zNova - Learning Hub
Unlock your full-stack dev potential with our expert-led courses. Build, launch, and scale. Enroll 👇 Looking to jumpstart your career in web development?
Look no further! Our learning hub offers a wide range of courses taught by experienced professionals, designed to take you from beginner to expert. Follow our page for updates, tips, and resources.
07/08/2026
𝐏𝐲𝐭𝐡𝐨𝐧 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 ကို မူလအစကနေ အခြေခံပိုင်ပိုင်နိုင်နိုင် လေ့လာချင်သူများအတွက် ၂ လတာ သင်တန်းသစ်!
IT နယ်ပယ်ထဲကို ခြေလှမ်းသစ် စတင်ချင်လို့ပဲဖြစ်ဖြစ်၊ Programming ရဲ့ အခြေခံ သဘောတရားတွေကို စနစ်တကျ လေ့လာချင်လို့ပဲဖြစ်ဖြစ်… zNova Learning Hub ကနေ အသစ်ဖွင့်လှစ်လိုက်တဲ့ "𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 𝐁𝐚𝐬𝐢𝐜 𝐰𝐢𝐭𝐡 𝐏𝐲𝐭𝐡𝐨𝐧" သင်တန်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီ Course မှာဆိုရင် မရှိမဖြစ် အခြေခံသဘောတရားတွေကနေစပြီး Object-Oriented Programming (OOP) အထိ စနစ်တကျ ရေးဆွဲထားတဲ့ သင်ရိုးအတိုင်း သင်ကြားပေးသွားမှာပါ။ ဒါ့အပြင် သီအိုရီတင် မကဘဲ သင်ခန်းစာခေါင်းစဉ် တစ်ခုချင်းစီအလိုက် ဆရာမနဲ့အတူတူ လက်တွေ့ Hands-on Practices များကို ထိထိရောက်ရောက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
✨ အထူးအစီအစဉ်အဖြစ် -
Python အခြေခံ ပိုင်နိုင်သွားပြီးရင် မိမိဝါသနာပါရာ IT Career လမ်းကြောင်းများ (ဥပမာ - Web Development, Data Science, AI/Machine Learning, Automation စသည်) သို့ ထိရောက်စွာ ကူးပြောင်းနိုင်ရေးအတွက် Tech Track Roadmaps များကိုပါ ဆရာမက တိုက်ရိုက် လမ်းညွှန်ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။
📚 သင်တန်းတွင် လေ့လာရမည့် သင်ရိုးညွှန်းတမ်းများ (𝐂𝐨𝐮𝐫𝐬𝐞 𝐌𝐨𝐝𝐮𝐥𝐞𝐬)
Introduction & Basic Concepts — Python မိတ်ဆက်၊ Syntax၊ Variables၊ Basic Data Types၊ Input/Output၊ Operators များ နှင့် Type Casting
Control Flow — Conditional Statements (if, elif, else, match case) နှင့် Loops (for, while, break, continue)
Data Structures — Python ရဲ့ အရေးပါတဲ့ Data Structures များဖြစ်ကြသော Lists, Tuples, Sets နှင့် Dictionaries
Functions & Variable Scope — Functions ရေးသားနည်း၊ Arguments၊ Local vs Global Scope နှင့် Lambda Functions
File Handling & Error Handling — File Operations (read, write, append) နှင့် Exception Handling (try, except, finally)
Object-Oriented Programming (OOP) — Classes & Objects၊ Instance Attributes/Methods၊ Inheritance, Polymorphism နှင့် Encapsulation
Modules and Packages — Built-in Modules များအသုံးပြုခြင်း နှင့် ကိုယ်ပိုင် Custom Modules များ ဖန်တီးအသုံးပြုခြင်း
(သင်ခန်းစာ ခေါင်းစဉ်တစ်ခုချင်းစီအတွက် ဆရာမနှင့်အတူတူ တိုက်ရိုက်ပြုလုပ်ရမည့် Hands-on Practice Sessions များ၊ Quizzes များနှင့် Assignmentများ ပါဝင်ပါမည်။)
💡 ဒီသင်တန်းကို ဘာလို့ တက်ရောက်သင့်တာလဲ။
Programming အတွေ့အကြုံ လုံးဝမရှိသူများလည်း အဆင်ပြေပြေ လေ့လာနိုင်ခြင်း၊
သင်ခန်းစာအလိုက် ဆရာမနှင့်အတူ လက်တွေ့ Hands-on လေ့ကျင့်နိုင်ခြင်း၊
သင်တန်းအပြီး Tech Track များဆီ ဆက်လက် တက်လှမ်းနိုင်မည့် Career Roadmaps Guidance ပါဝင်ခြင်း၊
🍀 Python စာမျက်နှာသစ်ကို zNova Learning Hub နဲ့အတူတူ စတင်လိုက်ရအောင်။
သင်တန်းကာလ။ ၂ လ
သင်တန်းကြေး။ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်းကျပ်)
သင်တန်းချိန်။ စနေ၊ တနင်္ဂနွေ ( ည ၈ - ၉:၃၀)
စမည့်ရက်။ (၂၂-၈-၂၀၂၆)
📩 သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းရန်:
Direct Page Messenger ကနေတစ်ဆင့် အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။
17/04/2026
မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့ ဆုတောင်းလွှာ 🌿🙏🥣
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တန်ခူးလဆန်း (၁) ရက်နေ့မှာ ကျရောက်တဲ့ နှစ်ဆန်း (၁) ရက်နေ့ မင်္ဂလာအခါသမယမှာ... 🌿
zNova - Learning Hub မိသားစုနဲ့တကွ မြန်မာပြည်သူ၊ ပြည်သားအားလုံး စိတ်နှလုံးအေးချမ်းကြပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 🙏
ဒီနေ့ကစပြီး...
🔸 လူတိုင်း ကိုယ်စိတ်နှစ်ဖြာ အေးချမ်းပြီး ဘေးဘယာဝေးကွာကြပါစေ။
🔸 လုပ်ကိုင်သမျှ အောင်မြင်မှုသတင်းကောင်းများစွာကို ပိုင်ဆိုင်နိုင်ကြပါစေ။
🔸အခက်အခဲမှန်သမျှ အေးအေးချမ်းချမ်းနဲ့ ကျော်လွှားနိုင်ပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿
နှစ်သစ်မှာ အောင်မြင်မှုအသစ်တွေနဲ့အတူ ရှေ့ဆက်နိုင်ဖို့ zNova - Learning Hub မှ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏✨
#နှစ်ဆန်း၁ရက်နေ့ #အောင်မြင်မှုနှင့်အေးချမ်းမှု
Alerts
Be the first to know and let us send you an email when zNova - Learning Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Subscribe
We will notify you when anything happens in Pyay.