Angle Queen Online Shop
စိတ္ခ်ယုံၾကည္စြာ
၀ယ္ယူအားေပးၾကေသာ
?
26/11/2021
" #တန်ဖိုးထားပါ”
++++++++%
*မိုးရွာလို့ ထီးမိုးပေးသူထက်
မျက်ရည်မိုးမရွာအောင် စိတ်ချမ်းသာပျော်ရွှင်မှုတွေ
ပေးသူကို တန်ဖိုးထားပါ ။
*ငိုနေလို့ မျက်ရည်သုတ်ပေးနေသူထက်
လိုအပ်တဲ့အချိန် ကိုယ့်အတွက် အမြဲအဆင်သင့်ဖြစ်နေ
သူကို တန်ဖိုးထားပါ ။
*ပျားသကာလို စကားချိုချိုဖြင့် မြှောက်ပင့်ပေါင်းသူထက်
အမုန်းခံပြီး ဆုံးမလမ်းညွှန်တတ်သူကို
တန်ဖိုးထားပါ ။
*ဟင်းစားပေးသူထက်
ကွန်ချက်ပြပေးတဲ့သူကို
တန်ဖိုးထားပါ ။
*အရမ်းချစ်တယ်လို့ခဏခဏပြောနေသူထက်
နားလည်မှု နှင့် ကိုယ်ချင်းစာစိတ်မြင့်မားသူကို
တန်ဖိုးထားပါ။
*ရုပ်လှသူထက်
စိတ်ထားပြည့်ဝသူကို တန်ဖိုးထားပါ။
အပြောလှသူထက်
အနေတည်သူကို တန်ဖိုးထားပါ။
*အသိများသူထက်
အမြင်ကျယ်သူကို တန်ဖိုးထားပါ..
အတွေးအခေါ် မြင့်မားသူထက်
စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်သူကို တန်ဖိုးထားပါ..
*ကတိပေးသူထက်
တာဝန်ယူတတ်သူကို တန်ဖိုးထားပါ....
ချမ်းသာကြွယ်သူထက်
စေတနာပြည့်ဝမှန်ကန်သူကို တန်ဖိုးထားပါ..
*လောကမှာ မင်းဖြတ်သန်းနေတဲ့ ဘဝတလျှောက်လုံး
အထက်ပါ တန်ဖိုးထားသင့်သူကို တွေ့ရင်
ဘယ်တော့မှ လက်လွှတ်မခံပါနဲ့
အကယ်၍ ဆုံးရူံးခဲ့ရရင် နောက်တစ်ယောက်
ထပ်ပြီး တွေ့ဆုံဖို့ဆိုတာ မလွယ်ကူတော့လို့ပါ။
မေတ္တာဖြင့်…
- ဇင်းနစ် မကွေး(at8-00AM.....20.11.2017)
03/11/2021
ရင့်ကျက်လာတာနဲ့အမျှ
၁။ စစ်မှန်တဲ့ သူငယ်ချင်းက ရှားပါးတယ်ဆိုတဲ့အကြောင်း သိလာတယ်။
၂။ မိဘတွေကို ပိုပြီး ကျေးဇူးတင်ရကောင်းမှန်း သိလာတယ် ။
၃။ လူတွေရဲ့ အတော်မသတ်နိုင်တဲ့ လောဘအကြောင်း ပိုပြီးနားလည်လာတယ်။
၄။ လောကကြီးအတွက် တစ်ခုခုပေးဆပ်လိုက်တိုင်း လောကကြီးက ကျွန်တော်တို့ကို ထိုက်တန်တဲ့ ချီးမြှင့်မှုတွေ ပြန်ပေးတယ်ဆိုတာ သိလာတယ်။
၅။ တစ်ယောက်တည်း အချိန်ဖြုန်းရတာက ပျင်းစရာကောင်းတဲ့ အလုပ်မဟုတ်ကြောင်း သိလာတယ်။
၆။ ချစ်ခြင်းမေတ္တာဆိုတာ အတင်းလုပ်ယူလို့မရတဲ့ ဆုလာဘ်တစ်ခုဆိုတာ သိလာတယ်။
၇။ စိတ်ချမ်းသာကိုယ်ကျန်းမာနေရဖို့က ကျွန်တော်တို့ရဲ့ ပထမဦးစားပေး ဖြစ်ကြောင်း သိလာတယ်။
၈။ လူ့အကြိုက် (၁၀) ခါလိုက်လည်း... မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူစွဲ မှတ်ယူတဲ့ အကြောင်းလည်း သိလာတယ်။
၉။ တစ်ချို့လူတွေဟာ... တိရစ္ဆာန်ထက်တောင်... ယုတ်မာကောက်ကျစ်ကြပြီး.... လူယုတ်မာကိုလည်း အားပေးထောက်ခံကြသေးတာကိုလည်း သိလာခဲ့တယ်။
၁၀။ တစ်ချို့ လူတွေဟာကောက်ကျစ်.. ယုတ်မာ ရိုင်းစိုင်းနေပါလျက်... စွတ်စွဲခံရ ဆင်းရဲကြတာ ဘာကြောင့်လဲဆိုတာကိုပါ... ကျွန်တော် သိလာတယ်။
၁၁။ ကံနဲ့ ကံအကျိုးပေး... ကို ကျွန်တော် အနည်းငယ် သိလာပြီးနောက်... သူတစ်ပါးမကောင်းကြောင်း... သူတစ်ပါးအတင်းအဖျင်း ပြောလျှင်... ရရှိလာမယ့် အကုသိုလ်ကံ... ကံဆိုးတွေလည်း ကျွန်တော်သိလာခဲ့တယ်။
၁၂။ လောကကြီးမှာ... မဖြစ်သင့်တာ မရှိ... မတရားတာမရှိ... တရားသဘော... အနည်းငယ်လည်း သိလာတယ် ။
၁၃။ အရာရာဟာ.. ဆုပ်ရင်ကွဲတယ်... ကြဲရင်မြဲတယ် ဆိုတဲ့... နိယာမ သဘောကိုလည်း သိလာခဲ့တယ်။
၁၄။ စိတ်နဲ့ရုပ် သာမည ဖြစ်နေတာမို့ ရုပ်လက္ခာကြည့်ပြီး လူတွေရဲ့ အကျင့်စရိုက်ကို ယေဘုယျ အနည်းငယ် ခန့်မှန်းတတ်လာတယ်။
၁၅။ ဘဝကို နောင်တကင်းစွာ ဖြတ်သန်းရင်း အတိတ်ကိုပြန်ကြည့်ရင်းသူတစ်ပါးအပေါ် စိတ်နှလုံး 3ပါး နဲ့ ယုတ်မာလှည့်စားကောက်ကျစ်မှုမရှိ ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်နစ်နာမှုမရှိအောင် နေတတ်လာတယ်။
တကယ်တန်းတော့ ဘဝဆိုတာ အချိန်တိုလေးပါပဲ ခဏလေးလိုဘဲ နေခွင့်ရတဲ့အခိုက်အတန့် ခဏလေးမှာ အမုန်းတွေ အတ္တမာန်မာနတွေ အငြိုးအတေးတွေနဲ့ မရှင်သန်ချင်ပါဘူး
ပိုခွင့်လွှတ်တတ်သူဟာ ပိုမြင့်မြတ်တဲ့သူပါပဲ.
crd
်းပညာ
03/11/2021
🌿သည်းခံတယ်ဆိုတာ🌿
~~~~~~~~~~~~~~~~~
🥀အတိုင်းအတာ တစ်ခုအထိပဲသည်းခံဆိုတာ
🥀အတိုင်းအတာထက်လွန်ကဲလာရင်
🥀ဒေါသထွက်ပြီး မခံနိုင်တဲ့စိတ်တွေနဲ့
🥀ပေါက်ကွဲပစ်လိုက်ဖို့ ပြောတာမဟုတ်ဘူး
🥀ဥပေက္ခာပြုလိုက်ဖို့ကိုပြောတာ။
🥀သူများနဲ့ ရန်ပြန်ခံဖြစ်တယ်ဆိုတာ
🥀ကိုယ့်ရဲ့စိတ်ကို သူနဲ့တန်းတူအောင်
🥀အောက်ချလိုက်ချင်းပဲဖြစ်တယ်။
🥀ကိုယ်ရဲ့ စိတ်ကို တစ်စုံတစ်ယောက်က
🥀ဝမ်းနည်းအောင်လည်း လုပ်လို့ရတယ်
🥀ဝမ်းသာအောင်လည်းလုပ်လို့ရတယ်
🥀စိတ်ဒုက္ခရောက်အောင်လည်း
🥀လုပ်လို့ရတယ်ဆိုရင်
🥀ကိုယ်ကသူများစိတ်နဲ့
🥀အသက်ရှင်နေတာဖြစ်သွားပြီ။
🥀ကိုယ့်ကိုတစ်စုံတစ်ယောက်က
🥀လာကဲ့ရဲ့တယ်ဆိုရင်
🥀ကိုယ်က ဘယ်လိုလူမျိုးလည်းဆိုတာ
🥀သူဘယ်လိုထင်ထင်
🥀သူကဘယ်လိုလူမျိုးလည်းဆိုတာက
🥀ပေါ်လွင်နေပြီ။
🥀ကိုယ့်ကို အပြစ်ပြောနေတဲ့သူတွေက
🥀အရမ်းကျေးဇူးတင်ဖို့ကောင်းတယ်
🥀သူတို့ပြောလိုက်မှ ကိုယ်မှားနေတယ်ထင်တဲ့
🥀အရာတွေကို ပြန်ပြီးပြုပြင်လို့ရတာပေါ့။
🥀သူ့ရဲ့အမှားတွေကို အပြစ်မပြောခင်
🥀ကိုယ့်မှာ အဲ့အမှားမျိုးရှိနေမလားဆိုတာ
🥀အရင်ပြန်ပြီး စဉ်းစားပါ
🥀သူများအမှားတွေကို လိုက်ပြီးမပြောခင်
🥀ကိုယ့်မှာ အမှားမရှိအောင် အရင်လုပ်ပါ။
🥀ကိုယ့်ကိုယ်ကိုယ် ယုံကြည့်မှုရှိရှိနဲ့နေတဲ့သူဟာ
🥀ကိုယ့်အလုပ်ကို
🥀အမြဲတမ်းအကောင်းဆုံးဖြစ်အောင်လုပ်တယ်
🥀ကိုယ့်ရဲ့လုပ်ဆောင်ချက်အပေါ်မှာလည်း
🥀အမြဲတမ်းစိတ်ကျေနပ်မှုရှိတယ်။
🥀ကိုယ့်စိတ်ကိုအမြဲတမ်းပျော်အောင်ထားတယ်
🥀စိတ်ကို ရှင်းရှင်းလင်းလင်းပဲထားတယ်
🥀သူတပါး ကဲ့ရဲ့တာတွေ
🥀ချီးမွမ်းတာတွေအပေါ်မှာ
🥀အချိန်ကုန်မနေဘူး။
🥀ခွင့်လွတ်တတ်တဲ့စိတ်ဆိုတာ
🥀လောကမှာ အရဲရင့်ဆုံး သတ္တိအရှိဆုံးပဲ။
🥀သူတပါးကို အနိုင်လိုချင်တဲ့စိတ်ဆိုတာ
🥀ကလေးလေးတစ်ယောက်ရဲ့ စိတ်ပဲ
🥀သူတပါးရဲ့အပြစ်တွေကို ပြောတတ်တဲ့သူဟာ
🥀ရင့်ကျက်မှု မရှိသေးတဲ့သူပဲ။
🥀ကိုယ့်ကို ဘယ်လိုလူစားလည်းလို့
🥀လာပြီးသတ်မှတ်တတ်တဲ့သူတွေဟာ
🥀သူတို့ကိုယ္သူတို့ အဲ့လိုလူစားဆိုတာကို
🥀ပြောပြလိုက်တာပါပဲ။
🥀ကိုယ့်ကို တိုက်ခိုက်လာတဲ့သူတွေကို
🥀ပြန်ပြီးတော့ မတုန့်ပြန်တာ
🥀ကြောက်တာလည်း မဟုတ်သလို
🥀အရမ်းကြီးရင့်ကျက်သွားတာလည်းမဟုတ်ဘူး
🥀တိတ်ဆိတ်ခြင်းရဲ့ အေးချမ်းမှုကို သိထားလို့။
Credit.....သို့လရိပ်လေး
မေတ္တာဖြင့် မျက်၀န်း ( စကားဝါမြေ )
18-10-2021
ဂတိတွေပေးရင်း အနာဂတ် အကြောင်းတွေ ပြောရင်းနဲ့ပဲ ခင်ဗျားက ကျွန်တော့ ကို
နောက်ဆုံး ပုတ်ချ ပြစ်ခဲ့ တာပါဗျာ
03/11/2021
လိပ်ပြာလုံတယ်
*ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့
အရိုးသားဆုံး နေထိုင်ပါတယ်
ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်
*အမြင့်ရောက်ဖို့အတွက်
ဘယ်သူ့ကိုမှ ချမနင်းခဲ့သလို
တစ်ပါးသူရဲ့ နာကျင်မှု့နဲ့လည်း
ကိုယ့်ပျော်ရွှင်မှု့ကို မဖန်တီးခဲ့ဖူးဘူး
ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ
သူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင်
ကိုယ်ဟာ လူပီသတယ် မဟုတ်လား
*မလာချင်တဲ့သူတွေကို
ဘဝထဲ အတင်း မခေါ်ခဲ့သလို
မနေချင်တဲ့ သူတွေကိုလည်း
မသွားပါနဲ့လို့ တစ်ကူးတက ဆွဲမထားဘူး
တကယ်တော့ တစ်ယောက်ထဲနေလို့
အထီးကျန်တယ်ဆိုတာထက်
နှစ်ယောက်ရှိပြီး အဆင်မပြေဖြစ်နေတာက
ပို နာ ကျင် ရ တယ် မ ဟုတ် လား
*အလိမ်အညာတွေ ခံရဖူးတယ်
အ သုံး ချ ခံ ခဲ့ ရ ဘူး တယ်
အထင် အမြင်တွေ လွဲတာခံရဖူးတယ်
စေတနာတွေ စော်ကားခံရဖူးတယ်
*မခံမရပ်နိုင်လို့
တစ်ခါတလေ ပေါက်ကွဲတဲ့ အခါကျ
မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ်
"ဘာမဟုတ်တာလေးနဲ့" တဲ့
* ဟုတ်ပါတယ်
ဘာမဟုတ်တာလေးတွေပါပဲ
* ဘာမဟုတ်တာလေးတွေ
တကယ်ဟုတ်လာတဲ့အခါ
တစ်ခါတလေ ကိုယ်ကမ္ဘာပျက်ခဲ့ရတယ်
တစ်ခါတလေ ဝေဒနာတွေ ဖြစ်ခဲ့ရတယ်
* အတွေ့အကြုံ့က သင်ပေးခဲ့တဲ့
သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ
*အပြုံးလှလှလေးတွေကိုလည်း
မ တပ် မက် တော့ သ လို
စကားချိုချိုလေးတွေကို ရမ်းမယုံတတ်တော့ဘူး
မျက်နှာချင်းဆိုင်က အန္တာရာယ်တွေထက်
နောက်ကျောက ဓားတွေကို ပိုသတိထားတယ်
*အရင်လိုလဲ သိပ်အားမနာတတ်တော့ဘူး
မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး
မကြိုက်ရင် မကြိုက်ဘူး
မပေးနိုင်ရင် မပေးနိုင်ဘူး
မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ
ဟန်ဆောင်ပြီး ပြုံးရမယ်ဆိုရင်
ကိုယ့်ကိုကိုယ်တောင် မုန်းတယ်
*ကိုယ်ဖြစ်ရင် ဘယ်သူခံရမှာလဲ
ကိုယ်ဖြစ်ရင် ကိုယ်ဘဲခံရမှတော့
ဘယ်သူဘာပြောပြော
ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ်
အ ရေး ကြီး တာ က
ကိုယ်ကျင့်တရား မပျက်ဖို့ပဲမဟုတ်လား
လေးစားစွာဖြင့်ပြန်လည် မျှဝေပေးပါသည်
ဝှက်ဖဲဇာတ်ဝင်ခန်းသီချင်းလေး
29/10/2021
ရုပ်လှတဲ့သူထက် စိတ်ထားလှတဲ့သူက
ပိုပြီးတော့မွန်မြတ်တယ် . . .
ပညာတတ်တဲ့သူထက် စာနာတတ်တဲ့သူက
ပိုပြီးတော့လူရာ၀င်တယ် . . .
ဘ၀င်မြင့်ပြီးမောက်မာတတ်တဲ့သူထက် နှိမ့်ချတဲ့သူက
ပိုပြီးတော့အောင်မြင်ကျော်ကြားတယ် . . .
ဂုဏ်ပကာသနမက်မောတတ်တဲ့သူထက် ရိုးသား
ကြိုးစားတဲ့သူက ပိုပြီးတော့ ချမ်းသာကြွယ်၀တယ် . . .
ရိုင်းစိုင်းတဲ့သူထက် ယဉ်ကျေးတဲ့သူက
ပိုပြီးတော့လူချစ်လူခင်ပေါများတယ် . . .
မှီခိုတတ်တဲ့သူထက် စွန့်ကြဲပေးကမ်းတတ်တဲ့သူက
ပိုပြီးတော့လူလေးစား ကြည်ညိုတာခံရတယ် . . .
ကိုယ်ဘက်ကကောင်းမွန်မှ ကိုယ်ကြုံတွေ့ရမယ့်
လောကကလူတွေကလည်း ကောင်းမွန်မှာ . . .
တစ်ခါတလေမှာ ကိုယ်ဘက်က ကောင်းမွန်ပြီး
ကိုယ်ကြုံတွေ့ခဲ့ရတဲ့လူတွေက မကောင်းမွန်ရင်လည်း
၀မ်းမနည်းပါနဲ့ . . . !
လူဆိုတာတန်ဖိုးတူရာပဲဆုံတတ်တယ် တန်ဖိုးမသိတဲ့
သူတွေနဲ့ဆုံတွေ့တဲ့အခါ သင်ခန်းစာယူတတ်ပါစေ . . .
ဒါတွေဟာလောကနိယာမ တစ်ခုပဲမို့ အဲ့တာတွေကို
ဆင်ခြင်ပြီး ရှေ့ဆက်လျှောက်တဲ့ လမ်းမှာ
ပိုကောင်းမွန်အောင် ကြိုးစားပြုပြင်ပါ . . .✨💛
လေးစားစွာဖြင့်//
#လမင်းမေL.M.May
27/10/2021
27/10/2021
💎 စိတ်ညစ်မခံပါနဲ့
🌿🌿🌿🌿🌿🌿
🌺 ဦးနှောက်နဲ့ ဆန့်သလောက်ပဲတွေးပါ။
🌺 ကိုယ့်စိတ် ကျယ်ဝန်းသလောက်ပဲ ခံစားပါ။
🌺 ကိုယ် သိသလောက်ပဲ ပြောပါ။
✅ စိတ်ညစ်မခံပါနဲ့
💎 မြင်နိုင်ခွင့် ရှိသလောက်ပဲ ငေးမောပါ။
💎 ဆုံဆည်းခွင့် ရှိသလောက်ပဲ ကျေနပ်ပါ။
💎 ရပိုင်ခွင့် ရှိသလောက်ပဲ ယူလိုက်ပါ။
✅ စိတ်ညစ်မခံပါနဲ့
🎀 ကိုယ်သိသင့် သလောက်ပဲ နားထောင်ပါ။
🎀 သူနားထောင်ချင်သလောက်ပဲ ကိုယ်ပြောပါ
🎀 ကိုယ်လုပ်နိုင်သလောက်ပဲ ကတိပေးပါ။
✅ စိတ်ညစ်မခံပါနဲ့
💯 လူတိုင်းအမှားနဲ့ မကင်းတာကို သတိရပါ။
💯 လူတိုင်းမှာ အခက်အခဲ ရှိတာကို လက်ခံပါ။
💯 လူတိုင်းက ကိုယ်မဟုတ်ဘူးဆိုတာ နားလည်ပါ။
✅ စိတ်ညစ်မခံပါနဲ့
♦️ကိုယ် သွားနိုင်သလောက်ပဲ ခရီးဆန့်ပါ။
♦️ကိုယ် မနစ်နာ တဲ့အထိပဲ သုံးစွဲပါ။
♦️ နောင်တ ရစရာတွေနဲ့ မဆုံခင် လှည့်ပြန်ပါ။
✅ စိတ်ညစ်နေလည်းပျော်စ ရာတွေက ကိုယ့်စိတ်ထဲ အလို လို ရောက်လာမှာမဟုတ်လို့
စိတ်ညစ်မနေပါနဲ့
🤗 အတိတ်က ကြည်နူးစရာလေးတွေတစ်ခုစီကို ပြန်ရှာကြည့်ပါ။
🤗 နာကျင်စရာ ဘဝ စာမျက် နှာတွေကိုကျော်ဖြတ်ပါ။
🤗 စိတ်ညစ်စရာဆိုတာ နေ့တိုင်းမရှိနိုင်ဘူးလို့ ပေါ့ပေါ့ ပါးပါးဖြည့်တွေးကြည့်လိုက်ပါ။
🛑 ကိုယ့်စိတ်ပျော်အောင်လုပ်နိုင်တာကိုယ်ကိုယ်တိုင်ပဲဆိုတာမြင်ရပါလိမ့်မယ်။
Joseph Kme
26-10-2021
Copy
26/10/2021
" မျက်နှာလွှဲနေလိုက်ပါ.... "
တစ်ချို့လူတွေက လိမ်နေတယ်...
လိမ်နေမှန်းလဲ သိနေတယ် …
သိနေပါရက်နဲ့ … မသိချင်ယောင်ဆောင်ပေးလိုက်တယ်။
တစ်ချို့လူတွေက အကျင့်ယုတ်ကြတယ်...
အကျင့်ယုတ်မှန်းလဲ သိနေတယ် …
သိနေပါရက်နဲ့ မျက်နှာပျက်မရလို့ သည်းခံနေပေးလိုက်တယ်။
တစ်ချို့လူတွေက လေများတယ်
လေများမှန်းလဲ သိနေတယ် …
သိနေပါရက်နဲ့ … မကောင်းတတ်လို့ မျက်စိတစ်ဖတ်ပိတ်ပြီး နေပေးလိုက်တယ်။
တစ်ချို့လူတွေက သိပ်အပြောကောင်းတယ်...
မဟုတ်မှန်းလဲ သိနေတယ် …
သိနေပါရက်နဲ့ … နားထောင်ကောင်းကောင်းနဲ့ ကျိတ်ပြီး ယုံပေးလိုက်တယ်။
တစ်ချို့လူတွေက ဟန်ဆောင်ကောင်းတယ်...
ဟန်ဆောင်နေမှန်းလဲ သိနေတယ် …
သိနေပါရက်နဲ့ … ကိုယ်ပါမသိချင်ယောင်ဆောင်ကာ
ဟန်ဆောင်ပြီး နေပေးလိုက်တယ်။
လူ့လောကကြီးဟာ … အရမ်းကို ရှုပ်ထွေးလွန်း ပါတယ် …။
သိနေပေမယ့်လည်း ... မသိလိုက်တာက ပိုကောင်းတာမို့
မြင်နေပေမယ့်လည်း ...
မမြင်ချင်ယောင်ဆောင်လိုက်ရတာက ပိုပြီးအေးချမ်းပါတယ်။
- အဖြေ မထွက်တဲ့ အရာတစ်ခုကို …
" တောက် " တစ်ခေါက်ခေါက်နဲ့ တွေးမိတိုင်း တနုံနုံနဲ့ ထိုင်ပြီး ဒေါသထွက်နေလို့လည်း …
ဘာမှ မထူးလာတာတွေ ရှိတတ်ပါတယ် …။
_ ကိုယ်ပြုပြင်လို့မရမယ့်အတူတူ … တစ်ခါတစ်လေမှာ
မျက်နှာလေးလွှဲပြီး နေလိုက်တာက … ပိုပြီး ကောင်းပါတယ်။
credit_မာရင်ရင်
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Pyay