Random Guys In Your Area

Random Guys In Your Area

Share

Vibes

07/04/2025

ကျွန်တော်တို့ RDMG အဖွဲ့အစည်းသည်အမျိုးမျိုးသောအကြောင်းအရင်းများကြောင့် အလှူငွေလက်ခံခြင်း ရိက္ခာလက်ခံခြင်း နှင့် အခြား‌ေသာအလှူပစ္စည်းများလက်ခံခြင်းကို ရပ်နားလိုက်ပါသည် အလှူရှင်များလှူဒါန်းထားသော ကျန်ရှိ‌ေသာငွေကြေးများကို ဒုက္ခသင့်နေသောဒေသများသို့ဆက်လက်လှူဒါန်းပေးသွားပါမည် အလှူပစ္စည်းများလက်ခံခြင်းနှင့်အလှူငွေကောက်ခံခြင်းများသည်လိုအပ်သောဒေသများကိုထိရောက်စွာလှူဒါန်းပြီးစီးသည်ဖြစ်သောကြောင့်ရပ်နားထားကြောင်းအသိပေးအပ်ပါသည်။

#ငလျင်ဘေးအလှူ
#ငလျင်အလှူဒါန
#ရပ်နားခြင်း

Photos from Random Guys In Your Area's post 05/04/2025

မြေပြင်ချပြမှု

ကျွန်တော်တို့ RDMG မှမြေပြင်အရောက်ထောက်ပံ့မှုပါခင်ဗျာ မြေပြင်မှာ၄ရက်ဆက်တိုက်ငွေပို့၍ထောက်ပံ့မှုကိုအလှူရှင်ညီအစ်ကိုမောင်နှများသိရှိစေရန်နှင့်ကုသိုလ်များရရှိစေရန်မုဒိတာပွားနိုင်ရန်ရည်ရွယ်၍ချပြလိုက်ရပါတယ်ခင်ဗျာ။
Member Min Htet Aung

နောက်ထက်လည်းထပ်မံရှိသေးတဲ့အတွက်ချပြဖို့ကိုအတက်နိုင်ဆုံးကြိုးစားပါ့မယ်ခင်ဗျာ။

#ငလျင်အလှူဒါန

05/04/2025

ကျွန်တော်တို့ team member လေးတွေနဲ့မိတ်ဆက်မပေးရလို့ပါခင်ဗျာ လာသမျှ campaign တွေကိုဘယ်မှာလှူလို့ရလဲဆိုတာလေးတွေပါမိတ်ဆက်ပေးပါ့မယ်ခင်ဗျာ အလှူငွေလက်ခံများကတော့
D Bhone Thwin

Min Nay Khaing

Min Htet Aung

Shin

Yati Cho

Htate Htar Kyaw Lwin

Lin Htet Ag

Kyaw Zin Win

တို့ဖြစ်ပြီးအလှူငွေများသွားရောက်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။

Photos from Random Guys In Your Area's post 04/04/2025

မြေပြင်အတွေ့အကြုံ

ကျွန်တော်တို့ RDMG ရဲ့မြေပြင်သမား Min Htet Aung ရဲ့မြေပြင်အတွေ့အကြုံများကိုပြန်လည်သုံးသပ်ပြီးစားနပ်ရိက္ခာအထောက်အပံ့များကိုခက်ခက်ခဲခဲရှားပါးနေသည့်နေရာမှအပမထောက်ပံ့တော့ပဲအလှူရှင်များအားမလိုအပ်သည်များမကုန်ကျစေရင်ဦးစားပေးဆုံးဖြတ်ခဲ့ပါသည် နစ်နာသူမိဘပြည်သူများမှာလည်းမတက်သာလို့သာသဘာဝဘေးအန္တရာယ်ကျခဲ့ရသူများဖြစ်သောကြောင့်သာမာန်လူတန်းစားများအနေဖြင့်ဝေငှသည်များကိုတန်းစီယူရန်ရှက်ရွံ့တက်သောကြောင့်တစ်အိမ်တက်ဆင်းထောက်ပံ့ခြင်းများသာဦးစားပေးဆောင်ရွက်သွားပါ့မယ်ခင်ဗျာ။ thyဆုံးခဲ့ရသောမိသားစုဝင်အလိုက် ဆေးဖိုးအားသာမာန်မိသားစုဝန်အားအထောက်အပံ့ ဘယ်လောက် အိမ်ထောင်ဦးစီးဆုံးရှုံးသူများအားဘယ်လောက်ထောက်ပံ့မည်ဟု၍ဆုံးဖြတ်ခဲ့ပါသည်ခင်ဗျာ။

ထပ်မံ၍လည်းငွေကြေးထောက်ပံ့နိုင်ရန်အတွက်ဆက်လက်၍ပြန်လည်ထူထောင်လေးအစဦးပိုင်းဟုအနည်းငယ်သတ်မှတ်ကာငွေကြေးအထောက်အပံ့ကိုသာရာခိုင်နှုန်းအနည်းငယ်ဦးစားပေး၍ဆောင်ရွက်သွားပါမည်ခင်ဗျာ။

ငလျင်မငြိမ်သက်သေးသော စားနပ်ရိက္ခာရှားပါးသော အမှန်တကယ်လိုအပ်‌ေသာ ဒေသများမှမိဘပြည်သူများအတွက် ကိုသာရိက္ခာပို့ဆောင်ခြင်းကိုဦးစားပေးလုပ်ဆောင်ပါမည်ခင်ဗျာ။

#ငလျင်အလှူဒါန

Photos from Random Guys In Your Area's post 04/04/2025

ကျွန်တော်တို့အဖွဲ့မှ ရေသီးသန့် ထောက်ပံ့ကူညီမှုပါခင်ဗျာ ပညာရေးဝန်ထမ်းများသို့ မြေပြင်ကြက်ခြေနီနှင့်အတူပူးပေါင်းကာလှူဒါန်းထားခြင်းသာဖြစ်ပါဗျ။
#ငလျင်အလှူဒါန

Photos from Random Guys In Your Area's post 03/04/2025

ဒုတိယအသုတ်ပါခင်ဗျာ
#ငလျင်အလှူဒါန

Photos from Random Guys In Your Area's post 03/04/2025

ကျွန်တော်တို့ကိုယုံကြည်စိတ်ချစွာလှူဒါန်းပေးထားပါသော အလှူရှင်များ certificate စာရင်း part1 ပါခင်ဗျ limit ပြည့်သွားလို့နောက်ထပ်လာပါအုံးမယ်ခင်ဗျာ ပိုးစိုးပက်စက်ကိုဝိုင်းကူကြတဲ့မြန်မာနိုင်ငံသားများရဲ့လူသားဆန်စိတ်ပါပဲခင်ဗျာ
#ငလျင်အလှူဒါန

Photos from Random Guys In Your Area's post 02/04/2025

ပဉ္စမခြေလှမ်း (ကျပ်သိန်း၂၀ဖိုး)
ကျွန်တော်တို့ဒီနေ့မှာတော့ မတည်အလှူရှင်များနဲ့တကွ ကျပ်သိန်း၂၀ဖိုးအထိ နေရာ၃နေရာခွဲပြီးလှူဒါန်းပေးထားပါတယ်ခင်ဗျ။

အင်းလေး / စစ်ကိုင်း / အင်းဝ /အမရပူရ /အထိကိုသေချာဖြန့်ကျက်ပြီးလှူဒါန်းထားပေးပါတယ်ခင်ဗျာ မြေပြင်တိကျစွာသွားရောက်မဲ့ညီကိုများနဲ့အတူတွေ့ဆုံပြီး ပစ္စည်းများကိုလက်ထဲအရောက်ထည့်၍လှူဒါန်းပေးလိုက်ခြင်းသာဖြစ်ပါတယ်ခင်ဗျာ။

ဒါ့အပြင် ပြည်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊တပ်ခွဲ(၃) နှင့်လည်းပူးပေါင်း၍လှူဒါန်းဖို့ထောက်ပံ့ခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျ။

စာရင်းအတိအကျပါခင်ဗျာ

အင်းလေး ၁၀၀,၀၀၀ ကျပ်တိတိ စစ်ကိုင်း ၁၀၀,၀၀၀ ကျပ်တိတိ

အင်း၀ (ချင်းမိုင်ရှိမြန်မာကျောင်းသားများမတည်) ၁,၀၀၀,၀၀၀ ကျပ်တိတိ

အထွေအထွေအထောက်အပံ့

မစံယွန်းမီ ၁၀၀,၀၀၀ ကျပ်တိတိ

ကိုခန့်ရှိန်ဝါနှင့်သူငယ်ချင်းများ မတည် ၅၁၈,၀၀၀ ကျပ်တိတိ

ပြည်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊တပ်ခွဲ(၃)သို့ ၇၀၄,၂၀၀ ကျပ်တိတိ

စုစုပေါင်း ၂,၀၀၄,၂၀၀ကျပ်တိတိ

လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျ။
နောက်တွေမှာလည်းဒီထက်သာနိုင်အောင်များနိုင်‌ေအာင် လှူနိုင်‌ေအာင်ကြိုးစားပါ့မယ်ခင်ဗျ။

စာကြွင်း - အက်မင်များခိုးငိုက်နေသောကြောင့်ယနေ့ကိုလာမတိုက်ခဲ့ပါ။

#ငလျင်အလှူဒါန #အင်းလေး #စစ်ကိုင်း #အင်းဝ #အမရပူရ

Photos from Random Guys In Your Area's post 01/04/2025

စတုတ္ထခြေလှမ်း (၁၁သိန်းဖိုး)
ဒီနေ့အလှည့်ကျတာတော့ကျွန်တော်တို့ နေပြည်တော်ဖက်ခြမ်းဖြစ်တဲ့ ပျဉ်းမနား ရမည်းသင်း ပျော်ဘွယ်ဖက်ကိုဦးစားပေးထားပါတယ်ခင်ဗျ ကျွန်တော်တို့အနေနဲ့မီးလုံးများပါထည့်သွင်းထားပါတယ်ခင်ဗျ

ရေသန့်အကဒ် ၂၈ကဒ် ၇၀,၀၀၀ကျပ်တိတိ
ဆေးပစ္စည်း ၄၉၀,၀၀၀ကျပ်တိတိ
ဆိုလာမီးသီး ၁၀လုံး ၂၀၀,၀၀၀ကျပ်တိတိ
မားမား၅ဖာ ၉၃၅၀၀ကျပ်
စနိုးကွတ်ကီးက၁၀ထုတ် ၃၂၀၀၀ကျပ်
ဆန်းဒေး၃ထုတ် ၄၅၃၀၀ကျပ်
အထွေထွေထောက်ပံ့စရိတ် ၁၇၀,၀၀၀ကျပ်တိတိ
ကားခ ၅၀၀၀ဝကျပ်တိတိ
စုစုပေါင်း ၁,၁၀၀,၈၀၀ကျပ်တိတိ
ထောက်ပံ့ကူညီထားပြီးဖြစ်ပါတယ်နောင်လာမဲ့ရက်တွေမှာလည်းလိုအပ်တဲ့ဒေသများကိုသေချာစုံးစမ်းပြီးထောက်ပံ့ပါ့မယ်ခင်ဗျ။
(ပိုနေသော၅ထောင်အားadminအုပ်စုမှကိုလာ၃ဗူးဝယ်သောက်ခဲ့ပါတယ်ခင်ဗျာ)
#ငလျင်ဘေးအလှူ #ပျဉ်းမနား #ရမည်းသင်း #‌ပျော်ဘွယ်

Photos from Random Guys In Your Area's post 31/03/2025

တတိယခြေလှမ်း
ကျွန်တော်တို့ page မှယနေ့အလှူငွေစုစုပေါင်းမြေပြင်အဖွဲ့အတွက် ၅၅၀,၀၀၀ ကျပ်တိတိ ဆေးဖိုးအတွက် ၂၅၀,၀၀၀ ကျပ်တိတိ dbbအတွက် ၅,၀၀၀၀ ကျပ်တိတိ ကျန်ရှိသောပစ္စည်းဖိုး ၁၀၀,၀၀၀ကျပ်တိတိအားလှူဒါန်းပြီးစီးခဲ့ပြီဖြစ်ပါသည် ကျွန်တော်တို့စစ်ကိုင်းအတွက်ပြီးစီးပြီးသည့်နောက်မှာ ကျန်ရှိနေသော မြို့ငယ်များသို့ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း အသိ‌ထပ်မံပေး၍အလှူခံလိုပါသည်ခင်ဗျာ ရရှိလာသောငွေစီးဆင်းမှုအားတစ်ပြားတစ်ချပ်မှကိုယ်ကျိုးမပါသည့်အတွက် ငွေစီးဆင်းမှုအတိအကျအားထပ်မံပြသသွားမည်‌ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

ငွေစီးဆင်းမှုတာဝန်ခံ - ကိုသုတဇော်
#ငလျင်ဘေးအလှူဒါန

Want your public figure to be the top-listed Public Figure in Pyay?
Click here to claim your Sponsored Listing.

Category

Website

Address


Pyay