Shwe Hnin Si
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Hnin Si, Clothing Store, pyay, Pyay.
🌹"အားငယ်တတ်တဲ့ သင့်စိတ်တွေကို ပြောင်းလဲပါ"🌹
၁ - သင့်ကိုယ်သင် လက်ခံပါ။
သင်ဟာ ရုပ်လှတဲ့သူပဲဖြစ်ဖြစ်၊ ရုပ်ဆိုးတဲ့သူပဲဖြစ်ဖြစ်၊
ဆင်းရဲသူပဲဖြစ်ဖြစ် သင်ကိုယ်သင် လက်ခံပါ ။ ယခုလက်ရှိ သင့်ဘဝဟာ ဘယ်လောက်ပဲ နိမ့်ကျနေပါစေ ဒါကို လက်ခံလိုက်ပါ ။ ပြီးရင် သင့်ဘဝကို မြှင့်တင်ဖို့ ကြိုးစားပါ ။
၂ - သင့်ကိုယ်သင် အားပေးစကား အမြဲပြောပါ။
လူတွေက သင့်ကို ဝိုင်းပြီး အားပေးစကားပြောရင် သင့်ရဲ့ စိတ်ဓာတ်တွေ တက်ကြွလာတတ်ပါတယ် ။ ဒါပေမဲ့ လူတိုင်းက သင်စိတ်ဓာတ်ကျတိုင်း အားပေးနိုင်မှာ မဟုတ်ပါဘူး ။ အဲ့ဒီတော့ သင့်ကိုယ်သင် အားပေးတတ်ဖို့လိုပါတယ် ။
အမြဲတမ်း အကောင်းမြင်တဲ့ အတွေးတွေကို တွေးထားပါ ။ သင့်ကိုယ်သင် အကောင်းမြင်တဲ့ စကားတွေ ပြောပေးပါ ။
ဥပမာ...သင်တစ်ခုခုကို ကြောက်တိုင်း "ငါမကြောက်ဘူး။ ငါရင်ဆိုင်ရဲတယ် ။ ငါရင်ဆိုင်လိုက်မယ်"လို့ပြောပါ။
၃ - စာဖတ်ပါ။
စာဖတ်ခြင်းက သင့်ရဲ့ ပုန်းကွယ်နေတဲ့ စွမ်းအားတွေကို ထွက်ပေါ်လာစေဖို့ အကူအညီပေးပါတယ် ။ မတူကွဲပြားတဲ့ ဘဝတွေကို နားလည်လက်ခံ လာစေတတ်ပါတယ် ။ သင့်ရဲ့ စိတ်စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်တာကြောင့် အမြဲတမ်းစာဖတ်ပေးဖို့ လိုပါတယ် ။
၄ - သင့်ကိုပျော်ရွှင်စေတာ သင့်ရဲ့စိတ်ပါ။
သင့်ကို မပျော်မရွှင်ဖြစ်စေတာလည်း သင့်ရဲ့ စိတ်ပေါ်မှာ အများကြီးမူတည်နေပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ စိတ်ကိုထိန်းချုပ်တတ်ပါစေ။ တိုတောင်းလှတဲ့ ဘဝမှာ သင်ဟာ ဘာဖြစ်လို့ စိတ်အားငယ်နေရမှာလဲ။ ဘာဖြစ်လို့ မပျော်မရွှင် ဖြစ်နေရမှာလဲ။ အခုကစပြီး ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနေမယ်လို့ သဘောထားလိုက်ပါ။
၅ - ပြုံးပါ။ အားရပါးရ ပြုံးလိုက်ပါ။
အပြုံးဟာ စိတ်ဒဏ်ရာတွေကို အဝေးကို လွင့်စင်အောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အမြဲပြုံးနိုင်အောင် ကြိုးစားထားပါ ။
၆ - ခွင့်လွှတ်လိုက်ပါ။
လက်ရှိ သင်ရဲ့စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတဲ့ အရာတစ်ခုကို မေ့ပစ်ဖို့အတွက် ခွင့်လွှတ်သင့်တဲ့သူကို ခွင့်လွှတ်ပေးလိုက်ပါ ။ စိတ်ကို ငြိမ်းချမ်းအောင် မေ့သင့်တာကို
မေ့ပါ။
၇ - ဘယ့်သူ့ကိုမှ အရမ်းကြီး မချစ်ပါနဲ့။
လူတစ်ယောက်ကို ချစ်လို့ ရပါတယ်။ ဒါပေမဲ့ အရမ်းကြီး မချစ်မိပါစေနဲ့။ သင့်ကို နာကျင်ရစေပါတယ်။ တစ်ခါတစ်လေမှာ သင်အရမ်းချစ်ရတဲ့သူက သင့်ကို ဘာမှမလုပ်သေးဘဲနဲ့၊ သူနဲ့လည်း ဘာမှမဆိုင်သေးဘဲနဲ့ သူ့ကို ချစ်မိတာလေးနဲ့ကို သင့်ရဲ့စိတ်တွေ မပျော်မရွှင်ဖြစ်ရတတ်ပါတယ်။
၈ - မအိပ်ခင် အချိန်လေးမှာ တစ်နေ့တာ ဖြတ်သန်းခဲ့ရသမျှကို ပြန်စဉ်းစားပါ ။
မှားခဲ့သမျှကို ပြင်ဆင်ပါ။ နောက်တစ်နေ့အတွက် အစီအစဉ် ချမှတ်ပါ။ ပြီးရင် ငြိမ်းချမ်းစွာ အိပ်စက်အနားယူပါ။
..🥰🥰
စာပေနှစ်သက်ရင် Share ပေးပါ
Copy. ယူပြီးပြန်တင်ပေးပါနော်
ချစ်သောမိတ်ဆွေသူငယ်ချင်းများရှင့်
အိုဘယ့်တင်သောပိုစ်များကိုလွပ်လပ်စွာပြန်လည်မျှဝေခြင်းShare ခြင်းများပြု
လုပ်နိုင်ပါတယ်ရှင့်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pyay
Pyay
04/07/2025