလက်ဖက်ဆိုတာ ပြည်မြို့ရဲ့ နာမည်ကျော် အစားအစာ တစ်ခုပါ။

တောလက်ဖက်ကို ကြက်သွန်နီပါးပါးလှီး၊ ကြက်သွန်ဖြူ၊ ဆား၊ ငံပြာရည်၊ ပုဇွန်ခြောက်မှုန့်၊ ဆီ၊ သံပုရာသီးလေးနဲ့ နယ်ပြီး လက်ဖက်အကြော်စုံလေးနဲ့တွဲစားလိုက်ရင် အရသာအင်မတန်ထူးကဲပါ့ဗျာ😋
သူရဲ့ အားသာချက်ကတော့ ရင်တုန်တာ၊ အိပ်မပျော်တာတွေ မဖြစ်စေပါဘူး။

💥တောလက်ဖက်(နိဗ္ဗန္နတောလက်ဖက်)
💥တောလက်ဖက်နှပ်
၁၅ကျပ်သားတစ်ဘူး- ၃၅၀၀ကျပ်

ပဲဆီစစ်စစ်နဲ့ နှပ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ Healthy Food လေးမို့ အိမ်မှာဆောင်ထားမလား လက်ဆောင်ပေးမလား အင်မတန်မျက်နှာပန်းလှပါတယ်။

တောလက်ဖက်ဆိုတာ ပြည်မြို့ရဲ့ နာမည်ကျော် အစားအစာ တစ်ခုပါ။ သူ့ကို သီလရှင်လက်ဖက်၊ နိဗ္ဗိန္နလက်ဖက်လို့လည်း ခေါ်ကြပါသေးတယ်။

ဟိုးအရင်ကတော့ နိဗ္ဗိန္နတောရက သီလရှင် ဆရာလေးတွေဟာ တပေါင်း၊ တန်ခူး ကာလတွေမှာ ဆေးဖက်ဝင်လှတဲ့ နရွဲရွက်ကို ခူးပြီး ရေနွေးနဲ့ပြုတ်၊ ပြန်ညှစ်၊ သန့်စင်ပြီး အင်ဖက်၊ ဘန့်ပွေးဖက်၊ တောင်စဉ်ဖက်တွေနဲ့ ထုပ် နှီးလေးနဲ့ ကြပ်နေအောင် ချည်ပြီး စဉ့်အိုးတွေထဲမှာ ရေထည့်ပြီး နှစ်ပေါက်အောင် နှပ်ထားပေးရပါတယ်။ လာလည်တဲ့ လူတွေ၊ တရားအားထုတ်သူတွေကို ဧည့်ခံတဲ့ လက်ဖက်အဖြစ်ကနေ ဈေးကွက်ထဲထိ ထိုးဖောက်လာခဲ့တဲ့ ဒေသစာစစ်စစ် လက်လုပ် လက်ဖက်လေးတွေပါ။

သူရဲ့ အားသာချက်ကတော့ ရင်တုန်တာ၊ အိပ်မပျော်တာတွေ မဖြစ်စေပါဘူး။ ဒါကြောင့် လက်ဖက်ကြိုက်ပေမယ့် လက်ဖက်စားရင် အိပ်မပျော် ရင်တုန်တတ်သူတွေက တောလက်ဖက်လေးကို ရေထဲ စိမ်ထားပြီး အိမ်မှာ အမြဲဆောင်ထားပါတယ်။ ရေလေးသာ လဲပေးရင် နှစ်ပေါက်အောင် အထားခံတဲ့ အံ့ဖွယ် လက်လုပ် ရိုးရာလက်ဖက်ထုပ်လေးတွေပါ။

ဖက် အထပ်ထပ်နဲ့ ဖြေလိုက်တဲ့အခါ အထဲမှာ တွေ့ရတဲ့ လက်ဖက်အသားလေးတွေကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ငံပြာရည်၊ ပုဇွန်ခြောက်မှုန့်၊ ဆီ၊ သံပုရာသီးလေးနဲ့ နယ်ပြီး စားလိုက်ရင် ခံတွင်းကို မြိန်ရောပေါ့။ အားနည်းချက်ကတော့ အင်ဖက်ကို ရေစိမ်ထားတဲ့အတွက် အနံ့လေး ရှိပါတယ်။ သူက ဒီအတိုင်းဆို မထွက်ပေမယ့် နယ်တဲ့ အခါ လက်မှာ စွဲနေတတ်ပါတယ်။ ဒါကြောင့်မို့ နယ်တဲ့အခါ လက်အိတ်လေးနဲ့ သုံးပြီး နယ်ပေးပေါ့နော်။ နှပ်ပြီးသားရချင်ရင်လည်း အသင့်နှပ်လေးရပါတယ်။

ဒီလက်ဖက်လေးက လေထိုး၊ လေအောင့်တာ မဖြစ်စေသလို ဓမ္မတာလာစဉ် လက်ဖက်စားမရသူတွေလည်း စားလို့ရပါတယ်။

Forever မှ စထုတ်တဲ့ အသင့်စားလေးတွေမို့ လိုအပ်ချက်များရှိရင်လည်း အကြံပေးကြပါခင်ဗျာ။

💥အနယ်နယ်အရပ်ရပ်ကိုလည်း ပို့ပေးပါတယ်။
ဖုန်းဆက်မှာလို့လည်းရပါတယ်ခင်ဗျ
095184569
09794477715
09794477719

Photos from Forever Food Centre's post 07/06/2022

Forever တို့ဟူးကြော်
ဆိမ့်ဆိမ့်လေးနဲ့စားကောင်းလှသနော်
🥖🥖🥖🥖

Forever (ထာဝရ)
တို့ဟူးကြွပ်ကြော်(အချို/အစပ်)
တစ်ထုပ်- ၂၅၀၀ကျပ်

ကြွပ်ကြွပ်ရွရွ ဆိမ့်ဆိမ့် တို့ဟူးကြော်လေး စားကောင်းလွန်းလို့ များများစားချင်တယ် တောင်းဆိုကြလွန်းလို့ မီနူးအသစ်အဖြစ် ထုတ်ပေးလိုက်ပါပြီနော်😍
ပဲဆီစစ်စစ် သန့်သန့်နဲ့ကြော်ထားတာမို့ Healthy Food ပဲစားချင်သူတွေ စိတ်ချလက်ချစားသုံးပါခင်ဗျာ❤️
Snack အဖြစ် ဒီတိုင်းပဲစားစား၊ ထမင်းသုပ်ထဲထည့်စားစား၊ ထမင်းဖြူလေး ဆီဆမ်းပြီးတို့ဟူးကြော်လေးနဲ့စားမလား..
အင်မတန်အရသာရှိရှိ အဟာရလည်းအပြည့်မို့ တခြားမုန့်တွေမှာရင်း ဒလီခတန်အောင် ထည့်မှာနိုင်ပါပြီနော်😍

Want your business to be the top-listed Grocery Store in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


338, Merchant Street
Pyay

Opening Hours

Monday 06:30 - 21:30
Tuesday 06:30 - 21:30
Wednesday 06:30 - 21:30
Thursday 06:30 - 21:30
Friday 06:30 - 21:30
Saturday 06:30 - 22:00
Sunday 06:30 - 21:30