KHMA Construction

KHMA Construction

Share

We Construct Your Dream 🏠
အိမ်လိုချင်ရင် အိမ်ဖြစ်ရမယ် 🤎🤎

18/04/2026

(၁) (Senior Site Engineer) - (၁) ဦး

* (B.E - Civil) သို့မဟုတ် ဆက်စပ်အင်ဂျင်နီယာဘွဲ့ တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။

* လုပ်ငန်းအတွေ့အကြုံ (၂ -၃ )နှစ်ရှိသူဖြစ်ရမည်။

• ဒီဇိုင်းပုံစံများ (Design drawings) နှင့် သတ်မှတ်ချက်များကို အသေးစိတ် နားလည်သဘောပေါက်ပြီး လုပ်ငန်းခွင်အတွင်း တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရမည်။

• နည်းပညာဆိုင်ရာ လိုအပ်ချက်များနှင့် မမျှော်လင့်ဘဲ ကြုံတွေ့ရသည့် ဆိုက်အခြေအနေများကို ကြိုတင်တွက်ဆ၍ ဖြေရှင်းဆောင်ရွက်နိုင်ရမည်။

• လုပ်ငန်းခွင်သုံး ပုံစံများ၊ အသေးစိတ်အချက်အလက်များ အပါအဝင် စာရွက်စာတမ်း မှတ်တမ်းအားလုံးကို စနစ်တကျ ထိန်းသိမ်းစီမံရမည်။

• လုပ်ငန်းခွင် အရည်အသွေး ထိန်းချုပ်မှု လုပ်ငန်းစဉ်များကို ကြီးကြပ်ရမည်ဖြစ်ပြီး၊ အလုပ်အားလုံးသည် သတ်မှတ်ချက်နှင့် စံနှုန်းများအတိုင်း ဖြစ်စေရန် ဆောင်ရွက်ရမည်။

• ကန်ထရိုက်တာများကို ကြီးကြပ်ပြီး နည်းပညာဆိုင်ရာ လမ်းညွှန်မှုများ ပေးရမည်။

• လုပ်ငန်းခွင်အတွင်း ပုံမှန်စစ်ဆေးခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးမှုများကို လုပ်ဆောင်ရမည်။

• ကုန်ကျစရိတ် သက်သာစေရန်နှင့် အလေအလွင့် နည်းပါးစေရန်အတွက် ပစ္စည်းအသုံးအစွဲများကို စောင့်ကြည့်ထိန်းချုပ်ရမည်။

• နေ့စဉ် လုပ်ငန်းခွင် အစီရင်ခံစာများနှင့် တိုးတက်မှု မှတ်တမ်းများကို အသေးစိတ် ရေးသားပြုစုရမည်။

• လိုအပ်သော ပစ္စည်းများ မှာယူရန်အတွက် စီစဉ်ပြင်ဆင်ရမည်။

လျှောက်ထားလိုပါက- Viber-09-43207802

Photos from KHMA Construction's post 17/04/2026

🏡 အိမ်တစ်လုံး ဆောက်ဖို့ စဉ်းစားနေပါသလား?

အိမ်ဆောက်တာက ငွေသုံးရုံမဟုတ်ပါဘူး…
စိတ်ပင်ပန်းမှု၊ စိုးရိမ်မှု၊ အချိန်ပေးရမှုတွေပါ ပါဝင်ပါတယ်။

အလုပ်မပြီးသေးဘဲ ငွေတောင်းခံရတာ
Quality မကိုက်ညီတာ
Timeline မမှန်တာ…

ဒီလိုတွေ မကြုံချင်ဘူးဆိုရင်
Contractor ကို ရွေးချယ်တဲ့အခါ သေချာစဉ်းစားဖို့ လိုပါတယ်။

⸝

🏗 KHMA Construction က ဘာကွာလဲ?

✔ လုပ်ငန်းစတင်ခင် Budget ကို အသေးစိတ် ရှင်းပြပေးပါတယ်
✔ Site Progress ကို ပုံမှန် Update ပေးပါတယ်
✔ သတ်မှတ်ထားတဲ့ Timeline အတိုင်း ဆောင်ရွက်ပေးပါတယ်
✔ Client စိတ်ချမ်းသာမှုကို အရေးကြီးဆုံးထားပါတယ်

ကျွန်တော်တို့အတွက် အရေးကြီးဆုံးက
“အလုပ်တစ်ခုရတာ” မဟုတ်ပါဘူး…
“Client တစ်ယောက် ယုံကြည်သွားတာ” ပါ။

⸝

📍 Pyay နှင့် ပတ်ဝန်းကျင်ဒေသများတွင် ဆောင်ရွက်လျက်ရှိပါသည်
📞 0943207802
📧 [email protected]

အိမ်မက်ကို စတင်ချင်တဲ့နေ့မှာ
KHMA ကို တစ်ချက်စဉ်းစားပေးပါ။ #ယုံကြည်ရသောကုမ္ပဏီ #အိမ်ဆောက်ချင်သူများ #အိမ်လိုချင်ရင်အိမ်ဖြစ်ရမယ်

17/04/2026

🎊 နှစ်သစ်အခါသမယမှာ KHMA Construction ကို ယုံကြည်အားပေးကြသော Client များ၊ မိတ်ဖက်လုပ်ငန်းရှင်များနှင့် မိသားစုဝင်အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ စီးပွားရေးတိုးတက်ခြင်းများနှင့်အတူ
လုပ်ငန်းအောင်မြင်မှုများ ဆက်တိုက်ရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

KHMA Construction မှ အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် အိပ်မက်အိမ်များ ဆက်လက်တည်ဆောက်ပေးသွားပါမည်။

✨ Happy New Myanmar Year ✨

Photos from KHMA Construction's post 16/04/2026

* လူနေမှုအဆင့်အတန်းမြှင့်တင်ဖို့ KHMA နဲ့ အိမ်ဆောက်ကြပါစို့*

သကြင်္န်ပြီးရင် အိမ်ဆောက်ဖို့ စဉ်းစားနေသူများအတွက် အခုက အချိန်ကောင်းပါ။ 🌿

ပစ္စည်းဈေးနှုန်း၊ လုပ်သားအင်အား၊ ရာသီဥတု အခြေအနေတွေက အိမ်ဆောက်လုပ်ရေးမှာ အရေးကြီးဆုံးအချက်တွေပါ။ အချိန်မှန်စပြီး စနစ်တကျစီမံနိုင်ရင် ကုန်ကျစရိတ်လည်း ထိန်းနိုင်ပြီး အလုပ်ပြီးစီးချိန်လည်း မြန်နိုင်ပါတယ်။

အိမ်ဆိုတာ တစ်ဘဝလုံးနေရမယ့် နေရာပါ။
စိတ်ကူးထားတဲ့ Dream Home ကို “နောက်မှလုပ်မယ်” လို့ မရွှေ့တော့ဘဲ အခုကစပြီး Plan ချလိုက်ပါ။

🏠 Design မှ စပြီး Construction အထိ ယုံကြည်စိတ်ချရတဲ့ Partner လိုအပ်ရင် KHMA Construction က အဆင်သင့်ရှိပါတယ်။

📩 Page Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ #အိမ်လိုချင်ရင်အိမ်ဖြစ်ရမယ် ❤️ #ယုံကြည်ရသောကုမ္ပဏီ

11/04/2026

#အိမ်လိုချင်ရင်အိမ်ဖြစ်ရမယ် ❤️ #ယုံကြည်ရသောကုမ္ပဏီ

11/04/2026

သင်္ကြန်နှစ်သစ်ကူး ဆုတောင်းစာ

မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယတွင်
စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံ၍
စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင်ကာ
အခက်အခဲများအားလုံးမှ လွတ်မြောက်နိုင်ပါစေကြောင်း KHMA မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။

နှစ်ဟောင်းမှ အဆင်မပြေမှုများအားလုံး ပျောက်ကွယ်ပြီး
နှစ်သစ်တွင် အောင်မြင်မှုအသစ်များ၊ အခွင့်အလမ်းအသစ်များနှင့်
ပြည့်နှက်သော နှစ်တစ်နှစ် ဖြစ်ပါစေကြောင်း
အထူးအနေနဲ့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ပျော်ရွှင်ချမ်းမြေ့သော သင်္ကြန်ကာလကို
မိသားစုနှင့်အတူ အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ။

လေးစားစွာဖြင့်
KHMA Construction မိသားစု
#အိမ်လိုချင်ရင်အိမ်ဖြစ်ရမယ် ❤️ #ယုံကြည်ရသောကုမ္ပဏီ

Photos from KHMA Construction's post 31/03/2026

“နောက်တစ်နှစ်ထိ စောင့်မယ်ဆိုရင်
ဒီနေ့ထက် 30% ပိုကုန်နိုင်တယ်”

ဒါဟာ အမှန်တရားပါ။

အခုစတင်တဲ့သူတွေက
အမြတ်ရနေပြီ။

KHMA နဲ့ အခုတင် ဆောက်လိုက်ပါ။
❤️ #အိမ်လိုချင်ရင်အိမ်ဖြစ်ရမယ် #ယုံကြည်ရသောကုမ္ပဏီ

24/03/2026

ဆီစျေးတက်လာတာနဲ့အတူ
Construction material စျေးတွေ တဖြည်းဖြည်း မြင့်တက်နေပါတယ်။

ဒီအချိန်မှာ စောင့်နေမယ်ဆိုရင်
👉 သင့်အိမ်ဆောက်စရိတ်က ပိုပြီးတက်သွားနိုင်ပါတယ်။

KHMA Construction က
✔️ Budget Control နဲ့ တိကျတဲ့တွက်ချက်မှု
✔️ Quality မလျော့ပဲ စနစ်တကျဆောက်လုပ်မှု

တို့နဲ့ သင့်အိမ်မက်ကို အကောင်အထည်ဖော်ပေးပါတယ်။

🏗️ အခုစတင်တာက အနာဂတ်ထက် ပိုသက်သာနိုင်ပါတယ်။

📩 Page Chat (or Call) — Free Consultation ရယူလိုက်ပါ
#အိမ်လိုချင်ရင်အိမ်ဖြစ်ရမယ်

Photos from KHMA Construction's post 08/03/2026

Site Progress 🥰
အိမ်မက်တွေကို KHMAနဲ့ အကောင်ထည်ဖော်ကြစို့ 🥰🥰

မိမိတို့စိတ်ကူးထဲကအိမ်လေးကို အကောင်ထည်ဖေါ်ဖို့အတွက်ဆိုရင်

✅ပစ္စည်းမှန်
✅လက်ရာမှန်
✅အချိန်မှန်
✅စေတနာမှန်စွာနဲ့

တည်ဆောက်ပေးနေတဲ့ KHMA Construction နဲ့ ယုံကြည်စွာ လက်တွဲလို့ရပါကြောင်း
သတင်းကောင်းပါးချင်ပါတယ်ရှင့်🙏🙏🙏

📞 [0943207802, 09250412599]
🏠 ဖိုးရာဇာလမ်း၊တာဂွ၊ပြည်မြို့။
🏠 အမှတ်(၉)၊မင်္ဂလာဦးလမ်း၊ ရွာဘဲရပ်၊ပြည်မြို့။


#အိမ်လိုချင်ရင်အိမ်ဖြစ်ရမယ်
# ❤️

Photos from KHMA Construction's post 08/03/2026

Site Progress 🥰
Finishing Decoration
အိမ်မက်တွေကို KHMAနဲ့ အကောင်ထည်ဖော်ကြစို့ 🥰🥰

မိမိတို့စိတ်ကူးထဲကအိမ်လေးကို အကောင်ထည်ဖေါ်ဖို့အတွက်ဆိုရင်

✅ပစ္စည်းမှန်
✅လက်ရာမှန်
✅အချိန်မှန်
✅စေတနာမှန်စွာနဲ့

တည်ဆောက်ပေးနေတဲ့ KHMA Construction နဲ့ ယုံကြည်စွာ လက်တွဲလို့ရပါကြောင်း
သတင်းကောင်းပါးချင်ပါတယ်ရှင့်🙏🙏🙏

📞 [0943207802, 09250412599]
🏠 ဖိုးရာဇာလမ်း၊တာဂွ၊ပြည်မြို့။
🏠 အမှတ်(၉)၊မင်္ဂလာဦးလမ်း၊ ရွာဘဲရပ်၊ပြည်မြို့။


#အိမ်လိုချင်ရင်အိမ်ဖြစ်ရမယ်
# ❤️

Photos from KHMA Construction's post 02/03/2026

"စျေးဆစ်လွန်းတဲ့ Client တစ်ယောက်က
သင့်လုပ်ငန်းရဲ့ အနာဂတ်ကို ခိုးယူနေတာ
သင်သိပါသလား?"

ဆောက်လုပ်ရေးလောကမှာ အဆိုးဆုံးက
"ပိုက်ဆံလည်း နည်းနည်းပေးချင်၊ အလုပ်ကျတော့
လည်း အကုန်ခိုင်းချင်" တဲ့ Client မျိုးနဲ့
တိုးနေရတာပါ။

ကျွန်တော်တို့ တော်တော်များများက "မရှိတာထက်စာရင်တော့ ရှိတာလေးကို ကိုင်ထားရမှာပဲ" ဆိုတဲ့ စိတ်နဲ့ အဲ့ဒီလို Client မျိုးကို လက်မလွှတ်ရဲကြဘူး။ ဒါပေမဲ့ ဒီနေရာမှာ Opportunity Cost (အခွင့်အရေး ကုန်ကျစရိတ်) ဆိုတဲ့ ထောင်ချောက်ကြီး ရှိနေပါတယ်။

🔥သင်ဆုံးရှုံးနေရတဲ့ အရာများ
၁။ အချိန် (Time): အရည်အသွေးမပြည့်မီတဲ့ Client တစ်ယောက်က အသေးအဖွဲကိစ္စလေးတွေကအစ
လိုက်စစ်မယ်၊ အချိန်မတော် ဖုန်းဆက်မယ်၊ မလိုအပ်ဘဲ အစည်းအဝေးတွေ ခေါ်မယ်။ အဲ့ဒီအချိန်တွေဟာ တကယ်တမ်းဆိုရင် "တန်ဖိုးရှိတဲ့ Client အသစ်" ရှာဖို့ သုံးရမယ့် အချိန်တွေပါ။

၂။ အာရုံစိုက်မှု (Focus): သင့်ခေါင်းထဲမှာ အာရုံစိုက်နိုင်စွမ်းက Limited ပဲရှိပါတယ်။ စိတ်ရှုပ်စရာ Client တစ်ယောက်ကို ဖြေရှင်းနေရတဲ့ စွမ်းအင်တွေကြောင့် သင့်ဆီမှာရှိပြီးသား "Good Clients" တွေကို ကောင်းကောင်း ဂရုမစိုက်နိုင်တော့ဘူး။ ဒါဟာ သင့်ရဲ့ Reputation (ဂုဏ်သတင်း) ကို အဖတ်ဆယ်မရအောင် ပျက်စီးစေနိုင်ပါတယ်။

၃။ စိတ်ဓာတ် (Morale): အဆိပ်အတောက်ဖြစ်စေတဲ့ Client တွေနဲ့ အလုပ်လုပ်ရတာက သင့်ရဲ့ Creative Energy ကို ကုန်ခမ်းစေပါတယ်။ အလုပ်လုပ်ချင်စိတ် မရှိတော့ရင် အလုပ်ကောင်းတွေ ဘယ်တော့မှ ထွက်မလာတော့ပါဘူး။

‼️"No" လို့ ငြင်းလိုက်ရမှာ ကြောက်နေသရွေ့ "Yes" လို့ ပြောထိုက်တဲ့ အခွင့်အရေးကောင်းတွေ သင့်ဆီ ရောက်လာမှာ မဟုတ်ဘူး။

✅ လက်တွေ့ကျင့်သုံးရမယ့် Point of View

💢 Client Filtering လုပ်ပါ: Project တစ်ခုကို လက်မခံခင် သူတို့ရဲ့ Budget တင်မကဘဲ သူတို့ရဲ့ Mindset ကိုပါ စစ်ဆေးပါ။
💢 Pareto (80/20) ကို သုံးပါ: သင့်ကို အခက်အခဲအပေးဆုံး Client ၂၀% က သင့်ရဲ့ စိတ်ညစ်ရမှု ၈၀% ကို ပေးနေတာ ဖြစ်နိုင်ပါတယ်။ အဲ့ဒီ ၂၀% ကို စွန့်လွှတ်လိုက်မှ ကျန်တဲ့ ၈၀% သော အလုပ်တွေ ချောမွေ့လာမှာပါ။

🤙တန်ဖိုးကို မြှင့်ပါ: စျေးပေါတဲ့ ဝန်ဆောင်မှုထက် "အရည်အသွေးမြင့်တဲ့ ဝန်ဆောင်မှု" ကိုပဲ အာရုံစိုက်ပါ။ ဒါမှသာ အရည်အသွေးရှိတဲ့ Client တွေက သင့်ဆီ အလိုလို ရောက်လာမှာပါ။

သတိရပါ...
အရည်အသွေးမရှိတဲ့ Client တစ်ယောက်ကို လက်ခံလိုက်တာဟာ "ငွေ" ရလိုက်တာ မဟုတ်ဘဲ၊ "ပိုကောင်းတဲ့ အခွင့်အရေးတွေ" ကို တံခါးပိတ်လိုက်တာပဲ ဖြစ်ပါတယ်။

"သင့်လုပ်ငန်း တိုးတက်ဖို့ဆိုရင် ပိုက်ဆံပေးတိုင်း လက်ခံရမယ့် အဆင့်ကနေ ကျော်လွန်အောင်
ကြိုးစားကြပါ။"

Photos from KHMA Construction's post 26/02/2026

🏗 Slab Casting Day – Structure အတွက် အရေးကြီးဆုံးအဆင့်

ဒီနေ့ကတော့ Project ရဲ့ အရေးကြီးဆုံးအဆင့်တစ်ခုဖြစ်တဲ့ Slab လောင်းခြင်းလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်နေပါတယ်။

✔️ Steel reinforcement စစ်ဆေးပြီး
✔️ Concrete mix ratio ကို quality control လုပ်ပြီး
✔️ Level & alignment တိတိကျကျ စစ်ဆေးပြီးမှ လောင်းထားခြင်းဖြစ်ပါတယ်

KHMA Construction မှာ “မြန်မြန်ပြီး” မဟုတ်ပါဘူး
“မှန်မှန်ကန်ကန်ပြီး” ဆိုတဲ့ စနစ်နဲ့ ဆောင်ရွက်ပါတယ်။

အိမ်တစ်လုံးရဲ့ အခြေခံခိုင်မာမှုက Structure မှာ စတင်ပါတယ်။

📞 0943207802
📩 [email protected]
#အိမ်လိုချင်ရင်အိမ်ဖြစ်ရမယ် #ယုံကြည်ရသောကုမ္ပဏီ #အိမ်ဆောက်ချင်သူများ

Want your business to be the top-listed Contractor in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mingalar Oo Road
Pyay