First Myanmar Baptist Church - Pyay
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from First Myanmar Baptist Church - Pyay, Religious organisation, Pyay String Road, Pyay.
28/03/2026
ကျန်ရစ်သူ မိသားစုမှ မေတ္တာဖြင့်
ဖိတ်ခေါ်ပါတယ်🙏🏻🙏🏻🙏🏻
26 ‘ March ; 2026 နေ့တွင် အသင်းတော်၌ ပြုလုပ်ကျင်းပခဲ့သော အသင်းတော်၏ မိခင်ကြီး ဒေါ်ဧသတာ၏ စျာပန ဝတ်၌ အသင်းသူ/သားများ ကျူးဧခဲ့ကြသော ဓမ္မတေးကို အမှတ်တရ ဖေါ်ပြအပ်ပါသည်။
အစီအစဉ်၌ပါဝင်ခဲ့ကြသော ဆရာ ဆရာမများ အသင်းသူ အသင်းသားများနှင့် ဆွေမျိုးမိသင်္ဂဟ အပေါင်းကို ကျန်ရစ်သူမိသားစု ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါသည်။
✝️✝️✝️
13/12/2025
အတိုင်းထက်အလွန်ဘဲ
🕺🕺🕺🕺🕺🕺🕺
အစကတော့ ခေါင်းလောင်းစင်ကို အသုံးပြုလို့ရအောင် ဘဲရည်ရွယ် ပြင်ဆင်ခဲ့တာပါ။ အခုတော့ ရည်ရွယ်တာထက် ပိုပြည့်စုံနေပါပြီ။ အတိုင်းထက်အလွန်ပါဘဲ။ဆက်ကပ်လုပ်ဆောင်ပေးတဲ့ ဦးစောအယ်ထူးမိသာစုအပေါ် ဘုရားသခင်ကောင်းကြီးပေးပါစေ🙏🙏🙏
06/12/2025
အသံထွက်ရုံမဟုတ်ပါ
🔔🔔🔔🔔🔔🔔🔔
အသင်းတော်၏ ခေါင်းလောင်းကို ပြန်လည် ထိုးနိုင်ရန် ခိုင်ခံ့အောင်ပြင်ဆင်ရုံမက လှပအောင် ဆေးပြန်သုတ်ရန်လည်း လုပ်ဆောင်နေပါတယ်။ တာဝန်ယူ ဆက်ကပ်လုပ်ဆောင်ပေးပါသော ဦးစောအယ်ထူးနှင့် အဖွဲ့သားများအပေါ် ဘုရားသခင် ကောင်းကြီးပေးပါစေ 🙏🙏🙏
02/12/2025
စ ပြီနော်
🏃🏃🏃
ယနေ့ နနက် အသင်းတော်၏ ခေါင်းလောင်းစင် ပြန်လည် ပြင်ဆင်မွံးမံခြင်း အစီအစဥ် ကိုစတင် လုပ်ဆောင်နေပါပြီ။ ဦးစွာ လုပ်ငန်းစဥ်နှင့် ပါဝင်ဆက်ကပ်သော ဦးစောအယ်ထူးနှင့်အဖွဲ့သားများကို Rev-ဆရာဦးဇော်မင်းထွန်းမှ ဘုရားသခင်ထံ ဆုတောင်းဆက်ကပ်ပေးခဲ့ပါသည်။ဆက်လက်၍ အသင်းတော်မှ ဆရာ ဆရာမများနှင့် တာဝန်ရှိအလုပ်အမှူ့ဆောင်များမှပံ့ပိုးလျှက် လုပ်ငန်းခွင်ကို စတင်လုပ်ဆောင်လျှက်ရှိပါပြီ။
28/11/2025
ဒီဇင်ဘာရဲ့ နှင်းစက်နဲ့အတူ ခေါင်းလောင်းသံလေး ပျံ့လွင့်လာပါတော့မည်
🔕🔕🔕🔜🔔🔔🔔
အသင်းတော်၏ ခေါင်းလောင်းစင်သည် အုပ်ခေါင်မိုး ကွဲအက်မှူ့ကြောင့်၎င်း ၊ ဘေးမှ မိုးပက်ခြင်းကြောင့်၎င်း ခေါင်းလောင်းရှိသည့် အပေါ်ဆုံးထပ် ကြမ်းခင်းသည် ဆွေးမြှေ့လျက်ရှိနေပါသည်။ခေါင်းလောင်းကိုထိုးလိုက်လျှင် ကြမ်းကျွံ၍ ပြုတ်ကျလာမည် စိုးသောကြောင့် အသုံးမပြုခဲ့ရသည်မှာ နှစ်ချီကြာခဲ့ပါပြီ။
ယခုအခါ Rev-ဦးဇော်မင်းထွန်း၏ဦီးဆောင်မှူ့ဖြင့် အသင်းတော်၏ တည်ဆောက်ပြုပြင်ရေး ကော်မတီမှ တာဝန်ယူပြီးပြန်လည်ပြုပြင်ရန်လုပ်ဆောင်နေပါပြီ။
လိုအပ်သော ပညာရှင်ကို အကူအညီတောင်းသောအခါ ကျေးဇူးတော်ကြောင့် အသင်းတော်တွင်ပါဝင်လျှက်ရှိသော ပြည်သူ့ဆောက်လုပ်ရေးမှ ဦးစောအယ်ထူးထံမှ အကူအညီရရှိခဲ့ပါသည်။
(ယနေ့ နံနက် ဦးစောအယ်ထူးနှင့်ပညာရှင်များမှ ခေါင်းလောင်းစင်အား ကွင်းဆင်းကြည့်ရှူ့စဉ်)
05/10/2025
မေတ္ထာဖြင့် ဖိတ်ခေါ်ပါတယ်
ဆရာမ နန့်တင်တင်အေးကို ချစ်ရင်
လာခဲ့ကြနော်❤️
29/09/2025
ပထမ မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော်၏ တွဲဖက်ဘဏ္ဏာထိန်းဖြစ်သော ဆရာမဒေါ်နန့်တင်တင်အေး ၏ နောက်ဆုံးပြုအပ်သော စျာပန ဝတ်ကို ကြွရောက်မေတ္တာပြနိုင်ရန် အတွက် မိသားစုကိုယ်စား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
19/08/2025
ရပ်နီးရပ်ဝေးမှ ယုံကြည်သူ ဓမ္မမိတ်ဆွေများနှင့် သူငယ်ချင်းအပေါင်းအသင်းအားလုံးကို ဝမ်းနည်းစွာဖြင့်အသိပေး ဖိတ်ကြားအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Pyay String Road
Pyay