DAY LIGHT Computer

DAY LIGHT Computer

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DAY LIGHT Computer, Art Restoration Service, Pyay.

03/05/2024

ကောင်းစားစေချင်လို့ဆိုပြီး 🥲😔
လူကြားထဲမှာ အရှက်ခွဲခဲ့တဲ့လူတစ်ချို့ရယ်။

ခင်လို့စတာပါဆိုပြီး အားနည်းချက်ကို
လှောင်ပြောင်ခဲ့တဲ့ လူတစ်ချို့ရယ်။

ဖြစ်တတ်ပါတယ်ဆိုပြီး ဟန်ဆောင်မူသားတွေနဲ့
နှစ်သိမ့်ပေးနေတဲ့ လူတစ်ချို့ရယ်။

ငါ့ဘ၀မှာ မင်းကိုအခင်ဆုံးဆိုပြီး သူစိမ်းဆန်သွားတဲ့ လူတစ်ချို့ရယ်။

နွေးထွေးစွာပွေ့ဖက်ထားမလိုနဲ့ ရင်၀ကို ရက်ရက်စက်စက် ဆောင့်ကန်သွားခဲ့တဲ့ လူတစ်ချို့ရယ်။

မင်းအတွက်ငါရှိတယ်ဆိုပြီး နောက်ကျောကို အကြိမ်ပေါင်းများစွာ ဓားနဲ့ထိုးခဲ့တဲ့ လူတစ်ချို့ရယ်။

ဆွဲထူမလိုနဲ့ ဆောင့်တွန်းခဲ့တဲ့ လူတစ်ချို့ရယ်။

ဘ၀မှာ အဲ့လိုလူတွေနဲ့ တွေ့ဖူးပြီဆိုရင်
မင်းဟာ စိတ်ထဲကမပါလဲ ပြုံးတတ်လာလိမ့်မယ်။

ရင်ထဲကမပါလဲ ဖော်ရွေပြတတ်လာလိမ့်မယ်။

နာကျင်ရတာတွေများလာတဲ့အခါ မင်းရင်ဘတ်ကြီး ထုံလာလိမ့်မယ်။

မျိုသိပ်ရတာများလာတဲ့အခါ တိတ်ဆိတ်လာလိမ့်မယ်။

ပစ်ထားခံရတာများလာတော့ တစ်ယောက်ထဲ နေတတ်သွားလိမ့်မယ်။

အထင်လွှဲခံရတာတွေများလာတော့ ဘာကိုမှဂရုမစိုက်ပဲ နေတတ်လာလိမ့်မယ်။

မေတ္တာကိုဈေးနိမ်ခံရတာတွေများလာတော့ ဥပက္ခာပြုတတ်လာလိမ့်မယ်။

ဖက်တွက်ထားရတာ ပင်ပန်းမှန်းသိလာတော့ လက်လွတ်တတ်လာလိမ့်မယ်။

သဘောကောင်းတဲ့သူဟာ ခံရပါများလာတော့ ပြတ်သားတတ်လာလိမ့်မယ်။

ဆုတ်ကိုင်ထားရတာ ပူ‌လောင်မှန်းသိလာတော့ ဖြေလျော့ပေးတတ်လာလိမ့်မယ်။

ချစ်ရတာ မအေးချမ်းမှန်းသိလာတော့ မနှောင်ဖွဲ့မိအောင် နေထိုင်တတ်လာလိမ့်မယ်။

ဒီသဘောတရားတွေကို နားလည်သွားတဲ့နောက်ပိုင်းမှာ ဘယ်အရာတွေကမှ မင်းရဲ့စိတ်ကို နာကျင်အောင် လာမလုပ်နိုင်တော့ဘူးပေါ့။

ရင့်ကျက်သွားတာတော့ မဟုတ်ပါဘူး
လူတွေကမင်းကို သင်ခန်းစာတွေပေးသွားတာကြောင့် အဲ့ဒီသင်ခန်းစားတွေအတိုင်း လိုက်နာကျင့်သုံးသွားတတ်တဲ့သဘောပါပဲ။

ဒါကြောင့်လူတွေရဲ့သဘောကို သိနားလည်သူတွေဟာ ဘယ်အရာပေါ်မှာမှ စိတ်ခံစားချက်တွေ မထားဖြစ်တော့ဘူး။ ဘယ်သူ့အပေါ်မှာလဲ မမျော်လင့်တတ်ကြတော့ဘူး။

Want your business to be the top-listed Business in Pyay?
Click here to claim your Sponsored Listing.

Website

Address


Pyay