Pyay Elephant Camp
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyay Elephant Camp, bago division (west) pyay township;NattHmaw village, Pyay.
13/11/2025
ယနေ့ နတ်မှော်စခန်းမှ သားသားလေးမောင်ဇာနည်ဘုန်းဉာဏ်၏ (၂)နှစ်ပြည့်မွေးနေ့အလှူအဖြစ် နတ်မှော်ဆင်စခန်းရှိဆင်ကလေးများအား ဆင်စာဘူဖေးကျွေးမွေးခြင်း၊ ဆင်စခန်းဝန်ထမ်းမိသားစုများအား ကြာဇံချက် အဟာရဒါန ကျွေးမွေးခြင်းတို့အတွက် ဆင်စခန်းဝန်ထမ်းမိသားစုမှ ဝမ်းမြောက်စွာမှတ်တမ်းတင်အပ်ပါသည်။
သားသားလေး မောင်ဇာနည်ဘုန်းဉာဏ်သည်လည်း ပညာတံခွန် လူရည်ချွန်ဖြစ်၍၊သက်ရှည်ကျန်းမာစွာဖြင့် မိသားစုအကျိုး၊အမျိုးဘာသာ၊သာသနာအကျိုးကို ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
နတ်မှော်ဆင်စခန်းမိသားစု
13/11/2025
ယနေ့ နတ်မှော်ဆင်စခန်းသို့ Sacred Heart Private School မှ ဆရာ၊ဆရာမများ ၊ကျောင်းသား၊ကျောင်းသူ သားသားမီးမီးများ လာရောက်အပန်းဖြေလည်ပတ်၍ ဆင်စာကျွေးခြင်း၊ဆင်ပြတိုက်အားလေ့လာခြင်း၊ဆင်စခန်းကစားကွင်းတွင် ပျော်ရွှင်စွာကစားခြင်းများဆောင်ရွက်ကြပါသည်။
လာရောက်လည်ပတ်ကြသောသားသားမီးမီးများ၊ဆရာ၊ဆရာမများ ဘဝနှင့်ဆန္ဒတထပ်တည်းကြ၍ ပျော်ရွှင်ဖွယ်အချိန်များ၊ များစွာပိုင်ဆိုင်နိုင်ကြပါစေ။
နတ်မှော်ဆင်စခန်းမိသားစု
03/10/2025
ယနေ့နတ်မှော်ဆင်စခန်းသို့ Little Explorers Preschool.LEP မှဆရာ၊ဆရာမများ၊သားသားမီးမီးများလာ ရောက်၍ ဆင်စာဘူဖေးကျွေးခြင်း။ဆင်ပြတိုက်လေ့လာခြင်းနှင့်မြစ်ကမ်းနဘေး
အနားယူ အပန်းဖြေ ဆော့ကစားကြသည်။
ဆင်စာဘူဖေးကျွေးခြင်းနှင့်လာရောက်အပန်းဖြေလည်ပတ်ခြင်းတို့အတွက်အထူးပင် ကျေးဇူးတင်ရှိပါကြောင်း
***နတ်မှော်ဆင်စခန်းမိသားစု***
28/09/2025
ယနေ့ နတ်မှော်ဆင်စခန်းသို့Mother Heart ကိုယ်ပိုင်ကျောင်းမှ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူလေးများ လာရောက်၍ ဆင်စာကျွေးခြင်း၊ဆင်စီးခြင်း နှင့် ဆင်ပြတိုက်လေ့လာခြင်းများဆောင်ရွက်ကြပါသည်။
သားသားမီးမီးများ ပျော်ရွှင်ဗဟုသုတတိုးပွားကြပါစေ
***နတ်မှော်ဆင်စခန်း***
25/09/2025
နတ်မှော်ဆင်စခန်းရှိ ဆင်လေးများအား ဆင်စာများလာရောက်ကျွေးမွေးပါသော R9 family အားအထူးပင် ကျေးဇူးတင်ရှိပါကြောင်း
--- ဆင်စခန်းမိသားစု----
26/08/2025
ဆင်စာများလာရောက်ကျွေးမွေးပါသော R9 family အား ဆင်စခန်းမိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း
27/01/2025
ဒီနေ့(27.1.2025)ရက်နေ့ အလှူရှင် ရန်ကုန်မြို့မှ ကိုမြတ်+မသက် မိသားစုတို့မှ ဆင်စာ ဘူဖေး အလှူငွေ 100000 ကျပ်ဖိုးကျွေးမွေးလှူဒါန်းပါသည်။
အလှူရှင်မိသားစုတို့စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့် အလှူရေစက်လက်နှင့်မခွာ ဆက်လက်လှူဒါန်းနိုင်ကြပါစေ။
21/01/2025
ဧရာဝတီမြစ်ကြီးရယ်၊ပန်းခင်းတွေနဲ့ မိမိုက်လှပနေသော နတ်မှော်ဆင်စခန်း
19/10/2024
Big shout out to my newest top fans! 💎 Nilar Aye
Drop a comment to welcome them to our community,
Alerts
Be the first to know and let us send you an email when Pyay Elephant Camp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Subscribe
We will notify you when anything happens in Pyay.