Golden Dragon Pet Shop GDPS

Golden Dragon Pet Shop GDPS

Share

Page အသစ်မှကြိုဆိုပါတယ်

30/10/2021

ခွေးလေးတွေကို ကိုယ်ဝန်ဆောင်ကာလ🐶🐺🐕 အလိုက် ဘယ်လို စောင့်ရှောက်ရမလဲ❓❓❓

ခွေးလေးတွေ ကိုယ်ဝန်ဆောင်ပြီ ဆိုရင် ပိုင်ရှင်တွေ အနေနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်မသိနဲ့ အတော်လေး စိတ်ပူတတ်ကြတာကို တွေ့ရပါတယ် အဲ့ဒါကြောင့် မို့ ကိုယ်ဝန်ဆောင် ကာလအလိုက် ဖြစ်တတ်တာလေးတွေ နဲ့ ဘာတွေ လုပ်ရမယ် ဆိုတာ ဖော်ပြပေးလိုက်ပါတယ် ခွေးလေးတွေရဲ့ ကိုယ်ဝန်ဆောင်ကာလ ဟာ ပျှမ်းမျှအားဖြင့် ရက် 60-65 ရက်ထိ ကြာတတ်ပါတယ် အဲ့ဒါကြောင့်မို့ တစ်ပတ်ခြင်းစီအလိုက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်
1️⃣
Week one(days 0-7)
ခွေးလေးတွေ မြိုင်ကာလအတွင်း မိတ်လိုက်ပြီး ရက်အနည်းငယ် အတွင်းမှာ သားအောင်ခြင်းဖြစ်စဉ်စတင်ပါတယ် အဲ့ဒါကို ကိုယ်ဝန်ဆောင်ကာလ ပထမ အပတ်လို့ ခေါ်ဆိုနိုင်ပါတယ် ပထမပတ်မှာ ဆိုရင် ခွေးမလေးဟာ morning sickness လို့ ခေါ်တဲ့ မူးတာ မောတာ အန်တာ နဲ့ ပင်ပန်းတဲ့ လက္ခဏာ မျိုးတွေ တွေ့ရတတ်ပါတယ် အဲ့လိုမျိုး ပထမအပတ်မှာ အထွေးအထူး ပြုလုပ်စရာ ဘာမှ မလိုအပ်ပါဘူး
2️⃣
Week Two(days 7-14)
ဒုတိယ အပတ်မှာတော့ မျိုးအောင်ထားတဲ့ မျိုးဥလေးဟာ သားအိမ် ထဲကို တွယ်ကပ်ဖို့ရန် ရောက်ရှိလာပါပြီ ဒီချိန်မှာလည်း ဘာမှ အထူးတလည် လုပ်စရာတော့ မလိုအပ်သေးပါဘူး
3️⃣
Week Three(days 14-21)
သုံးပတ်မြောက်မှာတော့ သန္ဓေအောင်မျိုးဥလေးဟာ သားအိမ်ရဲ့ နံရံကို စတင်တွယ်ကပ်ပြီး မိခင်ဆီမှာ အစာအဟာရကို ရယူဖို့ စတင်ပြင်ဆင်လာပြီပဲ ဖြစ်ပါတယ် ဒါကြောင့်မို့ ခွေးမလေးဟာ အစားတွေကို အရင်ထက်ပိုမို စားသောက်လာတာ ကို သတိပြုရမှာ ပဲဖြစ်ပါတယ် နောက်တစ်ခုကတော့ နို့အုံတွေလည်း စတင်လို့ ဖွံ့ဖြိုးနေပါပြီ
4️⃣
Week Four(days 21-28)
လေးပတ်မြောက်မှာတော့ သင့်ရဲ့ခွေးလေးကို မွေးဖွားရ လွယ်ကူစေရန်နဲ့ အဟာရချို့တဲ့တာမျိုး မဖြစ်အောင် သင့်ရဲ့ တိကုဆရာဝန်နဲ့ တိုင်ပင်သင့်တဲ့ အချိန်လည်း ဖြစ်ပါတယ် ဆရာဝန်က မပင်ပန်းစေတဲ့ အပေါ့စား လမ်းလျှောက် လေ့ကျင့်ခန်းနဲ့ သုံးစွဲသင့်တဲ့ အားဆေးအချို့ အစားအစာ အချို့ကို လမ်းညွန်ပေးမှာ ဖြစ်ပါတယ် ဥပမာ သံဓာတ် folic acid နဲ့ vitamin ,protein ညီမျှတဲ့ အစားအစာတွေ ကျွေးဖို့လိုအပ်လာပါပြီ ultrasound🔬🔬 နဲ့လည်း ကိုယ်ဝန် 25 ရက်မြောက်နေ့လောပ်မှာ အတည်ပြုလို့ရနေပါပြီ
5️⃣
Week Five(days 28-35).
ကိုယ်ဝန်ကာလ ငါးပတ်မြောက်မှာတော့ ရေမြွှာ အိတ်အတွင်းမှ အရည်တွေဟာလည်း တဖြည်းဖြည်း များလာပြီးတော့ ခွေးပေါက်လေးတွေလည်း စတင်လှုပ်ရှာ လာပါပြီ ဒီချိန်မှာ ခွေးမလေးရဲ့ အလေးချိန် သိသိသာသာ တိုးတက်လာတာကို သတိပြုရမှာပါ ပြီးတော့ ခွေးမေတွေတွက် အထူးထုတ် အစားအစာ မျိုးတွေ ကိုကျွေးသင့်နေပါပြီ
6️⃣
Week Six(days 35-42)
ကိုယ်ဝန်ဆောင်ကာလ အရင့်အမာအချိန်ကို စတင်ရောက်ရှိလို့လာပါပြီ ခွေးမလေးဟာ သန္ဓေသားလောင်းတွေကို အဟာရထောက်ပံပေးဖို့ အစာစားချင်စိတ် ပိုမိုဖြစ်လာမယ် ဒါပေမဲ့ နည်းနည်းဆီပဲ စားနိုင်မှာပါ ဘာလို့လည်းဆို ရင် သန္ဓေသားလောင်းလေးတွေ ခွေးမလေးရဲ့ အစာအိမ်ကို ဖိမိထားတာကြောင့်ဖြစ်ပါတယ် ဒါကြောင့် နည်းနည်းနဲ့ အကြိမ်ရေ များများကျွမွေးဖို့ လိုအပ်ပါတယ် ခွေးမလေး မတန်ဆာ ကနေ အရည်အကျိအချွဲလေးတွေ ကျတတတ်တာလည်း ပုံမှန်ပဲ ဖြစ်ပါတယ်
7️⃣
Week Seven(days42-49)
ခုနှစ်ပတ်မြောက်မှာတော့ ခွေးမလေးရဲ့ နို့အုံတွေဟာ တင်းကားပြီးတော့ ဝမ်းဗိုက်က အမွှေးလေးတွေ လည်း စတင်ကျွတ်လာပါပြီ အဲ့ဒါဟာ colostrum ခေါ် နို့ဦးရည် ထုတ်ဖို့ စတင်ခြင်းပဲ ဖြစ်ပါတယ် ဒီချိန်မှာ သူမဟာ မောပန်းနွမ်းနယ် လွယ်ပါတယ် ဘာလို့လဲ ဆိုတော့ များစွာသော ခွေးပေါက်လေးတွေ ရဲ့ ထမ်းထားရတာကြောင့်ပဲ ဖြစ်ပါတယ် ဒီ stage မှာတော့ ခွေးမလေးအတွက် မီးဖွားခန်းကို စတင်ပြင်ဆင်ပြီးတော့ ရင်နီးအောင် ထားသင့်နေပါပြီး မီးဖွားခန်းဟာ ခြောက်သွေ့ တိတ်ဆိတ် သန့်ရှင်းတဲ့ ပတ်ဝန်ကျင် ဖြစ်ဖို့ လိုအပ်ပြီး သတ္တော သို့ စက္ကူပုံးအထူတွေ နဲ့ လုပ်ပေးလို့ရပါတယ်
8️⃣
Week eight(days 49-57)
ရှစ်ပတ်မြောက်မှာတော့ သူမ လှဲလျောင်းနေချိန်မှာတောင် ခွေးလေးတွေရဲ့ လှုပ်ရှားမှုတွေကို အတိုင်းသားမြင်နေရပါပြီ ဒီချိန်မှာ သူမကို အေးချမ်းသက်သာစွာနေစေသင့်ပါတယ် သူမအနေနဲ့ကတော့ အသိုက်ဆောက်တဲ့ လက္ခဏာ တွေကိုလုပ်နေမှာပါ ဥပမာ နို့ရည်တွေ ထွက်တာ မြေကျင်းတူးတာမျိုးနဲ့ ဂဏှာမငြိမ်တဲ့ အပြုအမူတွေ ဖြစ်ပါတယ်
9️⃣
Week Nine(days 57-65)
သူမ မွေးဖွားတော့မဲ့ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ် ဒီလိုချိန်မှာ သူမရဲ့ ကိုယ်တွင်းအပူချိန်ကို မကြာခဏ စစ်ဆေးသင့်ပါတယ် BT 100-101 ကနေ 97 လောက်ထိ ကျသွားတဲ့ အခါ နောက် 24-48 hr အတွင်းမွေးဖွားတော့မယ် ဆိုတာ သိရပါမယ်
ပထမ ကလေးမွေးဖွားပြီးနောက် မိခင်ဟာ သူ့ဘာသာသူ အရည်အိတ်ကို ကိုက်ပြီး ဖောက်ပေးတာ အချင်းဖြတ်တာတွေ ကို လုပ်ဆောင်ပါလိမ့်မယ် အဲ့လိုမလုပ်ဆောင်ဘူးဆိုရင်တော့ ဘေးက လူအကူအညီ လိုအပ်လာပြီး ကူညီ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ် အဲ့ဒါကြောင့် မိမိတို့ရဲ့ ခွေးလေးတွေ နဲ့ ရင်းနှီးအောင် နေထားဖို့တော့ လိုအပ်ပါလိမ့်မယ် နော်
ကျန်းမာပျော်ရွှင်သောတိလေးများကိုပိုင်ဆိုင်နိုင်ကြပါစေ

to original writer

Photos from Golden Dragon Pet Shop GDPS's post 10/10/2021

မင်းတို့​လေးတွေ ​ပျော်​နေဖို့ အ​ရေးကြီးတယ်😘😘😘

21/09/2021

ရက်၅၀သားရဲ့ဇ​နော် ​တေ​တွားမယ် ရှင်တွားမယ်🥕🥕🥕

21/09/2021

ခုမှစတဲ့ လူသစ်​လေးမို့ အမှားပါရင် ခွင့်လွှတ်ပါ
မသိတာများလဲ ကူညီသင်ကြား​ပေးကြပါ
သင်ဆရာ မြင်ဆရာ ကြားဆရာများအား ထာဝရ ဦးထိပ်ထားလျှက် GDPS

21/09/2021

Rottweilerတစ်ကောင်ကို ကျနော် ကျွေးမွေးပြုစုပုံ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မွေးစမှစ၍ ၂ပတ်လျှင် ၁ကြိမ် သံချပေးပါတယ် ။ အကြမ်းအားဖြင့်10kg လျှင် Zerokrim ၁လုံးနှုန်း တိုက်ကျွေးပါတယ် ။ ထိုသို့တိုက်ကျွေးရာတွင် သားပေါက်များသာမက မိခင်ကြီးကိုလည်း တိုက်ကျွေးဖြစ်ပါတယ်။၂၅ ရက်သား ဝန်းကျင်ရောက်လျှင် မိခင်နို့အပြင် အခြားသော Quality ကောင်းတဲ့ အစာခြောက် တစ်မျိုးမျိုးကို ရေနွေးနွေး သို့မဟုတ် Milk Replacer တစ်မျိုးမျိုးဖြင့် ပျော့သွားတဲ့အထိ စိမ်ကာ စတင် ကျွေးမွေးပါတယ်။ သတိထားရမဲ့တစ်ချက်က ဖြစ်ထွန်းစေလိုဇောဖြင့် မကြာခဏ နို့တိုက် အစာကျွေးမလုပ်စေလိုပါ အနားယူချိန် အိပ်ချိန်ကိုလည်း များများပေးသင့်ပါတယ်။ထို့အပြင် မနက်ခင် အစောထွက်လာတဲ့ နေရောင်ခြည်ကိုလည်း သူတို့လေးတွေကို ခံယူခိုင်းလေ့ရှိပါတယ်😃။ ဒါအပြင် ပါပီလေးများ ဆီးဝမ်းမှန်အောင်လည်း ဂရုစိုက်ရပါမည် ။ မအေကလုပ်ဆောင်မပေးပါက ရေနွေးနွေးကို အဝတ်ပျော့လေးများဖြင့် စိမ်ကာ သူတို့လေးတွေရဲ့ ဂျိုးလေးတို့ ပိပိလေးတို့ စအိုလေးတွေနား တို့ကို ညင်သာစွာ ပွတ်ဆွ လှုံဆော်ပေးကာ ဆီးဝမ်း သွားအောင်မှန်အောင် လုပ်ပေးရပါတယ် ။ထိုကဲ့သို့ သူတို့လေးတွေရဲ့ တစ်နေ့တာအချိန်များကို ကုန်ဆုံးစေကာဖြင့် ၄၂ - ၄၅ ရက်သားရောက်ရှိလာတဲ့ အခါမှာတော့ ပထမဆုံးအကြိမ် ကာကွယ်ဆေး ထိုးပေးပါတယ်။ ရက် ၂၀ ခန့်စီခွါ၍ ဒုကြိမ် တကြိမ် ကာကွယ်ဆေး ထပ်မံ၍ ထိုးပေးပါတယ်။ ဒါကတော့ ငယ်ရွယ်စဥ်အချိန်မှာ ကျနော်လုပ်ဆောင်ပေးဖြစ်တဲ့ ပုံစံလေးပါ ခင်ဗျာ။
ခေါ်ယူမွေးစားကြသော မိတ်ဆွေများလက်ထဲတွင် ဆက်လက်၍ကျွေးမွေးပြုစုစောင့်ရှောက်ရန်အတွက်ကို ကျနော်လုပ်ဆောင်ပုံနှင့် ပြောပြပေးသွားပါ့မယ် ။
သန်ကို ၁ လ ၁ကြိမ်ခန့် ကလေးအသက် ၆လ ရောက်သည်အထိ တိုက်ကျွေးပါတယ် ။ ၆လ နောက်ပိုင်းမှာတော့ ၃/၄လလျှင် ၁ကြိမ် တိုက်ကျွေးပါတယ်။ ၃လခွဲခန့်မှာ ခွေးရူးကာကွယ်ဆေး ထိုးပေးပါတယ် booster အနေနဲ့ ၂ကြိမ် ရက်၂၀ခန့် ခွါ၍ ၃ကြိမ်ပြည့်သည်အထိ ထိုးပေးရပါမယ်။
နှလုံသန်ချဆေးကို လည်း ၃လခွဲ ခန့်မှာ တစ်စိတ်ခန့် စတင်တိုက်ကျွေးဖြစ်ပါတယ် ။ ဆရာဝန်နှင့် နီးစပ်မှု့ ရှိလျှင် ဆရာဝန့်ထံတွင် နှလုံးသန်ရှိမရှိစစ်ဆေးကာ ညွှန်ကြားချက်အတိုင်း တိုက်ကျွေးလျှင် ပိုမိုသင့်တော် မှန်ကန်ပါတယ်ခင်ဗျ။ ခြင်အရမ်းပေါလျှင် ၁လ၁ကြိမ် တိုက်ကျွေးသင့်ပြီး ကျနော်ကတော့ ၃လလျှင် ၁ကြိမ်ခန့် တိုက်ကျွေးဖြစ်ပါတယ်။ သူကလည်းဘဲ 10kg ၁လုံးနှုန်းပါ။ဒါက သန်နှင့်ပတ်သက်သည့် ကျနော့်လုပ်ဆောင်ချက်ပါ။
အသက် ၁နှစ်ကျော်အထိQuality dog food Puppy စာ ကို အသားပြုတ် တမျိုးမျိုးဖြင့် ရော၍ ၁နေ့လျှင် ၃ကြိမ်ကျွေးပါတယ် ၊ အခြားဖြည့်စွက်အစာအနေဖြင့် Nutriplex gel ဘဲ ကျွေးဖြစ်ပါတယ်။
ပုံမှန်လေ့ကျင့်ခန်းအနေနဲ့ကတော့ လမ်းလျှောက်ခြင်း ရေကူခြင်းတို့ကို ၁ရက်လျှင် ၁ကြိမ် ၁၅/၂၀ မိနစ်ခန့် လုပ်ဆောင်ပေးပါတယ် ။ ပြင်းထန်သော လေ့ကျင့်ခန့်များ အမြင့်ခုန်ခိုင်းခြင်း ဝိတ်ဆွဲခိုင်းခြင်းများကိုတော့ လုံးဝ ရှောင်ရှားပါ။ ခြေလက်များ ပုံစံမကျဘဲပျက်စီးစေတတ်ပါတယ်။ အသက် ၇လဝန်ကျင်ရောက်လာတဲ့အခါတွင်တော့ ကွင်းပြင်ကျယ်ကျယ်တွင် ပြေးလွှားဆော့ကစားစေပါတယ်။ ပျော်ရွှင်တဲ့ကလေးက ကျန်းမာပါတယ်။ ထို့ကြောင့် တတ်နိုင်သမျှလေး ပျော်ရွှင်မှု့ရှိအောင်ထားပါ ၊ နေ့စဥ် အချိန်အနည်းငယ်ပေး၍ သူ့တိုကို ပွတ်သပ် ချော့မြှု့မှု့ လည်းလုပ်ပေးသင့်ပါတယ်။ကျနော်ကတော့ ပွတ်သပ်ပေးရင်းနဲ့ ဘုရားစာလေးပါဆိုပေးလေ့ရှိပါတယ်😁 သူတို့ကံလေးတွေလည်းကောင်းသွားရအောင်လို့ ။
မျိုးရိုးကောင်းမွန်ပြီးသား Rottweiler လေးတစ်ကောင်ကို ထိုလုပ်ဆောင်ချက်များအတိုင်း လုပ်ဆောင်ပေးနိုင်ပါက ကောင်းမွန်မှန်ကန်တဲ့ Rottweiler ကောင်းတစ်ကောင်းဖြစ်လာပါလိမ့်မယ်ခင်ဗျာ😃။
ဒါကတော့ Rottweiler တစ်ကောင်ကို ငယ်စဥ်မှစ၍ ကြီးသည်အထိ အကြမ်းအားဖြင့်ကျနော့်ရဲ့ ကျွေးမွေးပြုစုစောင့်ရှောက်ပုံ ဖြစ်ပါတယ်ခင်ဗျာ။ တခြားလိုအပ်တာများရှိခဲ့ရင်လည်း အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင် အကြံပြုနိုင် ပါတယ်ခင်ဗျာ။

မူရင်း

Hein Min Lat
Kennel Mahlaing

Want your business to be the top-listed Pet Store/pet Service in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Pyay